ယ
နေ့ ၂၁ ရာစုတွင် Jet aircraft များသည် အလျင်နှုန်း မြင့်မားစွာဖြင့် ပျံသန်းလာနိုင်သည်မှာ ယုံမှား သံသယ ဖြစ်စရာ မလိုပါ။ အသံ၏ အမြန်နှုန်း ဖြစ်သော တစ်နာရီ ၇၅၀ မိုင်နှုန်း(၁၂၅၀ ကီလိုမီတာ/နာရီ) ထက် ကျော်လွန်အောင် ပျံသန်းနိုင်ကြပါသည်။ သို့သော် လူစီးလေယာဉ်များ၊ ကုန်တင် လေယာဉ်များ နှင့် စီးပွားရေး လုပ်ငန်းသုံး လေယာဉ်များ အနေဖြင့်မူ တစ်နာရီ ၃၀၀ မိုင်နှုန်းမှ ၆၀၀ မိုင်နှုန်းအတွင်းသာ ပျံသန်းကြပါသည်။ ရထားများတွင်မူ အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ၁၈၆ မိုင်( ၃၀၀ ကီလိုမီတာ/နာရီ) အထိသာ ခုတ်မောင်း နိုင်ကြသည်။ ထို့ကြောင့် ရထားများ၏ အမြန်နှုန်းမှာ လေယာဉ်များနှင့် နှိုင်းယှဉ်လျင် သုံးဆ မျှလျော့နည်းသည်ကို တွေ့ရသည်။ Aircraft များမှာ ခရီးသွားလာမှု ပိုမိုမြန်ဆန်သော်လည်း စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်လာပါက အသက်ဘေးအထိ အန္တရာယ်ကြီးမားလှသည်။ သို့သော် ဝေဟင်မှ ပျံသန်းရသဖြင့် အချိန်တိုအတွင်း မိုင်ပေါင်း များစွာကို ရောက်ရှိ ခရီးတွင်စေပါသည်။
များသောအားဖြင့် Airport များသည် မြေဧကများစွာရယူရခြင်း၊ ခရီးသည်များ အတွက် အဆောက်အအုံများ၊ လေကြောင်းထိန်းသိမ်းမှုများ၊ control room များနှင့် အခြားသော အဆောက်အအုံများကြောင့် နေရာကျယ်ဝန်းစွာ ရရှိနိုင်သော မြို့အပြင်ဘက်တွင်သာ ထားရှိတည်ဆောက်ကြသည်။ ခရီးသည်များသည် Airport သို့လာရန်အတွက် အနည်းဆုံး မိနစ် ၃၀ မျှ အချိန်ယူရသည်။ အခြားတစ်ဖက်တွင် Trains Station များသည် မြေဧရိယာများစွာ မယူရသည့်အပြင်၊ မြေအောက်ဘူတာရုံများ တည်ဆောက်နိုင်ခြင်း၊ Station အများစုသည် မြို့တွင်းတွင် တည်ရှိခြင်း တို့ကြောင့် ခရီးသည်များအနေဖြင့် အချိန်ကြန့်ကြာမှုနည်းပါး စေသည့်အပြင် Station များသို့ အလွယ်တကူ သွားရောက်နိုင်သည့် အားသာချက်များရှိပါသည်။
Airport များတွင် ခရီးသည်များအနေဖြင့် စစ်ဆေးမှုများ၊ လေကြောင်းသွားလာမှု စည်းကမ်းများ အရ သယ်ဆောင်နိုင်သော အလေးချိန်များ စစ်ဆေးချိန်တွယ်မှုများ၊ မိမိနှင့်အတူပါလာသော ၀န်စည်စလယ်များကို စစ်ဆေးမှုများ ပြုလုပ်ရခြင်း၊ တဖန် ထိုပစ္စည်းများကို ရွေးယူရန်အတွက် စောင့်ဆိုင်းရခြင်း၊ ထို့အပြင် ပြည်ပထွက်ခွာပါက immigration ပြုလုပ်ခြင်း၊ passport များစစ်ဆေးခြင်း တို့ဖြင့် အချိန်များစွာ ကြန့်ကြာစေပါသည်။ ရထားဖြင့် ခရီးသွားမည် ဆိုပါက ခရီးသည်အနေဖြင့် လက်မှတ်ဝယ်ပြီး ရထားထွက်မည့် အချိန် platform သို့ သွားရောက်၍ စီးရုံသာရှိသည်။ သို့သော် ပြည်ပထွက်ခွာသော ရထားများအနေဖြင့် immigration နှင့် passport registration များ ဆောင်ရွက်သော်လည်း လေကြောင်းဖြင့် ခရီးသွားလာမှုထက် အချိန်ကြန့်ကြာမှု နည်းပါးပါသည်။
ရထားတွင် အချိန် ၂ မိနစ်အတွင်းတွင် ခရီးသည်များ အားလုံးနီးပါး တက်ရောက် နေရာယူပြီး ဖြစ်ပေမည်။ Platform နှစ်ဖက်စလုံးမှ တက်ရောက်နိုင်ပါက အချိန်အနည်းငယ် အတွင်းတွင် ခရီးသည်များအားလုံး တက်ရောက်နေရာယူ ပြီးစီးနိုင်ပါသည်။ ထို့အပြင် ခရီးသည်များသည် ရထားစတင်ထွက်ခွာနေစဉ် အတွင်း မိမိတို့ ပစ္စည်းများ နေရာချထားခြင်း၊ ထိုင်လျက်ဖြစ်စေ၊ လမ်းလျှောက်လျက်ဖြစ်စေ၊ သက်တောင့် သက်သာ လိုက်ပါသွားနိုင်သည်။
လေကြောင်းခရီးသည်များ အတွက်မူ Safety belt များ ပတ်ထားခြင်းများ ရှိမရှိ၊ အန္တရာယ် တစ်စုံတစ်ရာ ကြုံလာပါက မည်ကဲ့သို့ လုပ်ဆောင်ရမည် စသည့် Safety reasons များကို ပြောကြားပြီးမှသာ လေယာဉ်ကို စတင်ထွက်ခွာ ပျံသန်းနိုင်မည် ဖြစ်သည်။ ထိုအပြင် လေယာဉ်များသည် အလွယ်တကူ ချက်ခြင်း ထွက်ခွာမှု မပြုနိုင်သလို၊ လေယာဉ်ကွင်းသို့ ဆင်းသက်ရာတွင်လည်း ရှေ့လေယာဉ်များ၏ ပျံသန်းထွက်ခွာမှု၊ ဆင်းသက်မှုများကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရပေအုံးမည်။
လေယာဉ်အဆင်းအတက် ရှုပ်ထွေးသော Heathrow airport ကဲ့သို့ လေဆိပ်မျိုးတွင် အနည်းဆုံး လေယာဉ် ၄ စင်းမျှ အတက်အဆင်း ပြုလုပ်နေသည်ကို စောင့်ဆိုင်းရမည်။ လေယာဉ်ဆင်းသက်ပြီး ပါကလည်း ခရီးသည်များ သက်ဆိုင်ရာ board သို့ တက်ရောက်ရန်အတွက် ရှေ့မှ ဆိုက်ကပ်သော လေယာဉ်ကို စောင့်ဆိုင်းရ ပေဦးမည်။ အထက်ပါ နှိုင်းယှဉ်ချက်များသည် ၄၀၀ ကီလိုမီတာ ( ၂၅၀မိုင်) အထက် ခရီးသွားလာမှုများ အတွက် ဖြစ်ပါသည်။
Aircraft များသည် တည်ဆောက်မှု နှင့် Maintenance ပိုင်းတွင် ရထားများထက် ပိုမို၍ အကုန်အကျများသည်။ Aircraft များစီးနင်းခ ဈေးနှုန်းမြင့်မားရခြင်းမှာ Landing charges အတွက် Airport သို့ ငွေအမြောက်အများ ပေးရခြင်း၊ Aircraft သည် အချိန်အနည်းငယ် အတွင်းတင် ဆီပမာဏ မြောက်များစွာ အသုံးပြုခြင်း၊ Safety side ဘက်စုံမှ ယူရခြင်း တို့ကြောင့် အကုန်အကျပို၍များသည်။ ရထားတွင်မူ ရထားလမ်းကြေးနှင့် အခြားအနည်းငယ်သာ ပေးဆောင်ရသည်။ ထို့ကြောင့် Operating Cost အနေဖြင့် ရလဒ်မှာ လေကြောင်း လိုင်းများသည် ရထားလိုင်းများထက် ၂ ဆ၊ ၃ဆ မျှ ပိုမို၍ ကုန်ကျစရိတ်များသည်။ ထို့ကြောင့် စရိတ် အကုန်အကျ သက်သာ၍ ဈေးနှုန်းချိုသာကာ အန္တရာယ်ကင်းသော သယ်ယူပို့ဆောင်မှုစနစ်ကို ရွေးချယ် အသုံးပြုရန် လိုအပ်ပါသည်။
ထို့အချက်များအရ ယခုနောက်ပိုင်းတွင် လေယာဉ်များအစား High speed train များကို အစားထိုး အသုံးပြုပြေးဆွဲ လာကြသည်။ ပြင်သစ်၏ အကြီးဆုံးမြို့နှစ်မြို့ ဖြစ်သော Paris နှင့် Lyon သည် ၄၅၀ ကီလိုမီတာ ကွာဝေးသည်။ ၁၉၈၁ ခုနှစ်မှစ၍ ထိုမြို့နှစ်မြို့ အကြားတွင် TGV(Train a grande vitesse) French high-speed passenger train line ကို စတင်ပြေးဆွဲခဲ့သည်။ Paris မှ Lyon သို့ ၂ နာရီမျှသာကြာမြင့်သည်။ ယခင်က ထိုနှစ်မြို့သို့ Airline ပြေးဆွဲခဲ့သည်။
TGV railway line စတင်ပြေးဆွဲပြီးနောက်တွင် လေယာဉ်စီးသူ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် Paris မှ ၃၄၀ ကီလိုမီတာ ကွာဝေးသော Brussels သို့ တိုက်ရိုက် High speed train စတင်ပြေးဆွဲခဲ့သည်။ ကြာချိန် ၁ နာရီ ၃၀ မိနစ်သာရှိပြီး လေကြောင်းဖြင့် သွားလာမှုလောက်ပင် ကြာမြင့်ခဲ့သည်။ London မှ Paris နှင့် Brussels သို့ ပြေးဆွဲသော High speed train “ Eurostar” သည် တစ်နာရီလျှင် ၁၀၀ ကီလိုမီတာနှုန်းဖြင့် ခုတ်မောင်းပြီး journey time ၃ နာရီသာ ကြာမြင့်သည်။ လေကြောင်းဖြင့် London မှ Paris သို့ ပျံသန်းမှု ကြာချိန်သည် ၄၅ မိနစ်သာရှိသော်လည်း အထက်တွင် ဖော်ပြခဲ့သော အထွေထွေ ကိစ္စရပ်များကြောင့် ခရီးသည်များသည် London မှ Paris သို့ ရောက်ရှိရန် အချိန် ၃ နာရီနီးပါး ကြာမြင့်သည်။ London မှ Paris သို့ Channel tunnel ဖောက်လုပ်ပြီးသောအခါတွင် မောင်းနှင်မှုကြာချိန်သည် ၂ နာရီ ၃၀ မိနစ်သာ ကြာမြင့်တော့သည်။ ထို့ကြောင့် Eurostar သည် အဓိက လူစီးများသော Railway line ဖြစ်လာခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် British Aerospace နှင့် Air French တို့မှ ပူးပေါင်းထုတ်လုပ်သော Concorde လေယာဉ်သည် အမြန်နှုန်း တစ်နာရီလျှင် ၁၄၄၈ မိုင်နှုန်းဖြင့် ပျံသန်းနိုင်ပြီး အသံ၏ အလျင်ထက် နှစ်ဆ ပိုမြန်သည်။ London မှ Paris သို့ ပျံသန်းချိန် ၃ နာရီကြာမြင့်သည်။
သို့သော် နောက်ပိုင်းတွင် မတော်တဆမှု ထိခိုက်မှုများ၊ Technical, commercial လိုအပ်ချက်များနှင့် Maintenance cost များလာသောကြောင့် ပျံသန်းမှုကို ရပ်ဆိုင်းခဲ့သည်။ ထို့ပြင် လေယာဉ် ပျံသန်း ဖြတ်သန်းခိုက် လေထုတွင် ဖြစ်ပေါ်သော ပေါက်ကွဲ မြည်ဟည်းသံ ( Sonic boom) ကြောင့် ကုန်းမြေပေါ်တွင် ပျံသန်းစဉ် Supersonic speed ဖြင့် ပျံသန်းမှုကို တားမြစ်ခဲ့သည်။ ထိုကဲ့သို့သော အခြေအနေ အရပ်ရပ်တို့ကြောင့် လေယာဉ်များနေရာတွင် High speed train များကို အစားထိုး အသုံးပြုလာကြသည်။
High speed trains များသည် လျှပ်စစ်ဓာတ်အားကို အသုံးပြု၍ မောင်းနှင်သောကြောင့် wasted energy နှင့် emission နည်းပါးသည်။ Power efficiency မြင့်၍ Energy consumption ၏ ၄၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း အထိရယူနိုင်သည်။ Aircrafts များသည် High speed train များထက် Carbon dioxide နှင့် Toxic nitrous oxide ထုတ်လွှတ်မှု ၅ ဆ ပိုများသည်။ Japan နိုင်ငံမှ ထုတ်လုပ်သော Largest high speed train သည် ခရီးသည် ၁၄၀၀ ယောက် စီးနင်းလိုက်ပါနိုင်သည်။ အထက်ပါ အကြောင်းများကြောင့် ခရီးသည်များသည် ဗာဟီရ ကိစ္စနည်းပါးသော၊ သယ်ယူပို့ဆောင်ရေး စရိတ်ချိုသာသော၊ လုံခြုံစိတ်ချရမှုရှိသော ရထားကိုသာ ရွေးချယ်အသုံးပြု လာကြသည်။
High speed train များဖြင့် ပင်လယ်ရပ်ခြား နိုင်ငံများသို့ မသွားရောက်နိုင်သောလည်း ပြည်တွင်းနှင့် ကုန်းချင်းဆက် အိမ်နီးချင်း နိုင်ငံများသို့ အလွယ်တကူ သွားရောက်နိုင်မည်ဖြစ်သည်။ ယခုအခါတွင် နိုင်ငံအများစု၌ Airlines များအစား High speed trains များကို အစားထိုးပြေးဆွဲလျက်ရှိသလို ထပ်မံ၍လည်း ဖောက်လုပ်မှုများ ရှိနေပါသည်။ ကျွန်တော်တို့ အာရှနိုင်ငံများတွင်လည်း အာရှပတ်လည် ရထားလမ်းစီမံကိန်းကို အာရှတိုက် ကုန်းတွင်းနိုင်ငံများမှ ဖောက်လုပ်ရန် သဘောတူညီထားပြီး စီမံကိန်းအကြို လုပ်ငန်းများကို အကောင်အထည် ဖော်လျက်ရှိရာ ၂၁ ရာစုတွင် ရထားဖြင့် ခရီးသွားလာမှုမှာ အရေးပါသော နေရာသို့ တက်လှမ်းရောက်ရှိလာတော့မည်ဟု ခန့်မှန်းသုံးသပ် တင်ပြလိုက်ရပါသည်။
By KhunThiha(Electric Traction)
Related Posts
1.မြန်နှုန်းမြင့်ရထား ကမ္ဘာ့စံချိန်သစ်
2.မီးရထားကဏ္ဍမိတ်ဆက်
ပရင့်ထုတ်ရန်
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld