အိ
န္ဒိယနိုင်ငံရဲ့ ဆီလီကွန် တောင်ကြားလို့ ခေါ်ဝေါ်ကြတဲ့ အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ တည်ရှိတဲ့ ဘန်ဂလိုမြို့မှာ နိုင်ငံရဲ့ တတိယမြောက် မီထရို ကွန်ယက်ကို စတင်ဖောက်လုပ်နေပြီ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ၁၉၉၀ နှစ်များ ကတည်းက စိတ်ကူးခဲ့ကြတာပါ။ ဒါပေမဲ့ ၂၀၀၆ ခုနှစ်ကျမှ တကယ်တမ်း အကောင်အထည် ပေါ်လာခဲ့ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းများကိုတော့ ယခုနှစ် ဧပြီလကျမှ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ စီမံကိန်း ပထမအဆင့်မှာ စုစုပေါင်း ၃၃ ကီလိုမီတာ အရှည်ရှိတဲ့ လိုင်းနှစ်လိုင်း ဖောက်လုပ်ဖို့ လျာထားပါတယ်။ အဲဒီအထဲက ၆.၇ ကီလိုမီတာ လမ်းပိုင်း ကတော့ မြေအောက်လမ်းပိုင်း ဖြစ်ပါတယ်။ ကောလ်ကတ္တားနဲ့ နယူးဒေလီ မီထရိုတို့ပြီးနောက် အခု ဘန်ဂလိုး မီထရိုဟာ အိန္ဒိယရဲ့ တတိယမြောက် မီထရို စီမံကိန်း ဖြစ်ပြီး ခရစ်နှစ် ၂၀၁၀ ခုနှစ်၊ မတ်လမှာ ရထားစတင်ပြေးဆွဲနိုင်ဖို့ မျှော်မှန်းထားကာ စီမံကိန်း ပထမအဆင့် တစ်ခုလုံးကိုတော့ ၂၀၁၁ ခုနှစ်မှာ အပြီးသတ်နိုင်မယ်လို့ ခန့်မှန်း ထားကြောင်းလည်း သိရပါတယ်။ဒါ့အပြင် အိန္ဒိယနိုင်ငံရဲ့ မြို့ကြီးများဖြစ်တဲ့ မွန်ဘိုင်း၊ ဟိုက်ဒရာဘတ်၊ကိုချီ နဲ့ ချင်နိုင်း မြို့တွေမှာလည်း မီထရို ကွန်ယက် စီမံကိန်းများကို ထပ်မံ ဖော်ဆောင်သွားဖို့ ရှိကြောင်းလည်း သိရပါတယ်။








Catch more info on these projects- "http://www.skyscrapercity.com/showthread.php?t=227548&page=20"
- "http://www.skyscrapercity.com/showthread.php?t=451426"
- "http://www.skyscrapercity.com/showthread.php?t=459134"
- "http://www.skyscrapercity.com/showthread.php?t=450976"










ပုံတွေကတော့ အပျံစားပဲ.. ဒါပေမယ့် သူတို့ဆီမှာလည်း လာဘ်စားတာတို့ ဘက်တာတို့ ရှိတော့ စီမံကိန်း တစ်ခုဟာ မျှော်မှန်းထားတာထက် ပိုကြာပြီး အရည်အသွေးကလည်း တစ်ဝက်လောက်ပဲ ရတတ်ပါတယ်။ အထူးသဖြင့် လမ်းတွေ ဘာတွေ ဖောက်ရင်ပေါ့။