C
ity Build Exhibition ကို မော်စကိုမြို့ ဘယ်ဘယ်ဆယ် ပန်းခြံတွင် အောက်တိုဘာလ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ ၎င်းပြပွဲတွင် မြေအောက် အဆောက်အအုံ ဆိုင်ရာ နည်းပြပညာများ၊ အထပ်မြင့် အဆောက်အအုံ ဆိုင်ရာနည်းပညာများ၊ မြေအောက်ဥမင် ဆိုင်ရာနည်းပညာများ၊ Materials များကို ပြသခဲ့ပါသည်။ ထိုပြပွဲသည် အပြည်ပြည်ဆိုင်ရာ နည်းပညာ ပြပွဲတစ်ခု ဖြစ်သည့် အားလျော်စွာ နိုင်ငံ အသီးသီးမှ ကုမ္ပဏီများ လာရောက်ပြသခဲ့ပါသည်။ ပြပွဲတွင် ယင်းတို့ ကုမ္ပဏီများမှ ထုတ်လုပ်သော Tunnel driving mechine, Drilling mechine, Digital telescope အစရှိသော စက်ပစ္စည်းများ၊ အထပ်မြင့် အဆောက်အအုံ ဒီဇိုင်းများနှင့် ပုံစံငယ်များ၊ Underground building structure များ၊ Chemical substance များ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ဆလိုက်မီး အမျိုးမျိုးတို့ကို လေ့လာကြည့်ရှု နိုင်ပြီး ပြပွဲခန်းမအလိုက် တာဝန်ရှိသူများက ပရိသတ်များကို ရှင်းလင်း ဖြေကြားပေးကြပြီး ပြပွဲကို မည်သူမဆို လွတ်လပ်စွာ ဝင်ရောက် ကြည့်ရှု နိုင်ကြောင်းလည်း သိရှိရပါသည်။
ပြပွဲတွင် နည်းပညာဆိုင်ရာ ဂျာနယ်များ၊ စာအုပ်များနှင့် လက်ကမ်း စာစောင်များကို အခမဲ့ ပေးဝေသည်မှာလည်း လာရောက် လေ့လာသူတို့ အတွက် အကြိုက်တွေ့စရာ တစ်ခု ပင်ဖြစ်ပါသည်။
ထိုပြပွဲကို သွားရောက်လေ့လာ ခဲ့ရခြင်းကြောင့် ကျွန်တော်တို့ ဥမင်ပညာ သင်ကြားနေသော ကျောင်းသားများအတွက် များစွာ အကျိုးရှိလှပါသည်။ ဥမင်ပညာများအပြင် တခြား Civil engineering field များကိုပါလေ့လာခွင့် ရရှိသဖြင့် ဗဟုသုတများစွာရရှိပါသည်။
City Build Exhibition ကို ကျွန်တော်တို့ အဖွဲ့နှင့်အတူ ကိုမီထရိုကြီးလဲ လိုက်ပါခဲ့ပါသည်။
ပရင့်ထုတ်ရန်
ပုံစံငယ်လေးတွေက ချစ်စရာလေး.. ကစားချင်စရာလေးတွေ.. =)
ဗဟုသုတ်များစွာ ရခဲ့တယ်ဆိုတော့ မေးအုံးမှပါပဲ.. မသိရင်တော့ နာမယ်.. ဟိဟိ..
ဒီမိုပြောသလိုပဲ ကစားချင်စရာလေးတွေ..
ဒီအရွယ်ကြီးတွေ ရောက်မှ မကြီးမငယ်နဲ့ ပုံစံငယ်လေးတွေနဲ့ ကစားချင်တယ်လို့.... :P