
တနေ့တာ ဖောက်လုပ်ပြီးစီးမှုကတော့ ၃၉ မီတာဖြစ်ပြီး စုစုပေါင်း concrete lining ring ၂၂ ခုတပ်ဆင်ပြီးစီးပါတယ်။ ဒါဟာ တော်တော်မြန်တဲ့နှုန်းထားပါ။ lining ring တစ်ခုဟာ ဗျက် ၁.၇၅ မီတာကျယ်ပါတယ်၊ segment 8 ခုပါရှိပါတယ်။ ပုံမှန်အရွယ်အစားပါပဲ။ ဥမင်ရဲ့ အချင်းကတော့ ၁၁.၉၅ မီတာဖြစ်ပါတယ်။ ဥမင်အရွယ်အစားကတော့ ပုံမှန်ရထားလမ်း ဥမင်တွေထက်စာရင် အတော်ကြီးပါတယ်။
ဒီလိုစံချိန်သစ်ကို ရရှိခဲ့တာဟာ တိုးတက်မြင့်မားလာတဲ့ ဥမင်ဖောက်လုပ်ရေးနည်းပညာနဲ့ စီမံကိန်းကိုဦးဆောင်တဲ့ အရည်အချင်းပြည့်ဝတဲ့ ပညာရှင်တွေကြောင့်ပါ။ ဒါ့အပြင် စီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်ကြတဲ့ အခြားအဖွဲ့အစည်းတွေ အချင်းချင်းတက်တက်ကြွကြွပါဝင်ခဲ့တာဟာလည်း အဓိကအချက်တစ်ချက်ဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းကိုတော့ NFM tunneling shield machine ကိုအသုံးပြုပြီး ၂၀၀၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က စတင်ခဲ့ တာပါ။ အခုအချိန်မှာ စီမံကိန်းတစ်ခုလုံးရဲ့ ၇၀ ရာခိုင်နှုန်းပြီးစီးနေပါပြီ။ စုစုပေါင်း ဥမင်အလျား ၄၂၆၉ မီတာရှိ ပါတယ်။

ဒီနေရာမှာ ကျွန်တော်တစ်ခု သုံးသပ်မိတာရှိပါတယ်။ ဘာလဲဆိုတော့ အခုကျွန်တော်တို့နိုင်ငံမှာ ပထမဆုံး ရထားလမ်းဥမင်ကို ဖောက်လုပ်ပြီးစီးသွားပါပြီ။ ပုံတောင်ဥမင်ပါ။ သတင်းစာဖတ်သူတွေ ထိုသတင်းကို ဖတ်မိလိုက်ကြမှာပါ။ နိုင်ငံအတွက်၊ မြန်မာနိုင်ငံ ဥမင်ဖောက် ပညာရှင်တွေအတွက်တော့ အောင်မြင်မှုတစ်ခုလို့ ပြော လို့ရပါတယ်။ ဥမင်အလျားက ၁.၈ ကီလိုမီတာ ပဲရှည်ပါတယ်။ ဒီဥမင်ကို ၁၀ နှစ်ကြာအောင် ဖောက်လုပ်ခဲ့ရပါတယ်။ ဖောက်လုပ်တဲ့နည်းကလည်း ကျောက်တောင်မှာ မိုင်းခွဲပြီးဖောက်တဲ့နည်းပါ။ အလွယ်ဆုံးနဲ့ ဈေးအသက်သာဆုံးနည်းလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ နည်းပညာ၊ ပညာရှင်၊ အရင်းအနှီး နည်းပါးမှုကြောင့် တော်တော်ကြာအောင် ဖောက်ယူခဲ့ရပါတယ်။ အခုလက်ရှိ နည်းပညာနဲ့ tunneling shield machine ကို သုံးပြီး ဖောက်မယ်ဆိုရင် အလွန်ဆုံး ၂ နှစ်ပဲကြာပါမယ်။
ဒီတော့ အခုအချိန်မှာ ဥမင်ဖောက်လုပ်တဲ့နည်းပညာတွေနဲ့ စက်ပစ္စည်းများကို သင်ကြားနေကြပြီ ဖြစ်တဲ့သူများ အနေနဲ့ ပိုပြီးကြိုးစားကြဖို့လိုလာပါပြီ။ ဒီပို့စ်ကတော့ အခုလက်ရှိ အကောင်အတည်ဖော်နေတဲ့ ဥမင်ဖောက်လုပ်ရေး စီမံကိန်းများကရရှိလာတဲ့ သတင်းများကို သိရှိလေ့လာနိုင် စေရန်တင်ပြပေးခြင်း ဖြစ်ပါတယ်။ နောင်လည်း အလျင်းသင့်သလို ရေးသားသွားပါမယ်။

Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld