* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Maglev

ဂျပန်
နိုင်ငံတွင် လက်ရှိအသုံးပြုနေသော မြန်နှုန်းမြင့် မီးရထားများ အကြောင်း ကို သုံးသပ်တင်ပြသွားမှာ ဖြစ်ပါသည်။ ဂျပန်နိုင်ငံအား မီးရထား နန်းတော်ဟု တင်စားခေါ်ဝေါ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြို့တော် တိုကျို၏ မြေအောက်ကမ္ဘာတွင် မက်ထရိုလိုင်းပေါင်း (၁၂) လိုင်းနှင့် နေ့စဉ် သယ်ယူ ပို့ဆောင်ရေးကို ဖြေရှင်း နေရုံသာမက နိုင်ငံတွင်း သယ်ယူ ပို့ဆောင်ရေး တွင်လည်း ရထား ပို့ဆောင်ရေးသည် အရေးပါသော ကဏ္ဍတွင် ပါဝင်သောကြောင့် ဖြစ်ပါသည်။

စစ်တမ်းများအရ ဂျပန်နိုင်ငံတွင် ၂၀၀၅ ခုနှစ် ရထားပို့ဆောင်ရေးတွင် မိုင်ပေါင်း ၂၄၃ ဘီလီယံ ထိရောက်ရှိ ခဲ့ပါသည်။ မြို့များအကြား သယ်ယူပို့ဆောင်ရေးတစ်ခုတည်းမှာပင် မိုင်ပေါင်း ၄၉ ဘီလီယံ ရှိခဲ့သည်။ ထိုကဲ့သို့ မြို့တစ်မြို့နှင့် တစ်မြို့ကြား သယ်ယူ ပို့ဆောင်ရေးအတွက် ရှင်ကန်ဆန်(shinkansen) ခေါ် ကျည်ဆန်ရထားကို အသုံးပြုခဲ့ပါသည်။ ၄င်းရထား၏ အမြန်နှုန်း မှာလည်းမသေးလှပါ။ သို့သော်လည်း ဂျပန်လူမျိုး များသည် ၄င်းထက်ပိုမို လျင်မြန်သော ရထားကို တီထွင်နိုင်ရန် ကြိုးပမ်းအားထုတ် လျှက်ရှိပေသည်။


ယူပုံသဏ္ဌာန် သံလိုက်ရထားလမ်း နှင့် ၄င်းပေါ်ရှိ ရထားတွဲဆိုင်း တို့တွင် သံလိုက်များကို တပ်ဆင်အသုံးပြု ထားပါသည်။ ထိုသံလိုက်များ၏ တွန်းကန်အားသည် ရထားတွဲဆိုင်း အား လမ်းအထက် (၁၀) စင်တီမီတာ မြောက်တက်နေ စေသည်။

‘maglev’ ဆိုသည်မှာ magnetic သံလိုက်နှင့် levitation မြောက်တက်ခြင်း၊ ကြွတက်ခြင်းတို့၏ အတိုကောက် ဖြစ်သည်။ ထိုသံလိုက်များ၏ တွန်းအားသည် ရထားကို ရှေ့သို့ လျင်မြန်စွာ ရွှေလျားစေသည်။ အဘယ်ကြောင့် ဆိုသော်လေ၏ ပွတ်တိုက်အားသည် သံလမ်း၏ ပွတ်တိုက်အားထက် လျှော့နည်းသောကြောင့် ဖြစ်ပါသည်။

ယာမာနာရှီ စမ်းသပ်ချက်များအရ maglev ၏ အမြန်နှုန်းမှာ (၂၀၀၃) ခုနှစ်တွင် တစ်နာရီလျှင်(၃၆၁) မိုင်ရှိ၍ ပျှမ်းမျှ မိုင်နှုန်းမှာ တစ်နာရီလျှင် (၃၁၀) မိုင် ဖြစ်သည်။ ယခုအချိန်တွင် maglev မှာစမ်းသပ် ရထားလမ်းပိုင်းအရှည် (၁၁) မိုင်တွင်သာ စမ်းသပ်ဆဲဖြစ်သည်။

ထိုရထားသည် စတင် ထွက်ခွာစတွင် သာမန်ရထားများကဲ့သို့ပင် ရွေလျားသည်။ တစ်နာရီလျှင် (၈၁) မိုင်နှုန်း ရောက်ရှိမှသာ သံလိုက် တွန်းကန်အားဖြင့် ခုတ်မောင်းသည်။ ထိုအချိန်တွင် ဖြစ်ပေါ်လာမည့် ခံစားမှုမှာ လေယာဉ်ပျံတစ်စင်း လေယာဉ်ကွင်းမှ ပျံတက်ချိန်တွင် ရှိသည့်အလျင်ကဲ့သို့ပင် ဖြစ်သည်။ မိုင်နှုန်းမှာ (၃၁၀) မိုင်နှုန်းဖြစ်သည်။

ရထားသည် လေကိုလျင်မြန်စွာ ထိုးခွင်းမှုကြောင့် ရထား၏ ပတ်ဝန်းကျင်တွင် အသံများ ဆူညံ နေပါသော်လည်း ရထားအတွင်း၌မူ လေယာဉ် အတွင်းပိုင်း ကဲ့သို့ပင် တိတ်ဆိတ် နေပေမည် ဖြစ်ပါသည်။
သင့်အနေဖြင့် ထိုအမြန်နှုန်းကို ခံစားမိရုံအတွင်းမှာပင် ခရီးစဉ် အဆုံးကို ရောက်ရှိနေပြီ ဖြစ်သည်။ ညင်သာသော ရပ်တန့်မှုနှင့်အတူ maglev မှာ၎င်း၏ ဘီးပေါ်တွင် ရပ်နားနေပေပြီ။

ထို maglev ပရောဂျက် မန်နေဂျာ၏ အဆိုအရ ရထားစီးပြည်သူများ အနေဖြင့် ၄င်း maglev ရထား ပေါ်တွင် ကော်ဖီပူပူကို ဇိမ်ခံ သောက်သုံး နိုင်သည်အထိ တည်ငြိမ်မှု ရရှိအောင် အသေးစိတ် ပြင်ဆင်မှုများကို ပြုလုပ်သွား မည်ဟု သိရှိရပါသည်။ သို့သော်လည်း ထိုကဲ့သို့ ဖြစ်ပေါ်လာရန် အတွက် အချိန်များစွာ လိုအပ်ပေ သေးသည်။ maglev ၏အမြန်နှုန်း တိုးတက်လာသည်နှင့်အမျှ ၄င်းအတွက် ကုန်ကျစရိတ် မှာလည်း များပြားလာခဲ့သည်။

ဂျပန်နိုင်ငံ၏ အသုံးအများဆုံး ရထားလမ်းပိုင်းဖြစ်သော (၃၄၂) မိုင် အရှည်ရှိသည့် တိုကျို-အိုဆာကာ ရထားလမ်းပိုင်း အား maglev ဖြင့်တည်ဆောက်မည် ဆိုပါက ခန့်မှန်း ဒေါ်လာ ဘီလီယံ (၇၀) မျှ ကုန်ကျမည် ဖြစ်ပေသည်။
Maglev ရထားများသည် သာမန်အားဖြင့် ကျည်ဆန်ရထားများ၏ စွမ်းအင်သုံးစွဲမှု၏ (၃)ဆအား သုံးစွဲပါသည်။ ထိုကဲ့သို့သုံးစွဲချိန်တွင် မက်လဗ် သည် ကျည်ဆန်ရထား၏ အမြန်နှုန်းထက် (၂) ဆသာ ပိုသေး သည်။ ဤကဲ့သို့ အားနည်းချက်များ ရှိနေသော်လည်း maglev ကိုအကောင်အထည် ဖော်နေ သည်မှာ အဘယ် ကြောင့်နည်း။
maglev အသုံးပြု ခရီးသွားလာခြင်းသည် လေယာဉ်ပျံဖြင့်သွားလာခြင်းထက် အချိန်ကုန် သက်သာ သည့်အပြင် ပိုမို၍ သက်တောင့် သက်သာ ရှိသောကြောင့် ဖြစ်ပေသည်။ maglev ၏ တစ်ခုတည်းသော အားသာချက် ပင်ဖြစ်သည်။
ပြည်သူ့အကြွေးသည် နိုင်ငံ GDP ၏ (၁.၅)ဆ ဖြစ်နေသော၊ နိုင်ငံ၏ လူဦးရေတိုးနှုန်းမှာ အနှုတ် လက္ခဏာ ပြနေသော ဂျပန်နိုင်ငံ အတွက် ထိုကုန်ကျစရိတ်မှာ တားမြစ်ချက် တစ်ရပ် ဖြစ်နေတော့သည်။

ဂျပန်နိုင်ငံကဲ့သို့ ကျည်ဆန်ရထားကဲ့သို့ အမြန်နှုန်းမြင့် ရထားများကို ပိုင်ဆိုင်ထားသောနိုင်ငံ အတွက် ထို့ထက်နှေးသော သယ်ယူပို့ဆောင်ရေးယာဉ်နှင့် ကျေနပ်မှု မရှိနိုင်ကြောင်း တွေ့ရှိရသည်။
ထိုကြောင့် အနာဂတ်ကမ္ဘာ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် လျင်မြန်မှု၊ သက်တောင့်သက်သာရှိမှု၊ ဘေးကင်း မှုများ ကို မည်မျှအထိ ဆောင်ရွက်နိုင်မည် ၊ လူသားများ၏ အစွမ်းပကား၊ အင်ဂျင်နီယာများ၏ တီထွင်နိုင်စွမ်းအား မည်မျှအထိ ရှိမည်ကို မှန်းဆရန် ခက်ခဲကြောင်း သုံးသပ် တင်ပြ လိုက်ရပါသည်။

Print ပရင့်ထုတ်ရန်
4 ထင်မြင်ချက်၊
  1. Khunthixa May 1, 2007 at 11:06 PM  

    hello dear fri ....
    Nice day!!Good job man ...may i discuss one plz,in this post ..the high speed train shinkansen is not for civil transport ...it's for intercity ..i think like this,coz the speed of shinkansen is over 300km/h.They using that train for inter-city travel.and you said that the levitation of MAGLEV is 10 cm.I think it's your typing error.The levitation of maglev is 10mm above the rail.you know,high-speed train running at 300 km/h. Now imagine something happened and the electricity got cut off, a blackout occurred, like the one in New York a few years ago. What will happen to the train? Well, pretty, nothing: it will continue to roll on the rails before it stops.Now, think of a maglev LEVITATING about 10mm above the rail. It is being held up in the air by the electromagnetic field. It is also moving, say, at 300 km/h. Now, imagine the electricity got cut here too, for some weird reasons beyond control of the operating company. The electricity is cut, the electromagnetic field disappears, and the train crushes onto the rail at the speed of 300 km/h. Do you think 10mm is a small distance? Well, this distance at 300 km/h will be more than enough to cause a major catastrophe.Do you see my point? There is an important difference between the maglev and the conventional high-speed rail.ok fri ..Thz for your attention to my comment.With best regards!!

  2. MyMetro May 2, 2007 at 7:54 AM  

    hello Khun!
    thanks for joining us man!
    We very appreciate your comment.The next time we will pay attention all of our errors coz all technical data must be correct and strong. Nevertheless we invite you to discuss for the coming articles.
    Regards!
    MyMetro

  3. thamudayanwe December 4, 2007 at 10:06 PM  

    မဟုတ်ပါ shinkensen ၏ အမြန်နူန်ဒမှာ တနာရီလျှင်
    ကီလိုမီတာ ၁၂၀ မိုင်နှူန်းဖြစ်ပါသည်။ မကြာမီ မောင်းနှင်တော့မည့် သံလိုက်ရထားမှာ shinkensen ၏၃ဆခန့်မြန်မည်ဖြစ်ပါသည်။
    ပြည်သူများ၏ ခရီးသွားရာတွင်ချင့်ချိန်နှူန်းမှာ ငွေရေးကြေးရေးသာမက အချိန်ကိုပါထည့်တွက်ကြပါသည်။ ခရီးအလွန်ဝေးကွာပါကလေယာဉ်ကိုသုံးပါသည်.ဥပမာ..ကျိုတိုမှ အိုကီနာဝါ..
    တိုကျိုမှကျိုတိုဖြစ်ပါက shinkensen သာသုံးပါသည်။ ဆရာပြောပြသည်များကိုဝေငှပါသည်။

  4. MyMetro December 4, 2007 at 10:31 PM  

    မိမိတို့ ရရှိ ဖတ်မှတ်ရသော ဆောင်းပါးများ အပေါ် မှီတည်၍ ရေးသားထားသော ကြောင့် အချို့ အချက်အလက်များမှာ မှားယွင်းဖွယ် ရှိပါသည်။ အခုလို ထောက်ပြ ပြောဆိုတဲ့ အတွက် ကျေးဇူးတင်ရှိပါသည်။

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.