ရုရှားနိုင်ငံ၊ မော်စကိုမြို့ မီထရိုတွင်း၌ ယနေ့နံနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွားရာ လူ ၃၅ ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။ အမျိုသမီး အသေခံဗုံးခွဲသူ ၂ ဦးက ခရီးသည် အသွားအလာ ထူထပ်များပြားသော တနင်္လာနေ့ မနက်ပိုင်းအချိန်တွင် ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ နေရာများသည် မော်စကို မြို့လယ်နေရာများဖြစ်သော ဒူးမားလွှတ်တော်၊ မော်စကို ရင်ပြင်နီ စသည့်အထင်ကရ နေရာများမှ ကီလိုမီတာ အနည်းငယ်မျှသာ ကွာဝေးကာ ရုံးများ၊ ဈေးဆိုင်များ၊ ကျောင်းများ တည်ရှိပြီး အသွားအလာ ရှုပ်ထွေးသည့် နေရာများဖြစ်သည်။
Ref: http://www.youtube.com/user/RussiaToday ပရင့်ထုတ်ရန်
အမျိုးသမီး၂ဦးဖေါက်ခွဲပါသည်ဟု ရုရှားသတင်းဌာနမှအတိအကျမပြောခဲ့ပါ။
ဗုံးပေါက်ကွဲခဲ့သောမြေအောက်ရထားတွဲတွင် မင်္သကာဖွယ်ရာအမျိုးသမီးတစ်ဦးအားတွေ့ခဲ့ကြသည်။သူမ၏ဗိုက်သည်သာမန်ထက်
အလွန်ဖောင်းနေသောကြောင့်သံသယဖြစ်ဖွယ်တစ်ယောက်ဖြစ်ခဲ့သည်ဟုတာဝန်ရှိ
သူများကပြောကြားခဲ့သည်။ယခုချိန်ထိရုရှားတွင်မည်သူဗုံးဖေါက်ခွဲခဲ့သည်ကိုအတိအကျ
မဖော်နိုင်ခဲ့သေးပါ ။