* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

မြူးနစ်(Munich)၊ ဂျာမနီ။

ဤမီထရို ကွန်ယက်စနစ်ကို ၁၉၇၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ကျယ်ဝန်း၍ သန့်ရှင်းသော ဘူတာများဖြင့် ပါဝင် ဖွဲ့စည်းထားသည်။ အစောပိုင်း မီထရို ဘူတာများမှာ ရိုးစင်းသော ဗိသုကာ ဒီဇိုင်းများဖြင့် ဖွဲ့စည်းထားသော်လည်း နောက်ပိုင်းမှ တည်ဆောက်သော ဘူတာများတွင်မူ စိတ်ဝင်စားဖွယ် ကောင်းသော ဗိသုကာ လက်ရာများနှင့် အနုပညာ လက်ရာများပါ ထည့်သွင်း တည်ဆောက်ထားသည်။ [muenchnerubahn.de], [oliverbarchewitz.de]



ဓာတ်ပုံ။ ၁၉၉၃ ခုနှစ်က တည်ဆောက် ခဲ့သော Peter Lanz နှင့် Jürgen Rauch တို့၏ လက်ရာ Dülferstraße station။





ဓာတ်ပုံ။ ၁၉၉၈ ခုနှစ်က တည်ဆောက် ခဲ့သည့် Westfriedhof station။ သမရိုးကျ ကွန်ကရစ် နံရံများနှင့် ရိုးစင်းလှသော်လည်း မီးအလင်းရောင်နှင့် မီးအုပ်ဆိုင်းများ၏ ဆွဲဆောင်မှုဖြင့် ထူးခြားစေသည်မှာ Ingo Maurer ၏ စိတ်ကူးစိတ်သန်းပင် ဖြစ်သည်။
မြူးနစ် မီထရို ဓာတ်ပုံများကြည့်ရန်…


နေပယ်လ်(Naples)၊ အီတလီ။

အီတလီနိုင်ငံ နေပယ်လ်မြို့ မီထရို၏ လိုင်း M1 သည်လည်း ထူးခြားသော ဗိသုကာ အမြင်၊ အနုပညာ လက်ရာများ ပေါင်းစပ် တည်ဆောက်ထားသော မီထရို ကွန်ယက်တစ်ခု ဖြစ်သည်။ [danpiz.net] [umuc.edu]

ဓာတ်ပုံ။ ၂၀၀၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော Museo station။ [metro.na.it]

အဝိုင်းပတ်လိုင်းအဖြစ် တိုးချဲ့ ဖောက်လုပ်ပြီးသော M1 လိုင်းတွင် စိတ်ဝင်စားဖွယ် ကောင်းသော မီထရို ဘူတာ များစွာ ရှိသည်။


ဓာတ်ပုံ။ ၁၉၉၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော Vanvitelli station။
နေပယ်လ် မီထရို ဓာတ်ပုံများကြည့်ရန်…



နယူးကာဆယ်လ်(Newcastle)၊ အင်္ဂလန်။

Tyne and Wear Metro ဟု အမည်တွင်သော နယူးကာဆယ်လ်မြို့ မီထရို စနစ်တွင်လည်း အထူးကောင်းမွန်သော ထိန်းချုပ်မှု စနစ်များနှင့်အတူ လှပသော ဗိသုကာ လက်ရာများနှင့် ဘူတာများ ပါဝင်သည်။ [nexus.org.uk], [newcastle.gov.uk]

ဓာတ်ပုံ။ နီယွန်မီးရောင်များနှင့် တမူထူးခြား ဆွဲဆောင်မှုရှိသော Four Lane Ends station ကို တွေ့ရစဉ်။ [rwa.org.uk]
နယူးကာဆယ်လ် မီထရို ဓာတ်ပုံများကြည့်ရန်…



နယူးယောက်(New York)၊ အမေရိကန်။

၁၉၀၄ ခုနှစ်က စတင် ဖောက်လုပ်ခဲ့သော နယူးယောက် မီထရိုတွင်လည်း စိတ်ဝင်စားဖွယ် ကောင်းသော မြေပေါ်နှင့် မြေအောက် ဘူတာများစွာ ရှိသည်။

