I
ကျွန်တော်တို့ရဲ့ ဘူတာက ထွက်တော့ နေ့ခင်း ၁ နာရီခွဲ ၊ interchange ရောက်တော့ ရထားက မလာသေးဘူး။ ဒါနဲ့ ကိုမီထရို က စပြီး ကျွန်တော်တို့ ရောက်နေတဲ့ ဘူတာရဲ့ တည်ဆောက်ပုံ ၊ သုံးထားတဲ့ ပစ္စည်းများ အကြောင်း ဆွေးနွေးရင်း ရထားအလာကို စောင့်ဆိုင်းကြပါတယ် ။ ရထားရောက်လာတော့ ပြပွဲ ကျင်းပမဲ့ Delavoe center ဘူတာရုံကို ဆက်သွားကြပါတယ် ။ ပုံမှန်ဆိုရင် interchange မှာ ရထားစောင့်ရတာ ၁မိနစ် ၁မိနစ်ခွဲထက် မပိုပါဘူး ။ ဒါပေမဲ့ ကျွန်တောတို့ သွားမဲ့ ဘူတာက အသစ်ဖောက်လုပ်ထားတာ မကြာသေးတဲ့ secondary lane မှာပါ ။ ဒါကြောင့် တလိုင်းထဲမှာပဲ ရထား ၂ စီး တလှည့်စီ စောင့်စီးကြရတာပါ။
ကျွန်တော်တို့ ပထမဆုံး ရှာမိတာက ကျွန်တော်တို့ရဲ့ အဓိက ဘာသာရပ် ဖြစ်တဲ့ Tunnelling ခန်းမကိုပါ။ အဲဒီ ခန်းမထဲရောက်တော့ လက်ကမ်းစာစောင်လေးတွေဖတ် ၊ ဂျာနယ်လေးတွေဖတ်နဲ့ တခန်းဝင် တခန်းထွက် လိုက်လေ့လာဖြစ်ပါတယ် ။ အဲဒီမှာ တခု ကောင်းတာက ကုမ္ပဏီတွေရဲ့ ၀န်ဆောင်မှုပါ ။ လာရောက် လေ့လာသူတွေကို မငြီးမငြူ ရှင်းလင်း ဖြေကြားပေးပါတယ် ။ ကိုမီထရို ပထမဆုံး ၀င်ရောက် ဆွေးနွေးတဲ့ နေရာကတော့ အီတလီ နိုင်ငံက Seli ကုမ္ပဏီပါ ။ ယင်းကုမ္ပဏီဟာ Sheet Method ကိုသာ အသုံးပြု ဖောက်လုပ်ပြီး Blasting Method ကို လုံးဝအသုံးမပြုဟု သိရပါတယ်။
အဲဒီနောက်တော့ ကျွန်တော်တို့ ညီအစ်ကိုတွေ ဆက်လက်လေ့လာဖြစ်တာက Waterproofing materials တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီပါ။ ဒီပြပွဲမှာတော့ Gel ကို အသုံးပြုတဲ့ ကုမ္ပဏီကို မတွေ့ရှိခဲ့တာ ထူးခြားချက်ပါ ။

Waterproofing materials , waterproofing compound တွေကို အချိန် အတော်ကြာ ဆွေးနွေးပြီးနောက်မှာတော့ ကျွန်တော်တို့ ဆက်လက်လေ့လာ ဆွေးနွေးခဲ့တာကတော့ Soil အကြောင်းပါ ။ မြေကြီးများကို loading ခံနိုင်ဖို့ ၊ လိုအပ်တဲ့ မာကျောမှုရဖို့ စတဲ့ နည်းလမ်းများကို ဆွေးနွေးမှတ်သား ခဲ့ကြပါတယ်။
မြေကြီးအကြောင်း ဆွေးနွေးမှတ်သားပြီးတဲ့ အချိန်မှာတော့ ညနေ ၄ နာရီ မိနစ် ၅၀ ရှိပါပြီ ။ ညနေ ၅ နာရီမှာ ပြပွဲခန်းမများ ပိတ်မယ်ဆိုတဲ့ ကြေညာသံ အဆုံးမှာတော့ ကျွန်တော်တို့ ညီအစ်ကိုတွေ ပြပွဲခန်းမရဲ့ အပြင်မှာ ပြပွဲအကြောင်း ပြောဆိုဆွေးနွေးရင်း အဆောင်သို့ .................
မြေကြီးအကြောင်း ဆွေးနွေးမှတ်သားပြီးတဲ့ အချိန်မှာတော့ ညနေ ၄ နာရီ မိနစ် ၅၀ ရှိပါပြီ ။ ညနေ ၅ နာရီမှာ ပြပွဲခန်းမများ ပိတ်မယ်ဆိုတဲ့ ကြေညာသံ အဆုံးမှာတော့ ကျွန်တော်တို့ ညီအစ်ကိုတွေ ပြပွဲခန်းမရဲ့ အပြင်မှာ ပြပွဲအကြောင်း ပြောဆိုဆွေးနွေးရင်း အဆောင်သို့ .................
ပြခန်းမှာ ပြထားတဲ့ထဲက ပုံစံငယ်လေးတွေ

နောက်ကိုလည်း ဒီ့ထက်ပိုပြီး လေ့လာနိုင်တဲ့ အခွင့်အလမ်းတွေ ရရှိပါစေ.။ စကားမစပ် ပုံစံငယ်ကားလေးတွေက ချစ်စရာလေးနော်...
ဟုတ်တယ် ဒီလိုပွဲမျိုးတွေ များများရှိမှ ပိုပြီး ဗဟုသုတ ပွားမှာ။ အခုလို ဆုတောင်းပေးတဲ့ အတွက် ကျေးဇူး။ ပုံစံငယ်လေးတွေနဲ့ ကစားချင်နေတုန်းပဲလား။ :P
ဟုတ်တယ်။ ကစားချင်တုန်းပဲ။ ဘာလို့လဲဆိုတော့ KPZ က အရာဝထ္တု သေးသေးလေးတွေကို Crazy ဖြစ်လို့...း)
အင်း... ဒါ့ကြောင့်ကိုး....။ အခုမှ သဘောပေါက်သွားပြီ။ :P
ဟေး.. နိုင်ငံရေးတွေ မပါကြေးလေ ။ ။း)