* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Two New Metros

စာရေးသူ © MyMetro |

လက်ရှိအချိန်မှာ ကမ္ဘာပေါ်မှာ မြေအောက်ရထားလမ်း ကွန်ယက်စနစ်ရှိတဲ့ မြို့ကြီးပေါင်း ၁၆၉ မြို့ထိရှိသွားပြီ ဖြစ်ပါတယ်။ နောက်ထပ် ကမ္ဘာ့ မီထရိုပိုလီတန် စာရင်းထဲကို ထပ်တိုးလာတဲ့ ကွန်ယက်နှစ်ခုကတော့ အီတလီနိုင်ငံ၊ ပီရူဂျီယာ Perugia metro နဲ့ ထိုင်ဝမ်နိုင်ငံက Kaohsiung metro တို့ပဲဖြစ်ပါတယ်။

Perugia minimetro network ပြပုံ

Perugia Minimetro
ပီရူဂျီယာ (Perugia) မီထရိုကို ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး လိုင်းအရှည် ၃ ကီလိုမီတာရှိကာ ဘူတာပေါင်း ၇ ခုပါဝင်ပါတယ်။ Minimetro လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ဘူတာဒီဇိုင်းများကို နာမည်ကျော် ပြင်သစ်ဗိသုကာ Jean Nouvel က ရေးဆွဲခဲ့တယ်လို့လည်း သိရပါတယ်။

Perugia Minimetro


Kaohsiung metro
Kaohsiung မြို့ဟာ ထိုင်ဝမ်တောင်ပိုင်းမှာ တည်ရှိပြီးတော မြို့နေလူဦးရေ ၁.၃ သန်းကျော် ရှိတဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။ Kaohsiung မီထရိုကွန်ယက်မှာ လိုင်း ၂ လိုင်းပါဝင်ပြီး အနီရောင်လိုင်း (Red line) နဲ့ အဝါရောင်လိုင်း (Orange line) တို့ဖြစ်ကာ စုစုပေါင်း အရှည် ၄၂.၇ ကီလိုမီတာ ရှိပါတယ်။ တောင်/မြောက်ဖြတ်သန်း ဆက်သွယ်ထားတဲ့ အနီရောင်လိုင်းကိုတော့ ၂၀၀၈ ခုနှစ်၊ မတ်လ ၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး လိုင်းအရှည် ၂၈.၃ ကီလိုမီတာ ရှည်လျားကာ ဘူတာပေါင်း ၂၄ ခုပါဝင်တယ်လို့ သိရပါတယ်။ ဘူတာ ၁၅ ခုမှာ မြေအောက်ဘူတာများ ဖြစ်ပြီး ကျန် ၈ ခုကတော့ မြေပေါ်အထပ်မြင့်(elevated) ဘူတာများ ဖြစ်ကြပါတယ်။ ၁၄.၄ ကီလိုမီတာ ရှည်လျားကာ ဘူတာပေါင်း ၁၄ ခုပါဝင်မယ့် အဝါရောင်လိုင်းကိုတော့ ၂၀၀၈ ခုနှစ်၊ သြဂုတ်လအတွင်းမှာ ဖွင့်လှစ်ဖို့ လျာထားပါတယ်။
Kaohsiung MRT network ပြပုံ

World Games Station of Kaohsiung MRT

Related posts
1.ကမ္ဘာ့မီထရို Highlights
2.World Metro Database

Sources:
1.http://www.krtco.com.tw/en/e-index.aspx
2.http://en.wikipedia.org/wiki/Kaohsiung
3.http://mic-ro.com/metro/metrocity.html?city=Perugia
4.http://mic-ro.com/metro/metrocity.html?city=Kaohsiung
5.http://www.urbanrail.net/as/asia.htm

ကမာ့္ဘ့မီထရို Highlights

စာရေးသူ © MyMetro |

က

မ္ဘာ့မီထရို highlights များကို တစုတစည်းတည်း ဖတ်ရှုနိုင်အောင် တင်ပြ ပေးထား ပါတယ်။ အာရှတိုက်မှာ ရှိတဲ့ မီထရိုပိုလီတန်များ ကနေ စတင်ဖော်ပြ ပေးသွားပါမယ်။ ယခုအချိန်မှာ ကမ္ဘာ့မြို့ကြီးပေါင်း ၁၅၀ ကျော်မှာ မီထရိုများ ရှိနေပြီ ဖြစ်ပါတယ်။ တည်ဆောက်နေဆဲ မြို့များလည်း ရှိပါတယ်။

၁။

View image
View image

အန်ကာရာ မီထရို(တူရကီ)။ ၁၉၉၇ ခုနှစ်က စတင်ဖွင့် လှစ်ခဲ့ပြီး ဘူတာရုံ ၁၂ ခုပါရှိသည်။မြေအောက် လမ်းပိုင်း ၆.၅ ကီလီုမီတာ၊ မြေပေါ် ၄.၉ ကီလိုမီတာနှင့် မိုးပျံတံတားဖြင့် ၃.၂ ကီလိုမီတာ ရှည်လျားသည်။
၂။

View image
View image

ဘာကူ မီထရို (အဇာဘိုင်ဂျန်)။ လူဦး ရေ ၁.၇ သန်းကျော်ရှိသော ယခင်ဆိုဗီယက် ပြည်ထောင်စုဝင် ဟောင်း အဇာဘိုင်ဂျန်၏ မြို့တော် ဖြစ်သည်။ လိုင်း ၂ လိုင်းပါ မီထရိုကွန်ယက် စီမံကိန်းကို ၁၉၆၀ နှစ်များကတည်းက စတင်ခဲ့သည်။ ပထမဆုံးလိုင်းကို ၁၉၆၇ တွင် စတင် ဖွင့်လှစ်နိုင်ခဲ့ပြီး ဆက်လက် တိုးချဲ့လာ ခဲ့ရာ ၂၀၀၂ ခုနှစ်တွင် ရထားလမ်း အရှည် ၃၀.၅ ကီလိုမီတာ အထိ ရောက်ရှိခဲ့သည်။ လိုင်းအမှတ် ၂ ကိုမူ ဘဏ္ဍာရေး အခက်အခဲ များကြောင့် မဖောက်လုပ်နိုင်သေး ပေ။
၃။

View image
View image

ဘေဂျင်းမီထရို (တရုတ်)။ တရုတ် ပြည်သူ့သမ္မတနိုင်ငံ မြို့တော် Subway ဆောက်လုပ်ရေး လုပ်ငန်းများကို ၁၉၆၅ ခုနှစ်က စတင်ခဲ့သည်။ မြို့တော် အနောက်ပိုင်းတွင် လိုင်းအမှတ်(၁)နှင့် မြို့တော် တောင်ပိုင်းတွင် လိုင်းအမှတ်(၂)တို့ ပါဝင်သည်။ ၁၉၈၇ တွင် ၁၆ ကီလိုမီတာ ရှည်လျားသော အ၀ိုင်းပတ် လိုင်းကို ဖောက်လုပ်ခဲ့သည်။ ၁၉၉၀ တွင် လိုင်းအမှတ်(၁)ကို ဆက်လက် တိုးချဲ့ ဖောက်လုပ်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ပြီးစီးခဲ့သည်။ လိုင်းအမှတ် ၁၃ ဟုခေါ်သော City rail လိုင်းကို ၁၉၉၉ ခုနှစ်တွင်ပင် စတင်ခဲ့ပြီး ဘူတာရုံပေါင်း ၁၆ ခုပါရှိသည်။
၎။

View image
View image

ဘာဆာ မီထရို (တူရကီ)။ အစ္စတန်ဘူ မြို့တော်၏ တောင်ဘက် ၁၅၀ ကီလိုမီတာ အကွာနှင့် အန်ကာရာ မြို့တော်၏ အနောက်ဘက် ကီလိုမီတာ ၄၀၀ အကွာတွင် တည်ရှိပြီး လူဦရေ ၁.၃ သန်း နေထိုင်သည်။ Bursaray ဟုခေါ်သော Light metro system ကို အသုံးပြု လျက်ရှိပြီး ကီလိုမီတာ ၅၀ အထိ တိုးတက် ဖောက်လုပ်သွားရန် စီမံချက် ရှိသည်။ ယခု ပြေးဆွဲ နေသော လိုင်း ၂ လိုင်းရှိပြီး စုစုပေါင်း အရှည် ၁၇.၅ ကီလိုမီတာ ရှိကာ ဘူတာပေါင်း ၁၇ ခုပါရှိသည်။ ၎င်းတို့အထဲမှ ၃ ခုမှာ မြေအောက် ဘူတာများ ဖြစ်ကြသည်။
၅။

View image
View image

ဘူဆန် မီထရို (ကိုးရီးယား)။ တောင်ကိုးရီးယား နိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့တော်နှင့် အရေးပါသော ဆိပ်ကမ်းမြို့တော် ဖြစ်သည်။ မီထရို စီမံကိန်းကို ၁၉၇၉ ခုနှစ်တွင် ရေးဆွဲ ပြီးစီးခဲ့ပြီး လိုင်း(၁)၏ စီမံကိန်း လုပ်ငန်းများကို ၁၉၈၁ တွင် စတင်ခဲ့သည်။ တောင်၊မြောက်လိုင်း(ခေါ်) လိုင်း(၁)ကို အဆင့်ဆင့် ဖွင့်လှစ်ခဲ့ပြီး ၁၉၉၄ တွင် အပြီးသတ် နိုင်ခဲ့သည်။ ၃၂.၅ ကီလိုမီတာ ရှည်လျားပြီး ဘူတာရုံ ၃၄ ခုပါဝင်သည်။ လိုင်းအမှတ်(၂)ကို ၁၉၉၁ တွင် စတင် ဖောက်လုပ်ခဲ့ပြီး ၂၂ ကီလိုမီတာရှည်က ဘူတာရုံ ၂၁ ခုပါဝင်သည်။ ၁၉၉၇ ခုနှစ်တွင် လိုင်း(၃)ကို စတင် ဖောက်လုပ်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ပြီးစီးသည်။ လက်ရှိ ဘူဆန် မီထရိုသည် ၉၀ ကီလိုမီတာ ရှည်လျားပြီး ၉၁ ဘူတာ ပါဝင်သည်။
၆။

View image
View image

ချင်နိုင်း မီထရို (အိန္ဒိယ)။ အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးလ်နာဒူး ပြည်နယ် မြို့တော် ချင်နိုင်း (ယခင်“မဒရပ်စ်”) သည် လူဦးရေ ၅ သန်းကျော် နေထိုင်သော မြို့ကြီးတစ်မြို့ ဖြစ်သည်။ မြို့တော်၏ MRT စနစ် ပထမ အဆင့်ကို ၁၉၉၇ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်က ဖွင့်လှစ်ခဲ့သည်။ လမ်းအရှည် ၉ ကီလိုမီတာ ရှိပြီး မြေပေါ်လမ်းပိုင်းတွင် ဘူတာ ၈ ခုပါရှိပြီး ကျန် လမ်းပိုင်းများမှာ မိုးပျံလမ်းများ (elevated) ဖြစ်သည်။ ချင်နိုင်းမြို့တွင်း ရထားလမ်း ကွန်ယက်များကို အဓိက လိုင်း ၃ လိုင်းဖြင့် ၀န်ဆောင်မှုပေးလျက်ရှိသည်။
၇။

View image

ချုံကွင်း (Chongqing) မီထရို။ တရုတ်ပြည် အလယ်ပိုင်း ယန့်ဇီ မြစ်ကမ်းတွင် တည်ရှိပြီး လူဦးရေ ၄.၄ သန်းကျော် နေထိုင်သော မြို့ကြီး တစ်မြို့ဖြစ်သည်။ ပထမဆုံး မိုနိုရထားလိုင်း (Monorail) ကို ၂၀၀၅ ခုနှစ် ဇွန်လ၌ ဖွင့်လှစ်ခဲ့ပြီး ၁၃.၅ ကီလိုမီတာ ရှည်လျားကာ ဘူတာ ၁၃ ခုပါရှိသည်။ လိုင်းအမှတ် ၂ ကို ဆက်လက် တိုးချဲ့ လျက်ရှိပြီး ပြီးဆုံးချိန်တွင် ၁၉.၁၅ ကီလိုမီတာနှင့် ဘူတာပေါင်း ၁၈ ခုထိ ရှိလာမည်ဖြစ်သည်။ ရထားတွဲများကို Hitachi နှင့် Changchun ကုမ္ပဏီ တို့ ပူးပေါင်းတည်ဆောက်သည်။

၈။

View image
View image

ဒေဂူး မီထရို (ကိုးရီးယား) ။ ကိုးရီးယား ကျွန်းဆွယ်၏ တောင်ဘက်တွင် တည်ရှိပြီး လူဦးရေ ၂.၅ သန်းကျော် နေထိုင်သည်။ ၁၉၉၂ ခုနှစ်တွင် ဒေဂူးမြို့ Subway ကို စတင် ဆောက်လုပ်ခဲ့ပြီး ကွန်ယက်တွင် လိုင်း ၆ လိုင်းပါရှိကာ အဆင့် ၃ ဆင့်ဖြင့် တည်ဆောက်မည် ဖြစ်သည်။ ဆောက်လုပ်ရေး အဆင့် ၁ တွင် လိုင်း ၃ လိုင်းပါဝင်ပြီး ၂၀၀၇ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားသည်။ ယခုလက်ရှိတွင် လိုင်း အမှတ် ၁ နှင့် ၂ ကို စတင် ပြေးဆွဲနေပြီ ဖြစ်သည်။ လိုင်းအမှတ် ၁ သည် ၂၆ ကီလိုမီတာ ရှည်လျားကာ ဘူတာရုံ ၃၀ ပါဝင်ပြီး၊ လိုင်း ၂ သည် ၂၈ ကီလိုမီတာရှည်ကာ ၂၆ ဘူတာ ပါရှိသည်။ လိုင်းအမှတ် ၃ မှာ တည်ဆောက်ဆဲဖြစ်ပြီး ၂၁.၅ ကီလိုမီတာ ရှည်လျားမည် ဖြစ်သည်။
၉။

View image
View image

ဒေလီ မီထရို (အိန္ဒိယ)။ ဒေလီ မီထရိုတွင် လိုင်းသုံးလိုင်း ပါဝင်ပြီး ၅၆ ကီလိုမီတာ ရှည်လျားကာ ဘူတာ ၅၀ ပါရှိသည်။ ၂၀၀၄ ခုနှစ် မတ်လတွင် ဖွင့်လှစ်ခဲ့သော လိုင်း ၁ သည် ၂၁.၃ ကီလိုမီတာ ရှည်လျားပြီး ဘူတာ ပေါင်း ၁၈ ခုပါဝင်သည်။ လိုင်းတစ်ခုလုံး elevated ဖြစ်သည်။ လိုင်း ၂ သည် မြေအောက် ရထားလိုင်း ဖြစ်ပြီး ၁၂ ကီလိုမီတာ ရှည်လျားကာ TBM စက်များ အသုံးပြု၍ ဖောက်လုပ်ခဲ့သည်။ လိုင်း ၃ တွင် မြေပေါ်၊ မြေပြင်နှင့် မြေအောက် အပိုင်းများ ပေါင်းစပ် ပါဝင်ကာ ၂၀၀၆ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖောက်လုပ် ပြီးစီးခဲ့သည်။ ၃၃.၅ ကီလိုမီတာ ရှည်လျားသည်။

၁၀။

View image
View image

ဖူကူအိုကာ မီထရို (ဂျပန်)။ ကျူရှုးကျွန်း၏ မြောက်ပိုင်းတွင် တည်ရှိပြီး လူဦးရေ ၁.၂ သန်း နေထိုင်သည်။ ၁၉၇၃ ခုနှစ်တွင် Subway system ကို အကောင်အထည် ဖော်ရန် ဆုံးဖြတ် ခဲ့သည့်။ ဆောက်လုပ်ရေး လုပ်ငန်းများကို ၁၉၇၅ ခုနှစ်တွင် စတင်ခဲ့သည်။ ဖူကူအိုကာ subway ကွန်ယက်တွင် လိုင်းနှစ်လိုင်း ပါဝင်ပြီး ၁၇.၈ ကီလိုမီတာ ရှည်လျားကာ ဘူတာ ၁၉ ခုပါဝင်သည်။ ကိုင်ဇူကာနှင့် မိုင်နိုဟားမား နှစ်ဘူတာမှ လွဲ၍ ကျန်ဘူတာ များသည် မြေအောက် ဘူတာများ ဖြစ်ကြသည်။ ၂၀၀၅ ခုနှစ်တွင် တတိယ မြောက်လိုင်းကို ဖွင့်လှစ်ခဲ့သည်။
၁၁။

View image
View image

ဂွမ်ကျိုး (Guangzhou) မီထရို။ ဂွမ်ဒေါင်း ပြည်နယ်၏ မြို့တော်ဖြစ်ပြီး လူဦးရေ ၇ သန်းကျော် နေထိုင်သည်။ Subway network စီမံကိန်းကို ၁၉၈၉ တွင် စတင်ခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းများကိုတော့ ၁၉၉၃ ခုနှစ်တွင် စတင်ခဲ့သည်။ Line 1 ကို ၁၉၉၉ ခုနှစ်တွင် ဖောက်လုပ် ပြီးစီးခဲ့ပြီး ၁၈.၅ ကီလိုမီတာ ရှည်လျားကာ ဘူတာ ၁၆ ခုပါဝင်သည်။ Line 2 ကို ၂၀၀၂ ခုနှစ်တွင် စတင် ပြေးဆွဲခဲ့ပြီး ၂၃.၃ ကီလိုမီတာ ရှည်လျားကာ ဘူတာ ၂၀ ပါရှိသည်။ ဘူတာ နှစ်ခုမှာ elevated ဖြစ်ပြီး တစ်ခုမှာ မြေပြင်ဘူတာ ဖြစ်သည်။ ရထားများ၏ ပျမ်းမျှ အမြန်နှုန်းမှာ တစ်နာရီလျှင် ၃၆ ကီလိုမီတာ ဖြစ်သည်။

၁၂။
View image

ဂွမ်ဂျူး မီထရို (ကိုးရီးယား)။ လူဦးရေ ၁.၃၆ သန်း နေထိုင်သော မြို့ဖြစ်ပြီး ကိုးရီးယား ကျွန်းဆွယ်၏ အနောက်တောင် အစွန်းတွင် တည်ရှိသည်။ ဂွမ်ဂျူး subway ၏ ပထမဆုံး လိုင်းကို ၂၀၀၄ ခုနှစ် ဧပြီလတွင် ဖွင့်လှစ်ခဲ့သည်။ လက်ရှိလိုင်း၏ အရှည်မှာ ၁၁.၉ ကီလိုမီတာ ရှိပြီး ဘူတာ ၁၄ ခုပါရှိသည်။ အဆိုပါလိုင်းကို ဆက်လက် ဖောက်လုပ်လျက်ရှိပြီး ၂၀၀၈ ခုနှစ်တွင် ပြီးစီးမည်ဟု သိရသည်။ မြို့၏ အရှေ့ဘက်မှ အနောက်ဘက်သို့ ဆက်သွယ်ထားပြီး စုစုပေါင်း အရှည် ၂၀.၁ ကီလိုမီတာ ရှိလာမည် ဖြစ်ကာ ဘူတာပေါင်း ၁၉ ခုထိရှိလာမည် ဖြစ်သည်။

၁၃။





ဟိုင်ဖာ မီထရို (အစ္စရေး)။ အစ္စရေးနိုင်ငံ၏ မြောက်ဘက် မြေထဲပင်လယ် ကမ်းခြေတွင် တည်ရှိပြီး လူဦးရေ ၄ သိန်းကျော် နေထိုင်သော မြို့ဖြစ်သည်။ မြို့တည်နေရာ အနေအထားအရ ကမ်းခြေတလျှောက်နှင့် ကာမယ်လ် တောင်တို့ကြား စီးပွားရေးဇုံ၊ ပင်လယ်ကမ်းခြေ အပန်းဖြေ နေရာများနှင့် လူနေရပ်ကွက်များအကြား ထိရောက် ကောင်းမွန်သော သယ်ယူ ပို့ဆောင်ရေး တစ်ခု လိုအပ်သည့် အတွက် Subway ကွန်ယက်တစ်ခု တည်ဆောက် ရခြင်း ဖြစ်သည်။ လိုင်းတစ်လိုင်း တည်းသာရှိသည့် ဟိုင်ဖာမီထရိုသည် Paris Square မှစတင်၍ ကာမယ်လ် တောင်ပေါ်ရှိ Gan Ha’em ဘူတာတွင် အဆုံးသတ်ပြီး ၁.၇၅ ကီလိုမီတာ ရှည်လျားသည်။ ၁၉၅၉ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ပြီး ဘူတာ ၆ ခုပါရှိသည်။

၁၄။





ဟီရိုရှီးမား မီထရို (ဂျပန်)။ ရော်ဘာ တာရာ အသုံးပြု ထားသော Monorail စနစ်တစ်ခု ဖြစ်သည်။ ရထားလိုင်း အရှည် စုစုပေါင်း ၁၈.၄ ကီလိုမီတာ ရှည်လျားပြီး မြို့လယ်ပိုင်း ၁.၉ ကီလိုမီတာမှာ မြေအောက် ရထားလမ်းပိုင်း ဖြစ်သည်။ ဘူတာရုံပေါင်း ၂၁ ခုပါဝင်ပြီး သုံးခုမှာ မြေအောက် ဘူတာများ ဖြစ်ကာ ကျန် ၁၈ ခုမှာ မြေပေါ်ဘူတာများ ဖြစ်သည်။

၁၅။

ဟောင်ကောင် မီထရို (တရုတ်)။ ဟောင်ကောင် MRT ၏ အခြေခံ ကွန်ယက် ဒီဇိုင်းကို ၁၉၇၀ နှစ်များ အစောပိုင်း ကတည်းက ရေးဆွဲခဲ့ပြီး ၁၉၇၄ ခုနှစ်ကျမှ ဖောက်လုပ်မှုများ စတင်ခဲ့သည်။ လိုင်း ၃ လိုင်း ပါဝင်သည်။ ၁၉၉၀ ခုနှစ်တွင် လေဆိပ်အသစ် ဆောက်လုပ်သော အခါ MRT ကိုလည်း လေဆိပ်နှင့် ဆက်သွယ်ရန် ထပ်မံ တိုးချဲ့ခဲ့သည်။ ဟောင်ကောင် မြို့လယ်မှ လေဆိပ်အထိ ပြေးဆွဲပေးသော Airport Express သည် ၂၃ မိနစ်သာ ကြာမြင့်ပြီး ၁၀ မိနစ်လျှင် တစ်စီးနှုန်းဖြင့် ပြေးဆွဲပေးလျက် ရှိသည်။ Kwun Tong လိုင်းကို တိုးချဲ့ထားသည့် Quarry Bay မှ North Point အထိအပိုင်းကို ၂၀၀၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၂ ခုနှစ် အထိ စာရင်းများအရ မီထရို ရထားလမ်း အရှည် ၈၂.၂ ကီလိုမီတာ ရှိပြီး ဘူတာပေါင်း ၅၀ ရှိသည်။ ဘူတာ ၃၄ ခုမှာ မြေအောက် ဘူတာများ ဖြစ်ကြသည်။
မှတ်သားဖွယ်ရာ လိုင်းများ
KWUN TONG LINE: 12.5 km
TSUEN WAN LINE: 16 km
ISLAND LINE: 14.7 km
TUNG CHUNG LINE: 30.8 km
TSEUNG KWAN O LINE: 12.5 km


၁၆။

Izmir မီထရို (တူရကီ)။ တူရကီနိုင်ငံ အနောက်ပိုင်းတွင် တည်ရှိသော လူဦးရေ ၁.၈ သန်းကျော် နေထိုင်သော နိုင်ငံ၏ တတိယ အကြီးဆုံး မြို့ဖြစ်သည်။ ပထမဆုံး မီထရိုလိုင်းသည် ၁၁.၅ ကီလိုမီတာ ရှည်လျားပြီး ဘူတာရုံ ၁၀ ခု ပါဝင်သည်။ ရထားလိုင်းကို ၂၀၀၀ ခုနှစ် မေလ ၂၂ ရက်နေ့တွင် စမ်းသပ် ပြေးဆွဲခဲ့ပြီး၊ ပုံမှန် ခရီးသည် ပို့ဆောင်ရေး ဝန်ဆောင်မှုကို အဆိုပါနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် စတင်ခဲ့သည်။ ရထားလိုင်း၏ ၄.၄ ကီလိုမီတာမှာ မြေအောက် လမ်းကြောင်း ဖြစ်ပြီး ၂.၃ ကီလိုမီတာ အရှည်မှာ elevated လိုင်းဖြစ်သည်။ ခရီးစဉ် အစအဆုံး ကြာချိန် ၁၆ မိနစ်သာ ရှိသည်။ ပလက်ဖောင်းများ၏ အလျားမှာ ၁၂၅ မီတာ ရှိပြီး ၇၅၀ ဒီစီ ဗို့အားသုံး တွဲသုံးတွဲ ပါ ရထားများဖြင့် ပြေးဆွဲသည်။


၁၇။
အင်ချုံ(ကိုးရီးယား)။ ဆိုးလ်မြို့ အနောက်ဘက် ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိပြီး လူဦးရေ ၂.၅ သန်း နေထိုင်သော မြို့ဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ဆိုးလ်၊ ဘူဆန်၊ ဒေဂူး မီထရို တို့ပြီးနောက် ကိုးရီးယား၏ စတုတ္ထမြောက် မီထရို ဖြစ်လာခဲ့သည်။
ဆက်လက်ဖော်ပြပါမည်...

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.