ကျွန်တော်တို့ နိုင်ငံရဲ့ အနောက်ဖက်က အိမ်နီးချင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်မှာ ယာဉ်ကြော ပိတ်ဆို့မှုကို လျှော့ချရန်၊ မြို့တော်၏ သယ်ယူ ပို့ဆောင်ရေး စနစ်ကို အဆင့်မြှင့်တင်ရန် အတွက် မြေအောက် မီးရထား ကွန်ယက် စနစ်ကို လာမည့် ငါးနှစ်အတွင်း တည်ဆောက်မည် ဖြစ်ကြောင်း လွန်ခဲ့တဲ့ အပတ်က ပြုလုပ်ခဲ့တဲ့ အစိုးရ အစည်းအဝေး တစ်ရပ်မှာ အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ဆက်သွယ်ရေး ဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ မြေအောက်ရထား ဖောက်လုပ်ရေး အတွက် ဈေးအနည်းဆုံးနဲ့ ကန်ထရိုက် တင်သွင်းထားတဲ့ Contech ltd. က ဒါကာမြို့ မြေအမျိုးအစားဟာ မြေအောက်ရထားလမ်း ကွန်ယက် ဖောက်လုပ်ဖို့ သင့်တော်ပါတယ်လို့ ပရီဆန်တေးရှင်းများ နဲ့တကွ ရှင်းလင်း ပြောကြားသွားပါတယ်။
Contech ကုမ္ပဏီမှ တင်ပြတဲ့ Plan အရ စုစုပေါင်း ၅၂ ကီလိုမီတာ ရှည်လျားကာ၊ ရထားလိုင်း ၆ လိုင်းပါရှိမည့် အဆိုပါ မြေအောက်ရထား ကွန်ယက်တစ်ခုလုံး ပြီးစီးဖို့ အတွက် ၄ နှစ်မှ ၄ နှစ်ခွဲခန့် ကြာမြင့်မည် ဖြစ်ကြောင်းလည်း သိရပါတယ်။
ဖောက်လုပ်မည့် ရထားလိုင်းများ
1.First route -- from Gabtoli to Saidabad via IDB Bhaban (Mohakhali) – length 17 kilometers.
2.Second route – from Uttara to Mohakhali via airport (Banani).
3.Third route – from Pallabi to IDB Bhaban
4.Fourth route – from Ring Road to Shahabagh Via Satmasjid Road and Jigatola
5.Fifth route – from Saidabad to Tejgaon via Kamlapur
6.Sixth route – from Gulistan to Sadarghat
ပရင့်ထုတ်ရန်

Ref: News Links
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld