မြေ
အောက်ဘူတာရုံ (Underground Station) များသည် အရွယ်အစား ကြီးမားသည့် မြေအောက် ဆောက်လုပ်ရေး လုပ်ငန်းများဖြစ်ပြီး ၎င်း၏ဖွဲ့စည်း တည်ဆောက်ပုံ မှာလည်း ရှုပ်ထွေးလှသည်ဖြစ်ရာ ဒီဇိုင်းတွက်ချက်မှု အပိုင်းမှကြည့်လျှင် အလွန်ခက်ခဲသော မြေအောက် ဆောက်လုပ်ရေး လုပ်ငန်း၏ အစိတ်အပိုင်းများ အဖြစ် တွေ့မြင်ကြရပေမည်။ ယနေ့အခါတွင် ထို့ကဲ့သို့ ရှုပ်ထွေးသည့် ဒီဇိုင်းတွက်ချက်မှုများကို အကောင်းဆုံးနည်းလမ်းမှ ချဉ်းကပ် ဖြေရှင်းပေးနိုင်မည့် နည်းလမ်းတစ်ရပ် ရရှိနေပြီး ဖြစ်ပါသည်။ ထို ဒီဇိုင်းတွက်ချက်မှု နည်းလမ်းမှာ ပြဿနာ တစ်ရပ်လုံးကို ကောင်းစွာ ဖြေရှင်းနိုင်စွမ်းရှိပြီး ယခင်က တွက်ချက် အဖြေရှာ မရခဲ့သည့် ဒီဇိုင်း တွက်ချက်မှုများကိုပါ ဖြေရှင်းနိုင်စွမ်းရှိသည့် Finite-element method (FEM) ဖြစ်ပါသည်။ ယခု ထိုနည်းလမ်းကို အသုံးပြု၍ ၂၀၀၅ ခုနှစ်က စိန့်ပီတာစဘတ်မြို့ မီထရိုပိုလီတန်တွင် တည်ဆောက် ပြီးစီးခဲ့သော Commandant Avenue Station ( Column type Station) ၏ဒီဇိုင်းကို လေ့လာ တွက်ချက်မှုများ ပြုလုပ်သွားပါမည်။
ဒီဇိုင်းတွက်ချက်မှုအတွက် လိုအပ်သော Station ၏ Stree-strain state အပြည့်အစုံကို အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုခဲ့သော အချက်အလက်များအတိုင်း အသုံးပြုပါသည်။ ဒီဇိုင်း တွက်ချက်ရာတွင် အခြေခံ လိုအပ်ချက်ဖြစ်သည့် ဒေါက်လိုက် သက်ရောက်အား (vertical stress) များကို Station တွင် အသုံးပြုထားသော တိုင်များကို String gauge အသုံးပြုတိုင်းတာ၍ ရယူပါသည်။ ထိုတိုင်းတာ တွက်ချက်မှုများမှ ရရှိလာသော station ၏ Structural behavior များသည် Station ဆောက်လုပ်ရေး လုပ်ငန်းကာလ တလျှောက်လုံးတွင် ရှိခဲ့သည့် Stress-strain state နှင့် ကိုက်ညီမှုရှိသည်ကို တွေ့ရှိရပါသည်။
ထို့ကြောင့် ယခု ဒီဇိုင်းအပေါ်လေ့လာ တွက်ချက်မှုများကို ပုံ(၁)တွင် ပြထားသည့်အတိုင်း Station ဆောက်လုပ်ရေး အဆင့် ၄ ဆင့်ဖြင့် ခွဲခြားကာ Analyze ပြုလုပ်သွားပါမည်။ ပထမအဆင့်တွင် အချင်း ၅.၅ မီတာ အရွယ်အစားရှိသည့် Pilot Tunnel ကို ဦးစွာ ဖောက်လုပ်ပြီးနောက် အချင်း ၈.၅ မီတာရှိသည့် ဥမင်ရရှိအောင် ဆက်လက်ဖောက်လုပ်ပါသည်။ ဒုတိယအဆင့်တွင် Station ၏ ဘေးနှစ်ဖက် ဥမင်များကို ဖောက်လုပ်ပါသည်။ တတိယအဆင့်တွင် တိုင်များနှင့် ထုပ်၊ ယက်မများကို တပ်ဆင်ပြီး အပေါ်အမိုးခုံးကို ဆောက်လုပ်ပါသည်။ Station ၏ ကျန်အစိတ်အပိုင်း အားလုံးနှင့် ဥမင်ကြမ်းခင်းကို စတုတ္ထအဆင့်တွင် အပြီးသတ် ဆောက်လုပ်ပါသည်။
Station အဆောက်အအုံ တစ်ခုလုံးကို ကွန်ကရစ်အမျိုးအစား B30 နှင့် B40၊ သံမဏိ၊ Cast iron နှင့် သံကူကွန်ကရစ်ကို အသုံးပြု တည်ဆောက်ထားပါသည်။ Station တည်ရှိရာ ဒေသ၏ မြေအမျိုးအစားမှာ ကျောက်မြေ အမျိုးအစားနှင့် Cambrain clay အမျိုးအစားတို့ ဖြစ်သည်။ ဥမင်သည် မြေအောက် ၆၀ မီတာ အနက်တွင် တည်ရှိပြီး ဥမင်အမိုးခုံး အပေါ်မှ Clay ၏အထူမှာ ၃၅ မီတာရှိပြီး မြေအောက်ရေ အနက်မှာ ၂၅ မီတာရှိသည်။ ဥမင်အတွင်း တိုင်များကြား အကွာအဝေးမှာ ၃.၈ မီတာ ဖြစ်ပါသည်။ ဒီဇိုင်း တွက်ချက်မှု အတွက် မြေသားထုကို သတ်မှတ်ရာတွင် Station ဘေးတစ်ဖက် တစ်ချက် မှ အပေါ်ဘက်ရှိ အလျား ၅၅ မီတာ၊ အမြင့် ၈၅ မီတာရှိသော ထုကို ယူပါသည်။ Station သည် ဒေါင်လိုက်ပြင်ညီ Y-Z ၀င်ရိုးအတိုင်း အချိုးညီပါသည်။
ဒီဇိုင်းတွက်ရန်အတွက် X,Y,Z ပြင်ညီများအတိုင်း ထားမည့် node များကို အရွေ့ (displacement) မရှိသည့် fixed state(u=0) အခြေအနေတွင် ထားရှိပါမည်။ ပိုမိုတိကျသော အဖြေကို ရရှိရန်အတွက် Structure တစ်ခုလုံး၏ အစိတ်အပိုင်း အားလုံးကို node ၄ ခုစီပါဝင်သော အပိုင်းများဖြင့် စိတ်ပိုင်းပါသည်။ ထို့ကြောင့် structure elements များတွင် အကွက်များစိတ်၍ Station ၏အပြင်ဘက် ပိုင်းများသည် အကွက်များ ကြဲသည်ကို တွေ့ရပါသည်။ (ပုံ-၂ တွင်ရှု)။
အဆိုပါ ဒီဇိုင်းကို Calculate လုပ်လိုက်သည့်အခါ Station ၏ Structure တစ်ခုလုံးအပေါ်၌ သက်ရောက် လက်ရှိသော Vertical stress၊ horizontal stress၊ normal stress များနှင့် displacement မည်မျှ ဖြစ်သည်ကို တန်ဖိုးများနှင့်တကွ တွက်ထုတ်ပေးပါသည်။
ဒီဇိုင်းတွက်ချက်မှု အဖြေများအရ Station ၏ lining ပေါ်သို့ ဖြန့်ခွဲ သက်ရောက်လျက်ရှိသော Vertical loads ဒေါက်လိုက် သက်ရောက်အားများ ညီမျှစွာ သက်ရောက်ခြင်း မရှိသည်ကို တွေ့ရပါသည်။ Vertical loads များကြောင့် ဖြစ်ပေါ်လာသော ပင်မ station ဥမင်နှင့် ဘေးဥမင်များ၏ Moment diagrams များကို ပုံ(၃၊၄၊၅) တွင် ဖော်ပြထားပါသည်။
