မြေ


ထို့အပြင် ပတ်ဝန်းကျင် ရာသီဥတု အပူချိန်ကို လိုက်၍ ဥမင်များနှင့် ဘူတာများ အတွင်းသို့ လေအဝင် အထွက်ကို ခွဲခြား၍ ပြုလုပ်ပါသည်။ အပူချိန် သုညဒီဂရီ စင်တီဂရိတ် အောက် လျော့နည်းပြီး အလွန်အေးသော ဒေသရှိ မီထရို ဥမင်လမ်းများတွင် ဆောင်းရာသီအပိုင်းနှင့် နွေရာသီ အပိုင်းဟူ၍ ခွဲခြားပြုလုပ်ပါသည်။

အပူချိန် သုညဒီဂရီထက် မြင့်သော ဒေသများတွင်မူ ဆောင်းနှင့် နွေရာသီ နှစ်ခုစလုံးတွင် မီထရိုဘူတာမှ လေကိုစုပ်ယူ၍ ဥမင်လမ်းအလယ်မှ လေကိုအပြင်သို့ စုပ်ထုတ်ခြင်းဖြင့်လည်းကောင်း၊ မီထရိုဘူတာတစ်ခုမှ လေကိုစုပ်ယူ၍ အခြား မီထရိုဘူတာတစ်ခုမှ လေကို စုပ်ထုတ်ခြင်းဖြင့် လည်းကောင်း လေအဝင်အထွက်ကို ကောင်းမွန်အောင် ပြုလုပ်ကြပါသည်။
ဥမင်လမ်းများသို့ လေဝင်လေထွက် ပြုလုပ်ရာတွင် ပြင်ပမှပုံမှန်လေများကို သန့်စင်စရာ မလိုဘဲ ထည့်သွင်း အသုံးပြုနိုင်ပါသည်။ ပြင်ပမှလေများကို ရယူရာတွင် မြို့တွင်းရှိ စိမ်းလန်းသော သစ်တောအုပ်ငယ်များ၊ ပန်းခြံများ၊ ပန်းဥယျာဉ်များမှ စုစည်းရယူလျှင် အကောင်းဆုံး ဖြစ်သည်။ ပူပြင်း ခြောက်သွေ့သော ဒေသရှိ မြို့များတွင် လေများကို စိုစွတ်အောင် ပြုလုပ်ပြီးမှသာ မီထရို ဘူတာများနှင့် ဥမင်လမ်းများ အတွင်းသို့ ထည့်သွင်းရပေမည်။
မီထရိုဘူတာများနှင့် ဥမင်လမ်းများတွင် လေဝင်လေထွက် ပြုလုပ်ရာတွင် လေစုပ်စက်ကြီးများ၊ လေမှုတ်စက်ကြီးများဖြင့် ထိန်းချုပ်၍ ပြုလုပ်ပါသည်။ ၄င်းတို့အတွင်းသို့ လေများကို ထည့်သွင်းရာတွင် ထည့်သွင်းမည့် လေများကို သန့်စင်ရန် လိုအပ်ပါက ဇကာ (Filter) များကို တပ်ဆင်၍ သန့်စင်မှုများကို ပြုလုပ်ပါသည်။
မီထရိုဘူတာများနှင့် ဥမင်လမ်းများအတွင်း ထည့်သွင်းမည့် လေပမာဏကို တွက်ချက်ရာတွင် ဥမင်များအတွင်း လေထု၏ အပူချိန်ပမာဏ၊ လေထုပျံ့နှံ့နှုန်း ပမာဏနှင့် အန္တရာယ်ဖြစ်စေသော ဓါတ်ငွေ့များ ပေါ်ထွက်လာမှု ပမာဏ စသည်တို့ကို ထည့်သွင်း တွက်ချက်ရမည် ဖြစ်ပါသည်။ ၎င်းအပြင် လေစုပ်စက်ကြီးများနှင့် လေမှုတ်စက်ကြီး များကိုရွေးချယ်ရာတွင် လုံလောက်သော ပမာဏကိုပေးနိုင်ပြီး အသံကျယ်လောင် ဆူညံမှုနည်းသော စက်များကို ရွေးချယ်ရမည် ဖြစ်သည်။

ဥမင်လမ်းများကို လေဝင် လေထွက် ပြုလုပ်ရာတွင် အဓိက ပါဝင်သော အစိတ်အပိုင်း များမှာ (၁) လေဝင် လေထွက် ပြုလုပ် ပေးမည့် မြေပေါ်ပိုင်း အဆောက် အဦးငယ် (Ventilation- Kiosk)၊ (၂) ၎င်းနှင့် လေဝင် လေထွက် ထိန်းချုပ် ခန်းကို ဆက်သွယ် ပေးမည့်ဥမင်၊ (၃) လေဝင် လေထွက် ထိန်းချုပ်ခန်း (Control-Room)၊ (၄) ၎င်းနှင့် ရထား ဥမင်လမ်းကို ဆက်သွယ် ပေးမည့်ဥမင် စသည်တို့ ပါဝင်ပါသည်။ ရထားဥမင် လမ်းများ၏ အတိမ်အနက်ကို လိုက်၍ ဒေါင်လိုက် ဥမင် (Vertical-Shaft) များနှင့် ဆင်ခြေလျှောဥမင် (Inclined-Shaft) များကို ထည့်သွင်း တည်ဆောက်ကြရပါမည်။
လေဝင်လေထွက် ပြုလုပ်ပေးမည့် မြေပေါ်ပိုင်း အဆောက်အဦးငယ် (Ventilation-Kiosk) များကို ဆောက်လုပ်ရာတွင် လေးထောင့်ပုံစံ၊ ဆဌဂံပုံစံ၊ အဌဂံပုံစံ စသည်ဖြင့် ဆောက်လုပ်နိုင်ပါသည်။ ၎င်းပုံစံများကို ရွေးချယ်ရာတွင် ရထားဥမင် လမ်းကြောင်းများအတွင်း လိုအပ်သော လေထုပမာဏ အပေါ်မူတည်၍ တွက်ချက် ဆောက်လုပ်ရမည် ဖြစ်ပါသည်။
ထို့အတူ မီထရိုဘူတာများတွင် လေဝင်လေထွက် ပြုလုပ်ရာ၌ မီထရိုဘူတာများ၏ အတိမ်အနက်ကို မူတည်၍ လေဝင်လေထွက် ဥမင်များ (ထောင်လိုက်ဥမင်များနှင့် ဆင်ခြေလျှောဥမင်များ) ဖြင့်လည်းကောင်း (သို့မဟုတ်) မီထရိုဘူတာများ အတွင်းသို့ ဆက်သွယ်ထားသော စက်လှေကားဥမင်၏ အောက်ပိုင်းမှ လေဝင်လေထွက် ပြုလုပ်နိုင်ပါသည်။
မြေအနက်တိမ်သော မီထရိုဘူတာများတွင် လေဝင်လေထွက် ပြုလုပ်ရာ၌ ပါဝင်ရမည့် အပိုင်းများမှာ (၁) လေဝင်လေထွက် ပြုလုပ်ပေးမည့် မြေပေါ်ပိုင်း အဆောက်အဦးငယ် (Ventilation-Kiosk)၊ (၂) ၎င်းနှင့် လေဝင်လေထွက် ထိန်းချုပ်ခန်းကို ဆက်သွယ်ပေးမည့်ဥမင်၊ (၃) လေဝင်လေထွက် ထိန်းချုပ်ခန်း (Control-Room) စသည်တို့ ပါဝင်ပါသည်။ လေဝင်လေထွက် ထိန်းချုပ်ခန်း (Control-Room) ကို ထားရှိရာတွင် မီထရိုဘူတာများသို့ ဝင်ထွက်မည့် အပြိုင်ရထားဥမင်လမ်း နှစ်ခုကြားနှင့် မီထရိုဘူတာ ဆုံသောနေရာတွင် လည်းကောင်း၊ မြေအောက်မီထရို ဘူတာများ၏ ဝင်ပေါက်ဝ အလယ်တွင် လည်းကောင်း ထားရှိနိုင်ပါသည်။

ယခုတင်ပြ ဆွေးနွေးထားသော အကြောင်းအရာများမှာ မြေအောက်ဥမင် ရထားလမ်းများနှင့် မြေအောက် မီထရိုဘူတာများကို လေဝင်လေထွက် ပြုလုပ်ရာတွင် စဉ်းစားရမည့် အခြေခံအချက်များနှင့် ပါဝင်ရမည့် အစိတ်အပိုင်းများကို အဓိကထား၍ ဆွေးနွေး တင်ပြထားခြင်း ဖြစ်ပါသည်။ ရှေ့ဆက်လက်၍လည်း မြေအောက်ဥမင် ရထားလမ်းများနှင့် မြေအောက် မီထရိုဘူတာများတွင် ယနေ့လက်ရှိ အသုံးပြုနေသော လေဝင်လေထွက် စနစ်များကို တင်ပြ ဆွေးနွေးသွားပါမည်။
Related Posts
ဥမင်တည်ဆောက်စဉ် လေဝင်လေထွက်စနစ် (မိုင်းခွဲဖောက်လုပ်ခြင်းနည်း)

CHEERS !
Tunnel Ventilation System နဲ့ပတ်သက်ပြီး ရေးသားထားသည်မှာ အလွန်ရှင်းလင်း ကောင်းမွန်ပါသည်။ နားလည် သဘောပေါက်လည်း လွယ်ပါသည်။ ပို့စ်အတွက် အလွန် ကျေးဇူးတင်ရှိပါသည်။ အဓိက အချက်အလက်များကို ဒေတာလေးနှင့်တကွ အသေးစိတ် ရေးသားပေးပါက ပိုမိုကောင်းမွန်မည်ဟု ထင်မြင်မိပါသည်။ ဥပမာ။ မြေအောက်ရထား ဥမင်အတွင်း တစ်နာရီလျှင် ပျမ်းမျှ ရထားအစီးရေ ၂၀ (အသွားအပြန် ရထားအစုံ ၂၀) ကြောင့် ဖြစ်ပေါ်လာသော Heat-generation ကို လျော့နည်းစေရန် အတွက် ဥမင် အတွင်း ထုတ်လွှတ်ပေးရမည့် လေထု၏ အလျင် velocity မှာ အများဆုံး 11 m/s ရှိပါသည်။ ထိုကဲ့သို့ အသေးစိတ် ဒေတာများအပြင် Ventilation tunnel ဒီဇိုင်းနှင့် တွက်ချက်ပုံ၊ အကောက်အယူများကိုပါ လေ့လာသွားနိုင်ရန် လိုအပ်သည်ဟုလည်း ထင်ပါသည်။ Ventilation system နှင့်ပတ်သက်၍ နောက်ထပ် ပို့စ်များကို စိတ်ဝင်တစား စောင့်မျှော်လျက်.....
လေးစားစွာဖြင့်
AMH
ကောင်းတယ်... သယ်ချင်း ... ဆက်ရေးပါ ထာဝရ အားပေးနေမယ် .. နောက်ပို့စ်တွေ ထက်ဖတ်ချင်တယ် ဗျို့ :D
ko thiha bar lote lote kg mhar par :). thi chin tar twae taw taw myar myar thi kwint ya par tal di topic ko read ya tar :). myanmar lo ma type tat lo burglish type htar tar sorry par nor :P