မိုင်းခွဲနည်းလမ်းဖြင့် ဥမင် ဆောက်လုပ် စဉ်တွင် လုပ်သားများ အန္တရာယ် ကင်းရှင်း ရန်နှင့် ပုံမှန် လုပ်ဆောင်ရမည့် လုပ်ငန်းများကို လုပ်ဆောင် နိုင်ရန် အရေးအကြီးဆုံး လုပ်ဆောင် ရမည့် လုပ်ငန်း တစ်ရပ်မှာ ဥမင် အတွင်း အပူချိန်နှင့် လေထု စိုထိုင်းမှု ပုံမှန် ဖြစ်ပေါ်စေရန် လေဝင် လေထွက်စနစ် ပြုလုပ်ခြင်း ဖြစ်ပေသည်။
ဥမင်များသည် တိုတောင်းပါက သို့မဟုတ် လေဝင်လေထွက် ပြုလုပ်ပေးနိုင်သည့် ဒေါင်လိုက် ဥမင် ငယ်များ၊ ဆင်ခြေလျှော ဥမင်ငယ်များ ရှိပါက သဘာဝအတိုင်း ထားရှိကာ လေဝင် လေထွက်ကို ပြုလုပ်နိုင် ပါသည်။
မြေအောက် ဥမင်အတွင်း ရှိရမည့် လေထုတွင် အောက်စီဂျင် ၂၀% နှုန်းထက် မနည်းစေဘဲ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ ၀.၅% ထက်ပိုမများ စေရန် လိုအပ် ပေသည်။ ထို့အပြင် မြေအောက် ဥမင်အတွင်း ဆောင်းရာသီတွင် အပူချိန်မှာ (+၂) ဒီဂရီ ထက်မလျော့နည်း စေရန်နှင့် နွေရာသီတွင် (၂၅) ဒီဂရီထက် မများစေရန် ထိန်းချုပ်မှုများ ပြုလုပ်ရန် လိုအပ် ပေသည်။
အရေးကြီးသော အန္တရာယ် တစ်ခုမှာ မီသိန်း (Methane) ဓာတ်ငွေ့များ ထွက်ပေါ် လာခြင်း ဖြစ်ပေသည်။ မိုင်းခွဲမှုများ ပြုလုပ် ခြင်းကြောင့် ပေါက်ကွဲရာမှ ထွက်ပေါ် လာသော မီသိန်း ဓာတ်ငွေ့ပါဝင်မှု ပမာဏမှာ ၅-၆% မှ ၁၄-၁၆% အထိ ပါဝင် တတ်သည်။ မီသိန်း ဓာတ်ငွေ့ ပါဝင်မှု ပမာဏမှာ ၁% ထက်ပိုမများ သင့်ပေ။ ထို့ကြောင့် မိုင်းခွဲသည့် အချိန်တွင် လုပ်သား များသည် ဥမင် အတွင်းမှ ထွက်၍ ဥမင်အတွင်းမှ မီသိန်းဓာတ်ငွေ့ ပါဝင်မှု ပမာဏကို လျှော့ချပြီးချိန်မှသာ ပြန်လည် ဝင်ရောက် သင့်ပေသည်။
ဓာတ်ငွေ့ အန္တရာယ် ကင်းရှင်းစေရန် အတွက် ဥမင် အတွင်း၌ ရှိသော လေထုတွင် အောက်စီဂျင်၊ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့၊ ကာဗွန်နစ် အက်ဆစ် နှင့် မီသိန်း ဓာတ်ငွေ့ ပါဝင်မှုများကို စမ်းသပ်သုသေသန ပြုလုပ်ရန်လိုအပ်ပါသည်။ သုသေသန ပြုလုပ်ရာတွင် ရက်သတ္တပတ် ကို တစ်ကြိမ်ထက် မနည်း ပြုလုပ်သင့်ပေသည်။
မိုင်းခွဲမှု ပြုလုပ် နေစဉ်နှင့် ဥမင် တူးဖော်ရေး လုပ်ငန်းစဉ်များ ပြုလုပ် နေစဉ် ဥမင် အတွင်းရှိ လုပ်သားတိုင်းအား သန့်စင်သော လေပမာဏကို တစ်မိနစ်လျှင် ၆ ကုဗ မီတာနှုန်း ပေး ရမည် ဖြစ်သည်။
မိုင်းခွဲရာမှ ထွက်ပေါ်လာသော အန္တရာယ် ဖြစ်စေသော ဓာတ်ငွေ့များ၏ ပမာဏမှာ ပုံမှန်အားဖြင့် လူကို အန္တရာယ် ဖြစ်စေသော ကာဗွန် မိုနောက်ဆိုဒ် ပမာဏနှင့် အတူတူပင် ဖြစ်ပါသည်။ လက်တွေ့ လေ့လာ စမ်းသပ်ချက်များအရ မြေအောက် ဥမင် အတွင်း မိုင်းခွဲရာတွင် ယမ်း တစ်ကီလိုဂရမ် အသုံးပြုခွဲလျှင် ကာဗွန် မိုနောက်ဆိုဒ် (၄၀) လီတာ ထွက်ရှိပေသည်။ ထို့ကြောင့် မြေအောက် ဘူတာ ဥမင်နှင့် ရထားလမ်း ဥမင်များ ဆောက်လုပ်ရာတွင် ဥမင်တူး လုပ်သားများ အန္တရာယ် ကင်းဝေးစေရန် အတွက် ဥမင်စတင် တူးရာတွင် မိုင်းခွဲပြီး ထွက်ပေါ်လာမည့် အန္တရာယ် ဖြစ်စေနိုင်သော ဓာတ်ငွေ့ ပမာဏကို တိကျစွာ တိုင်းတာ မှတ်သားရမည် ဖြစ်သည်။
