က
မ္ဘာတလွှားက မီထရိုတွေနဲ့ ပတ်သတ်ပြီး သတင်းတွေ၊ အချက်အလက်တွေ တတ်နိုင်သမျှ ရယူနေတာ ကြာပါပြီ။ ပညာရပ်ပိုင်း ဆိုင်ရာမှာတော့ သိပ်ပြီး အထောက်အကူ မပြုပေမဲ့ မီထရိုတွေနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ဗဟုသုတ တိုးပွားရပါတယ်။ မီထရို ဘူတာ ဒီဇိုင်းတွေ၊ ဥမင်တွေအကြောင်းကို စာထဲမှာ သင်ခဲ့ရတုန်းက ပုံစံတွေနဲ့ အပြင်က ပုံစံတွေက အခြေခံအားဖြင့် မကွာခြားပေမယ့် တချို့နိုင်ငံတွေမှာတော့ ဒီဇိုင်းလေးတွေ ထူးခြားတာကို မြင်တွေ့မှတ်သားရပါတယ်။ မီထရို ဥမင်အတွင်းပိုင်းပုံစံတွေကို သာမန်အားဖြင့် မြင်တွေ့နိုင်ဖို့ ခက်ခဲပါတယ်။ ၀င်ကြည့်လို့လဲ မရပါဘူး။ ကျွန်တော်တို့လည်း လက်ရှိဥမင်တွေထဲကို မရောက်ဖူးပါဘူး။ ဒီလို ဗီဒီယိုလေးတွေကပဲ ကြည့်ရှု မှတ်သားရတာမို့ ကျွန်တော်မြင်သလို အခြားသူများလည်း မြင်ဖူးရအောင် ဗဟုသုတ အနေနဲ့ တင်ပြလိုက်ပါတယ်။ နောက်ထပ်လည်း အလျင်းသင့်သလို ထပ်မံ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အခုဖော်ပြမယ့် မီထရိုဥမင်ကတော့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ကလို့ မီထရိုဥမင် တစ်ခုလို့ ထင်ပါတယ်။ ဆက်လက်ရှုစားကြပါခင်ဗျား…..။
ပရင့်ထုတ်ရန်
ထင်မြင်ချက်ကလည်းပေးချင်တယ်.. ကိုယ်မကျွမ်းကျင်တော့ ထင်မြင်ချက်လည်းမပေးတတ်ဘူး. ထင်မြင်ချက်မပေးတတ်ဘူးဆိုတဲ့ ထင်မြင်ချက်ပဲပေးလိုက်ပါရစေ... ကွိကွိ.. ချတာ..
ကောင်းတယ်Bro ဆက်လုပ်!!