မြေ
အောက်ဘူတာနှင့် ရထားလမ်း ဥမင်များကို တည်ဆောက်ရာတွင် ရေတားလွှာ (waterproofing) များကို ထည့်သွင်း စဉ်းစား ကြရမည်။ မြေအောက် ရထားဘူတာနှင့် ရထားလမ်း ဥမင်များသည် ၎င်းတို့ အထက်ရှိ မြေကြီးနှင့် အဆောက်အဦးများ၏ Loadအပြင် မြေကြီး အတွင်းရှိ မြေအောက်ရေ၏ ဖိအားဒဏ် (Ground water pressure) များကို ခံရပေသည်။ ထိုမြေအောက်ရေ ဖိအားကြောင့် ဥမင်အတွင်းသို့ ရေများ စိမ့်ဝင် စီးဆင်းမှုများ ဖြစ်ပေါ်လာပေသည်။
ရေများ ဥမင် အတွင်းသို့ စိမ့်ဝင်လာခြင်းသည် ဥမင်များ၏ ဝန်အားခံနိုင်မှုကို ကျဆင်းစေပြီး ပြိုပျက်သည်အထိ အန္တရာယ် ဖြစ်စေပါသည်။ ထိုသို့မဖြစ်စေရန် ဥမင်များ စတင် တူးသောအခါတွင် မြေအောက် ရေများ ဥမင်အတွင်း စိမ့်ဝင်ခြင်း မရှိစေရန် ပြုလုပ်ကြရပါသည်။ ရေတားလွှာများသည် ဥမင်များ အတွင်းသို့ ရေမဝင်စေရန် အတွက် အတိုင်းအတာ တစ်ခုအထိ အကာအကွယ် ပေးနိုင်ပါသည်။ရေတားလွှာများကို အသုံးပြုရာတွင် ဥမင်၏ဒီဇိုင်း တွက်ချက်မှု အပေါ်မူတည်၍ (၃)မျိုးခွဲခြားပြီး အသုံးပြု နိုင်ပါသည်။
ဒုတိယအမျိုးအစားမှာ Grouting ပြုလုပ်ထားသော မြေသားနံရံတွင် တပ်ဆင်ခြင်း မပြုဘဲ ကွန်ကရစ် အနားသတ်လွှာ (Monolithic-concrete Linging) ကြားတွင် ထည့်သွင်း အသုံးပြုခြင်း ဖြစ်သည်။တတိယ အမျိုးအစားမှာ Lining-Segmentများ (သို့မဟုတ်) ကွန်ကရစ် အနားသတ်လွှာ (Monolithic-concrete Linging) ဥမင်အတွင်း တပ်ဆင် ပြုလုပ်ပြီးမှသာ ရေတားလွှာများကို တပ်ဆင်ခြင်းဖြစ်သည်။ သို့သော် ထိုသို့ တပ်ဆင်ရာတွင် ရေတားလွှာ တပ်ဆင် ပြီးသောအခါ ဥမင်အတွင်း နံရံပါးအလွှာကို ထပ်မံပြုလုပ်ရန် လိုအပ်ပါသည်။
ပထမနှင့် ဒုတိယ အမျိုးအစား တို့တွင် Lining- Segmentများ (သို့မဟုတ်) ကွန်ကရစ် အနားသတ်လွှာ (Monolithic-concrete Linging) သည် မြေအောက်ရေ ဖိအားဒဏ် (Ground Water Pressure) ကို တိုက်ရိုက် ခံရပြီး တတိယ အမျိုးအစားမှာ မြေအောက်ရေ ဖိအားဒဏ် (Ground Water Pressure) ကို တိုက်ရိုက် ခံရခြင်း မရှိပေ။ ထို့ကြောင့် ပထမနှင့် ဒုတိယ အမျိုးအစားတို့ကို သုံးရာတွင် Lining-Segmentများ (သို့မဟုတ်) ကွန်ကရစ်
အနားသတ်လွှာ (Monolithic -concrete Linging) များသည် တတိယ အမျိုးအစား Lining-Segment များ (သို့မဟုတ်) ကွန်ကရစ် အနားသတ်လွှာ (Monolithic-concrete Linging) များထက် ပိုမို၍ ထူထပ်သည်ကို တွေ့ရှိရပါသည်။