ရရှိလာသော အဖြေများအရ Column များနှင့် ဥမင်၏ ဘေးဘက်ရှိ lining blocks များသည် vertical load သက်ရောက်မှုများကို အများဆုံး ခံရသည်ကို တွေ့ရှိရသည်။ Column တိုင်များ၏ အပေါ်ရှိ lining blocks များတွင် သက်ရောက်နေသော moment မှာ 4.6 MPa ထိရှိပြီး ဘေးဘက်ရှိ lining blocks များတွင် 5.5 MPa အထိရှိတာကို တွေ့ရပါသည်။ Column တိုင်နှစ်ခုကြားရှိ ယက်မတန်းအပေါ် lining block နေရာတွင် သက်ရောက်နေသော အားမှာ 1.6 MPa ရှိပြီး ထိုနေရာ ဘေးဘက်တွင်ရှိသော အားမှာ 5.5 MPa ပင်ဖြစ်သည်။ Moment အနည်းဆုံး သက်ရောက်လျက်ရှိသော နေရာမှာ ပင်မဥမင်နှင့် ဘေးဥမင် နှစ်ခုလုံးတို့၏ အမိုးခုံးထိပ်တွင် ဖြစ်သည်ကို တွေ့ရှိရပါသည်။ အလျားလိုက် အနေအထားအတိုင်း လေ့လာကြည့်ပါက Column နှစ်ခုကြားရှိ moment သက်ရောက်မူမှာ Column တိုင်များ၏ ၀င်ရိုးမှ ဝေးသွားသည်နှင့်အမျှ သက်ရောက်မူအား လျော့နည်းသွား သည်ကို တွေ့ရသည်။ (ပုံ-၅)။
ဒီဇိုင်းတွက်ချက်ရာတွင် အသေးစိတ် လေ့လာမှုများ ပြုလုပ်နိုင်ရန်အတွက် Column တိုင်များကြား အကွာအဝေး အမျိုးမျိုး၊ Column တိုင်အရွယ်အစား အမျိုးမျိုးဖြင့် တွက်ချက်ပြီး နမူနာပုံစံ ၁၆ မျိုး တွက်ချက်ပြုလုပ် ထားပါသည်။ ဇယား တွင်ကြည့်ပါ။
စီမံကိန်းတွင် အသုံးပြုထားသော Column တိုင်များ၏ အရွယ်အစားကို ပုံ(၆) တွင် ဖော်ပြ ထားပါသည်။ Column တိုင်များနှင့် အပေါ်ယက်မ များကို အထူ ၇၅ မီလီမီတာ ရှိသော သံမဏိပြားများနှင့် ပြုလုပ်ထားပါပြီး အတွင်းပိုင်းကို concrete ဖြင့် ဖြည့်သွင်းထားပါသည်။ ဇယားတွင် ဖော်ပြထားသည့် နမူနာပုံစံ(၁) မှာ စီမံကိန်းတွင် အသုံးပြုထားပါပြီး ၎င်း၏ အပေါ်တွင် Lining ring ၅ ခု တပ်ဆင်ထားပါသည်။ ထို့ကြောင့် ရှေ့ဆက်လက်ပြီး နမူနာပုံစံ(၁)နှင့် နှိုင်းယှဉ်လေ့လာသွားပါမည်။
နမူနာပုံစံ (၂) မှ (၇) ထိ ဒီဇိုင်းများတွင် Column တိုင်များအကြား အကွာအဝေးနှင့် အရွယ်အစား များကို အပြောင်းအလဲ လုပ်ပြီး တွက်ချက် ထားပါသည်။ Station တစ်ခုလုံးပေါ်သို့ သက်ရောက်နေသော ဒေါက်လိုက် ဖိအား (σy) ကြောင့် ဖြစ်ပေါ်လာသော load distribution ကို ပုံ(၇) တွင် ဖော်ပြထားပါတယ်။ ပုံကို လေ့လာကြည့်ပါက Stress အများဆုံး သက်ရောက်နေသော နေရာမှာ Column တိုင်များ ဖြစ်သည်ကို တွေ့ရှိရပါသည်။
တွက်ချက်ရရှိလာသော အဖြေများအရ Column တိုင်များ အကြား အကွာအဝေးကို ကျဉ်းလိုက် ပါက Column နှင့် ယက်မတန်း များ၏ ခံနိုင်ဝန်အား ပိုမို တက်လာပါသည်။ သို့သော် တစ်ဖက်မှလည်း ထိုသို့ အကွာအဝေး ကျဉ်းသွားသောအခါ သုံးစွဲရသော Materials အရေအတွက် ပိုမို တိုးလာသည်ကို တွေ့ရပါသည်။ တဖန် Column တိုင်များအကြား အကွာအဝေးကို တိုးလိုက်ပါကလည်း ထို့အတူ သက်ရောက်မူများ ပြောင်းလဲသွားပါသည်။
ဇယားကိုကြည့်ပါ။ နမူနာပုံစံ (၂) တွင် သုံးစွဲရသော materials(Column & girder) များကို လျှော့ချလိုက်ပါက vertical stress (σy) ပိုများလာသည်ကို တွေ့ရပါသည်။ နမူနာပုံစံ (၅) တွင် materials သုံးစွဲအရေအတွက်ကို တိုးလိုက်ပါက vertical stress (σy) လျော့ကျသွားပါသည်။ နမူနာပုံစံ (၆)နှင့်(၇) တွင်မူ vertical stress (σy) များ များစွာ ကွာခြားမှုမရှိပါ။ သို့သော် ပုံစံ(၇)၏ materials သုံးစွဲမှုမှာ သိသိသာသာ လျော့နည်းသွားပါသည်။ ထိုအချက်သည် အပေါ်ယက်မတန်း၏ ခန်းဖွင့်အကျယ် လျှော့ချမှု အပေါ် မူတည်သည်ကို တွေ့ရပါသည်။
နမူနာပုံစံ (၁) နှင့် (၃) တွင် vertical stress (σy) တန်ဖိုးများမှာ ထပ်တူနီးပါးတူညီကြပြီး materials သုံးစွဲမှုမှာလည်း လက်တွေ့အားဖြင့် အတူတူဖြစ်ပါသည်။ သို့သော် ပုံစံ(၃)၏ ခန်းဖွင့်မှာ ပိုကျယ်ပါသည်။ ထို့ကြောင့် လူအရေအတွက် များများ ၀င်ထွက် သွားလာနိုင်သည့် အားသာချက်ရှိသည်။
နမူနာပုံစံ (၁) နှင့် (၉) တွင်လည်း vertical stress (σy) များမှာ အတူတူနီးပါးဖြစ်သော်လည်း ပုံစံ (၉) ၏ ခန်းဖွင့်က ပိုမိုကျယ်သည့်အတွက် လူအရေအတွက်များများ ၀င်ထွက် သွားလာနိုင်ပြီး materials သုံးစွဲမှုမှာလည်း ပုံစံ (၁) နှင့်ယှဉ်လျှင် ပိုမိုလျော့နည်းပါသည်။
နမူနာပုံစံ (၁၀) နှင့် (၁၁) တွင် Column တိုင် သံမဏိပြားများ၏ အထူကို ၇၅ မီလီမီတာမှ ၉၀ မီလီမီတာသို့ တိုးပြီး ထားလိုက်သော်လည်း နှစ်ခုစလုံး၏ vertical stress (σy) များမှာ သိသိသာသာ လျော့နည်းမှု မရှိပါ။
နမူနာပုံစံ (၁၄) သည် materials သုံးစွဲမှု မများသည့် အပြင် Column တိုင်များနှင့် အပေါ် ယက်မတန်းအပေါ် သက်ရောက်နေသော vertical stress (σy) ကိုလည်း ကောင်းစွာ ခံနိုင်ရည်ရှိသည့် အတွက် အသုံးပြုမည် ဆိုက သုံးနိုင်ပါသည်။
နမူနာပုံစံ (၈) နှင့် (၁၆) တို့သည် materials သုံးစွဲမှုကို အနည်းဆုံးအထိ လျှော့ချထားပြီး vertical stress (σy) များမှာ အသုံးပြုထားသည့် သံမဏိပြားများ၏ Strength (09G2C[C345] 335 MPa (CNaR))နှင့် ယှဉ်လျှင် တော်တော်လျော့နည်းပါသေးသည်။ ၎င်းတို့အပေါ်တွင် သက်ရောက်နေသော vertical stress (σy) များမှာ 153 MPa နှင့် 173 MPa သာ အသီးသီးရှိကြပါသည်။ ထို့ကြောင့် Station တည်ဆောက်ရာတွင် ၎င်းတို့၏ ခန်းဖွင့် အကျယ်များ (၄.၅၅ နှင့် ၅.၃ မီတာ) ကို Column အရွယ်အစား တိုးစရာမလိုဘဲ အသုံးပြုနိုင်ပါသည်။
ပုံစံ(၈)တွင် သံမဏိ သုံးစွဲမှုကို စီမံကိန်းတွင် အသုံးပြုထားသော ပုံစံ(၁)၏ သံမဏိသုံးစွဲရမှုနှင့် နှိုင်းယှဉ်ပါက ၃၆.၃ တန် အထိလျော့ချနိုင်ပြီး စုစုပေါင်း Column တိုင် အရေအတွက်ကိုလည်း ၆ ခုအထိ လျော့ချနိုင်ပါသည်။ ပုံစံ(၁၆)တွင် သံမဏိသုံးစွဲမှုကို ၆၃.၆ တန်အထိ လျော့ချနိုင်ပြီး Column တိုင် အရေအတွက်ကိုလည်း ၁၀ ခုအထိ လျော့ချနိုင်သည်ကို တွေ့ရပါသည်။
ထို့ကြောင့် ယခုပြုလုပ်ခဲ့သော Column type Station ၏ ဒီဇိုင်းတွက်ချက်မှုများမှ Station ၏ အစိတ်အပိုင်း အသီးသီးပေါ်သို့ သက်ရောက်နေသော stress များကို အသေးစိတ်သိရှိရသည့် အပြင် အသုံးပြုရမည့် အသင့်တော်ဆုံးသော ပုံစံ Optimum parameters များ၊ တနည်းအားဖြင့် အကောင်းဆုံးသော ဒီဇိုင်းပုံစံကို ရရှိ လာသည်ကို တွေ့ရပါသည်။ သို့ဖြစ်ရာ နမူနာပုံစံ(models)များ ဖန်တီး၍ ၎င်းတို့၏ parameters များကို ပြောင်းလဲ ပေးခြင်းဖြင့် ဒီဇိုင်းတစ်ခုအား တွက်ချက် လေ့လာခြင်းသည် အလွန်နည်းလမ်း ကျနသော စနစ်တစ်ခု ဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။
ပရင့်ထုတ်ရန်
ထို့ကြောင့် ယခု ဒီဇိုင်းအပေါ်လေ့လာ တွက်ချက်မှုများကို ပုံ(၁)တွင် ပြထားသည့်အတိုင်း Station ဆောက်လုပ်ရေး အဆင့် ၄ ဆင့်ဖြင့် ခွဲခြားကာ Analyze ပြုလုပ်သွားပါမည်။ ပထမအဆင့်တွင် အချင်း ၅.၅ မီတာ အရွယ်အစားရှိသည့် Pilot Tunnel ကို ဦးစွာ ဖောက်လုပ်ပြီးနောက် အချင်း ၈.၅ မီတာရှိသည့် ဥမင်ရရှိအောင် ဆက်လက်ဖောက်လုပ်ပါသည်။ ဒုတိယအဆင့်တွင် Station ၏ ဘေးနှစ်ဖက် ဥမင်များကို ဖောက်လုပ်ပါသည်။ တတိယအဆင့်တွင် တိုင်များနှင့် ထုပ်၊ ယက်မများကို တပ်ဆင်ပြီး အပေါ်အမိုးခုံးကို ဆောက်လုပ်ပါသည်။ Station ၏ ကျန်အစိတ်အပိုင်း အားလုံးနှင့် ဥမင်ကြမ်းခင်းကို စတုတ္ထအဆင့်တွင် အပြီးသတ် ဆောက်လုပ်ပါသည်။
Station အဆောက်အအုံ တစ်ခုလုံးကို ကွန်ကရစ်အမျိုးအစား B30 နှင့် B40၊ သံမဏိ၊ Cast iron နှင့် သံကူကွန်ကရစ်ကို အသုံးပြု တည်ဆောက်ထားပါသည်။ Station တည်ရှိရာ ဒေသ၏ မြေအမျိုးအစားမှာ ကျောက်မြေ အမျိုးအစားနှင့် Cambrain clay အမျိုးအစားတို့ ဖြစ်သည်။ ဥမင်သည် မြေအောက် ၆၀ မီတာ အနက်တွင် တည်ရှိပြီး ဥမင်အမိုးခုံး အပေါ်မှ Clay ၏အထူမှာ ၃၅ မီတာရှိပြီး မြေအောက်ရေ အနက်မှာ ၂၅ မီတာရှိသည်။ ဥမင်အတွင်း တိုင်များကြား အကွာအဝေးမှာ ၃.၈ မီတာ ဖြစ်ပါသည်။ ဒီဇိုင်း တွက်ချက်မှု အတွက် မြေသားထုကို သတ်မှတ်ရာတွင် Station ဘေးတစ်ဖက် တစ်ချက် မှ အပေါ်ဘက်ရှိ အလျား ၅၅ မီတာ၊ အမြင့် ၈၅ မီတာရှိသော ထုကို ယူပါသည်။ Station သည် ဒေါင်လိုက်ပြင်ညီ Y-Z ၀င်ရိုးအတိုင်း အချိုးညီပါသည်။
ဒီဇိုင်းတွက်ရန်အတွက် X,Y,Z ပြင်ညီများအတိုင်း ထားမည့် node များကို အရွေ့ (displacement) မရှိသည့် fixed state(u=0) အခြေအနေတွင် ထားရှိပါမည်။ ပိုမိုတိကျသော အဖြေကို ရရှိရန်အတွက် Structure တစ်ခုလုံး၏ အစိတ်အပိုင်း အားလုံးကို node ၄ ခုစီပါဝင်သော အပိုင်းများဖြင့် စိတ်ပိုင်းပါသည်။ ထို့ကြောင့် structure elements များတွင် အကွက်များစိတ်၍ Station ၏အပြင်ဘက် ပိုင်းများသည် အကွက်များ ကြဲသည်ကို တွေ့ရပါသည်။ (ပုံ-၂ တွင်ရှု)။
အဆိုပါ ဒီဇိုင်းကို Calculate လုပ်လိုက်သည့်အခါ Station ၏ Structure တစ်ခုလုံးအပေါ်၌ သက်ရောက် လက်ရှိသော Vertical stress၊ horizontal stress၊ normal stress များနှင့် displacement မည်မျှ ဖြစ်သည်ကို တန်ဖိုးများနှင့်တကွ တွက်ထုတ်ပေးပါသည်။
ဒီဇိုင်းတွက်ချက်မှု အဖြေများအရ Station ၏ lining ပေါ်သို့ ဖြန့်ခွဲ သက်ရောက်လျက်ရှိသော Vertical loads ဒေါက်လိုက် သက်ရောက်အားများ ညီမျှစွာ သက်ရောက်ခြင်း မရှိသည်ကို တွေ့ရပါသည်။ Vertical loads များကြောင့် ဖြစ်ပေါ်လာသော ပင်မ station ဥမင်နှင့် ဘေးဥမင်များ၏ Moment diagrams များကို ပုံ(၃၊၄၊၅) တွင် ဖော်ပြထားပါသည်။
ဒီဇိုင်းတွက်ချက်ရာတွင် အသေးစိတ် လေ့လာမှုများ ပြုလုပ်နိုင်ရန်အတွက် Column တိုင်များကြား အကွာအဝေး အမျိုးမျိုး၊ Column တိုင်အရွယ်အစား အမျိုးမျိုးဖြင့် တွက်ချက်ပြီး နမူနာပုံစံ ၁၆ မျိုး တွက်ချက်ပြုလုပ် ထားပါသည်။ ဇယား တွင်ကြည့်ပါ။
စီမံကိန်းတွင် အသုံးပြုထားသော Column တိုင်များ၏ အရွယ်အစားကို ပုံ(၆) တွင် ဖော်ပြ ထားပါသည်။ Column တိုင်များနှင့် အပေါ်ယက်မ များကို အထူ ၇၅ မီလီမီတာ ရှိသော သံမဏိပြားများနှင့် ပြုလုပ်ထားပါပြီး အတွင်းပိုင်းကို concrete ဖြင့် ဖြည့်သွင်းထားပါသည်။ ဇယားတွင် ဖော်ပြထားသည့် နမူနာပုံစံ(၁) မှာ စီမံကိန်းတွင် အသုံးပြုထားပါပြီး ၎င်း၏ အပေါ်တွင် Lining ring ၅ ခု တပ်ဆင်ထားပါသည်။ ထို့ကြောင့် ရှေ့ဆက်လက်ပြီး နမူနာပုံစံ(၁)နှင့် နှိုင်းယှဉ်လေ့လာသွားပါမည်။
