စ
င်္ကာပူမြို့ရဲ့ မောင်းသူမဲ့ မြေအောက်ရထား (Mass Rapid Transit) ကွန်ယက်ကို ထပ်မံတိုးချဲ့ဖို့ စင်္ကာပူအစိုးရက ၂၀၀၅ ခုနှစ်က အတည်ပြု ဆုံးဖြတ်ခဲ့ပြီး ယခုဆိုရင် Circle Line လို့ခေါ်တဲ့ အဝိုင်းပတ်လိုင်းကို အခြားသော Radial Lines များနဲ့ ချိတ်ဆက်နိုင်ဖို့ အတွက် ဖောက်လုပ်နေပြီ ဖြစ်ပါတယ်။ လာမည့်နှစ် အနည်းငယ် အတွင်းမှာ ၃၃ ကီလိုမီတာ ရှည်လျားပြီး ဘူတာရုံ ၂၆ ခုပါဝင်တဲ့ ယခု Circle Line ဟာ စတုတ္ထမြောက် မြေအောက် ရထားလမ်းအဖြစ် စင်္ကာပူ မြေအောက် ရထားလမ်း ကွန်ယက်ထဲကို ပါဝင်လာမှာ ဖြစ်ပါတယ်။
အဝိုင်းပတ်လမ်း တစ်ခုလုံးကို အပိုင်း ငါးပိုင်းဖြင့် တည်ဆောက်နေပြီး ကနဦး လမ်းပိုင်းဖြစ်သည့် ၅.၂ ကီလိုမီတာ ရှည်သော Dhoby Ghaut, Museum, Convention Centre, Millennia, Nicoll Highway and Stadium Boulevard လမ်းပိုင်းကို လာမယ့် ၂၀၀၈ ခုနှစ်ထဲမှာ ဖွင့်လှစ်နိုင်မယ်လို့ သိရပါတယ်။
Circle Line ဖောက်လုပ်ရေး အပိုင်း ငါးပိုင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ယခု Circle Line ဖောက်လုပ်ရေး စီမံကိန်းထဲမှာ Herrenknecht tunnel boring machines ၁၁ လုံးနဲ့ အသုံးပြု ဖောက်လုပ်နေပြီး လုပ်ငန်းအားလုံး ပြီးစီးသွားတဲ့ အခါမှာတော့ ၎င်းစက်များဟာ စင်္ကာပူရဲ့ မြေအောက်မှာ စုစုပေါင်း ၂၄ ကီလိုမီတာအထိ တိုးဝင်တူးဖော်ပြီးမှာ ဖြစ်ကြောင်းလည်း အဆိုပါ ကုမ္ပဏီဝဘ်ဆိုက်မှ သိရှိရပါတယ်။ လုပ်ငန်းခွင်မှ သတင်းများအရ စက်သုံးလုံးမှာ တူးဖော်ရေး လုပ်ငန်းများပြီးစီးသွားပြီး ဖြစ်ပြီး၊ တူးစက် ငါးလုံးမှာ လက်ရှိတူးဖော်နေဆဲ ဖြစ်ကြောင်းနှင့် ကျန်သုံးလုံးမှာ စင်္ကာပူ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲတွင် တပ်ဆင်နေဆဲ ဖြစ်ကြောင်းလည်း သိရပါတယ်။
စုဆောင်းရရှိတဲ့ ဥမင်တူးဖော်စက်များနဲ့ ဥမင်ဆိုင်ရာ အချက်အလက်များကို အောက်မှာ တပါတည်း တင်ပြပေးလိုက်ပါတယ်။
ပရင့်ထုတ်ရန်
Circle Line ဖောက်လုပ်ရေး အပိုင်း ငါးပိုင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- Stage 1: Dhoby Ghaut, Bras Basah (Museum), Esplanade (Convention Centre), Promenade (Millenia), Nicoll Highway, Stadium Boulevard
- Stage 2: Mountbatten (Old Airport Road), Dakota (Tanjong Katong), Paya Lebar, MacPherson, Tai Seng (Upper Paya Lebar) – (2007/08 ပြီးစီးမည်ဟု ခန့်မှန်း)
- Stage 3: Bartley, Serangoon, Lorong Chuan, Bishan, Marymount – (2008/09 ပြီးစီးမည်ဟု ခန့်မှန်း)
- Stage 4: Botanic Garden (Adam), Farrer Road, Holland Village, Buona Vista, one-north, Kent Ridge (NUH) – (2010 ပြီးစီးမည်ဟု ခန့်မှန်း)
- Stage 5: Pasir Panjang, Labrador Park (Alexandra), Telok Blangah, HarbourFront – (2010 ပြီးစီးမည်ဟု ခန့်မှန်း)
ယခု Circle Line ဖောက်လုပ်ရေး စီမံကိန်းထဲမှာ Herrenknecht tunnel boring machines ၁၁ လုံးနဲ့ အသုံးပြု ဖောက်လုပ်နေပြီး လုပ်ငန်းအားလုံး ပြီးစီးသွားတဲ့ အခါမှာတော့ ၎င်းစက်များဟာ စင်္ကာပူရဲ့ မြေအောက်မှာ စုစုပေါင်း ၂၄ ကီလိုမီတာအထိ တိုးဝင်တူးဖော်ပြီးမှာ ဖြစ်ကြောင်းလည်း အဆိုပါ ကုမ္ပဏီဝဘ်ဆိုက်မှ သိရှိရပါတယ်။ လုပ်ငန်းခွင်မှ သတင်းများအရ စက်သုံးလုံးမှာ တူးဖော်ရေး လုပ်ငန်းများပြီးစီးသွားပြီး ဖြစ်ပြီး၊ တူးစက် ငါးလုံးမှာ လက်ရှိတူးဖော်နေဆဲ ဖြစ်ကြောင်းနှင့် ကျန်သုံးလုံးမှာ စင်္ကာပူ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲတွင် တပ်ဆင်နေဆဲ ဖြစ်ကြောင်းလည်း သိရပါတယ်။
စုဆောင်းရရှိတဲ့ ဥမင်တူးဖော်စက်များနဲ့ ဥမင်ဆိုင်ရာ အချက်အလက်များကို အောက်မှာ တပါတည်း တင်ပြပေးလိုက်ပါတယ်။
ုမြန်မြန်ပြီးမှပါပဲ.. နို့မို့ဆိုရင် တစ်နေ့တစ်နေ့ အဲဒီ့ Circle လိုင်းတွေနားကနေ ဘတ်စ်က ဖြတ်ဖြတ်နေရတာ.. ခရီးနှောင့်နှေးတယ်..
ဒါနဲ့ ဘယ်လိုဖြစ်ပြီးတော့ စင်ကာပူရဲ့ MRT (Mass Rapid Transit) ဘက်လှည့်လာတာလဲ.. စင်ကာပူကို ဓါတ်ကျနေတာလား..
WAI PHYO AUNG KO THI YIN PYAW PAY PAR PH CALL PAR LO........