မြေ
ပေါ် Transportation Road များ၏ ယာဉ်စီးဆင်း မှုမှ ထွက်ပေါ် လာသော ဆူညံမှုနှင့် ကာဗွန်ဒိုင် အောက်ဆိုဒ် (CO2) အခိုးအငွေ့ များသည် မြို့ပြလေထုနှင့် သဘာဝ ပတ်ဝန်းကျင် (Environment) ကို အဓိက ညစ်ညမ်း စေသော အရာများအဖြစ် မြို့ကြီးများ (Megapolis) တွင် တွေ့ရသည်။
မြို့ကြီးများတွင် ယာဉ်စီးဆင်းမှု ပမာဏနှစ်စဉ် ကြီးထွားလာခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု များပြားလာခြင်း၊ မြို့ပြ၏ ဧရိယာများကို ယာဉ်များ ရပ်တန့်ရန် အတွက် နေရာပေးရခြင်း၊ ယာဉ်များမှထွက်သော အခိုးအငွေ့ များကြောင့် လေထုညစ်ညမ်းစေခြင်း နှင့် ဆူညံသံများ၊ အလားတူ ယာဉ်များကြောင့် မတော်တဆ ထိခိုက်သေဆုံးမှုများ ကြီးထွားလာခြင်းတို့သည် မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ် (Transportation System) အား မြေအောက်သို့ ရောက်ရှိစေခြင်း (Moving Traffic Underground) ၏ အဓိက အကြောင်းရင်းများ ဖြစ်ပေသည်။
Transportation System များကို မြေအောက်သို့ ပြောင်းရွှေ့ခြင်းဖြင့် Airpolution နှင့် Noise ပမာဏကို ထိရောက်စွာ လျော့ချနိုင်ကြောင်း တွေ့ရှိရ ပေသည်။ ထို့အပြင် ယာဉ်များ ရပ်နားထား ခြင်းကြောင့် ပေးရသော မြို့တော်၏ အဖိုးတန် နေရာများကိုလည်း အခြားသော ရည်ရွယ်ချက် များအတွက် အသုံးပြုလာ နိုင်ပေသည်။ အလားတူပင် Underground Network System ကို တိုးချဲ့ရာတွင်လည်း မြေပေါ်ရှိ အဖိုးတန် မြေနေရာများ ထိခိုက်ခြင်း မရှိဘဲ လွတ်လပ်စွာ တိုးချဲ့နိုင်ပေသည်။
ထို့အတူ Recreation Center (သာဓက အားဖြင့် - ကမ်းခြေ) များတွင် ရှိသော နေရာများတွင် မြေပေါ်ဧရိယာသည် သဘာဝအတိုင်း လွတ်လပ်စွာ တည်ရှိနေရန် လိုအပ်သည်။ ၎င်းနေရာများတွင် မြို့ပြ System (သာဓကအားဖြင့်- Water Supply, Cable-Line , Gas Pipe-line, Oil Pipe-line, Sewage System) လည်ပတ်မှုရှိရန်အတွက် အကောင်းဆုံးသော နည်းလမ်းမှာ ၎င်းတို့အား မြေအောက်သို့ ပြောင်းရွှေ့ခြင်းဖြစ်ပေသည်။
ကမ္ဘာ့မြို့တော်ကြီးများတွင် Underground Space အား အခြားသော ရည်ရွယ်ချက်များ အတွက် အသုံးပြုကြောင်း တွေ့ရှိရသည်။ Export & Inport လုပ်ရာမြို့ကြီးများတွင် မြေအောက်ဂိုဒေါင်ကြီးများ ဆောက်လုပ်ခြင်း (အသား၊ ငါး နှင့် လောင်စာဆီများ သိုလှောင်ရန်)၊ မြေအောက် ကစားကွင်းများ၊ ရေကူးကန်များ (၎င်းတို့ကို ပုံမှန်ကာလ အတွင်း Public အတွက် အသုံးပြုပြီး စစ်ကာလအတွင်း ဗုံးခိုကျင်းများ အဖြစ် အသုံးပြုရန်) စသည်ဖြင့် တည်ဆောက် အသုံးပြု လာကြသည်။ အလားတူပင် Electric Transformer များ၊ Operating Center များနှင့် အခြားသော Technical Center များကိုလည်း မြေအောက်တွင် တည်ဆောက် အသုံးပြုလျက် ရှိကြသည်။
Underground Space အား အသုံးပြုမှု သက်တမ်းသည် မြေပေါ် Structure များ တည်ဆောက်မှုနှင့် နှိုင်းယှဉ်လျှင် များစွာ နောက်ကျလျက် ရှိပေသည်။ တိုးတက်လာသော Underground Structure Construction နည်းပညာ များကြောင့် ယခုခေတ်တွင် မြို့ပြစီမံကိန်းများ၌ Underground Structure Planning စီမံကိန်းများကို မဖြစ်မနေ ထည့်သွင်း စဉ်းစား လာကြပေသည်။ Tunneling နှင့် Metropolitan ဘာသာရပ်ကို လေ့လာ နေကြသော လူငယ် မျိုးဆက်များ အနေနှင့် အတွေးအခေါ်သစ်၊ အမြင်သစ်များ ရရှိစေရန် ရည်ရွယ်၍ ဤဆောင်းပါးကို ရေးသား တင်ပြလိုက်ရပါသည်။

ပရင့်ထုတ်ရန်
Congratulation Ottersenator!!!. Thanks for ur post and looking forward more posts.
@The MyMetroworld
နွေးထွေးစွာ ကြိုဆိုပါတယ်။ နောက်ထပ်တင်မယ့် Post များကိုလည်း စောင့်မျှော်နေပါတယ်...
ဘာကြောင့် underground structure planning ကို အသုံးပြုကြလဲဆိုတာ အခုမှပဲရှင်းရှင်းလင်းလင်း သိတော့တယ်ဗျို့ ...အားထုတ်မှုအတွက် ဂုဏ်ယူပါတယ် သူငယ်ချင်း
အကိုရေ.. ရန်ကုန်မှာ Underground Planning တွေလုပ်တော့မယ်ဆို သတိထားနော်။ မြေအောက်က အင်တာနက်ကေဘယ် ကြိုးတွေ ထိခိုက်ကုန်မယ် ...း)
ဂွတ်တယ်... ဗျို့။ အရေးအသား ၊ အတွေးအခေါ်တွေပါ ဘာမှ ပြောစရာ မရှိဘူး။ ဗဟုသုတ ရတယ်။ နောက်ထပ် .. နောက်ထပ် ပိုစ့်တွေကို အားပေးချင်သေးတယ် ...။
transformer and operation center တွေက မြေအောက်မှာထားရတယ်ဆိုတာ လိုအပ်တဲ့ head ရမှ လျှပ်စစ်ထုတ်နိုင်တာပါ။ နောက်တချက် မြေအောက်မှာ transportation လုပ်ခြင်းဖြင့် flood ကိုလည်းကာကွယ်နိုင်ပါတယ်။
ငြင်းခုန်တာမဟုတ်ပါ. ဆွေးနွေးတင်ပြတာပါ
ဆွေးနွေးမှုအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။
Now I can see ur posts in blogspot.com .I admire ur effort. I wonder how u can manage to get the time to post these.
Anyway, i'm happy to read urs.
Have a wonderful success!