နမူနာပုံစံ (၂) မှ (၇) ထိ ဒီဇိုင်းများတွင် Column တိုင်များအကြား အကွာအဝေးနှင့် အရွယ်အစား များကို အပြောင်းအလဲ လုပ်ပြီး တွက်ချက် ထားပါသည်။ Station တစ်ခုလုံးပေါ်သို့ သက်ရောက်နေသော ဒေါက်လိုက် ဖိအား (σy) ကြောင့် ဖြစ်ပေါ်လာသော load distribution ကို ပုံ(၇) တွင် ဖော်ပြထားပါတယ်။ ပုံကို လေ့လာကြည့်ပါက Stress အများဆုံး သက်ရောက်နေသော နေရာမှာ Column တိုင်များ ဖြစ်သည်ကို တွေ့ရှိရပါသည်။
တွက်ချက်ရရှိလာသော အဖြေများအရ Column တိုင်များ အကြား အကွာအဝေးကို ကျဉ်းလိုက် ပါက Column နှင့် ယက်မတန်း များ၏ ခံနိုင်ဝန်အား ပိုမို တက်လာပါသည်။ သို့သော် တစ်ဖက်မှလည်း ထိုသို့ အကွာအဝေး ကျဉ်းသွားသောအခါ သုံးစွဲရသော Materials အရေအတွက် ပိုမို တိုးလာသည်ကို တွေ့ရပါသည်။ တဖန် Column တိုင်များအကြား အကွာအဝေးကို တိုးလိုက်ပါကလည်း ထို့အတူ သက်ရောက်မူများ ပြောင်းလဲသွားပါသည်။
ဇယားကိုကြည့်ပါ။ နမူနာပုံစံ (၂) တွင် သုံးစွဲရသော materials(Column & girder) များကို လျှော့ချလိုက်ပါက vertical stress (σy) ပိုများလာသည်ကို တွေ့ရပါသည်။ နမူနာပုံစံ (၅) တွင် materials သုံးစွဲအရေအတွက်ကို တိုးလိုက်ပါက vertical stress (σy) လျော့ကျသွားပါသည်။ နမူနာပုံစံ (၆)နှင့်(၇) တွင်မူ vertical stress (σy) များ များစွာ ကွာခြားမှုမရှိပါ။ သို့သော် ပုံစံ(၇)၏ materials သုံးစွဲမှုမှာ သိသိသာသာ လျော့နည်းသွားပါသည်။ ထိုအချက်သည် အပေါ်ယက်မတန်း၏ ခန်းဖွင့်အကျယ် လျှော့ချမှု အပေါ် မူတည်သည်ကို တွေ့ရပါသည်။
နမူနာပုံစံ (၁) နှင့် (၃) တွင် vertical stress (σy) တန်ဖိုးများမှာ ထပ်တူနီးပါးတူညီကြပြီး materials သုံးစွဲမှုမှာလည်း လက်တွေ့အားဖြင့် အတူတူဖြစ်ပါသည်။ သို့သော် ပုံစံ(၃)၏ ခန်းဖွင့်မှာ ပိုကျယ်ပါသည်။ ထို့ကြောင့် လူအရေအတွက် များများ ၀င်ထွက် သွားလာနိုင်သည့် အားသာချက်ရှိသည်။
နမူနာပုံစံ (၁) နှင့် (၉) တွင်လည်း vertical stress (σy) များမှာ အတူတူနီးပါးဖြစ်သော်လည်း ပုံစံ (၉) ၏ ခန်းဖွင့်က ပိုမိုကျယ်သည့်အတွက် လူအရေအတွက်များများ ၀င်ထွက် သွားလာနိုင်ပြီး materials သုံးစွဲမှုမှာလည်း ပုံစံ (၁) နှင့်ယှဉ်လျှင် ပိုမိုလျော့နည်းပါသည်။
နမူနာပုံစံ (၁၀) နှင့် (၁၁) တွင် Column တိုင် သံမဏိပြားများ၏ အထူကို ၇၅ မီလီမီတာမှ ၉၀ မီလီမီတာသို့ တိုးပြီး ထားလိုက်သော်လည်း နှစ်ခုစလုံး၏ vertical stress (σy) များမှာ သိသိသာသာ လျော့နည်းမှု မရှိပါ။
နမူနာပုံစံ (၁၄) သည် materials သုံးစွဲမှု မများသည့် အပြင် Column တိုင်များနှင့် အပေါ် ယက်မတန်းအပေါ် သက်ရောက်နေသော vertical stress (σy) ကိုလည်း ကောင်းစွာ ခံနိုင်ရည်ရှိသည့် အတွက် အသုံးပြုမည် ဆိုက သုံးနိုင်ပါသည်။
နမူနာပုံစံ (၈) နှင့် (၁၆) တို့သည် materials သုံးစွဲမှုကို အနည်းဆုံးအထိ လျှော့ချထားပြီး vertical stress (σy) များမှာ အသုံးပြုထားသည့် သံမဏိပြားများ၏ Strength (09G2C[C345] 335 MPa (CNaR))နှင့် ယှဉ်လျှင် တော်တော်လျော့နည်းပါသေးသည်။ ၎င်းတို့အပေါ်တွင် သက်ရောက်နေသော vertical stress (σy) များမှာ 153 MPa နှင့် 173 MPa သာ အသီးသီးရှိကြပါသည်။ ထို့ကြောင့် Station တည်ဆောက်ရာတွင် ၎င်းတို့၏ ခန်းဖွင့် အကျယ်များ (၄.၅၅ နှင့် ၅.၃ မီတာ) ကို Column အရွယ်အစား တိုးစရာမလိုဘဲ အသုံးပြုနိုင်ပါသည်။
ပုံစံ(၈)တွင် သံမဏိ သုံးစွဲမှုကို စီမံကိန်းတွင် အသုံးပြုထားသော ပုံစံ(၁)၏ သံမဏိသုံးစွဲရမှုနှင့် နှိုင်းယှဉ်ပါက ၃၆.၃ တန် အထိလျော့ချနိုင်ပြီး စုစုပေါင်း Column တိုင် အရေအတွက်ကိုလည်း ၆ ခုအထိ လျော့ချနိုင်ပါသည်။ ပုံစံ(၁၆)တွင် သံမဏိသုံးစွဲမှုကို ၆၃.၆ တန်အထိ လျော့ချနိုင်ပြီး Column တိုင် အရေအတွက်ကိုလည်း ၁၀ ခုအထိ လျော့ချနိုင်သည်ကို တွေ့ရပါသည်။
ထို့ကြောင့် ယခုပြုလုပ်ခဲ့သော Column type Station ၏ ဒီဇိုင်းတွက်ချက်မှုများမှ Station ၏ အစိတ်အပိုင်း အသီးသီးပေါ်သို့ သက်ရောက်နေသော stress များကို အသေးစိတ်သိရှိရသည့် အပြင် အသုံးပြုရမည့် အသင့်တော်ဆုံးသော ပုံစံ Optimum parameters များ၊ တနည်းအားဖြင့် အကောင်းဆုံးသော ဒီဇိုင်းပုံစံကို ရရှိ လာသည်ကို တွေ့ရပါသည်။ သို့ဖြစ်ရာ နမူနာပုံစံ(models)များ ဖန်တီး၍ ၎င်းတို့၏ parameters များကို ပြောင်းလဲ ပေးခြင်းဖြင့် ဒီဇိုင်းတစ်ခုအား တွက်ချက် လေ့လာခြင်းသည် အလွန်နည်းလမ်း ကျနသော စနစ်တစ်ခု ဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld