* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

ရန်ကုန်မြို့ပြ ပြဿနာများ

စာရေးသူ © MyMetro |

ကျွန်​တော်​ပြောချင်​နေခဲ့​တဲ့​ အ​ကြောင်းအရာ​လေးတစ်ခုရှိပါတယ်။ ​ပြောဖို့စိတ်ကူးလိုက်၊ မ​ပြော​တော့​ပါဘူးလို့ ဆုံးဖြတ်လိုက်နဲ့ ​နေလာတာ နှစ်​တွေ​တောင် ​တော်​တော်ကြာပါပြီ။ အခု​တော့​ ​ပြောလိုက်​တော့​မယ်ဗျာ။
Photos by depositphotos.com
အ​ကြောင်းက​တော့​ ရန်ကုန်​မြို့ကြီးနဲ့ ပတ်သက်လို့ပါ။ တခြား​က​မ္ဘာ့မြို့ကြီး​တွေကို အ​ပေါ်စီးက ကြည့်​ရင် အရမ်းလှတာကို ​တွေ့ရမှာပါ။ Urban plan စနစ်​တကျရှိတာ​ရယ်၊ မြို့ပြဗိသုကာဆိုင်ရာ အလှအပ​တွေကို ထိန်းသိမ်းတာ၊ သဘာဝ ပတ်​၀န်းကျင်ကို ထိန်းသိမ်းဖို့​ အမြဲတ​စေ​ကြိုးစား​နေကြ​​တာ​တွေ​ကြောင့်​ ​နေချင်စဖွယ်၊ သွားလည်ချင်စဖွယ်လည်း ဖြစ်ပါ​တယ်။

China Completes Construction of World's Fastest Underwater Railway Tunnel

စာရေးသူ © MyMetro |

တရုတ်နိုင်ငံ၏ ပထမဆုံးသော ရေအောက်ရထားလမ်းဥမင် ဖောက်လုပ်မှုမှာ ယခုနှစ် မတ်လ ၁၂ ရက်နေ့က ပြီးစီးခဲ့ပြီး ကမ္ဘာ့အမြန်ဆုံးနှုန်းဖြင့် ရထားများကို ၎င်းဥမင်အတွင်းမှ ဖြတ်သန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ရှီကျီယန် (Shiziyang) ဥမင်ဟုခေါ်သော အဆိုပါဥမင်စီမံကိန်းသည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံးပြည်နယ် (Guangdong) ရှိ ပုလဲမြစ်ဝကိုဖြတ်၍ တည်ဆောက်ထားခြင်းဖြစ်ပြီး အရှည် ၁၀.၈ ကီလိုမီတာ ရှိသည်။ ဥမင်အတွင်း ရထားများကို တစ်နာရီလျှင် ၃၅၀ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားပြီး ထိုအမြန်နှုန်းသည် ကမ္ဘာတစ်ဝှန်းရှိ ရေအောက်ဥမင်များတွင် အမြင့်ဆုံးနှုန်းဖြစ်သည်။

Longest rail-tunnels in South-East Asia

စာရေးသူ © MyMetro |

အရှေ့တောင်အာရှတွင် အရှည်ဆုံးဖြစ်လာမည့် ဒေသအခေါ် ဘီရာပစ် (Berapit) အမွှာရထားလမ်းဥမင်များကို မလေးရှားကျွန်းဆွယ် မြောက်ပိုင်းတွင် ဖောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ၂.၂ ကီလိုမီတာစီ ရှည်လျားသည့် အဆိုပါဥမင်များကို သမားရိုးကျတူးဖော်နည်း ဖြစ်သည့် Drilling and blasting method ကို အသုံးပြုကာ Sandvik DT820-SC ဥမင်တူး jumbos များဖြင့် တူးဖော်ခဲ့ခြင်း ဖြစ်သည်။

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်တွင် အမေရိကန် ဒေါ်လာ ၃ ဘီလီယံတန် မီထရို စီမံကိန်းကို ဖော်ဆောင်နိုင်ရန်အတွက် ပြည်ပမှ ဆောက်လုပ်ရေး ကုမ္ပဏီကြီး ၈ ခုကို ဆန်ကာတင်စာရင်း တင်သွင်းထားကြောင်း သိရသည်။ ၎င်းစီမံကိန်းသည် စစ်ဒဏ်ကို ဆယ်စုနှစ်များစွာ ခံစားခဲ့ရပြီး ရင်းနှီးမြှုပ်နှံမှုများ မရှိသောကြောင့် ပျက်စီးနေသည့် ဘဂ္ဂဒက်မြို့တော်၏ အခြေခံ အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှု တစ်ရပ်လည်း ဖြစ်သည်။

မော်စကို မီထရို ဗုံးပေါက်ကွဲ

စာရေးသူ © MyMetro |

ရုရှားနိုင်ငံ၊ မော်စကိုမြို့ မီထရိုတွင်း၌ ယနေ့နံနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွားရာ လူ ၃၅ ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။ အမျိုသမီး အသေခံဗုံးခွဲသူ ၂ ဦးက ခရီးသည် အသွားအလာ ထူထပ်များပြားသော တနင်္လာနေ့ မနက်ပိုင်းအချိန်တွင် ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ နေရာများသည် မော်စကို မြို့လယ်နေရာများဖြစ်သော ဒူးမားလွှတ်တော်၊ မော်စကို ရင်ပြင်နီ စသည့်အထင်ကရ နေရာများမှ ကီလိုမီတာ အနည်းငယ်မျှသာ ကွာဝေးကာ ရုံးများ၊ ဈေးဆိုင်များ၊ ကျောင်းများ တည်ရှိပြီး အသွားအလာ ရှုပ်ထွေးသည့် နေရာများဖြစ်သည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ (၅) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ ညီလာခံနှင့် အင်ဂျင်နီယာ ဘာသာရပ်ပေါင်းစုံ စာတမ်းဖတ်ပွဲကို ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလ တတိယပတ်တွင် ရန်ကုန်မြို့ရှိ မြန်မာ အင်ဂျင်နီယာအသင်း (MES) အဆောင်အအုံ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာတမ်းဖတ်ပွဲကို စာတမ်းတင်သွင်းရန် စိတ်ဝင်စားသော ပညာရှင်များအနေဖြင့် မိမိတို့ဖတ်ကြားလိုသော သုတေသန စာတမ်းများ၏ အကျဉ်းချုပ်ကို နိုဝင်ဘာလကုန် နောက်ဆုံးထား ပေးပို့နိုင်ကြောင်း၊ အသင်းသားစုံညီ ညီလာခံကို ကြိုဆိုသောအားဖြင့် အင်ဂျင်နီယာနှင့် ပတ်သက်သော ဘာသာရပ်ပေါင်းစုံ၏ သုတေသန စာတမ်းဖတ်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း အင်ဂျင်နီယာအသင်းရုံးမှ တာဝန်ရှိပုဂ္ဂိုလ်က ပြောကြားသည်။ စာတမ်းဖတ်ပွဲနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (MES) ရုံး၊ ဖုန်း- ၅၁၉၆၇၆ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source: http://www.khitlunge.net.mm/news/news_detail.aspx?info_id=16958

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်တွင် တည်ဆောက်နေသော မီထရိုစီမံကိန်း၏ ဆောက်လက်စ တံတားခန်းဖွင့်တစ်ခု တနင်္ဂနွေနေ့ (၁၂ ရက်နေ့)က ကျိုးကျခဲ့ရာ လူ ၅ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

Civil Engineering Lectures, course notes

စာရေးသူ © MyMetro |

Aboutcivil.com is growing rapidly to become the largest database of articles and lectures on civil engineering. You can get free download Civil Engineering softwares, lectures, notes and tutorials freely, easily and fastly.

http://www.aboutcivil.com

ဒူ

ဘိုင်းမြို့တွင် လက်ရှိတည်ဆောက်နေသော အာရပ်ကမ္ဘာ၏ ပထမဆုံး မောင်းသူမဲ့ မြေအောက်ရထားလမ်း စီမံကိန်းကြီး ပြီးစီးသွားပါက ခရီးသည်များအနေဖြင့် လုံခြံစိတ်ချ၊ ဘေးအန္တရာယ်ကင်းရှင်းစွာ စီးနင်းနိုင်မည်ဖြစ်ပြီး စိုးစဉ်းမျှ စိုးရိမ်စရာ မရှိပါကြောင်း ဆွေးနွေးဖော်ပြချက်တစ်ခုကို အင်တာနက် သတင်းတစ်ပုဒ်မှာ ဖတ်ရှုလိုက်ရသည်။ ထိုမောင်းသူမဲ့ မီထရို၏ ပထမအဆင့်လမ်းပိုင်းကို လာမည့် စက်တင်ဘာ ၉ ရက်နေ့တွင် စတင်ပြေးဆွဲမှာ ဖြစ်ကြောင်း အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Gulf News မှ အဆိုပါသတင်းအား ရေးသား ဖော်ပြခဲ့ခြင်း ဖြစ်သည်။

Dubai မီထရို ကွန်ယက်သည် အစိမ်းရောင်လိုင်းနှင့် အနီရောင်လိုင်း နှစ်လိုင်းပါဝင်ပြီး စုစုပေါင်း လမ်းကြောင်းအရှည် ၇၄.၆ ကီလိုမီတာရှိကာ မောင်းသူမဲ့ ရထားများကို အသုံးပြု ပြေးဆွဲမည့် ကမ္ဘာ့အကြီးဆုံး အော်တိုမက်တစ် ကွန်ယက်စနစ် တစ်ခုဖြစ်သည်။ အစိမ်းရောင်လိုင်းသည် ဒူဘိုင်းမြို့ဟောင်းနှင့် ဒူဘိုင်းချောင်း အရှေ့ဘက်ခြမ်း ဒေသများကို ဆက်သွယ်ပေးထားမည့် လမ်းကြောင်းဖြစ်သည်။ မြေအောက်လမ်းပိုင်း ၇.၉ ကီလိုမီတာ အပါအဝင် စုစုပေါင်းအရှည် ၂၂.၅ ကီလိုမီတာ ရှိသည်။ မူလလျာထားသော စီမံကိန်းတွင် အစိမ်းရောင်လိုင်းသည် Oud Metha - Health Care City အထိသာ ဖြစ်ပြီး စုစုပေါင်းအရှည် ၁၇.၆ ကီလိုမီတာသာ ရှိသည်။

သို့သော် နောက်ပိုင်းတွင် Health care city မှ Jaddaf အထိ ၄.၉ ကီလိုမီတာကို ထပ်မံတိုးချဲ့ကာ Jaddaf မှာ လမ်းဆုံး ဘူတာဖြစ်သည်။ ထပ်မံတိုးချဲ့ထားသော Health Care City မှ Jaddaf အထိ ၄.၉ ကီလိုမီတာ အရှည်ရှိသော လမ်းပိုင်း အပါအဝင် အဆိုပါလိုင်းသည် မြေအောက် ဘူတာရုံ ၆ ခုနှင့် မြေပေါ်(မိုးပျံ) ဘူတာရုံ ၁၂ ခု ပါရှိသည်။

အနီရောင်လိုင်းသည် ဒူဘိုင်း အရှေ့မြောက်ဘက်ရှိ Rashidiya မှ အနောက်တောင်ဘက်ရှိ Jebel Ali Port အထိ ဆက်သွယ်ထားသည်။ ပျမ်းမျှ အရှည် ၅၂.၁ ကီလိုမီတာ ရှိသည်။ မြေအောက်ဘူတာရုံ ၄ ခု၊ မြေပြင် (at grade) ဘူတာရုံ ၁ ခုနှင့် မိုးပျံဘူတာရုံ ၂၄ ခုဖြင့် စုစုပေါင်း ဘူတာရုံ ၂၉ ခုပါဝင်မည် ဖြစ်သည်။ အစိမ်းရောင်လိုင်းနှင့် အနီရောင်လိုင်းတို့သည် Union Square နှင့် BurJuman Centre တို့တွင် ရထားလိုင်းကူး (transit) အဖြစ် ၂ ကြိမ်ဆုံတွေ့မည် ဖြစ်သည်။

ဒူဘိုင်း မီထရို ဆောက်လုပ်ရေးကို JT Metro JV ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေပြီး အစိမ်းရောင်လိုင်းနှင့် အနီရောင်လိုင်းတို့ သည် ဒူဘိုင်းမီထရိုကွန်ယက်၏ ပထမအဆင့် ဆောက်လုပ်ရေး လုပ်ငန်းများဖြစ်ကာ ၂၀၁၀ ခုနှစ် မတ်လတွင် လုပ်ငန်းများ ပြီးစီးနိုင်ရန် ခန့်မှန်းထားသည်။

ယခုပို့စ်တွင် အစိမ်းရောင်လိုင်းတွင် တည်ဆောက်နေသော Oud Metha – Health Care City – Jaddaf လမ်းပိုင်းနှင့် ပတ်သတ်၍ သိရှိရသည်များကို ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည်။ Jaddaf – Health Care City – Oud Metha လမ်းပိုင်းကို အပိုင်းလိုက် ခွဲ၍ တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ပြီး လက်ရှိတာဝန်ယူ ဆောက်လုပ်နေသော အပိုင်းမှာ PILE CAP နှင့် PIER COLUMN ဆောက်လုပ်ရေး လုပ်ငန်းများ ဖြစ်သည်။ PIER COLUM တစ်ခုချင်းစီ ပြီးစီးရန် ၁၀ ရက် လျာထားပြီး ဆောက်လုပ်နေခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။

ဂျူတီ ၂ ဆိုင်းနှင့် နေ့ရောညပါ ဆောက်လုပ်နေခြင်းဖြစ်ရာ အဆိုင်း တစ်ဆိုင်းချင်းစီကို အလုပ်သမား ၄၀ နှင့် အင်ဂျင်နီယာ ၄ ဦးစီမှ တာဝန်ယူ တည်ဆောက်နေသည်ဟု အဆိုပါ လုပ်ငန်းခွင်မှ တာဝန်ရှိ အင်ဂျင်နီယာတစ်ဦးက ရှင်းလင်းပြောကြားပါသည်။

PIER COLUMN တစ်ခုချင်းစီ၏ အမြင့် မှာ ၁၁ မီတာမှ ၁၇ မီတာအထိရှိ၍ အချင်းမှာ ၂ မီတာမှ ၂.၂ မီတာရှိသည်။ PILE CAP တစ်ခုချင်း၏ အချင်းမှာ ၂.၆ မီတာမှ ၂.၈ မီတာအထိရှိပြီး အမြင့်မှာ ၂ မီတာ ဖြစ်၏။ အသုံးပြုလျက် ရှိသော REBAR များမှာ T40 mmФ Main Rebar၊ T35 mmФ Middle Ring Rebar၊ T25mmФ Outer Ring Rebar တို့ဖြစ်သည်။

၎င်းတည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၀ ခုနှစ် မတ်လတွင် ပြီးစီးရန်လျာထားပါသည်။ အပြာရောင်လိုင်းနှင့် ပန်းရောင်လိုင်းဟု သတ်မှတ်ထားသည့် လိုင်းသစ်နှစ်လိုင်း ထပ်မံပါဝင်မည့် ဒူဘိုင်းမီထရို ကွန်ယက်၏ ဒုတိယအဆင့် တည်ဆောက်ရေး လုပ်ငန်းများကို ယခုနှစ်ထဲတွင် စတင်မည်ဟုလည်း သိရသည်။

Health Care City အနီးလမ်းပိုင်းရှိ PILE CAP နှင့် PIER COLUMN ဆောက်လုပ်ပြီးစီးပါက အခြားအဖွဲ့များမှ ကျန်ရှိသော လုပ်ငန်းများကို အပိုင်းလိုက် တာဝန်ယူ၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းခွင် အင်ဂျင်နီယာတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဒူဘိုင်းမြို့ အခြေစိုက် MyMetroworld သတင်းထောက်မှ ရေးသားပေးပို့ပါသည်။

Related posts
1. Metro train test-run in Dubai
2. Dubai metro project news
3. Dubai Metro Station Construction
4. အာရပ်ကမ္ဘာရဲ့ ပထမဆုံး မီထရို


ရုတ်နိုင်ငံ၏ ပထမဆုံးသော ယန်စီမြစ်ကူး ရေအောက် ကားလမ်းဥမင်ကို ဒီဇင်ဘာ ၂၈ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြသည်။ အဆိုပါ ရေအောက်ကားလမ်း ဥမင်သည် ၃.၆ ကီလိုမီတာ (၂.၂ မိုင်) ရှည်လျားပြီး လေးလမ်းသွား ကားလမ်းပါရှိသည်။ ဥမင် ဖောက်လုပ်ရေး စီမံကိန်းကို ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ခဲ့ပြီး ရန်ပုံငွေ ယွမ် ၁ ဒသမ ၇ ဘီလီယံ (ဒေါ်လာသန်း ၂၅၀) ကျခံသုံးစွဲခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ဥမင်အတွင်း တစ်နာရီ ၅၀ ကီလိုမီတာနှုန်းဖြင့် ယာဉ်စီးရေ ငါးသောင်းအထိ ဖြတ်သန်းသွားလာနိုင်ပြီး ဥမင်ကို ရေလွှမ်းမိုးမှုဒဏ် (နှစ် ၃၀၀ ဒီဇိုင်း) ခံနိုင်ရည်နှင့် ငလျင်ဒဏ်ကိုလည်း ၆ ရစ်ခ်ျတာစကေးအထိ ခံနိုင်ရည် ရှိအောင် ဒီဇိုင်းပြုလုပ် တည်ဆောက်ထားသည်ဟု သိရသည်။

ယန်စီမြစ်အောက်ပိုင်းမှ ဖြတ်သန်းသော ဥမင်လမ်းသည် ဟူဘေးပြည်နယ်မြို့တော် ဝူဟန်မြို့ရှိ တက္ကသိုလ်နှင့် အစိုးရရုံးများကို စီးပွားရေးလုပ်ငန်းများ တည်ရှိရာဒေသနှင့် ဆက်သွယ်ပေးထားသည်။ လူဦးရေ ရှစ်သန်းကျော် နေထိုင်သော ဝူဟန်မြို့သည် ကားလမ်း၊ ရထားလမ်းများ ပေါင်းစုံရာ မြို့တစ်မြို့ဖြစ်ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုနည်းပါးသော ဒေသများသို့ ဝင်ရောက်နိုင်သည့် နေရာတွင် တည်ရှိသည်။


ရေအောက်ကားလမ်းဥမင် ဖွင့်လှစ်ပြီးပါက တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ယာဉ်ကျောပိတ်ဆို့မှု ပြဿနာမှ လျော့ပါးသက်သာမည် ဖြစ်ကြောင်း၊ ဥမင်လမ်း ဖွင့်လှစ်နိုင်ခြင်းဖြင့် ယခင်က နာရီဝက်ကြာ သွားရသည့် ခရီးကို ခုနစ်မိနစ်အတွင်း သွားရောက်နိုင်ပြီဖြစ်ကြောင်း ဆင်ဟွာက သတင်းထုတ်ပြန်သည်။


တရုတ်နိုင်ငံ အင်ဂျင်နီယာ အကယ်ဒမီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဝမ်မင်ရှူး (Wang Mengshu) က ယခု ယန်စီမြစ်ကူး ရေအောက်ဥမင်သည် အဆင့်မြင့် အင်ဂျင်နီယာ နည်းပညာများကို အသုံးပြု၍ အလွန်ရှုပ်ထွေးလှသော ဘူမိမြေအနေအထားတွင် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ နောင်တွင် တည်ဆောက်မည့် အလားတူ ဥမင်တည်ဆောက်ရေး လုပ်ငန်းများအတွက်လည်း တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံများ ရရှိသည်ဟု ၎င်းက ထပ်မံပြောကြားသည်။

ကီလိုမီတာ ၆၃၀၀ (မိုင် ၄၀၀၀) အရှည်ရှိ ယန်စီမြစ်သည် တရုတ်နိုင်ငံ၏ အရှေ့ဘက်နှင့် အနောက်ဖက်ကို ဆက်သွယ်ပေးထားသည့် အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်ပြီး ထိုမြစ်ကို ဖြတ်၍ မြစ်ကူး တံတားအစင်းပေါင်း ၁၀၀ ကျော် တည်ဆောက် အသုံးပြုပြီး ဖြစ်သည်။

နိုင်ငံတဝှမ်း သယ်ယူပို့ဆောင်ရေး ကွန်ယက် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသော တရုတ်အစိုးရသည် အလားတူ ယန်စီမြစ်ကူး ရေအောက်ဥမင် နှစ်ခုကို ထပ်မံ တည်ဆောက်မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။

Sources:
1. http://news.xinhuanet.com/english/2008-12/28/content_10570182.htm
2. http://news.xinhuanet.com/english/2008-12/29/content_10577543.htm

တရုတ်နိုင်ငံ အရှေ့ဘက် ဇီဂျီအန် (Zhejiang) ပြည်နယ်မြို့တော် ဟန်ဂျိုး (Hangzhou) တွင် အကောင်အထည် ဖော်လျက်ရှိသော မြေအောက် ရထားလမ်း စီမံကိန်း၏ ဆောက်လုပ်ဆဲ ဥမင်တစ်ခု ပြီးခဲ့သည့် စနေနေ့က ပြိုကျခဲ့မှုကြောင့် လူ ၇ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိကာ ပျောက်ဆုံး နေသူများအား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေကြောင်း ရှင်ဟွာ (Xinhua) သတင်းဌာနမှ ထုတ်ပြန်ကြေငြာသည်။

စနေနေ့ ဒေသစံတော်ချိန် နေ့လည် ၃ နာရီ ၂၀ မိနစ်၌ အဆိုပါ ဆောက်လုပ်ဆဲ ဥမင်၏ အပေါ်ရှိ မော်တော်ကားလမ်းပိုင်းတစ်ခှု ဥမင်အတွင်း ပြိုကျရာမှ ၇၅ မီတာ အရှည်၊ ၅၀ မီတာအကျယ်နှင့် ၁၅ မီတာခန့် အနက်ရှိသော ကျင်းချိုင့်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ထိုအထဲတွင် မော်တော်ယာဉ် ၁၃ စီးပိတ်မိနေခဲ့သည်ဟု ဆိုသည်။ အလားတူ ၎င်းချိုင့်ထဲတွင် ပိတ်မိနေခဲ့သော ဘတ်စကားတစ်စီး အတွင်းရှိ ခရီးသည် ၂၇ ဦးမှာလည်း ယာဉ်မောင်း၏ တံခါးဖွင့်ပေးမှုကြောင့် လွတ်မြောက်ခဲ့ရသည်။

ပြိုကျသွားသော ဥမင်ချိုင့်အတွင်းသို့ ဆောက်လုပ်ရေး လုပ်ငန်းအနီးရှိ မြစ်အတွင်းမှ ရေများလည်း စီးဝင်လာပြီး ရေအနက်မှာ ၄ မီတာမှ ၅ မီတာ အထိရှိနေပြီဟု ဆိုသည်။ ကယ်ဆယ်ရေး အဖွဲ့ဝင် ၅၀၀ ခန့်ကလည်း ချိုင့်အတွင်း ပိတ်မိနေဆဲဖြစ်သော ဆောက်လုပ်ရေး လုပ်သား ၁၄ ဦးကို ဆက်လက် ရှာဖွေနေပြီး ၎င်းတို့ကို အသက်ရှင်လျက် တွေ့နိုင်ဖို့ အခွင့်အလမ်း နည်းနေပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေး အဖွဲ့၏ ကျွမ်းကျင်သူ Yang Zhongjie က ပြောကြားသည်။ မြစ်ရေ ဝင်လာသည့်အတွက် ဥမင်အတွင်း ရှိသည့် ရွှံ့နွံအနက်မှာ ၇ မီတာခန့်အထိ ရှိနေနိုင်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိအချိန်တွင် ပြိုကျသွားသော ဥမင်ချိုင့်အတွင်း ပိတ်မိနေသော ယာဉ်များကို ဆယ်ထုတ်နေပြီး ဥမင်အတွင်း ဝင်လာသည့် ရေများကိုလည်း စုပ်ထုတ်နေရသည်။ ဥမင်ပြိုကျမှုနှင့် ပတ်သက်၍ အာဏာပိုင်များ ဘက်မှ ထုတ်ပြန် ကြေငြာချက် တစုံတရာ မရှိသေးဘဲ ပြိုကျခဲ့ရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးဆဲ ဖြစ်သည်ဟုသာ သိရသည်။

ဟန်ဂျိုးမြို့ မြေအောက်ရထားလမ်း ကွန်ရက်၏ ပထမအဆင့် ဆောက်လုပ်ရေး လုပ်ငန်းများကို ယခင်နှစ် မတ်လက စတင်ခဲ့ပြီး ရထားလိုင်း အမှတ် ၁၊ အမှတ် ၂ နှင့် အမှတ် ၄ လိုင်း တည်ဆောက်ရေး လုပ်ငန်းများ ပါဝင်သည်။ ယခု ဖြစ်ပွားခဲ့သော ဥမင်ပြိုကျမှုသည် အမှတ် ၁ လိုင်းတွင်ဖြစ်ပြီး မြို့တော်၏ အရှေ့တောင်ဘက်ပိုင်း Xiaoshan ခရိုင်၊ Fengqing လမ်းပေါ်တွင် တည်ရှိသည်။

အဆိုပါ ရထားလိုင်းသည် ၆၈.၇၉ ကီလိုမီတာ ရှည်လျားကာ မြို့တော်၏ အရှေ့မြောက်ဘက်နှင့် တောင်ဘက်ခြမ်းကို ဆက်သွယ်ပေးထားပြီး တရုတ်ယွမ်ငွေ ၃၄.၉၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅.၁ ဘီလီယံ) ကုန်ကျမည် ဖြစ်ကာ ၂၀၁၁ ခုနှစ်တွင် ပြီးစီးရန် လျာထားသည်။

ရထားလိုင်းပေါင်း ၈ လိုင်း ပါဝင်ပြီး စုစုပေါင်း ရထားလမ်းအရှည် ၂၇၈ ကီလိုမီတာ ရှိမည့် ဟန်ဂျိုးမြို့ မီထရို စီမံကိန်းကို ၂၀၅၀ ခုနှစ် အပြီး တည်ဆောက်ရန် တရုတ်ယွမ် ဘီလီယံ ၁၀၀ ရင်းနှီးမြှုပ်နှံ ထားကြောင်းလည်း သိရှိရသည်။


အခြားသော အင်တာနက် သတင်းတစ်ပုဒ်အရ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာသော စီးပွားရေးကြောင့် အခြေခံ အဆောက်အအုံများနှင့် လူနေအိမ်ရာများကို အများအပြား အကောင်အထည် ဖော်လာကြသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများတွင် အကျင့်ပျက် ခြစားမှုများ၊ ဆောက်လုပ်ရေး စံချိန်စံညွှန်း အားနည်းမှုများ၊ အသုံးပြုသည့် ဆောက်လုပ်ရေး ကုန်ကြမ်း ပစ္စည်းများ အရည်အသွေး မပြည့်မီမှုများနှင့် ဖြစ်ကတတ်ဆန်း ဆောက်လုပ်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။ သယ်ယူပို့ဆောင်ရေး ကွန်ယက်များကို အရှိန်အဟုန်ဖြင့် အဆင့်မြှင့်တင်နေသော တရုတ်နိုင်ငံတွင် ယခုကဲ့သို့ ဥမင်ပြိုကျမှုမှာ ပထမဆုံး အကြိမ်မဟုတ်ဘဲ အလားတူ ဥမင်ပြိုကျမှုများ ဘေကျင်းနှင့် ရှန်ဟိုင်း ရထားလမ်းဥမင်များ တည်ဆောက်စဉ်ကလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Sources:
1. China subway tunnel collapse
2. China tunnel death toll rises to seven
3. Hangzhou Metro

Breakthrough at Circle line, Stage4, Singapore

စာရေးသူ © MyMetro |

င်္ကာပူမြို့ရဲ့ မြေအောက်ရထား ကွန်ယက် (MRT) မှာ အမေရိကန် ဒေါ်လာ ၆.၇ ဘီလီယံတန် အဝိုင်းပတ်လိုင်း (Circle line) ကို အပိုင်း ၅ ပိုင်းနဲ့ တိုးချဲ့ဖောက်လုပ်လျက် ရှိတယ်ဆိုတာ ယခင်နှစ် အောက်တိုဘာလက သတင်း အနေနဲ့ ဖော်ပြပြီး ဖြစ်ပါတယ်။ အခု ဒီပို့စ်မှာတော့ ဖောက်လုပ် ပြီးစီးသွားတဲ့ လမ်းပိုင်း (Stage 4) အကြောင်း သတင်းအကျဉ်းနဲ့ လုပ်ငန်းခွင် ဓာတ်ပုံများကို ဖော်ပြသွားပါမယ်။

အဝိုင်းပတ်လိုင်း၊ လမ်းပိုင်း-၄ (Circle line – Stage 4) ကို Taisei cooperation မှ တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်ပြီး Thomsom station, Bukit Brown station, Botanic Gardens station, Farrer Road station စတဲ့ မြေအောက် ဘူတာလေးခုနဲ့ အခြားလမ်းပိုင်း (stage) များနဲ့ ချိတ်ဆက်တဲ့ ဥမင်လမ်းပိုင်းများ ပါဝင်ပါတယ်။ လမ်းပိုင်း တည်ဆောက်ကာလ ၂၀၀၄ ခုနှစ် ဇွန်လမှ ၂၀၀၈ ခုနှစ် စက်တင်ဘာလအထိ လေးနှစ်နဲ့ သုံးလ ကြာမြင့်ခဲ့ပါတယ်။ ဥမင်ဖောက်လုပ်ရာမှာ အသုံးပြုတဲ့ စက်ကတော့ Slurry TBM ဖြစ်ပြီး အချင်း ၆.၆၃ မီတာရှိပါတယ်။

Tunnel Boring Machine (TBM)၊ ဂျပန် Kawasaki Heavy Industries က ထုတ်တာပါ။ (လှတယ်နော်)


TBM ကို စတင်တပ်ဆင်ခြင်း လုပ်ငန်းခွင်။


TBM တပ်ဆင်ခြင်း လုပ်ငန်းခွင် (Shaft) အတွင်းပိုင်း။


Overview of TBM backup gantries to Tunneling

မြေအောက် ဘူတာများကိုတော့ Cut & Cover tunneling method ကို အသုံးပြု ဖောက်လုပ်တာ တွေ့ရပါတယ်။ ဥမင်များကို ဖောက်လုပ်ခဲ့စဉ်က မြေအောက် ဘူမိအနေအထား အမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရလို့ ဥမင်ဖောက်လုပ်သူတွေအတွက် စိန်ခေါ်မှု အကြီးအကျယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

Soil & Rock profile. ဥမင်လမ်းကြောင်းကို မျဉ်းပါးလေးနဲ့ ပြထားပါတယ်။


Thomson Station တည်နေရာ။


Bukit Brown Station တည်နေရာ


Farrer Road Station တည်နေရာ


Botanic Gardens Station တည်နေရာ


Bukit Brown Station Construction. Cut & Cover method နဲ့ ဖောက်လုပ်တာ ဖြစ်ပါတယ်။


Thomson Station Construction. Cut & Cover method.


ဥမင်တူးဖော်ရေး လုပ်ငန်းခွင်၊ lining block တပ်ဆင်နေပုံ။


lining block များ ဥမင်တူးဖော် တပ်ဆင်ရာသို့ သယ်ဆောင်ပုံ။


ဥမင်အတွင်း၊ ကြမ်းခင်းပိုင်း တပ်ဆင်အပြီး မြင်ရပုံ။


TBM Breakthrough. ဥမင်တူးဖော်ခြင်း ပြီးဆုံးသည့်အဆင့်။ ဥမင်လုပ်ငန်း၏ အောင်ပွဲ အခမ်းအနားတစ်ခုလည်း ဖြစ်သည်။


နောက်ဆုံးပိတ် lining ring နှင့် TBM ပြန်ဖြုတ်ခြင်း။


TBM တပ်ဆင်နေပုံ။ Bukit Brown Station အရှေ့ဘက်ခြမ်း ဥမင်အဝင်။


Backup car behind TBM


TBM ကို shaft ထဲသို့ ချနေစဉ်။


Cutting wheel. Shield မျက်နှာပြင်ရှိ မြေသားကို ဖြတ်မည့် ဘီးများ။ Conventional reaming technology။


ဥမင်အတွင်း ရထားသံလမ်းခင်းခြင်းလုပ်ငန်း။


ရထားသံလမ်းနှင့် ဇလီဖားတုံးကြားတွင် တုန်ခါမှုဒဏ်ခံ ပေါ်လီမာ ထည့်သွင်းတပ်ဆင်ထားပုံ။

ယခု အဝိုင်းပတ်လိုင်းဟာ Dhoby Ghaut station ကနေ စတင်ပြီး HarbourFront station မှာ အဆုံးသတ်မှာဖြစ်ကာ စုစုပေါင်း လိုင်းအရှည် ၃၃.၃ ကီလိုမီတာနဲ့ ဘူတာရုံပေါင်း ၂၉ ခုပါဝင်မှာ ဖြစ်ပါတယ်။ မြေအောက်မှာ လုံးလုံးလျားလျားတည်ရှိမယ့် လိုင်းဖြစ်ပါတယ်။ လာမယ့် ၂၀၁၀ ခုနှစ်မှာ တည်ဆောက်ရေး လုပ်ငန်းများ အားလုံး ပြီးစီးနိုင်ဖို့ ခန့်မှန်းထားပြီး စင်္ကာပူ သယ်ယူပို့ဆောင်ရေး ကွန်ယက်ထဲကို ဝင်ရောက်ချိတ်ဆက်မှာ ဖြစ်ပါတယ်။

Construction Methods
1. Top-Down Construction (applicable only to Dhoby Ghaut, Museum, Convention Centre, Millenia, Nicoll Highway, Lorong Chuan and Holland stations)
2. Construction of Contiguous Bored Pile Wall
3. Construction of Secant Pile Wall
4. Construction of Diaphram Wall (front page, back page)
5. Construction of Sheet Pile Wall (front page, back page)

အဝိုင်းပတ်လိုင်း ပြီးစီးသွားပါက မြင်ရမည့်ပုံများ

Dhoby Ghaut Interchange (Concourse area)


Bras Basah station (View at road level)


Esplanade Station (Concourse level)


Esplanade Station (Entrance view)


Promenade Station (Entrance view)


Promenade view, level 2


Promenade Platform view


Promenade Entrance view


Kim Chuan Depot (Operation Control Centre)


Paya Lebar Station (Bridge view)


Macperson Station (Entrance view)


Bishan Interchange(External view)


Bishan Interchange (External view - Entrance 1)


Lorong Chuan Station (Entrance)


Marymount Station (Entrance)


Thomson Station (Platform view)


Farrer Road Station (Concourse view)


Botanic Gardens Station (Entrance)


Holland Village Station (Entrance 1)


Holland Village Station (Entrance 1)


Buona Vista Station (View from taxi drop-of point)


One-North Station (Station Entrance)


One-North Station (Concourse view)


Kent Ridge Station (3 level station entrance view)


Labrador Park Station (Entrance view)


Telok Blangah Station (Entrance view)


Harbourfront Station (Concourse view)


Harbourfront Station (Platform view)
Source Link
1. Land Transport Authority
2. UrbanRail.Net

Related Post
1.Metro Tunneling In Singapore

Credit to Danpauk

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.