ဒီ


ဘူတာရုံကို အလင်းပေးမဲ့ မီးချောင်းများကိုတော့ အမိုးခုံး ထောင့်ချိုး အခန်းကွက်များမှာ တပ်ဆင်ထားကာ ပလက်ဖောင်းပေါ်ကို အလင်းရောင်များ ဖြာကျနေစေပါတယ်။ ပုံတွင်ကြည့်ပါ။ ဒီဘူတာရုံကို ဒီဇိုင်းဆွဲတဲ့ ဗိသုကာ ပညာရှင်များကတော့ A.Y.Orlov နဲ့ A.V.Nikrasov တို့ဖြစ်ပါတယ်။








ယခုလက်ရှိအချိန်မှာ မြေအောက်ဘူတာရုံ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေပါတယ်။ Stroginskaya လမ်းမကြီးပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းက ဓာတ်ပုံများကို အထက်မှာ ဖော်ပြထားပါတယ်။ ဆောက်လုပ်ပုံ နည်းစနစ်ကတော့ ပထမ မြေကျင်းအဖြစ် တူးထုတ်ပြီးမှ ဒီဇိုင်းအတိုင်း ဆက်လက်ဆောက်လုပ်ကာ အပေါ်မှ မြေကြီးကို ပြန်လည်ဖုံးအုပ်မှာ ဖြစ်ပါတယ်။ အဓိက အပိုင်းကတော့ ဥမင်အမိုးခုံး တည်ဆောက်ရေးပါပဲ။ လိုအပ်တဲ့ frame works များကို ပုံစံတကျ ပြုလုပ်ပြီးမှ ၎င်းအပေါ်မှာ သံချီသံကွေးလုပ်ငန်းများ ဆင်ပြီး အမိုးခုံးကို ကွန်ကရစ် သွန်းလောင်းမှာ ဖြစ်ပါတယ်။ မြေကျင်းနံရံကို ထိန်းသိမ်းဖို အသင့်ပြုလုပ်ပြီး ကွန်ကရစ် ဘလောက် များကို အသုံးပြုထားပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင် ဓာတ်ပုံများကို ကြည့်ခြင်းဖြင့် ပိုမိုရှင်းလင်း သဘောပေါက် လိမ့်မယ်လို့ ယူဆပါတယ်။

ဒီ station ၇ဲ့ depth က တိမ်သလိုပဲနော်။ ပြီးတော့ floor levels တွေလဲအများကြီးမပါဘူးနော်။ တူးထုတ်၇တဲ့ မြေကြီးပမာဏ လဲ မများတော့ဘူးပေါ့။ Singapore မှာတော့ မြေအောက် ဘူတာရုံတွေက အနည်းဆုံး ၂ထပ်ရှိပြီး များသောအားဖြင့် 20m လောက်နက်တယ်။ မြေကြီးတူးတဲ့ အခါမှာလဲ strut level 5ခုလောက်နဲ့ ထောက်ပြီးတူး၇တယ်။
Singapore ၇ဲ့ အပေါ်ပိုင်း မြေလွှာတွေဟာ soft ဖြစ်တဲ့ အတွက်Tunnel တွေ ဖောက်တဲ့ အခါ stiff ဖြစ်တဲ့ မြေလွှာထဲကနေ ဖောက်၇တဲ့အတွက် 20m အနက်လောက်ကနေ ဖောက်လေ့ရှိပါတယ်။ အဲဒါဆိုတော့ station တွေကလဲ tunnel နဲ့ အနက်တူတူလောက်မှာပဲ ရှိပါတယ်။
အခုဒီ Strogino station ကျတော့သိပ်မနက်ရတာက tunnel alignment ကလဲသိပ်မနက်လို့လား ။ဒါမှမဟုတ် တခြားအကြောင်းတွေမျာရှိသေးလား ဆိုတာ သိပါ၇စေ။