မြေပြင်ပေါ်မှာ ကား၊ ရထား စသည်ဖြင့် ခရီးသွားရတဲ့ အခါ ကိုယ် ဘယ်အရပ်ကို သွားနေတယ်။ ကိုယ်စီးလာတဲ့ ယာဉ်၊ ရထားဟာ ဘယ်အရပ်ကို ဦးတည်နေတယ် စသည်ဖြင့် သိနေနိုင်သလို့ ပတ်ဝန်းကျင် ရှုခင်းများကိုလည်း မြင်တွေ့ ခံစားနိုင်ကြပါတယ်။ ဒါပေမဲ့ မြေအောက်ဘူတာ ရုံထဲကို ရောက်လို့ မြေအောက်ရထား စီးပြီဆိုတာနဲ့ ဘယ်အရပ်ကို ဦးတည်လို့ ဘယ်ရောက်နေမှန်း မသိအောင် မှန်းဆရ ခက်ခဲသွားပါတယ်။ ဥမင် လှိုဏ်ခေါင်းထဲ ရောက်နေတာမို့လို့ ပတ်ဝန်းကျင်ကလည်း ဥမင်တလျှောက် ထွန်းထားတဲ့ မီးရောင်ကလွဲရင် ဘာမှ မမြင်ရပါဘူး။ နောက်ထပ် ဘူတာကို ရောက်မှသာ ဘယ်ကို ရောက်နေပြီဆိုတာ မှန်းဆ သိနိုင်ကြတာပါ။ တကယ်လို့သာ မိမိတို့ ရောက်နေတဲ့ မြေအောက်ထဲကနေ အပေါ်ကို ဒိုးယိုပေါက် မြင်ရမယ် ဆိုရင်... ဘယ်လိုပုံစံတွေ ဖြစ်လာမလဲ........။ အခု ဗီဒီယိုလေးက ဒါကို ခံစား တင်ပြထားတာပါ။ ကြည့်လိုက်ကြပါအုံး......။
ဗီဒီယို ဖိုင်လေး နာမည်က Transparente ပါတဲ့။

Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld