* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

ဟောင်ကောင်(Hong Kong)၊ တရုတ်။

ဟောင်ကောင် MRT ဘူတာများတွင် Metro Art မှာ ထင်ရှားလောက်အောင် မများလှသော်လည်း ၁၉၉၈ ခုနှစ်နောက်ပိုင်းတွင်မူ MRT station များတွင် အနုပညာ လက်ရာများ ထည့်သွင်းလာကြသည်။ Island line ပေါ်ရှိ Open gallery project နှင့် အခြားမီထရို ဘူတာများတွင် အနုပညာ ပြပွဲများ၊ ရှိုးပွဲများ ယခုနောက်ပိုင်းတွင် ပြုလုပ်လာကြသည်။[mtr.com.hk]


ဓာတ်ပုံ။ ဗိသုကာ Neil Dawson ၏လက်ရာ ငှက်မွှေး တောင်ကြီး ချိတ်ဆွဲ ထားသော Tsing Yi station ၏ အပေါ်ထပ် စင်္ကြံ တနေရာ။
ဟောင်ကောင် မီထရို ဓာတ်ပုံများ ကြည့်ရန်…





ခါကော့ဗ်(Kharkov)၊ ယူကရိန်း။

၁၉၇၅ ခုနှစ်က ဖောက်လုပ်ခဲ့သော ယူကရိန်းနိုင်ငံ၏ ဒုတိယ အကြီးဆုံး မီထရိုကွန်ယက် တစ်ခုဖြစ်ပြီး ဘူတာပေါင်း ၃၀ ကျော်ပါဝင်သည်။ ဘူတာအများစုမှာ စိတ်ဝင်စားဖွယ်ကောင်းသော ဗိသုကာ လက်ရာများဖြင့် ဖွဲ့စည်းထားပြီး ထူးခြားသော မီးအလင်းပေးမှု စနစ်အပြင် အတွင်းနံရံများကို စကျင်ကျောက်၊ နှမ်းဖတ်ကျောက်များဖြင့် အလှဆင်ထားသည်။

ဓာတ်ပုံ။ ၁၉၇၈ ခုနှစ်က တည်ဆောက် ခဲ့သော ဆိုဗီယက် တပ်မတော် ဘူတာ (Sovetskoj Armii station)။ [Alexei Bobko, urbanrail.fotopic.net]


ကီးယက်ဗ်(Kiev)၊ ယူကရိန်း။

မီထရိုလိုင်း ၃ လိုင်းပါဝင်ပြီး အခြားသော ယခင် ဆိုဗီယက် ပြည်ထောင်စုဝင် နိုင်ငံဟောင်း များ၏ မီထရိုများ ကဲ့သို့ပင် စိတ်ဝင်စားဖွယ်ရာ ဗိသုကာ ဒီဇိုင်းများနှင့် ဖွဲ့စည်းထားသော ယူကရိန်း နိုင်ငံ မြို့တော်၏ မီထရို ကွန်ယက်ဖြစ်သည်။

ဓာတ်ပုံ။ Zoloti Vorota (Golden Gate) station ၏ အလယ်လူသွား စင်္ကြံမှ မြင်ရပုံ။ [Daniel Erler, absence-of-fear.de]

ကီးယက်ဗ် မီထရို ဘူတာများမှာ ဆိုဗီယက် ရိုးရာ ပုံစံများမှ ခွဲထွက်ပြီး ခေတ်မီ ပုံစံများဖြင့် ဖွဲ့စည်း ထားသည်ကို တွေ့ရသည်။

ဓာတ်ပုံ။ Pecherskaya station ၏ အလယ်စင်္ကြံမှ ဘူတာမြင်ကွင်း။










လိုင်လီ(Lille)၊ ပြင်သစ်။

၁၉၈၃ ခုနှစ်က စတင်ခဲ့သော ပြင်သစ်နိုင်ငံ မြောက်ပိုင်းရှိ လိုင်လီ မီထရိုမှာ VAL (short for Vehicule automatique leger) စနစ်သုံး မီထရို တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အရှည်လျား ဆုံးသော မောင်းသူမဲ့ မီထရို စနစ်တစ်ခုလည်း ဖြစ်သည်။ မြေပေါ်ဘူတာ အများစုမှာ ထူးခြားသော ဗိသုကာ ပုံစံများဖြင့် တည်ရှိကြသည်။

ဓာတ်ပုံ။ Valenciennes station ၏ ဝင်ပေါက် Portal ။

လိုင်လီ မီထရိုရှိ ဘူတာများမှာ အမျိုးမျိုးသော ဗိသုကာ ဒီဇိုင်းများဖြင့် ထူးခြားစွား ဖွဲ့စည်း တည်ဆောက်ထားပြီး ဘူတာအများစုမှာ မြေအောက် ဘူတာများ ဖြစ်ကြသည်။ ဘူတာတိုင်းလိုလိုတွင် ပန်းချီ၊ ပန်းပုရုပ်တုများကို တွေ့မြင်နိုင်သည်။

ဓာတ်ပုံ။ ကြီးမားသော ရေကန်ကြီး တစ်ကန်ပါ ပါဝင်သည့် Gare Lille Europe station ၏ဖွဲ့စည်းပုံ။

ဘူတာတွင်း နံရံများကို သဘာဝ ကျောက်တုံး၊ စတီးလ်၊ သစ်သား၊ အုတ်၊ ကွန်ကရစ်ပြား စသည့် ဆောက်လုပ်ရေး ပစ္စည်း အမျိုးမျိုးဖြင့် တန်ဆာဆင်ထားပြီး Montebello station တွင်မူ ရထားစောင့် နေရသော ခရီးသွားများ ကြည့်ရူနိုင်ဖို့ အလှမွေး ငါးကန်များပါ တပ်ဆင်ပြသ ထားသည်ကို တွေ့ရသည်။

ဓာတ်ပုံ။ Montebello station ၏ စင်္ကြံ တစ်နေရာ။
လိုင်လီမီထရို ဓာတ်ပုံများ ကြည့်ရန်…








လစ္စဘွန်း(Lisbon)၊ ပေါ်တူဂီ။

ခေတ်မီ ဆန်းသစ်သော အနုပညာ စိတ်ကူးများဖြင့် မီထရို ဘူတာများကို တည်ဆောက်ထားသည်။ [metrolisboa.pt 1]

ဓာတ်ပုံ။ ဗိသုကာ ပညာရှင် Tomás Taveira ဦးဆောင်သော ပညာရှင်တစု၏ စိတ်ကူး စိတ်သန်းများဖြင့် ဖွဲ့စည်း တည်ဆောက် ထားသော Olaias station ၏ ပလက်ဖောင်း တနေရာ။ [David Pirman, nycsubway.org]

လစ္စဘွန်းမြို့၏ မီထရို ဘူတာတချို့မှာ ပန်းချီသရုပ်ဖော်ပုံများနှင့် အလှဆင်ထားသည်ကို တွေ့ရသည်။ Parque station နံရံများတွင် ပေါ်တူဂီလူမျိုး စွန့်ဦးရှာဖွေသူများ၏ အမှတ်အသား သရုပ်ကို ရေးဆွဲ သရုပ်ဖော်ထားသည်ကို တွေ့မြင်နိုင်သည်။

ဓာတ်ပုံ။ လစ္စဘွန်း မီထရို အပြာရောင်လိုင်းပေါ်ရှိ Parque station။ [inscrire.com]

လစ္စဘွန်းမြို့ Cabo Ruivo station မှာ အမိုးခုံးပုံစံ ဖွဲ့စည်းမှုများဖြင့် ဘူတာအတွင်း ကျယ်ဝန်းမှု ဖြစ်အောင် စီမံထားသည်။ ဥမင်အတွင်း နံရံများတွင်း ရှေးဂူအောင်း လူသားများ၏ ပန်းချီလက်ရာ များကို ရေးဆွဲထား သည်ကို တွေ့မြင်ရသည်။

ဓာတ်ပုံ။ အနီရောင် လိုင်းပေါ်ရှိ Cabo Ruivo station ၏ ပလက်ဖောင်း အပေါ်ဘက် နံရံပေါ်တွင် ရေးဆွဲထားသော ပန်းချီ လက်ရာများ။





လန်ဒန်(London)၊ ဗြိတိန်။

လန်ဒန်မြေအောက်ရထား (tube) သည် ကမ္ဘာ့ ပထမဆုံး မြေအောက်ရထား ဖြစ်သလို တည်ဆောက်ပုံ ဒီဇိုင်းအရလည်း ကျစ်လစ်မှု ရှိသည်ကို မြင်တွေ့နိုင်သည်။

ဓာတ်ပုံ။ Circle line ပေါ်ရှိ Notting Hill Gate station ကို မြင်တွေ့ရပုံ။

ထူးခြားပြီး စိတ်ဝင်စားဖွယ် ကောင်းသည့် ခေတ်မီဆန်းသစ်သော ဗိသုကာပုံစံများဖြင့် ၁၉၃၀ နှစ်များဆီက Charles Holden ဆိုသူက ဖန်တီးခဲ့သည်။

ဓာတ်ပုံ။ ၁၉၃၃ ခုနှစ်က တည်ဆောက် ခဲ့သော Southgate Station ၏ ဆလင်ဒါပုံစံ ဝင်ပေါက် အဆောက်အအုံ။

ဓာတ်ပုံ။ ၁၉၉၉ ခုနှစ်က တည်ဆောက် ခဲ့သော Jubilee Line extension ၏ ဘူတာများ ဒီဇိုင်းများကို နာမည်ကျော် ဗိသုကာ ပညာရှင်များဖြစ်ကြသည့် Ian Ritchie နှင့် Michael Hopkins တို့က ဒီဇိုင်းရေးဆွဲခဲ့ကြသည်။ ပုံမှာ McCormac Jamieson Prichard architects မှ ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့သည့် Southwark station ဖြစ်သည်။
လန်ဒန် မီထရို ဓာတ်ပုံများ ကြည့်ရန်….


လော့စ်အိန်ဂျလိစ်(Los Angeles)၊ အမေရိကန်။

မြေအောက်ရထား စီမံကိန်း တစ်ခုလုံး ကုန်ကျစရိတ်၏ ၀.၅ ရာခိုင်နှုန်းကို ဘူတာများ အလှဆင်ရေး အတွက် သုံးစွဲခဲ့ပြီး အနုပညာရှင်ပေါင်း ၂၅၀ ၏ လက်ရာများ ပါဝင်ခဲ့သည်။ အနီရောင် လိုင်းနှင့် အခြား ဘူတာများစွာရှိ အနုလက်ရာများကို အောက်ပါလင့်များတွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ [metro.net], [mta.net], [usc.edu]

ဓာတ်ပုံ။ Dworsky Associates architects နှင့် artist Sheila Klein တို့၏ လက်ရာ Hollywood/Highland station ကို မြင်တွေ့ရပုံ။ [Eric Haas, nycsubway.org]

ဓာတ်ပုံ။ ၁၉၉၉ ခုနှစ်က တည်ဆောက် ခဲ့သော artist Gilbert Lujan နှင့် architect Adolfo Miralles တို့၏ လက်ရာ အနီရောင်လိုင်းပေါ်ရှိ Hollywood/Vine station အား ရင်သပ် ရှုမောဖွယ် မြင်တွေ့ရပုံ။


လိုင်ယွန်(Lyon)၊ ပြင်သစ်။

ပြင်သစ်နိုင်ငံ၏ ဒုတိယ လူဦးရေ အများဆုံး နေထိုင်ရာ မြို့ကြီးတစ်မြို့ ဖြစ်သော လိုင်ယွန်မြို့ မီထရို တွင်လည်း စိတ်ဝင်စားဖွယ် ကောင်းသော မြေအောက် ဘူတာများကို တွေ့နိုင်ပါသည်။ ၁၉၇၈ ခုနှစ်က ဖွင့်လှစ်ခဲ့သည့် လိုင်းဟောင်းများ၏ ဘူတာများကို သတ်မှတ်ပုံစံများ အတိုင်း တွေ့ရသော်လည်း အသစ်တိုးချဲ့ ဖောက်လုပ် ထားသည့် ဘီလိုင်းနှင့် ဒီလိုင်းများ၏ ဘူတာများမှာ တမူကွဲပြားသော ဗိသုကာ လက်ရာများဖြင့် တည်ဆောက်ထားသည်။

ဓာတ်ပုံ။ ၁၉၉၇ ခုနှစ်က ဖွင့်လှစ်ခဲ့သော ဒီလိုင်း၏ Valmy station ကို ပလက်ဖောင်း ကြမ်းပြင်အောက်မှ အလင်းရောင် များဖြင့် အလှဆင် ထားသည်ကို တွေ့ရစဉ်။ [wikimedia.org]


မဒရစ်(Madrid)၊ စပိန်။

မီထရိုလိုင်းများ၏ စုစုပေါင်း အရှည် ကီလိုမီတာ ၃၀၀ ကျော်ထိ ရှိနေပြီဖြစ်သော စပိန်နိုင်ငံ၊ မဒရစ်မြို့ မီထရို လိုင်းများ၏ ကီလိုမီတာ ၁၀၀ ကျော်မှာ မကြာသေးသော ကာလများကမှ တို့ချဲ့ ဖောက်လုပ် ထားခြင်းဖြစ်ပြီး မြေအောက် ဘူတာများကိုလည်း ဗိသုကာ လက်ရာ အဟောင်းနှင့် အသစ်ရောစပ်၍ ခံစားနိုင်သည်။

ဓာတ်ပုံ။ ၁၉၆၁ ခုနှစ်က တည်ဆောက် ခဲ့သော Lago station ၏ အဝင် အဆောက်အအုံ။ [wikimedia.org]

ဓာတ်ပုံ။ မဒရစ်မြို့၏ ၂၀၀၂ ခုနှစ်က ဖောက်လုပ်ခဲ့သော Nuevos Ministerios station ၏ ဗိသုကာ လက်ရာကို မြင်တွေ့ရပုံ။ [unknown origin, skyscrapercity.com]



မင့်စ်(ခ်)(Minsk)၊ ဘီလာရုစ်။

အခြားသော ဆိုဗီယက် နိုင်ငံဟောင်း များရှိ မီထရို များကဲ့သို့ပင် မင့်စ်(ခ်) မီထရို ဘူတာများသည်လည်း အလွန် လက်ရာ မြောက်စွာ ဖန်တီးပြုလုပ် ထားသော ဆောက်လုပ်ရေး ပစ္စည်းများ ဖြင့် အလှဆင် ထားပြီး ဆိုရှယ်လစ် စတိုင် ရုပ်လုံး၊ ရုပ်ကြွများကိုလည်း ထည့်သွင်း တန်ဆာ ဆင်ထားသည်။

ဓာတ်ပုံ။ Traktorny Zavod station အား မြင်တွေ့ရပုံ။ [Alexei Bobko, urbanrail.fotopic.net]

မင့်စ်(ခ်) မြို့၏ အချို့သော မီထရို ဘူတာများမှာ မီးအလင်းရောင်း ပေးမှု ကောင်းမွန် သောကြောင့် ဘူတာအတွင်းသို့ ဆင်းလာကြသော ခရီးသည်များမှာ ၎င်းတို့ကိုယ်တိုင် မြေအောက်ထဲ ရောက်နေ သည်ကိုပင် မေ့လျော့ သွားတတ် ကြသည်ဟု ဆိုပါသည်။

ဓာတ်ပုံ။ Molodezhnaya station ၏မြင်ကွင်း။ [Alexei Bobko, urbanrail.fotopic.net]



မွန်ထရီရယ်(Montreal)၊ ကနေဒါ။

ကနေဒါနိုင်ငံ၊ ကွီဘက်ပြည်နယ်ထဲရှိ နိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့တော်တွင်ရှိသော မီထရို ဘူတာပေါင်း ၅၀ ကျော်ကို ကွီဘက်မြို့သား ပညာရှင်များ၏ အနုပညာ လက်ရာများဖြင့် အံ့မခန်း တွေ့မြင်ရမှာ ဖြစ်ပါသည်။ [stm.info], [metrodemontreal.com]

ဓာတ်ပုံ။ အစိမ်းရောင် လိုင်းပေါ်တွင် ရှိသော Monk station ကို ၁၉၇၈ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး ပညာရှင် တစ်ဦးဖြစ်သူ Germain Bergeron ၏လက်ရာ ကြီးမားလှသော ပန်းပုရုပ်တုကြီး နှစ်ခုကို မီထရို ဘူတာ အဝင်ပေါက်တွင် တွေ့ရစဉ်။

မွန်ထရီရယ်မြို့၏ အချို့သော မီထရို ဘူတာများကို မော်ဒန် ဗိသုကာ၊ အနုပညာ လက်ရာများဖြင့် တန်ဆာ ဆင်ထားပြီး ၁၉၇၈ ခုနှစ် ကာလများ ဆီက အခြေအနေကို ထင်ဟပ် ပေါ်လွင် စေသည်ဟု ဆိုပါသည်။

ဓာတ်ပုံ။ ပုံမှာ ၁၉၇၈ ခုနှစ်က ဖွင့်လှစ်ခဲ့သော အစိမ်းရောင်လိုင်းပေါ်ရှိ La Salle ဘူတာရုံ၏ ပလက်ဖောင်းကို တွေ့မြင်ရစဉ်။

ဝင်ပေါက် အဆောက်အအုံများမှာလည်း ဆန်းသစ်သော စိတ်ကူးစိတ်သန်းများဖြင့် အလှဆင်ထားသည်ကို တွေ့ရသည်။ [metrodemontreal.com]

ဓာတ်ပုံ။ လိမ္မော်ရောင် လိုင်းပေါ်ရှိ မီထရို ဘူတာတစ်ခု၏ ဝင်ပေါက်။ (Namur station)

မွန်ထရီရယ် မီထရို ဓာတ်ပုံများ ကြည့်ရန်…






မော်စကို(Moscow)၊ ရုရှား။

၁၉၃၅ ခုနှစ်က စတင်တည်ဆောက်ခဲ့သော ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မီထရို ဘူတာ အများစု၏ ဝင်ပေါက် အဆောက်အအုံ များမှာ လှပသော ဗိသုကာ လက်ရာများဖြင့် တည်ဆောက် ထားသည်ကို တွေ့ရသည်။ အချို့သော ဘူတာများမှာ မြေအောက်ပေ ခပ်နက်နက်ထဲတွင် တည်ဆောက်ထားပြီး ဒုတိယ ကမ္ဘာစစ်အတွင်းက ဗုံးဒဏ်ကို ခံနိုင်ပါ ရည်ရွယ် ဆောက် လုပ်ခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ။ ၁၉၃၅ ခုနှစ်က ဆောက်လုပ် ခဲ့သော Arbatskaya station ၏ ဝင်ပေါက် အဆောက်အအုံ။ [metro.ru]

မော်စကိုမြို့၏ မီထရို ဘူတာများသည် ဆိုရှယ်လစ် စနစ်၏ အမွေအနှစ် လက်ရာများဖြစ်ပြီး “လူထုနန်းတော်များ” အဖြစ်ပါ မူလက ဖန်တီးထားခဲ့ ကြသည်။ စကျင်ကျောက် များဖြင့် အလှဆင် ထားသော နံရံများ၊ အလွန်လှပသော မီးပန်းဆိုင်း ကြီးများနှင့် အခြား အဖိုးတန် ပစ္စည်းများဖြင့် တန်ဆာ ဆင်ထားသည့် ဘူတာ အတွင်းပိုင်း နေရာများသည် ခရီးသည်များကို နန်းတော်ကြီးများ၊ ဘုရားကျောင်းများထဲသို့ ရောက်နေဘိသည့် အလား ထင်မှတ်မှားစေပါသည်။ [metro.ru], [metrowalks.ru], [beeflowers]

ဓာတ်ပုံ။ ၁၉၅၂ ခုနှစ်တွင် ဆောက်လုပ် ခဲ့သော အဝိုင်းပတ် လိုင်းရှိ Komsomolskaya station ၏ အလယ်စင်္ကြံ ကို တွေ့မြင်ရစဉ်။ [cla.purdue.edu]

အခြား ဆိုဗီယက် နိုင်ငံဟောင်းများတွင် ရှိသော မီထရို ဘူတာများကဲ့သို့ပင် မော်စကိုမြို့ မီထရို ဘူတာတိုင်း လိုလိုတွင်လည်း ကျောက်သား ပန်းပု ရုပ်တုများ၊ ပန်းပွတ်နှင့် အနုစိတ် လက်ရာများ၊ နံရံသရွတ် ပေါ်တွင် ရေးဆွဲထားသော ပန်းချီကားများကို တအံ့တသြ ရင်သပ်ရှုမောစွာ တွေ့မြင်နိုင်သည်။ ယခုနောက်ပိုင်းမှ ဖွင့်လှစ်ခဲ့သော မီထရို ဘူတာများတွင်လည်း ကောင်းမွန်သော ဗိသုကာ အရည်အသွေးများ ရှိသည်ကို တွေ့ရသည်။

ဓာတ်ပုံ။ ၁၉၃၅ ခုနှစ်တွင် တည်ဆောက် ခဲ့သော Kropotkinskaya station ၏ ပလက်ဖောင်းကို တွေ့ရပုံ။

မော်စကို မီထရို ဓာတ်ပုံများ ကြည့်ရန်…


ဆက်လက်ဖော်ပြပါမည်

Print ပရင့်ထုတ်ရန်
0 ထင်မြင်ချက်၊

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.