ရေတားလွှာများကို ထည့်သွင်း တပ်ဆင်ရာ၌ လိုအပ်ချက် ခံနိုင်စွမ်းပေါ် မူတည်၍ ရေတားလွှာများ၏ အထူပမာဏကို တွက်ချက်ရန် လိုအပ်ပါသည်။ ထို့အပြင် ရေတားလွှာများကို တပ်ဆင်ရာ၌လည်း ရေတားလွှာ တစ်ခုနှင့် တစ်ခုဆက်သော နေရာများတွင်လည်း ရေစိမ့်ဝင်ခြင်း မရှိစေရန် ဂရုတစိုက် ပြုလုပ်ရန် လိုအပ်ပေသည်။ Related Posts
မြေအောက်ဥမင်နှင့် ရေစိမ့်ဝင်ခြင်းအန္တရာယ်










ဒီပို့ကို ဖတ်ပြီး ရေအောက်ထဲမှာ အိမ်ဆောက်ပြီးနေချင်စိတ် ပေါက်လာတယ်။ အိမ်ဆောက်ရင်ရော Water Proofting System ကိုသုံးလို့ရလား။ ရတယ်ဆို Design လုပ်ပေးနော်။း)
ဓနိမိုး၊ ထရံကာ၊ ပျဉ်ကာ အိမ်ဆိုရင်တော့ ဒီနည်းနဲ့ water proof လုပ်လို့ရမှာ မဟုတ်ဘူး။ ကွန်ကရစ်နံရံမှာ ဆိုရင်တော့ လုပ်လို့ ရနိုင်ပါတယ်။ အလုံပိတ် ဖြစ်ဖို့လိုတာပေါ့။
အိမ်တွေ ၊ ဟိုတယ်တွေမှာလဲ waterproofing လုပ်ကြပါတယ် ။ ဥပမာ-ဟိုတယ် အပေါ်ထပ်မှာ ရေကူးကန်ငယ်လေးတွေ ထားတာ ၊ အိမ်မှာ ရေချိုးကန် ရေမစိမ့်အောင် လုပ်တာမျိုးတွေပေါ့ ။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး အသေးစိတ် သိချင်ရင်တော့ zyh ကိုမေးပါ ။ သူအကုန် သိတယ် ။
ရေတားတာ အလုံပိတ်လိုက်ပါက ဘေးထွက်ဆိုးကျိုးများရှိလာနိုင်ပါသည်။
တားဆီးနိုင်ပေမဲ့ အနည်းငယ် ယိုစိမ့်မှုရှိနိုင်ပါသည်။
ကျနော် Japan နိုင်င်္င၏dam အောက်ခြေ gullary ထဲဝင်သည့်အချိန်တွင် အေးစိမ့်နေမှူက ရေကိုအလုံပိတ်အောင်မတားနိုင်ပါ တားလျှင်လည်းအန္တရာယ်ရှိပါသည်။ ထို့ကြောင့် tunnelဘေးတဖက်တချက်ဆီတွင် ရေဆီးမြောင်;ထည့်ပေးရပါသည်။
ဟုတ်ပါတယ်။ ဥမင်တွေမှာ ရေကိုလုံးဝမဝင်အောင် တားဆီးလို့မရနိုင်ပါဘူး။အချိန်ကြာလာတာနဲ့အမျှ Waterproofing လုပ်ထားပေမယ့် ရေရှည်မှာ ရေယိုစိမ့်မှု ဖြစ်ပေါ်နိုင်ပါတယ်။ အဲ့ဒီအတွက် ဥမင်အတွင်းမှာလည်း drainage system အတွက်စဉ်းစားရပါတယ်။ ဒါအပြင် လိုအပ်ရင်လည်း Ground water level ကို ဥမင်Level ထက် လျော့နည်းအောင် ပြုလုပ်ပြီး ဥမင်ငယ်များနဲ့ ရေစီးမြောင်းများကို ဥမင်အပြင်ဘက် တစ်လျှောက်မှာသီးသန့် ပြုလုပ်ပေးရပါတယ်။ ဒီအပိုင်းဟာ ကျယ်ပြန့်တဲ့အတွက် ခေါင်းစဉ်တစ်ခုအနေနဲ့ ကျွန်တော် လက်လှမ်းမီသလောက် ဆက်လက် ဆွေးနွေးတင်ပြသွားပါ့မယ်။ ဆွေးနွေးမှုကို ကျေးဇူးတင်ရှိပါတယ်။