ဓာတ်ပုံ။ Brooklyn Bridge/City Hall station အဝင်ပေါက် ရှေ့တွင် ရှိသည့် သမိုင်းဝင် လက်မှတ် အရောင်းဆိုင်ငယ်လေး။

လွန်ခဲ့သော ဆယ်စုနှစ် များအတွင်း ဖြစ်ပွားလာသော ရာဇဝတ် ပြစ်မှုများ၊ မီထရိုအတွင်း ညစ်ပတ်မှု များကြောင့် နယူးယောက် မီထရို၏ ဂုဏ်သိက္ခာမှာ အနည်းငယ် ကျဆင်း လာသော်လည်း MTA(Metropolitan Transportation Authority) မှ ၁၉၈၀ နောက်ပိုင်းမှ စ၍ သမိုင်းဝင် ဘူတာ ၁၅ ခု အပါအဝင် ဘူတာရုံ အပြင်အဆင်များကို ပြန်လည်ပြုပြင် မွမ်းမံခြင်း၊ ရထားတွဲ အသစ်များဖြင့် အစားထိုးခြင်းနှင့် လုံခြုံမှု အစီအမံများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လာသည်။

ဓာတ်ပုံ။ 33rd Street station အတွင်းပိုင်း။ [Stookey, see Reference] [tfaoi.com], [nycsubway.org], [mta.info], [steelcase.com (PDF)]




ဓာတ်ပုံ။ 14th Street station အတွင်းပိုင်းတွင် ၂၀၀၄ ခုနှစ်က တပ်ဆင်ထားခဲ့သော ကြေးရုပ်။ [tomostudio.com]
နယူးယောက် မီထရို ဓာတ်ပုံများကြည့်ရန်…



ပါရီ(Paris)၊ ပြင်သစ်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့၏ မီထရို ကွန်ယက် စနစ်သည်လည်း ထူးခြား လှပသော ဗိသုကာ လက်ရာများဖြင့် ဖွဲ့စည်းထားသည့် မီထရို စနစ်တစ်ခု ဖြစ်သည်။ ဗိသုကာ ပညာရှင် Hector Guimard ၏ စိတ်ကူးများဖြင့် ဖန်တီးထားသော မီထရို ဝင်ပေါက်လေးများမှာ တမူထူး၍ စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည်။

ဓာတ်ပုံ။ ၁၉၀၀ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့သော Porte Dauphine station ၏ ဝင်ပေါက်။ [Daniel Alhadeff]

၁၉၀၀ ခုနှစ်က စတင် ဖောက်လုပ်ခဲ့သော ပါရီမြို့၏ မီထရို ဘူတာများကို ၎င်း၏နှစ် ၁၀၀ ပြည့်တွင် ပြန်လည် မွမ်းမံ ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ။ လိုင်း အမှတ် ၄ တွင် ရှိသော Cité station ကို တွေ့မြင်ရပုံ။ [Mike Nguyen]

ပါရီမြို့၏ မောင်းသူမဲ့ ရထားလိုင်း အမှတ် ၁၄ တွင်လည်း စိတ်နှလုံး လန်းဆန်းဖွယ် ကောင်းသော ဗိသုကာ လက်ရာများနှင့် ဘူတာ အသစ်များ ပါဝင်သည်။

ဓာတ်ပုံ။ စိတ်ဝင်စားဖွယ်ရာ အလင်းပေးမှုနှင့် Magenta RER station အား တွေ့ရစဉ်။
ပါရီ မီထရို ဓာတ်ပုံများ ကြည့်ရန်…




ပို့တ်လန်း(Portland)၊ အော်ရီဂွန်၊ အမေရိကန်။

အမေရိကန် ပြည်ထောင်စု၊ အော်ရီဂွန် ပြည်နယ်၏ ပို့တ်လန်း မီထရို စနစ်တွင်လည်း လှပသော ဆန်းသစ်သော ဗိသုကာ လက်ရာများ၊ အလင်းပေးမှု စနစ်များဖြင့် ခရီးသွားများကို ဆွဲဆောင်ထားသည်။ [trimet.org]

ဓာတ်ပုံ။ ၂၀၀၄ ခုနှစ်က ဖွင့်လှစ်ခဲ့သော Interstate/Rose Quarter station တွင် ပို့တ်လန်းမြို့သား အနုပညာရှင် Brian Borrello ဖန်တီးထားသည့် မီးရောင်စုံ ထွန်းညှိထားသော ဆိုလာစနစ်သုံး ဓာတ်မီးတိုင်းများ၏ အလှကို မြင်တွေ့ရစဉ်။ [trimet.org]


ပေါ်တို(Porto)၊ ပေါ်တူဂီ။

ပေါ်တူဂီ မြောက်ပိုင်းရှိ ပေါ်တိုမြို့ မီထရိုသည် Light Rail system ကို အသုံးပြုသော မီထရို တစ်ခုဖြစ်သည်။ ဘူတာပေါင်း ၇၈ ခုရှိသည့် အတွက် ၁၅ ခုသာလျှင် မြေအောက်ဘူတာများ ဖြစ်ကြသည်။ [mporto.no.sapo.pt]

ဓာတ်ပုံ။ Pólo Universitário station ၏ ဝင်ပေါက်။ [Nuno Fonseca, fotopic.net]

မြေအောက် ဘူတာများ၏ ဗိသုကာ ဒီဇိုင်း၊ မြေပေါ် ဘူတာများ၏ ဒီဇိုင်း၊ အဆင်အပြင်နှင့် ဖွဲ့စည်းပုံများသည် ထူးခြားပြီး အမြင်ရှင်းကာ တမျိုး ဆွဲဆောင်မှု ရှိလှသည်။

ဓာတ်ပုံ။ Casa da Musica station ကို တွေ့မြင်ရပုံ။ [Paulo, skyscrapercity.com]



ပရဂ်(Prague)၊ ချက်။

ပရဂ်မြို့၏ မီထရို ဘူတာ အများစုမှာ အနုပညာရှင် Victor Vasarely ကို အမှတ်ရစရာ များဖြစ်သည်ဟု ဆိုပါသည်။ မှန်၊ အလူမီနီယံ စသည့် ပစ္စည်းများနှင့် အလှဆင်ထားသော ဘူတာများကို ကြည့်ရသည်မှာ တမူထူးခြားနေသည်။

ဓာတ်ပုံ။ ၁၉၈၈ ခုနှစ်တွင် တည်ဆောက် ခဲ့သော လိုင်းဘီ၏ Jinonice station ကို အမုံးခုံး မှန်နံရံများဖြင့် အလှဆင်ထားသည်။

၁၉၇၈ ခုနှစ်က တည်ဆောက် ခဲ့သော အေလိုင်း၏ ဘူတာအတွင်းပိုင်း ကို အခုံး၊ အခွက်၊ အပြား စသည့် ပုံသဏ္ဍာန် သုံးခုဖြင့် ပြုလုပ်ထားသည့် အလူမီနီပြားများဖြင့် တပ်ဆင်ထားသည်။

ဓာတ်ပုံ။ ၁၉၈၀ တွင် တည်ဆောက် ခဲ့သော အေလိုင်း၏ Flora station ။
ပရဂ် မီထရို ဓာတ်ပုံများ ကြည့်ရန်…







ရိုင်း-ရားရ်(Rhine-Ruhr)၊ ဂျာမနီ။

ဝပ်ပါတယ်မြစ်ပေါ်မှ ဖြတ်သန်းပြေးဆွဲသည့် ဝပ်ပါတယ်မြို့၏ တစ်ခုတည်းသော မိုနိုရထားလိုင်းသည် ၁၉၀၁ ခုနှစ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ အချို့သော သမိုင်းဝင် ဘူတာများကို ဂရုတစိုက် ထိန်းသိမ်းထားပြီး ဘူတာအချို့ကို ၁၉၉၀ ဝန်းကျင်တွင် ပြန်လည် ပြုပြင်ခဲ့သည်။

ဓာတ်ပုံ။ ၁၉၀၃ ခုနှစ်က Landgericht station ။

ရိုင်း-ရားရ် ဧရိယာသည် ဂျာမနီနိုင်ငံ အနောက်ပိုင်းတွင် တည်ရှိပြီး မြို့ပေါင်း ၃၀ ကျော်ပါဝင်ကာ လူဦးရေ ၁၁ သန်းကျော်နေထိုင်သော မီထရိုပိုလီတန် ဧရိယာကြီး ဖြစ်သည်။ ဆက်သွယ်ရေး ကွန်ယက်များ အဖြစ် မီထရို - ထရန် လိုင်းပေါင်း ၂၀ ကျော်နှင့်၊ S-bahn လိုင်း ၉ လိုင်းဖြင့် ချိတ်ဆက် ပြေးဆွဲလျက် ရှိသည်။ [jochen-schoenfisch.de]

ဓာတ်ပုံ။ ၁၉၉၆ ခုနှစ်က တည်ဆောက် ခဲ့သော Oberhausen မြို့၏ မီထရို - ထရန် နှင့် ဘတ်စ်ကား တို့ပေါင်းစပ်ထားသည့် ဘူတာတစ်ခုကို ပြိုပျက်နေသော ဗိသုကာ စတိုင်နှင့် မြင်တွေ့ရစဉ်။


ဓာတ်ပုံ။ ၂၀၀၆ ခုနှစ်က တည်ဆောက် ခဲ့သော Bochum မြို့၏ မီထရို - ထရန် ဘူတာဖြစ်သည့် Lohring ဘူတာ ပလက်ဖောင်းကို နှင်းကာမှန်များ၊ အလူမီနီယံပြားများဖြင့် အလှဆင် ထားသည်ကို တွေ့မြင်ရပုံ။
ရိုင်း-ရားရ် မီထရို ဓာတ်ပုံများ ကြည့်ရန်…


ရီယို ဒီ ဂျနေရိုး(Rio De Janeiro)၊ ဘရာဇီးလ်။

အနည်းငယ်သော ဘူတာများသာ ကြည့်ကောင်းသော ဗိသုကာ ဒီဇိုင်းများ ရှိကြသည်။ သို့သော ဘူတာ အများစုမှာ ကျယ်ဝန်းပြီး ကျော်ငြာလည်း အနည်းငယ်မျှသာ ရှိသည်။ ၁၉၇၉ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး အချို့မှာ စကျင်ကျောက်ပြားများဖြင့် နံရံကို အလှဆင်ထားကာ အချို့မှာ ဗိသုကာ အမြင်အရ စိတ်ဝင်စားဖွယ် ကောင်းသည်။

ဓာတ်ပုံ။ ၂၀၀၂ ခုနှစ်တွင် ပြီးစီးခဲ့သော Cardeal Arcoverde station ။
ရီယိုဒီဂျနေရိုး မီထရို ဓာတ်ပုံများ ကြည့်ရန်…







ရော့တာဒမ်(Rotterdam)၊ နယ်သာလန်။

ဤမီထရို စနစ်မှာ ၁၉၆၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သော်လည်း မီထရို ဘူတာများ၏ ဗိသုကာ ပုံစံများမှာ အလွန်ခေတ်မီလှသည်ကို တွေ့ရသည်။ မီထရို ဘူတာအချို့တွင် စိတ်ဝင်စားဖွယ် ကောင်းသော အနုပညာ ဖန်တီးမှုများကို တွေ့နိုင်သည်။

ဓာတ်ပုံ။ Blaak station ၏ အဝင် အဆောက်အအုံ။ [Denis Kabanov, urbanrail.net]





ဓာတ်ပုံ။ ၁၉၉၇ ခုနှစ်က တည်ဆောက်ခဲ့သော Wilhelminaplein station ။
ရော့တာဒမ် မီထရို ဓာတ်ပုံများ ကြည့်ရန်…



စိန့်ပီတာစဘတ်(Saint Petersburg)၊ ရုရှား။

နန်းတော်တမျှ ခမ်းနားလှသော ဗိသုကာ လက်ရာများဖြင့် မော်စကို မြို့ မီထရိုဘူတာများကဲ့သို့ မြေအောက်ဘူတာ များစွာဖြင့် ပါဝင် ဖွဲ့စည်းထားသည်။ [metrowalks.ru], [metrosoyuza.net]

အချို့သော ဘူတာဟောင်းများ၏ ဝင်ပေါက် အဆောက်အအုံများမှ အဝိုင်းပုံသဏ္ဍာန်များ ဖြစ်ကြသည်။

ဓာတ်ပုံ။ ၁၉၅၅ ခုနှစ်က တည်ဆောက်ခဲ့သော Ploshchad Vosstaniya station ဝင်ပေါက် အဆောက်အဦး မြင်ကွင်း။ [spb.metro.ru]

စိန့်ပီတာစဘတ်မြို့၏ မီထရို ဘူတာများသည် အလွန်ကောင်းမွန်သော ဗိသုကာ အရည်အသွေးများ ပိုင်ဆိုင်ကြသည်။

ဓာတ်ပုံ။ Avtovo station ၏ ပလက်ဖောင်း၊ စကျင်ကျောက်များဖြင့် အလှဆင်ထားသော တိုင်ပေါင်း ၃၀ နှင့် မှန်ဖြင့် အလှဆင်ထားသော တိုင်ပေါင်း ၁၆ တိုင်ပါဝင်သည်။

ဤမီထရိုသည် မြေအောက်အနက် ပျမ်းမျှအနက် ၆၀ မီတာတွင် တည်ရှိပြီး ကမ္ဘာ့ အနက်ဆုံး မီထရို စနစ်များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ အချို့ဘူတာများကို ဗုံးဒဏ် ခံနိုင်ရန်အထိပါ တွက်ချက် တည်ဆောက်ထားသည်။

ဓာတ်ပုံ။ ၁၉၉၉ ခုနှစ်က တည်ဆောက်ခဲ့သော Krestovskiy Ostrov station ၏ ပလက်ဖောင်းကို မြင်တွေ့ရစဉ်။
စိန့်ပီတာစဘတ် မီထရို ဓာတ်ပုံများကြည့်ရန်…



ဆန်တီယာဂို(Santiago)၊ ချီလီ။

ချီလီမြို့တော်၏ မီထရို ဘူတာများမှာ မော်ဒန်ဗိသုကာ အမြင်မှ ခွဲထွက်သွားသော ဒီဇိုင်းများနှင့် ကြည့်ကောင်းလှသည်။

ဓာတ်ပုံ။ ပုံမှာ ၁၉၉၇ ခုနှစ်က တည်ဆောက်ခဲ့သော Mirador station ဖြစ်သည်။ [railway-technology.com]

အဆိုပါ မီထရို ဘူတာတချို့တွင်လည်း ကြီးမားသော နံရံဆေးရေး ပန်းချီများ၊ ပန်းပုရုပ်တုများကို တွေ့မြင်နိုင်သည်။

ဓာတ်ပုံ။ Baquedano station အတွင်း ထည့်သွင်းထားသော ပန်းပုလက်ရာ တစ်ခုကို တွေ့မြင်ရစဉ်။ [skyscrapercity.com]



ဆာအိုပေါ်လို(Sao Paulo)၊ ဘရာဇီးလ်။

ကွဲပြားခြားနားသော ဂျီသြမေတြီ ပုံစံ အမျိုးမျိုးဖြင့် မြေအောက်ဘူတာများကို တည်ဆောက်ထားသည်။ ဘူတာပေါင်း ၅၂ ခု ရှိသည့်အနက် ၃၀ တွင် ခေတ်ပေါ်ပန်းချီ၊ ပန်းပုလက်ရာများကို ထည့်သွင်းထားသည်ကို တွေ့မြင်နိုင်သည်။ [metro.sp.gov.br]

ဓာတ်ပုံ။ ၁၉၉၉ ခုနှစ်က တည်ဆောက်ခဲ့သော Brás station တွင် စတီးကိုင်း အကွေးများ၊ ပေါ်လီအီသိန်း အပြားများဖြင့် အလှဆင်ထားသည်ကို တွေ့ရစဉ်။ [metro.sp.gov.br]



ရှန်ဟဲ(Shanghai)၊ တရုတ်။

“လာမည့် ခရစ်နှစ် ၂၀၁၀ တွင် ရှန်ဟဲ မီထရိုသည် ကမ္ဘာ့အကြီးဆုံး ရွေ့လျား ပြပွဲကြီး တစ်ခုဖြစ်လာမည်” ဟု သမ္မတ ဟူကျင်တောင်က ကြွေးကြော်ထားသည်။ [shanghaidaily.com] မြစ်အောက်တွင် ဖြတ်သန်းဖောက်လုပ်ထားသော The Bund Sightseeing Tunnel သည့် ကမ္ဘာ့လည့် ခရီးသည်များကို ဆွဲဆောင်မှု ရှိသည့် ဥမင်တစ်ခု ဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ။ The Bund Sightseeing Tunnel ကို ရှေ့မှ မြင်ရပုံ။
ရှန်ဟဲ မီထရို ဓာတ်ပုံများ ကြည့်ရန်…








စင်္ကာပူ(Singapore)၊ စင်္ကာပူ။

စင်္ကာပူ MRT ဘူတာများသည် အလွန်သန့်ရှင်းသည်ဟု နာမည်ကျော်သည့် အပြင် ဘူတာဒီဇိုင်းများမှာလည်း ရိုးရှင်းသလောက် ခေတ်မီသည်ဟု ဆိုရမည့် ဗိသုကာ ပုံစံများဖြင့် ဖွဲ့စည်းထားသည်။ ဘူတာအချို့တွင် စိတ်ဝင်စားဖွယ် ကောင်းသော ဗိသုကာ ဒီဇိုင်းများနှင့် အနုပညာ လက်ရာများ ထည့်သွင်းထားသည်။

ဓာတ်ပုံ။ ၂၀၀၂ ခုနှစ်က ဖွင့်လှစ်ခဲ့သော အရှေ့-အနောက်လိုင်းပေါ်ရှိ Expo station ၏ အပြင်ဘက် မြင်ကွင်း။ [Calvin Teo, wikipedia.org]

အနုစိတ်ကာ စီမံထားသော မြေယာ ပြုပြင်မှုများ၊ ပန်းဥယျာဉ်များနှင့် MRT ဘူတာအများစုမှာ ဥယျာဉ် မြို့တော်အဖြစ် ဖော်ဆောင်နေသော စင်္ကာပူ၏ ဂုဏ်သတင်းကို ထင်ဟပ်ပေါ်လွင် နေစေသည်။ အချို့ဘူတာများတွင် သစ်ခွပန်းများ၊ အုန်းပင်များ၊ ပန်းချုံများနှင့် အလှဆင်ထားသည်ကို တွေ့မြင်နိုင်သည်။ City Hall နှင့် Raffles Place ဘူတာများမှာ အထင်ကရ ဘူတာများ ဖြစ်ကြသည်။ ၂၀၀၃ ခုနှစ်က ဖောက်လုပ်ခဲ့သော အရှေ့ - မြောက် လိုင်းရှိ ဘူတာများတွင် သီးခြားကိုယ်ပိုင် ဗိသုကာ လက်ရာများနှင့် အနုပညာလက်ရာများ ရှိကြသည်။ [app-stg.lta.gov.sg]

ဓာတ်ပုံ။ အဖိုးတန် ကြွေထည် ပစ္စည်းများဖြင့် ဖန်တီးထားသော နံရံကပ် ပန်းချီကားကြီးနှင့် ဖန်၊မှန်၊ကျောက် တို့ဖြင့် စီချယ်ကာ အလှဆင်ထားသော Dhoby Ghaut station ။ [deliarts.net]



စတော့ဟုမ်း(Stockholm)၊ ဆွီဒင်။

စတော့ဟုမ်းမြို့၏ မီထရိုဘူတာများသည် ကမ္ဘာ့ အကြီးဆုံး Art Gallery အဖြစ် ထင်ရှားသည်။

ဓာတ်ပုံ။ ၁၉၅၂ ခုနှစ်က တည်ဆောက် ခဲ့သော Odenplan station ၏ အဝင်ဝ။

ဘူတာတိုင်း လိုလိုတွင် အံ့သြဖွယ် ကောင်းသော အနုပညာ လက်ရာများကို တွေ့မြင်နိုင်သည်။


ဓာတ်ပုံ။ ၁၉၇၅ ခုနှစ်က တည်ဆောက် ခဲ့သော အပြာလိုင်းပေါ်ရှိ T-Centralen station ။

စတော့ဟုမ်းတွင် ရှိသော ဘူတာအများစု- အထူးသဖြင့် အပြာလိုင်းပေါ်ရှိ ဘူတာအများစုမှာ ကျောက်ဂူ ပုံစံများဖြင့် ဖန်တီးထား သောကြောင့် တမူထူးခြားသော ခံစားမှုကို ရရှိစေသည်။