ဥမင်အတွင်း၌ စက်ယန္တရားကြီးများကို အသုံးပြုရာတွင် ၎င်းတို့မှ ထွက်ပေါ် လာမည့် ဓာတ်ငွေ့များကို ဓာတ်ပြယ် သွားစေရန် လိုအပ်သော Filter များကို အသုံးပြု ရမည်။ ထို့အပြင် မိုင်းခွဲပြီးသောအခါ ထွက်ရှိလာမည့် မြေများကို ဖယ်ရှားရာတွင် မလိုအပ်သော စက် ယန္တရားကြီးများကို လုံးဝ စက် ရပ်တန့်ထား ရမည် ဖြစ်သည်။
ဥမင်အတွင်း၌ အသုံးပြုသော စက် ယန္တရားကြီးများ မှလည်း အန္တရာယ် ဖြစ်စေ နိုင်သော ဓာတ်ငွေ့များ ထွက်ရှိ တတ်ပါသည်။ ဥမင် အတွင်း လေဝင် လေထွက် ပြုလုပ်ရာတွင် ဥမင် အတွင်းရှိ လေထုတွင် အန္တရာယ် ဖြစ်စေနိုင်သော ဓာတ်ငွေ့ ပမာဏကို ခွင့်ပြုနိုင်သော ပမာဏ အထိ လျော့ချပေးရန် လိုပေသည်။
ဥမင် အတွင်း မိုင်းခွဲပြီးသောအခါ လုပ်သားများကို ဥမင် အတွင်းသို့ ချက်ခြင်း မဝင်စေဘဲ အန္တရာယ် ရှိသော ဓာတ်ငွေ့များ ထွက်သွား စေရန် လေဝင် လေထွက်ကို ဦးစွာ ပြုလုပ်ပေးရမည်။ အပြင်ဘက်တွင် (၁၅)မိနစ် အနည်းဆုံး စောင့်ဆိုင်း ပြီးမှသာ ဥမင် အတွင်းသို့ ဝင်ရောက်ရမည် ဖြစ်သည်။
သို့ရာတွင် ထိုအချိန်၌ ဥမင် အတွင်း ကာဗွန် မိုနောက်ဆိုဒ် ပမာဏမှာ (၀.၀၀၈)% ရှိရမည် ဖြစ်ပေသည်။ ၎င်းပမာဏသည် လေထုအတွင်း ပုံမှန်ရှိသော ပမာဏ (၀.၀၀၁၆)% ထက် (၅)ဆ ပိုများ နေပေသေးသည်။ ထို့ကြောင့် ခွင့်ပြု လုပ်သားများ လုပ်ငန်းခွင်သို့ ဝင်ရောက်စဉ် အတွင်း လေဝင် လေထွက် ပြုလုပ် ရာတွင် မိုင်းခွဲပြီးစဉ် ပေးသော လေဝင် လေထွက် ပမာဏ၏ (၆၀)% ထက် မလျော့နည်း စေရန် သတိပြု၍ လုပ်ဆောင် ကြရမည် ဖြစ်ပါသည်။
Related Posts
မြေအောက်ရထားဘူတာနှင့် ဥမင်လမ်းများ၏ လေဝင်လေထွက် စနစ် (Tunnel Ventilation System)

ဗဟုသုတ များစွာရတဲ့ ပို့စ်ပါ..။ ဖတ်ရတာ ရှင်းလင်း လွယ်ကူလှပြီး နားလည် သဘောပေါက် လွယ်ပါတယ်။ ပို့စ်အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ နောက်ထပ် ပို့စ်များကို စောင့်မျှော် ဖတ်ရှုနေပါ့မယ်။
The MyMetroworld
how could u guys wil build Metro in Myanmar?? But really give me alot of info from this :). If u wanna build Metro in myanmar, everything must change.car road and buildings foundation.. alot alot.so plz dont try to do this in myanmar :).
ဟုတ်ကဲ့ပါ ခင်ဗျာ။ လူကြီးမင်းရဲ့ အမြင်ကို မှတ်သားထားပါ့မယ်။ မလုပ်နဲ့ဆို မလုပ်တော့ပါဘူး။ :P
လူကြီးမင်း သိလိုသော အချက်များကို Events ထဲက လတ်တလော မေးခွန်းများ http://mymetroworld.blogspot.com/2007/06/blog-post_12.html ဆိုတဲ့ ခေါင်းစဉ်ကို ဖတ်ကြည့်ရင် အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လာရောက်ဖတ်ရှုသွားတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
tks for sharing this.