ဓာတ်ပုံ။ ၁၉၇၅ ခုနှစ်က တည်ဆောက် ခဲ့သော Rinkeby station ၏ အတွင်းပိုင်း မြင်ကွင်း။
စတော့ဟုမ်း မီထရို ဓာတ်ပုံများ ကြည့်ရန်…






တာ့ရှ်ကင်(Tashkent)၊ ဥဇဘတ်ကစ္စတန်။

၁၉၇၇ ခုနှစ်က တည်ဆောက်ခဲ့သော လိုင်းသုံးလိုင်းပါ တာ့ရှ်ကင် မီထရိုသည် ယခင် ဆိုဗီယက် ပြည်ထောင်စု အတွင်းရှိ မီထရိုများတွင် အလှဆုံး မီထရို တစ်ခုဖြစ်သည်။ ဥဇဘတ်ကစ္စတန် ဗိသုကာ ပညာရှင်များ၏ လက်ရာများကို တွေ့မြင်နိုင်ပြီး အချို့သော ဘူတာများမှာ အစ္စလာမ်ရိုးရာ ဒီဇိုင်းများဖြင့် တည်ဆောက်ထားသည်။

ဓာတ်ပုံ။ ၁၉၈၄ ခုနှစ်က တည်ဆောက်ခဲ့သော Navoiy station မျက်နှာကျက်ကို မြင်တွေ့ရစဉ်။ [ilkhom.ferghana.ru]

ဓာတ်ပုံ။ ၁၉၇၇ ခုနှစ်က တည်ဆောက်ခဲ့သော Mustaqilik Maidoni station ။ တာရှည်ခံ သတ္တုပစ္စည်းများ၊ မှန်၊ စကျင်ကျောက်၊ နှမ်းဖတ်ကျောက် စသည်တို့ကို အသုံးပြု၍ လှပအောင် ဖန်တီးတည်ဆောက်ထားသည်။ [crafts.freenet.uz]


တီဟီရန်(Tehran)၊ အီရန်။

အီရန် မြို့တော် တီဟီရန်၏ သန့်ရှင်းသော မီထရို စနစ်တစ်ခု ဖြစ်ပြီး စိတ်ဝင်စားဖွယ် ကောင်းသည့် ဗိသုကာ ဒီဇိုင်းနှင့် အနုပညာ လက်ရာ များရှိသည်။

ဓာတ်ပုံ။ ၂၀၀၂ ခုနှစ်က တည်ဆောက်ခဲ့သော Mirdamad station ၏ စင်္ကြံ။ [tehranmetro.com]





ဓာတ်ပုံ။ ၂၀၀၀ ခုနှစ်က ဖွင့်လှစ်ခဲ့သော Imam Khomeini transfer station အတွင်းပိုင်း တနေရာ။ [cyberpersia] [tehranmetro.com], [iranchamber.com].



တိုကျို(Tokyo)၊ ဂျပန်။

၂၀၀၀ ခုနှစ်က ဖွင့်လှစ်ခဲ့သော တိုကျိုမြို့ Oedo line ပေါ်ရှိ ဘူတာအားလုံးလိုလိုမှာ ထူးခြား ကွဲပြားသော ဒီဇိုင်း ဖွဲ့စည်းပုံများဖြင့် ထင်ရှားလှသည်။ [g-mark.org], [makoto-architect.com], [jrtr.net (PDF)]

ဓာတ်ပုံ။ ကွန်ပြူတာ ဒီဇိုင်းများဖြင့် ဖန်တီးထားသော Iidabashi station ၏ အဝင်ဝ။ [gandamu]








တိုရွန်တို(Toronto)၊ ကနေဒါ။

တိုရွန်တို မီထရို ဘူတာ အများစုမှာ ထူးခြားသော ဖွဲ့စည်းပုံ၊ လှပသော အရောင်ရောစပ် အသုံးပြုမှုများကြောင့် လှပသော မီထရို စနစ်ဖြစ်သည်။ [transit.toronto.on.ca]

ဓာတ်ပုံ။ ၁၉၇၈ ခုနှစ်က တည်ဆောက်ခဲ့သော Dupont station။ [Craig James White, flickr.com]





ဓာတ်ပုံ။ Sheppard Line ပေါ်ရှိ Bayview station တွင် ရေးဆွဲထားသော တိုရွန်တို ပန်းချီပညာရှင် Panya Clark Espinal ၏ လက်ရာတစ်ခု။ [Craig James White, flickr.com] [haha.nu] [city.toronto.on.ca]



ဗယ်လင်စီယာ(Valencia)၊ စပိန်။

စပိန်နိုင်ငံ၊ ဗလင်စီယာ မြို့ မီထရို ဘူတာများသည်လည်း စိတ်ဝင်စားဖွယ်ရာ ကောင်းသော ဗိသုကာ ဒီဇိုင်းများနှင့် ကြည့်ကောင်းလှသည်။

ဓာတ်ပုံ။ ထူးခြား လှပသော Alameda station ၏ ဗိသုကာ။









ဗန်ကိုဗာ(Vancouver)၊ ကနေဒါ။

ဗန်ကိုဗာမြို့ရဲ့ LRT ကို မိုးပျံရထား(Sky train) လို့ခေါ်ကြသော်လည်း မြို့လည်ရှိ ဘူတာလေးခုမှာမူ မြေအောက် ဘူတာများ ဖြစ်ကြသည်။

ဓာတ်ပုံ။ Brentwood station ။ [archiseek.com]



ဗီယင်နာ(Vienna)၊ သြစတြီးယား။

သြစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာ၏ မီထရို စနစ်တွင်လည်း လှပစွာ ပြန်လည်ပြုပြင်ထားသော ဘူတာများရှိသည်။ [wiennet.at]

ဓာတ်ပုံ။ ၁၈၉၈ ခုနှစ်က တည်ဆောက် ခဲ့သော Karlsplatz station ။ [bigfoto.com]





ဓာတ်ပုံ။ Volkstheater station အတွင်းပိုင်း နံရံတွင် အလှဆင်ထားသော ကျောက်စီ ပန်းချီကားများ။ [hs-st-paul.ksn.at]



ဝါရှင်တန်(Washington)၊ အမေရိကန်။

၁၉၇၆ ခုနှစ်က စတင်ဖောက်လုပ်ခဲ့သော ဝါရှင်တန်မြို့ မီထရိုမှာ အမေရိကန်နိုင်ငံ၏ အခမ်းနားဆုံးသော မီထရိုစနစ် ဖြစ်သည်။ [chnm.gmu.edu], [railwayage.com]

ဓာတ်ပုံ။ ၁၉၇၇ ခုနှစ်က တည်ဆောက်ခဲ့သော Capitol South station ။ မီထရိုအတွင်း အနုလက်ရာများကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။ [wmata.com/about/] ။ မီထရိုဘူတာများအနက် တစ်ဘူတာသာလျှင် မြေအောက်ဘူတာဖြစ်ပြီး ကျန်ဘူတာများမှာ မြေပေါ်ဘူတာများ ဖြစ်ကြသည်။

ဓာတ်ပုံ။ ၁၉၇၇ ခုနှစ် တည်ဆောက်ခဲ့သော Arlington Cemetery station။



ရည်ညွှန်းကိုးကား။

Bennett, David: Metro: The Story of the Underground Railway. Octopus 2004.
Hackelsberger, Christoph: U-Bahn-Architektur in München. Prestel 1997.
Powell, Kenneth: The Jubilee Line Extension. Laurence King 2000.
Railway Technical Web Pages:
Station Design.
Rauch, Jürgen: The Architecture of Underground Railway Stations. Krämer 1996.
Stockholm SL:
Art in the Stockholm Metro. 2001 (free booklet).
Stookey, Lee: Subway Ceramics. A History and Iconography. 1992.
Ström, Marianne: Metro-Art in the Metro-Polis. ACR Edition 1996.
USA Today 9/2/2004:
10 Great Places to Stop for Subway Art.
Watanabe, Makoto Sei: Induction Design. A Method for Evolutionary Design. Birkhäuser 2002.
Metro Architect:
http://mic-ro.com/metro/metroart.html

Print ပရင့်ထုတ်ရန်
1 ထင်မြင်ချက်၊
  1. စိုးထက် - Soe Htet ! November 18, 2007 at 4:37 PM  

    မိုက်တယ်ဗျာ အရမ်းလှတာပဲဗျ ... :D

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.