* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

(Principles of tunnel stabilization and lining design)
ဥမင်တစ်ခုဖောက်လုပ်သည့်အခါ ဖောက်လုပ်နေစဉ် (During Excavation) အတွင်း ဥမင်၏ပြုမူပုံ (သို့) လုပ်ဆောင်ပုံ (behavior) ကို သိရှိနားလည်ရန် လိုအပ်သကဲ့သို့ ထို behavior ကို Reinforcing စနစ်အမျိုးမျိုး (သို့) ပင့်ထောက်မှုစနစ် အမျိုးမျိုးတို့ ထည့်သွင်း တပ်ဆင်ခြင်းဖြင့် Modify လုပ်နိုင်သည်ကို နားလည်သဘောပေါက်ရန် အရေးကြီးပါသည်။ ဥမင်တည်ငြိမ်ခိုင်ခံ့မှု (Stabilization) ဆိုသည်မှာ ဥမင်တူးဖော်မှု မတိုင်မီ၊ ဖောက်လုပ်နေစဉ်နှင့် ဖောက်လုပ်ပြီးချက်ချင်း ကနဦးပင့်ထောက်မှု (Initial Support) ကို ပြုလုပ်ပေးပြီး လုံခြုံစိတ်ချရသော၊ မြန်ဆန်စွာ အသုံးပြုနိုင်သော၊ ကုန်ကျစရိတ် သက်သာသော ဖောက်လုပ်မှုကို ဖြစ်စေသည့် စနစ်များ အသုံးပြုခြင်းကို ဆိုလိုပါသည်။ Lining ဆိုသည်မှာ ဥမင်ဖောက်လုပ်ပြီးချက်ချင်းဖြစ်စေ၊ အချိန်အတော်ကြာမှဖြစ်စေ အမြဲတမ်း (Permanent Support) ပင့်ထောက်မှုကို လုပ်ဆောင်ပေးမည့် ရေရှည်ခံသော၊ ထိန်းသိမ်းရလွယ်ကူသော Long-term အပြီးသတ် ဥမင်နံရံပင်ဖြစ်ပါသည်။ မည်သည့် ဥမင် Lining စနစ်ကို အသုံးပြုမည်ဆိုသည်မှာ မြေကြီး၏ အခြေအနေများနှင့် ဥမင်ကို အသုံးပြုမည့် ရည်ရွယ်ချက်များပေါ်တွင် မူတည်ပါသည်။ ဥမင်များ ဖောက်လုပ်ကြရာတွင် Stabilization နှင့် Lining တို့ကို သီးခြား Operations များအဖြစ် ဆောင်ရွက်ကြပါသည်။ ထိုကဲ့သို့ သီးခြားစနစ်ကို "Two-pass" စနစ်ဟု ခေါ်ဝေါ်ကြသည်။ အချို့သော အခြေအနေများတွင် Stabilization နှင့် Lining တို့၏ လုပ်ဆောင်ချက်များကို ပေါင်းစပ်၍ "One-pass" စနစ်အဖြစ်လည်း အသုံးပြုကြပါသည်။

 အောက်ပါအချက်များသည် ဥမင်၏ Stabilization နှင့် Lining တို့အတွက် ဒီဇိုင်းပိုင်းဆိုင်ရာနှင့် လက်တွေ့ကျသော ရွေးချယ်မှုများ ပြုလုပ်ရာတွင် ထည့်သွင်း စဉ်းစားရမည့် အခြေခံ သဘောတရားများပင် ဖြစ်ပါသည်- 

၁။ ဥမင် Lining ၏ အရေးကြီးဆုံးသော အစိတ်အပိုင်းတစ်ရပ်မှာ ၎င်းဥမင်ပတ်လည်တွင် ရှိသော မြေသားပင် ဖြစ်သည်။ 

၂။ မြေသား၏ အရေးကြီးဆုံးသော အစိတ်အပိုင်းတစ်ရပ်မှာ မြေအောက်ရေ ဖြစ်သည်။ 

၃။ ဥမင် Lining တည်ဆောက်ရာတွင် အရေးကြီးဆုံးသော လိုအပ်ချက်တစ်ရပ်မှာ ဥမင်နံရံ ပတ်လည် တလျှောက် Lining နှင့် မြေသားတို့အကြား လုံခြုံစိတ်ချရပြီး တဆက်တည်း ထိစပ်မှု (Continuous Contact) ဖြစ်သည်။ 

၎။ ဥမင် Lining ဒီဇိုင်းပြုလုပ်ရခြင်း၏ ရည်မှန်းချက်မှာ မြေသားရွေ့လျားမှု (Ground Movement)ကို တည်ငြိမ်စေရန်သာ ဖြစ်ပြီး ထိုမြေသား၏ ၀န် (Loads) ကို ထမ်းဆောင်နိုင်ရန်မဟုတ်ပေ။

၅။ ထိရောက်မှုအရှိဆုံးသော ဥမင်တည်ငြိမ်ခိုင်ခံမှုနှင့် Lining စနစ်မှာ သတ်မှတ်ထား သည့် မြေသားပုံပျက်ယွင်းမှု (Ground Deformation) ကို ခွင့်ပြုခြင်းအားဖြင့် မြေသား၏ ကြံ့ခိုင်အား (Strength) ကို စုစည်းဖြစ်ပေါ်စေခြင်းဖြစ်သည်။ 

၆။ ဥမင် Lining ၏ Axial Stiffness သည် ဥမင်ပတ်လည် မြေသားမှလာသော Passive Pressure များကို စုစည်းစေခြင်းအားဖြင့် မြေသား၏ Non-uniform Loads များကိုဖြန့်ခွဲသွားစေသည်။ ထိုနည်းဖြင့် မြေသားပုံပျက်ယွင်းမှုများကို ပြုပြင်မွမ်းမံနိုင်သည်။ 

၇။ မြေသားပုံပျက်ယွင်းမှုများ (Ground deformations) ကို Modify ပြုလုပ်ရာတွင် ဥမင် Lining ၏ Flexural stiffness မှာ သာမန်အားဖြင့် လုံလောက်မှုမရှိ၊ ထိရောက်မှု မရှိပေ။ 

၈။ တည်ဆောက်ရေးအဆင့်/အလွှာများစွာရှိသော ဥမင် Lining များတွင် ကနဦးပင့်ထောက်မှု (initial construction support) သည် မြေသားနှင့် နှိုင်းယှဉ်လျှင် အလွန်ပျော့ပြောင်းပြီး မြေသားဖိအား (Ground stress) များကို ပြန်လည်ဖြန့်ခွဲရာတွင် ဖြစ်ပေါ်လာသော Flexural deformations များ၏ ဒဏ်ကို များစွာခံရသည်။ 

၉။ ဒုတိယအဆင့်/အလွှာ ဥမင် Lining တပ်ဆင်မှုကို မြေသားတည်ငြိမ်မှု ရရှိသည် အထိ ရွှေ့ဆိုင်းထားနိုင်ပါက ထိုအလွှာသည် သိသာထင်ရှားသော Flexural deformations ဒဏ်ကို မခံစားရတော့ပေ။ 

၁၀။ တည်ဆောက်ရေးအဆင့် တစ်ဆင့်တည်းသာရှိသော/ တစ်လွှာတည်းသာရှိသော ဥမင် Lining များ (ယေဘုယျအားဖြင့် Segmental) သည် မြေသားနှင့် နှိုင်းယှဉ်ပါက ပျော့ပြောင်းမှုရှိပြီး (ရွှံ့ပျော့မြေများမှအပ)၊ မြေသားပုံပျက်ယွင်းမှုမှ ဖြစ်ပေါ်လာသော Parasitic Flexural Stresses များကို လျှော့ချပေးနိုင်စေရန် ထို Lining များသည် တတ်နိုင်သမျှ ပါးလွှာအောင် ပြုလုပ်သင့်သည်။ 

၁၁။ ဥမင် Lining အမျိုးအစားရွေးချယ်ရာတွင် မြေသား၏ ဂုဏ်သတ္တိများနှင့် ကိုက်ညီသော တူးဖော်ရေး နည်းလမ်းပေါ်တွင် မူတည်နေပြီး တပ်ဆင်မည့် အချိန်သည်လည်း အရေးပါလှပါသည်။ Lining များကို အချိန်ကိုက် တပ်ဆင်နိုင်စွမ်းသည် မြေသားပုံပျက်ယွင်းမှုနှင့် Lining Loads များ၏ ပမာဏများအပေါ်တွင် အဓိကအားဖြင့် အကျိုးသက်ရောက်မှုရှိသည်။ 

၁၂။ ဥမင် Lining ၏ အတိုင်းအတာများသည် မြေသား၏၀န်အား (Ground Load) ထက် ရေလုံအောင် ဆောင်ရွက်နိုင်မှု၊ စက်ပစ္စည်းကိရိယာများ သုံးစွဲ/ရရှိနိုင်မှု၊ တည်ဆောက်နိုင်မှု အခြေအနေ စသည်တို့ကို ထည့်သွင်းစဉ်းစားသည့် အပေါ်တွင် အဓိက မူတည်ပါသည်။ 

၁၃။ မြေသား၏ ၀န်အား (Ground Loads) နှင့် Passive Pressures များကို ခန့်မှန်းတွက်ချက်ခြင်းများသည် ဥမင် Lining တည်ဆောက်ခြင်း/တပ်ဆင်ခြင်း မပြုလုပ်မီနှင့် ပြုလုပ်ပြီး အခြေအနေများတွင် ထိုနေရာ၌ ဖြစ်ပေါ်လာနိုင်သော မြေသားပုံပျက်ယွင်းမှုများနှင့်ဆက်နွှယ်သည့် ဖိအားပြောင်းလဲခြင်း (Stress redistribution) အပေါ် မူတည်နေသောကြောင့် တိကျသေချာမှု မရှိနိုင်ချေ။ ဥမင်အလျား တလျှောက်တွင် ဖြစ်ပေါ်နေသော Loads နှင့် Pressures များသည် ဥမင်တူးဖော်ရေး ကျွမ်းကျင်မှုနှင့် ဘူမိဗေဒအခြေအနေများကိုလိုက်၍ အမျိုးမျိုးပြောင်းလဲနေပါသည်။ 

၁၄။ ဥမင် Lining အပေါ်သက်ရောက်နေသော အကြီးမားဆုံးသော ၀န်အားသည် ဥမင်တူးစက်၏ Shield jacking loads များ၊ Lining နှင့် မြေသားကို တွဲကပ်ပေးမည့် Grout Pressures များစသည့် တူးဖော်ရေးလုပ်ငန်းစဉ်များမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ 

၁၅။ ဥမင် Lining Rings များအပေါ် သက်ရောက်နေသော Stress များကို သင်္ချာနည်းလမ်းဖြင့် Structural analysis ပြုလုပ်ခြင်း၏ တိကျမှုသည် မြေသားထု၏ Loads နှင့် Support Conditions များကို ခန့်မှန်းတွက်ချက်ခြင်း၏ တိကျမှုထက် များစွာ ပိုမိုသည်။ 

၁၆။ ဥမင် Lining Rings များကို ပတ်လည်ရှိမြေသားနှင့် အနားသတ်ဘောင်ခတ်ထားနိုင်ပါက (တနည်းအားဖြင့် Lining နှင့် မြေသားတို့အကြား နေရာလွတ်မရှိ ထိစပ်တွဲကပ်နေပါက) ဥမင်နံရံသည် မြေသားနှင့်ကွာ၍ Flexural deformation မဖြစ်နိုင်ပေ။ ဥမင် Lining နောက်တွင် Grout မလုပ်ခဲ့မိသော နေရာလွတ်များမရှိဘဲနှင့် Flexural ကြောင့်ဖြစ်သော Lining Structural Failure မဖြစ်နိုင်။

၁၇။ မြေသားပုံပျက်ယွင်းမှု (Ground Deformation) တည်ငြိမ်မှုမရှိခင်တွင် တပ်ဆင်ခဲ့သော Lining အစိတ်အပိုင်းများ၏ Structural Performance ကို Axial thrust ကြောင့် ဥမင် Lining Diameter အပြောင်းအလဲများမှ တိုင်းတာရရှိသော Deformation များကို Analyze ပြုလုပ်ခြင်းဖြင့် ခန့်မှန်းတွက်ချက်နိုင်သည်။ အလားတူ မြေအမျိုးအစားတွင် ယခင်ဥမင်တူးဖော်ခြင်းများမှ ရရှိလာသော အတွေ့အကြုံများကို အခြေခံ၍သော်လည်းကောင်း၊ တူးဖော်ရေးလိုအပ်ချက်များအဖြစ် သတ်မှတ်၍သော်လည်းကောင်း၊ တိုင်းတာရေးကိရိယာများဖြင့် စောင့်ကြပ်စစ်ဆေး အတည်ပြုခြင်းဖြင့်သော်လည်းကောင်း သင့်တော်သော ဒီဇိုင်းတန်ဖိုးများကို သတ်မှတ်နိုင်သည်။

၁၈။ မြေသားပုံပျက်ယွင်းမှု (Ground Deformation) တည်ငြိမ်မှုရရှိပြီးမှ တပ်ဆင်သော Lining အစိတ်အပိုင်းများအတွက်မူ Axial Loads တစ်ခုတည်းအတွက်သာ ခန့်မှန်းတွက်ချက်နိုင်ပြီး ဥမင်အတွင်း နောက်ထပ်တည်ဆောက်မှုများမှ ဖြစ်လာနိုင်သည့် သက်ရောက်မှုများနှင့် Long-term Ground Squeezing သက်ရောက်မှုများအတွက် Allowances များကို သင့်တော်သလို ထည့်သွင်းစဉ်းစားရမည်။

ဥမင် Lining ဒီဇိုင်းပြုလုပ်ရာတွင် မြေအခြေအနေ ပြောင်းလဲမှုများနှင့် မသေချာမှုများ၊ တူးဖော်ရေး အစီအစဉ်များ၊ တူးဖော်နေစဉ်အတွင်း မြေသား၏ တုံ့ပြန်မှုများကို ထည့်သွင်းစဉ်းစားရပါမည်။ ထိုရှိရင်းစွဲ မသေချာမှုများသည် Lining (Elastic Structural Rings) အပေါ် သက်ရောက်နေသော Stresses များကို သင်္ချာနည်းအားဖြင့် တွက်ချက်ခြင်း၏ တိကျမှုနှင့် သဟဇာတမဖြစ် (အစေးမကပ်)သည့် သဘောလည်းရှိပါသည်။ မည်သို့ပင်ဆိုစေ Economical Lining Design တစ်ခုအတွက် ယုံကြည်စိတ်ချရသော လမ်းညွှန် (Guidance) ဆိုသည်မှာ အမျိုးအစားတူသော မြေမျိုးတွင် ယခင်ကတူးဖော်ခဲ့ပြီးသော ဥမင်ဖောက်လုပ်ရေးအတွေ့အကြုံများအပေါ် အခြေခံခြင်း ဖြစ်ပါသည်။ ထပ်မံ၍ဆိုရသော် ဥမင် Lining ၏ အရေးကြီးဆုံးသော အစိတ်အပိုင်းတစ်ရပ်မှာ မြေကြီးဖြစ်ပါသည်။
The most important part of the tunnel lining is the ground.
Ref: Tunnel Stabilization and Lining, Thomas R. Kuesel, Consulting Engineer, Chairman Emeritus, Parsons Brinckerhoff Quade & Douglas, Inc, "Tunnel Engineering Handbook", 2004.

ရန်ကုန်မြို့ပြ ပြဿနာများ

စာရေးသူ © MyMetro |

ကျွန်​တော်​ပြောချင်​နေခဲ့​တဲ့​ အ​ကြောင်းအရာ​လေးတစ်ခုရှိပါတယ်။ ​ပြောဖို့စိတ်ကူးလိုက်၊ မ​ပြော​တော့​ပါဘူးလို့ ဆုံးဖြတ်လိုက်နဲ့ ​နေလာတာ နှစ်​တွေ​တောင် ​တော်​တော်ကြာပါပြီ။ အခု​တော့​ ​ပြောလိုက်​တော့​မယ်ဗျာ။
Photos by depositphotos.com
အ​ကြောင်းက​တော့​ ရန်ကုန်​မြို့ကြီးနဲ့ ပတ်သက်လို့ပါ။ တခြား​က​မ္ဘာ့မြို့ကြီး​တွေကို အ​ပေါ်စီးက ကြည့်​ရင် အရမ်းလှတာကို ​တွေ့ရမှာပါ။ Urban plan စနစ်​တကျရှိတာ​ရယ်၊ မြို့ပြဗိသုကာဆိုင်ရာ အလှအပ​တွေကို ထိန်းသိမ်းတာ၊ သဘာဝ ပတ်​၀န်းကျင်ကို ထိန်းသိမ်းဖို့​ အမြဲတ​စေ​ကြိုးစား​နေကြ​​တာ​တွေ​ကြောင့်​ ​နေချင်စဖွယ်၊ သွားလည်ချင်စဖွယ်လည်း ဖြစ်ပါ​တယ်။

ရောပ - အာရှဖြတ်ကျော် ရထားကွန်ယက် (Trans-Asian Railways - TAR) သည်ဥရောပနှင့် အာရှနိုင်ငံများအကြား ကုန်စည်အပြန်အလှန် စီးဆင်းမှုရှိစေရန် စီမံဖောက်လုပ်မည့် ရထားလမ်းကွန်ယက် စီမံကိန်းဖြစ်သည်။ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်း ကော်မရှင် - (United Nations Economic and Social Commission for Asia and the Pacific - UNESCAP )၏ စီမံကိန်းတခုလည်း ဖြစ်သည်။

MyMetroworld ၂ နှစ်ပြည့်

များစွာသော စက်မှုဆိုင်ရာ လုပ်ငန်းများ တပ်ဆင်ခြင်းကို ဥမင်တူးဖော်သည့် အစဦးလုပ်ငန်းများ၊ အကြမ်းထည် လုပ်ငန်းများ၊ ဥမင်နံရံ တပ်ဆင်ခြင်း လုပ်ငန်းများနှင့်အတူ ပြုလုပ်ရသည်။ နောက်ပိုင်းတွင် ပြုလုပ်ရမည့် နည်းပညာဆိုင်ရာ ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း အားလုံးကို ပထမဆုံး စီမံကိန်း စတင်အကွက်ချသည့် အဆင့်၌ပင် တည်ဆောက်မည့် ဥမင်၏ အရွယ်အစား (စက်ဝိုင်းပုံဥမင်တွင် စက်ဝိုင်းအချင်း) ကို မထိခိုက်စေခြင်း၊ ကုန်ကျမည့် စရိတ်များကို ထည့်သွင်း တွက်ချက်ခြင်း တို့ကို ပြုလုပ်ပြီး ကြိုတင် လုပ်ဆောင်ရသည်။

ဥမင်၏ အလျား၊ တည်ဆောက်ပုံ အမျိုးအစားနှင့် အသုံးပြုခြင်းတို့အပေါ်တွင် မူတည်၍ နည်းပညာဆိုင်ရာ ဆက်စပ်ပစ္စည်းများကို စဉ်းစားရွေးချယ်ရာတွင်လည်း အမျိုးမျိုး ကွဲပြားနိုင်သည်။ ဥပမာအားဖြင့် မီးရထားလမ်း ဥမင်အတွက် လိုအပ်သည့် ပစ္စည်းများသည် မော်တော်ကားလမ်း ဥမင်တွင် လိုအပ်မည့် ပစ္စည်းများနှင့် မတူကွဲပြားခြားနား ပေသည်။

လျှပ်စစ်နှင့် စက်မှုဆိုင်ရာ ပစ္စည်းများကို ရွေးချယ်ရာတွင် ၎င်းပစ္စည်းများ၏ အစိတ်အပိုင်းများကို လွယ်ကူစွာ ပြန်လည်ပြုပြင်နိုင်ရန် အလွန်အရေးကြီးသည်။ အဓိက အရေးအကြီးဆုံးမှာ အလွယ်တကူ ဝင်ထွက်နိုင်မှုနှင့် တောင့်တင်း ခိုင်မာမှုတို့ ဖြစ်သည်။ ဝင်ထွက်နိုင်မှု ခက်ခဲလျှင် ပြုပြင်ထိန်းသိမ်းရန် အတွက် အချိန်ကြာမြင့်မည်ဖြစ်ပြီး၊ အကျိုးဆက် အားဖြင့် ကုန်ကျစရိတ် ပိုမိုပေသည်။ ကြိုတင်တွက်ချက်မှု အမှားများကြောင့်လည်း နောက်ပိုင်း အသုံးပြုနေသည့် ကာလများတွင် ပြုပြင်ထိန်းသိမ်းစရိတ် မြင့်မားနိုင်သည်။

တစ်ခါတစ်ရံတွင် ရာသီဥတု ဆိုးရွားဖောက်ပြန်မှုများနှင့် နည်းပညာပိုင်းဆိုင်ရာ အခြေအနေများ (ဥပမာ- စိုထိုင်းဆ အလွန်များခြင်း၊ အပူချိန် ပြောင်းလဲမှု မြန်ခြင်းနှင့် မြေပြိုခြင်း) ကို လျှပ်စစ်နှင့် စက်မှုဆိုင်ရာ ဆက်စပ်ပစ္စည်းများ ရွေးချယ်စဉ် အချိန်ကပင် ထည့်သွင်း ပြုလုပ်ရသည်။ သို့မှသာ အသုံးပြုမှု အတွက် လုံခြုံစိတ်ချရသည့် ပစ္စည်းများကို ထည့်သွင်း တပ်ဆင်သွားနိုင်မည်။ အလွယ်တကူ ပျက်ဆီးနိုင်သည့် နည်းစနစ်များနှင့် ပေါက်ကွဲ ပျက်ဆီး လွယ်သည့် စနစ်များကို တတ်နိုင်သမျှ ရှောင်ကျဉ် သုံးစွဲ သွားရမည်။

ဥမင်အတွက် အရေးကြီးသည့် တပ်ဆင်မှု အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်-

၁) ရေပေးဝေခြင်း
မြေအောက် ဥမင်များတွင်လည်း မြေပေါ် အဆောက်အဦးများကဲ့သို့ ရေပေးဝေခြင်းနှင့် ရေထုတ်ခြင်း စနစ်များ ရှိရမည် ဖြစ်သည်။ အချိန်တိုင်းတွင် ရေပမာဏများစွာ ရရှိရန် မဖြစ်နိုင်၍ ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ တပ်ဆင်ခြင်းကို ဒုတိယ အနေဖြင့်သာ စဉ်းစားရသည်။ ဥမင် တည်ဆောက်နေစဉ် နှင့် နောက်ပိုင်း အသုံးပြုနေသည့် ကာလ နှစ်ခုလုံးတွင် လုံလောက်သည့် မီးသတ်ရန်ရေ ရရှိရမည် ဖြစ်ပေသည်။

၂) ရေစွန့်ထုတ်ခြင်း

တစ်ခါတစ်ရံတွင် ဥမင်၏ ပတ်ပတ်လည်တွင် ရေများဝန်းရံ နေတတ်သည်။ ထိုအခြေအနေမျိုးတွင် ဥမင်ကို ပျက်ဆီးစေခြင်း သို့မဟုတ် ဥမင်အတွင်းသို့ ရေဝင်ရောက်ခြင်း တို့ကို ကာကွယ်နိုင်ရန် သင့်လျော်သည့် နည်းစနစ်များဖြင့် ရေကို လမ်းလွှဲပေးခြင်း၊ သို့မဟုတ် ရေထုတ်စနစ် ထားရှိခြင်း နှင့် ရေစုပ်စက်ဖြင့် ရေစုပ်ထုတ်ခြင်းတို့ ပြုလုပ်ရသည်။

၃) လေဝင်/ထွက် စနစ်
ဥမင်၏ လမ်းကြောင်းနှင့် အသုံးပြုသည့် ယာဉ်များအပေါ် မူတည်၍ စက်မှုဆိုင်ရာ လေဝင် လေထွက် စနစ်များ လိုအပ်သည်။ စွန့်ထုတ်ဓါတ်ငွေ့များကို ဥမင်အတွင်းမှ ဖယ်ရှားခြင်းနှင့် သန့်ရှင်းသည့်လေ ပေးဝေခြင်းတို့အပြင်၊ လေဝင် လေထွက်စနစ်တွင် ဥမင်အတွင်းမှ မီးခိုးများကို မီးလောင်မှုဖြစ်ပါက ဖယ်ထုတ်နိုင်ရန် အတွက်ပါ စီမံဆောင်ရွက်ရသည်။ သို့မှသာ ဥမင်အတွင်း ပိတ်မိနေသည့် သူများကို လွတ်မြောက်နိုင်ရန်နှင့် အန္တရာယ်ကင်းစွာ ကယ်ဆယ်နိုင်ရန် ကူညီနိုင်လိမ့်မည်။ အန္တရာယ်ကင်းမှု အခြေအနေအပြင် လေဝင်လေထွက် ရှိခြင်းကြောင့် ဥမင်အတွင်း ရာသီဥတု အနေအထားနှင့် တပ်ဆင်အသုံးပြုထားသည့် နည်းပညာဆိုင်ရာ ပစ္စည်းများ၏ သက်တမ်းတို့ အပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိသည်။

၎) လျှပ်စစ်ဓါတ်အားပေးခြင်း
မျက်မှောက်ခေတ်တွင် လျှပ်စစ်ဓာတ်အားသည် ခေတ်မီဥမင်တစ်ခုအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်သည်။ မော်တော်ကားလမ်း ဥမင်များတွင် လျှပ်စစ်ဓါတ်အားကို အလင်းရောင်ရရန်၊ အချက်ပြမီးများနှင့် စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ ပစ္စည်းများ (ဥပမာ- လုံခြုံရေး ကင်မရာများ) အတွက် အသုံးပြုသကဲ့သို့ မီးရထားလမ်း ဥမင်များတွင်လည်း ရထားမောင်းနှင်ရန် အသုံးပြုရသည်။ ရထားလမ်းနှင့် ယှဉ်လျက် နောက်ထပ် သံလမ်း (Third rail)တစ်ခုဖြင့် လည်းကောင်း၊ ဥမင်အမိုးမှ အောက်သို့ ရထားနှင့်ထိစပ်နိုင်သည့် လျှပ်စစ်ကြိုး (Overhead wire)ဖြင့် လည်းကောင်း ရထားများကို လျှပ်စစ်ဓါတ်အား ပေးနိုင်သည်။

၅) ဆက်သွယ်ရေး ပစ္စည်းများ
ယခုအချိန်တွင် လူအများ၏ နေ့စဉ်ဘဝတွင် မိုဘိုင်းလ် ဆက်သွယ်ရေးသည် အရေးအကြီးဆုံး အစိတ်အပိုင်း အဖြစ် တည်ရှိနေပေသည်။ မိုဘိုင်းလ်ဖုန်းနှင့် လမ်းလျှောက် စကားပြောစက်များ သုံးခြင်းသည် ထိခိုက်ပျက်ဆီးမှုများ ဖြစ်ပေါ်ချိန်တွင် အသုံးပြုရန် မဖြစ်နိုင်သဖြင့် ပြင်ပလောကမှ သိမြင်နိုင်စေရန် အခြား နည်းပညာမြင့်သည့် ပစ္စည်း ကိရိယာများကို ဖြည့်ဆည်း တပ်ဆင်ရမည်။ ရထားမောင်းနှင်သူများနှင့် ပြင်ပလောကအကြား သတင်း အချက်အလက်များ ဆက်သွယ်နိုင်ရန် သီးသန့် ဆက်သွယ်ရေး ထားရှိခြင်းဖြင့် အန္တရာယ်ဖြစ်ခြင်းများကို ပြည့်ဝစွာ ကာကွယ်သွားနိုင်သည်။ ကြိုးမဲ့ ဆက်သွယ်ရေး ပစ္စည်းများကို သုံးခြင်းအပြင် အရေးပေါ် ဆက်သွယ်နိုင်သည့် အရာများအတွက် အပို ဆက်သွယ်ရေးများ၊ တယ်လီဖုန်းများ တပ်ဆင် အသုံးပြုကြသည်။

၆) အချက်ပြ ပစ္စည်း
ဥမင်ကို အသုံးပြုခြင်း ရည်ရွယ်ချက်နှင့် အသုံးပြုပုံ တို့အပေါ်တွင် မူတည်၍ ယာဉ်သွားလာမှုကို ပုံမှန် ဖြစ်စေရန် အချက်ပြ ပစ္စည်းများ လိုအပ်ပေသည်။ သေးငယ်သော မော်တော်ကားလမ်း ဥမင်တွင် သာမန် မီးပွိုင့်ကို ဥမင်အဝင်တွင် ထားရှိခြင်းဖြင့် လုံလောက်သည်။ သို့သော်လည်း ကြီးမားပြီး သွားလာမှု များပြားရှုပ်ထွေးသော ဥမင်များ အတွက်မူ အဆင့်မြင့် ကွန်ပြူတာဖြင့် ထိန်းချုပ်သည့် အချက်ပြစနစ် လိုအပ်သည်။

၇) အန္တရာယ် အချက်ပေး ကိရိယာများ
အန္တရာယ် ဖြစ်နိုင်သည့် အကြောင်းရင်းများကို ရှာဖွေခြင်းသည် အသုံးပြုသူများ အတွက် အန္တရာယ်ဖြစ်မှုကို လျော့နည်းစေခြင်း မရှိပေ။ အန္တရာယ်ရှိကြောင်း အချိန်မှီ သတင်းပေးနိုင်မှသာ သင့်တော်သည့် နည်းဖြင့် ကျော်လွှားနိုင်မည် ဖြစ်သည်။ ယခင် အချက်ပေးကရိယာများသည် ကျယ်လောင်သည့် အချက်ပေး အသံများဖြင့်သာ အချက်ပေးနိုင် ကြသော်လည်း ယနေ့ခေတ်တွင် အန္တရာယ်ကို မည်သို့ ကျော်ဖြတ်ရမည်ကိုပင် လျှပ်စစ် သင်္ကေတများ၊ ရေဒီယို အသံလွှင့်ချက်များ၊ အသံချဲ့စက်များဖြင့် တိုက်ရိုက် ပြောပြနိုင်ပေသည်။

(MyMetroworld ၂ နှစ်ပြည့် အမှတ်တရ)
ထွန်းထွန်းနိုင်(မြို့ပြ)

MATLAB ဆော့ဖ်ဝဲကို အင်ဂျင်နီယာဆိုင်ရာ ပုစ္ဆာတွေ၊ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ တွင်ကျယ်စွာ အသုံးပြုကြပါတယ်။ ဒီပို့စ်မှာတော့ MATLAB ကို အသုံးပြုပြီး ဥမင်ရဲ့ လေဝင်လေထွက်စနစ်အတွက် ဒီဇိုင်းထုတ်ပုံကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ အင်ဂျင်နီယာအသင်းဟာ MATLAB Software ကို အခြေခံပြီးတော့ ကမ္ဘာ့အရှည်ဆုံး Rail Tunnel မှာ တပ်ဆင် အသုံးပြုမယ့် လေ၀င်လေထွက်စနစ် (Ventilation System) အတွက် ဒီဇိုင်းထုတ်ခဲ့ပါတယ်။

ပုံ(၁)။ GBT အပါအ၀င် Tunnel လမ်းကြောင်းပြ မြေပုံ

Swiss AlpTransit project ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ၅၇ ကီလိုမီတာ အရှည်ရှိမယ့် Gotthard Base Tunnel(GBT) ကို ၂၀၁၆ ခုနှစ်မှာ ဖွင့်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။ သူဟာ ဥရောပရဲ့ မြန်နှုန်းမြင့် ရထားလမ်းကွန်ယက်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါမယ်။ ပြီးတော့ Swiss Alps တောင်တန်းရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ပေးပြီး၊ ဆွစ်ဇာလန်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ ဇူးရစ်မြို့နဲ့ အီတလီရဲ့မြို့တော် မီလန်တို့အကြား ခရီးသွားကြာချိန်ကို ၂ နာရီခွဲကနေ ၃ နာရီခွဲအထိ လျော့ချပေးနိုင်ပါမယ်။

ပုံ(၂)။ Gotthard Base Tunnel

ပုံ(၃)။ Gotthard Base Tunnel ရဲ့ လုပ်ငန်းခွင်တစ်နေရာ

GBT ရဲ့ တောင်ဘက်ခြမ်း အင်ဂျင်နီယာအသင်းမှာ ပါဝင်တဲ့ Pöyry Infra AG အဖွဲ့ဟာ GBT ရဲ့ လေ၀င်လေထွက်စနစ်ကို ဒီဇိုင်းပြုလုပ်ဖို့ တာဝန်ယူခဲ့ပါတယ်။ GBT ရဲ့ လေ၀င်လေထွက်စနစ်ဟာ ပြုပြင်ထိန်သိမ်းရေး အမှုထမ်းတွေအတွက် တော်တော်လေးကို သက်တောင့်သက်သာနဲ့ အလုပ်လုပ်နိုင်စေဖို့ အကူအညီပေးပြီး၊ အရေးပေါ် အခြေအနေတွေအတွက်လည်း အကာအကွယ်ပေးရေး အစီအမံတွေ ပါရှိပါတယ်။ Tunnel ရဲ့ ရထားလမ်း တစ်နေရာရာမှာ မီးလောင်ကျွမ်းမှု တစ်ခုခုဖြစ်တယ်ဆိုရင် Ventilation system ဟာ Tunnel ရဲ့ မီးမလောင်တဲ့ အခြားအစိတ်အပိုင်းတွေမှာ မီးခိုးငွေ့တွေ မကူးစက်စေဖို့အတွက် Air pressure ကို မြှင့်တင်ပေးလိုက်ပါတယ်။ မီးလောင်နေတဲ့ ရထားလမ်း အစိတ်အပိုင်းမှာရှိတဲ့ လူတွေဟာ Pressure မြှင့်တင်ထားတဲ့ နေရာတွေကို ဖြတ်ကူးလမ်းငယ်တွေက တဆင့်ဖြစ်စေ၊ အရေးပေါ် ထွက်ပေါက်တွေကတဆင့်ဖြစ်စေ ကူးသွားနိုင်ပါတယ်။
ပုံ(၄)။ GBT ၀င်ပေါက်တစ်နေရာ

ဒီဇိုင်းအား ချဉ်းကပ်ကြည့်ခြင်း
လေ၀င်လေထွက်စနစ်ကို ပြုလုပ်ဖို့ရာအတွက် အင်ဂျင်နီယာတွေဟာ Tunnel အတွင်းမှာဖြစ်ပေါ်မယ့် aero- and thermodynamic အကြောင်းတွေကို အတော်လေး လေ့လာခဲ့ရပါတယ်။ ရှုပ်ထွေးနက်နဲလှတဲ့ Tunnel ဂျီသြမေထြီ ဆိုင်ရာတွေကိုပါ လေ့လာပြီးတဲ့နောက် Model တစ်ခုကို တည်ဆောက်ခဲ့ကြပြီး၊ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေမျိုးစုံ သာမက မဖြစ်နိုင်ပါဘူးလို့ ထင်ရတဲ့ အခြေအနေတွေကိုပါ စမ်းသပ်ကြည့်ခဲ့ကြပါတယ်။ ဒီနေရာမှာ MATLAB မှာ ပါဝင်တဲ့ Simulation အပိုင်းနဲ့ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြပါတယ်။

Simulation ကို အသုံးပြုပြီး Tunnel ရဲ့ပြွန်နံရံတွေနဲ့ လေတို့ အကြားမှာ ဖြစ်ပေါ်မယ့် အပူကူးပြောင်းမှုတွေ၊ ကျောက်တွေရဲ့ အပူချိန်တွေ၊ မြေအောက်ရေ စီးဆင်းမှုတွေ၊ ငွေ့ရည်ဖွဲ့ခြင်း၊ ငွေ့ရည်ပျံခြင်းတွေလို ရှုပ်ထွေးခက်ခဲပြီး မသေချာတဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ပြီးတော့ Transient ပုစ္ဆာတွေကို ဖြေရှင်းရာမှာလည်း အများကြီး အထောက်အကူပြုခဲ့ပါတယ်။ MATLAB ဟာ သူတို့အတွက် ရေလဲသုံး ဆေးတစ်ခွက်လို့ပဲ ဆိုပါတော့ဗျာ။

Developing Custom CFD Code
အထွေထွေသုံး Computational Fluid Dynamics(CFD) software package ဟာ လွယ်ကူစွာ customize လုပ်လို့မရတဲ့အတွက် အင်ဂျင်နီယာတွေဟာ MATLAB မှာ သူတို့ကိုယ်ပိုင် CFD model တစ်ခုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ MATLAB မှာ Function အချို့ကို ပြန်ပြီး define လုပ်ကြတယ်။ ဥပမာ - Table တွေ၊ Interpolation တွေ၊ Equation solvers တွေကိုပေါ့။ ပြဿနာအချို့ကို ဖြေရှင်းပြီးတဲ့နောက် သူတို့ဟာ MATLAB မှာ CFD Code တွေကို အောင်မြင်စွာ ရေးနိုင်ခဲ့ကြပါတယ်။ MATLAB မှာ ပါဝင်တဲ့ Ordinary and Partial differential equations တွေကတော့ Fluid flow ပုစ္ဆာတွေ ဖြေရှင်းရာမှာ အရေးကြီးတဲ့ အခန်းကနေ ပါဝင်ခဲ့ပါတယ်။ သူတို့ဟာ MATLAB ရဲ့ Data import & export functions တွေကို အားထားခဲ့ရတဲ့အပြင်၊ Statistics functions တွေကိုလည်း Data preprocessing လုပ်ဖို့နဲ့ Interpretation အတွက် အသုံးပြုခဲ့ကြရပါတယ်။ လက်တွေ့ စမ်းသပ်ချက် အချို့ကို ပြုလုပ်ပြီးတဲ့နောက် သူတို့ဟာ Tunnel အတွက် ပိုပြီးမြန်ဆန် ကောင်းမွန်တဲ့ ကိုယ်ပိုင် MATLAB Model တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။
ပုံ(၅)။ အပူချိန်နှင့် စိုထိုင်းဆပျံ့နှံ့ပုံအား MATLAB တွင် တွေ့မြင်ရပုံ

Two Fluid Dynamics Algorithms
သူတို့ရဲ့ CFD code ဟာဆိုရင် မတူညီတဲ့ Fluid Dynamics ပြဿနာတွေကို ဖြေရှင်းရာမှာ အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် ကျောက်သားရဲ့ ပတ်ဝန်းကျင်မှာ အပူကူးပြောင်းမှုနဲ့ ပတ်သက်ပြီး Model တစ်ခုပြုလုပ်ရာမှာ Finite difference method ကို သုံးနေစဉ်မှာပဲ Tunnel နဲ့ Shafts တွေအတွင်း လေစီးကြောင်းနဲ့ ပတ်သက်ပြီး Model တစ်ခုပြုလုပ်ရာမှာ Finite volume method ကို အသုံးပြုနိုင်ပါတယ်။ ဒီ System-equations တွေဟာဆိုရင် MATLAB ရဲ့ Optimization Toolbox ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Pöyry Infra AG အဖွဲ့ရဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Reto Buchmann ကတော့ ပြောပါတယ်။ MATLAB Software ကြောင့်သာလျှင် သူတို့အတွက် သက်တောင့်သက်သာနဲ့ ပိုပြီးလုံခြုံစိတ်ချရတဲ့ Ventilation System တစ်ခုကို လျင်လျင်မြန်မြန် တည်ဆောင်နိုင်ခဲ့တာပါတဲ့။ ကျွန်တော်တို့တွေကော ဒီလိုမျိုး အဆင်သင့် လွယ်ကူစွာ သုံးနိုင်တဲ့ Softwares တွေကနေပြီး အကျိုးအမြတ်ရအောင် ဘယ်လို Project တွေ ပြုလုပ်ခဲ့ကြပြီးပါပြီလဲ…။ ။

Related Posts
1.Gotthard Base tunnel
2.မြေအောက်ရထားဘူတာနှင့် ဥမင်လမ်းများ၏ လေဝင်လေထွက်စနစ် (Tunnel Ventilation System)

ခုပို့စ်ကို ရေးဖို့ကို အတွက်ကို တာစူခဲ့တာ တော်တော် ကြာခဲ့ပါပြီ။ စာရေးပျင်းတဲ့ ကျွန်တော် အကျင့်အတိုင်း ရေးမယ်ဆိုတာ စိတ်ထဲမှာပဲရှိခဲ့တာပါ။ အခုရေးပြချင်တာ ပြန်မျှဝေချင်တာ ကျွန်တော် နောက်ဆုံးနှစ် Thesis စာတမ်းအတွက် လုပ်ခဲ့တာတွေ အတွက် အမှတ်တရနဲ့ တင်ချင်တာရယ်၊ နောက် စာဖတ်သူအနေနဲ့ ဥမင်နဲ့ ပတ်သတ်ပြီး ဗဟုသုတရစေဖို့အပြင်၊ တစိုက်မတ်မတ် လေ့လာသူများ အတွက်လည်း တဖက်တလမ်းက အထောက်အကူပြု စေချင်လို့ ဖြစ်ပါတယ်။ အရင်ပို့စ်မှာ ကျွန်တော်သူငယ်ချင်း မိုးပေါက်က စာတမ်းခေါင်းစဉ်တွေကို စာဖတ်သူကို မိတ်ဆက်ပေးပြီး ဖြစ်ပါတယ်။ ကျွန်တော်လေ့လာခဲ့တဲ့ ခေါင်းစဉ်က "Technological analysis of interstation tunnel construction of metropolitan in shallow depth" ဖြစ်ပါတယ်။ ကျွန်တော့် ခေါင်းစဉ်က မီထရိုကွန်ယက် တည်ဆောက်ရာမှာ တစိတ်တပိုင်း တစ်ခု အနေနဲ့ ပါဝင်ပါတယ်။ မီထရိုစနစ် တစ်ခုဖြစ်လာဖို့ အတွက် လိုအပ်တဲ့ အဓိက အစိတ်အပိုင်း နှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။ ပထမတစ်ခုကတော့ မြေအောက်ဘူတာရုံဖြစ်ပြီးတော့ နောက်တစ်ခုကတော့ ကျွန်တော်လေ့လာခဲ့တဲ့ Interstation tunnel ပဲဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ Interstation tunnel ဆိုတာ ဘူတာနှစ်ခုကြားက ရထားဖြတ်သွားရာ လမ်းကြောင်း တစ်လျှောက် ဖောက်လုပ်ထားတဲ့ ဥမင် ဖြစ်ပါတယ်။

ရထားလမ်းကြောင်း ဖြစ်တဲ့ အတွက်ကြောင့် တစ်လမ်းသွား၊ နှစ်လမ်းသွား လိုအပ်သလို ဖောက်လုပ်ကြပါတယ်။ တစ်လမ်းသွား အတွက်လိုအပ်တဲ့ အတိုင်းအတာ သတ်မှတ်ချက်ရှိသလို နှစ်လမ်းသွား အတွက်ကိုလည်း သတ်မှတ်ထားပါတယ်။ လိုအပ်တဲ့ အတိုင်းအတာ ဆိုတာမှာ ဥမင်အတွင်း ရထားသွားလာမှုအတွက် လိုအပ်တဲ့ အတိုင်းအတာ အပြင် အခြား ထည့်သွင်း တပ်ဆင်ရမယ့် အရာတွေ ( အချက်ပြမီးများ၊ ဓာတ်အားလိုင်းများ၊ ) အတွက်ပါ လိုအပ်တဲ့ အတိုင်းအတာဖြစ်ပါတယ်။ ရုရှားသတ်မှတ်ချက် အနေနဲ့ တစ်လမ်းသွားအတွက် "C" နှင့် နှစ်လမ်းသွားအတွက် "2C" ဖြစ်ပါတယ်။

ပုံအကြီးကို ကြည့်ရန် ပုံများကို click လုပ်ပါ။


တစ်လမ်းသွားအတွက် "C"

နှစ်လမ်းသွားအတွက် "2C"

အဲဒီ အတွက်ကို လွတ်လွတ်ကင်းကင်းထားပြီးတော့ ကျန်တဲ့ ဆောက်လုပ်ရေးဆိုင်ရာ အချက်အလက်များကို စဉ်းစားတာက ပထမအဆင့်ပါ။ ဥမင်ဖောက်လုပ်ရာမှာ ဘယ်လိုပုံစံဖောက်မယ်၊ ဘယ်လို material တွေကိုသုံးမယ် စတဲ့ အချက်အလက်တွေကို ဆက်လက်စဉ်းစား ဆုံးဖြတ်ရပါတယ်။ ဥမင်ပုံစံတွေ အနေနဲ့ကတော့ စက်ဝိုင်းပုံစံ၊ ထောင့်မှန်စတုဂံပုံစံ၊ အီလစ်ပုံစံ၊ မြင်းခွာပုံစံ စသည်ဖြင့် အမျိုးမျိုး ဖောက်လုပ်နိုင်ပါတယ်။ အသုံးပြုနိုင်တဲ့ material တွေကလည်း အမျိုးမျိုးရှိပါတယ်။ လူအများသိကြတဲ့ အတိုင်းပဲဖြစ်ပါတယ်။ ကွန်ကရစ်၊ သံကူကွန်ကရစ်၊ cast iron စတာတွေဖြစ်ပါတယ်။ နေရာမှာတင် form work ဆင်ပြီး ကွန်ကရစ် လောင်းတာတွေရှိသလို အသင့်ပြုလုပ်ပြီးသား Lining element တွေကို ဆက်ပြီး lining ဖောက်လုပ်တာတွေလည်း ရှိပါတယ်။ အဲဒါတွေ အားလုံးအတွက် (ဘယ်လိုပုံစံ၊ ဘယ်လို material) ရွေးချယ်ဖို့ရာ အဓိက ကျတဲ့ အချက်ကတော့ ဖောက်လုပ်မယ့် လမ်းကြောင်း တလျှောက်မှာ ရှိတဲ့ geological condition/Underground water level နှင့် ဥမင် တည်ရှိရာ အတိမ်အနက် စတာတွေဖြစ်ပါတယ်။

မြေအပျော့၊ အမာ၊ မြေအောက်ရေ၊ ဥမင်ပေါ်ကို ကျရောက်မယ့် ဖိအား စတာတွေကို တွက်ချက်ပြီး မိမိဖောက်လုပ်မယ့် ဥမင်ကို ဒီဇိုင်းအကြမ်း ပြုလုပ်ရပါတယ်။ မြေကြီးရဲ့ characteristic ကအများကြီး စကားပြောပါတယ်။ ဥမင်ပုံစံ၊ အသုံးပြုမယ့် material ၊ ဖောက်လုပ်မယ့် နည်းလမ်း၊ အသုံးပြုမယ့် စက်ကိရိယာ စတာတွေမှာ အများကြီးပြောင်းလဲသွားပါတယ်။ ဒါကြောင့်မို့ surveying ကို တိတိကျကျလုပ်ရင် အကောင်းဆုံးဖြစ်ပါတယ်။

ကျွန်တော့် စာတမ်းမှာတော့ ရန်ကုန်မြို့နဲ့ အနီးစပ်ဆုံး တူညီနိုင်အောင် စဉ်းစားခဲ့ပါတယ်။ မြေအနေအထားအရ အပျော့စားထဲမှာ ပါဝင်ပြီးတော့ မြေအောက်ရေလည်း ရှိမယ် လို့ ယူဆတွက်ချက်ခဲ့တာ ဖြစ်ပါတယ်။ မြေအောက်ရေ ဆိုတာ ဥမင်ကို ဖျက်ဖို့စောင့်နေသလိုပါပဲ။ နောက်တစ်ခုက တည်ဆောက်ရေးမှာလည်း အခက်အခဲတွေကို ဖြစ်စေပါတယ်။ တည်ဆောက်ပြီး နောက်ပိုင်းမှာလည်း အဲဒီမြေအောက်ရေကို ကောင်းကောင်းထိန်းနိုင်မှသာ ဥမင်သက်တမ်း ကောင်းကောင်းကို ရမှာဖြစ်ပါတယ်။ အဲဒီအတွက်ကိုလည်း ရေကာအလွှာတွေကို ဒီဇိုင်းမှာ ထည့်သွင်းစဉ်းစားရပါတယ်။ (ရှေ့ပို့စ်တစ်ခုမှာ အသေးစိတ် ဆွေးနွေးထားတာတွေ ရှိပါတယ်။) အဲဒီ အချက်တွေ အားလုံးကို စုစည်း စဉ်းစားပြီးတော့ တည်ဆောက်နိုင်တဲ့ varient တွေကို ချရေးပါတယ်။ Varient ပေါင်းများစွာ ထွက်လာတာပါ။ အဲဒီကနေမှ တဆင့် Techonological/ Economical အရ နှိုင်းယှဉ် စဉ်းစားရပါတယ်။ Technological မှာတော့ ဖောက်လုပ်ရာမှာ လွယ်ကူလျင်မြန်မှု၊ အသုံးပြုတဲ့ material ရဲ့ကောင်းကျိုး၊ ဆိုးကျိုး၊ အသုံးပြုရန်လိုအပ်တဲ့ စက်ကိရိယာ၊ နည်းပညာလိုအပ်ချက် စတာတွေကို စဉ်းစားပါတယ်။ Economical အရ နှိုင်းယှဉ်ရာမှာ ဥမင် တစ်မီတာ ဖောက်တိုင်းကုန်ကျမယ့် စရိတ်ကို တွက်ချက်ပါတယ်။ အသုံးပြုရတဲ့ material ၊ စက်ကိရိယာ၊ ယာဉ်၊ လုပ်သား စတဲ့ အခြေခံ အချက်အလက်များကို အဓိကထား တွက်ချက်ပါတယ်။

နောက်ဆုံးထွက်လာတဲ့ အဖြေတွေအရ အကောင်းဆုံး Varient ကို ဒီဇိုင်းအတွက် အတည်ယူပြီး ဖောက်လုပ်ရေးအတွက် ဆက်လက်စဉ်းစားတာ ဖြစ်ပါတယ်။ ကျွန်တော့် ဒီဇိုင်းကတော့ စက်ဝိုင်းပုံစံ ဖြစ်ပါတယ်။ စက်ဝိုင်းအတွင်း အချင်းက ၅၁၀၀ မီလီမီတာ ဖြစ်ပြီးတော့ Lining အထူက ၂၀၀ မီလီမီတာပါ။ အသုံးပြုထားတဲ့ material ကတော့ သံကူကွန်ကရစ်ကို အတွင်းကနေပြီးတော့ cast iron အထူ ၆ မီလီမီတာ အပြားကို ရေတားအလွှာ အနေနဲ့ ထည့်သွင်းပြုလုပ်ထားတဲ့ lining element တွေကို အသုံးပြုမှာဖြစ်ပါတယ်။

ပုံအကြီးကို ကြည့်ရန် ပုံများကို click လုပ်ပါ။



Selected design



Normal element and his reinforcement

Element အနေနဲ့ကတော့ လေးမျိုးပါဝင်ပါတယ်။ normal၊base၊ key နှင့် half element တွေ ဖြစ်ပါတယ်။ စာဖတ်သူ မြင်အောင် ပြောရမယ် ဆိုရင်တော့ စက်ဝိုင်းပုံ tube တစ်ခုကို အပိုင်းတွေခွဲပြီး အပြင်မှာ ပြုလုပ်ထားပြီးတော့ ဖောက်လုပ်တဲ့နေရာ မှာ ပြန်တပ်ဆင်တာ ဖြစ်ပါတယ်။ အဆက်တွေကလည်း မျိုးစုံရှိပါတယ်။ ၀က်အူ၊ သပ်၊ တေ့ဆက် စသည်ဖြင့် element ကြားမှာရော၊ အဖြတ်တစ်ခုချင်း (ring) ကြားမှာပါထားရှိရပါတယ်။ အဖြတ်တစ်ခုချင်းစီရဲ့ အလျားကိုတော့ တစ်မီတာ ထားပါတယ်။ တစ်မီတာပေါင်းများစွာ ဆက်လိုက်ရင်တော့ ကျွန်တော်တို့လိုအပ်တဲ့ ဥမင်ဖြစ်လာပါပြီ။ အခုဆွေးနွေးခဲ့တာက lining and material အပိုင်းပါ။

အခုဆက်ဆွေးနွေးမှာက အဲဒီ Lining တပ်ဆင်ဖို့အတွက် အရင်ဆုံး မြေကြီးတွေကို တူးထုတ်ရပါမယ်။ ဘယ်လိုတူးထုတ်မလဲ ဆက်စဉ်းစား ကြည့်ရအောင်။ နည်းလမ်းအနေနဲ့ open type နှင့် close type ဆိုပြီး နှစ်မျိုးရှိပါတယ်။ open type အနေနှင့် cut and cover method ကို အသုံးပြု ဖောက်လုပ်နိုင်ပါတယ်။ မြေကြီးတွေကို လိုချင်တဲ့ depth အထိတူးထုတ်ပြီးတော့ lining ဆင်ပြီး ပြန်ဖုံးတဲ့ နည်းလမ်းဖြစ်ပါတယ်။ close type မှာတော့ mountainous method (drilling and blasting) ၊ shield method နှင့် pressing method တွေကို အသုံးပြုနိုင်ပါတယ်။

ဒီဇိုင်းလုပ်ထားတဲ့ ဥမင်က မြေအောက် ၁၅ မီတာ အနက်မှာ တည်ရှိပြီး အလျား အနေနှင့် ၂၃၀၀ မီတာ အရှည်ရှိပါတယ်။ နောက်တစ်ခုက လူနေထူထပ်တဲ့ နေရာ ဖြစ်လို့ သာမန်မြို့ပြစနစ်ကို ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် စဉ်းစားရမှာ ဖြစ်ပါတယ်။ အထက်ပါ အချက်များ အပြင် တူးထုတ်ရမယ့် မြေကြီး ပမာဏကိုလည်း လျှော့ချ ချင်တဲ့ အတွက်ကြောင့် close type နှင့် တူးထုတ်ဖို့ အတွက် လျာထားပါတယ်။

မြေကြီးတူးထုတ်ဖို့အတွက်ကို စက်ပစ္စည်းကိရိယာ လိုအပ်လာပါပြီ။ အရင်တုန်းကတော့ manual တူးကြပါတယ်။ pneumatic hammer တွေကိုလည်း သုံးကြပါတယ်။ လူလုပ်အားနဲ့တူးမယ်ဆိုရင်တော့ တစ်ရက်မှာ တစ်မီတာကျဖို့တောင် မလွယ်လှပါဘူး။ မြေအောက်ရေ ရှိနေရင်တော့ စက်ပစ္စည်းမပါပဲ တူးဖို့မလွယ်ပါဘူး။ တောင်တွေမှာ ဥမင်ဖောက်တယ်ဆိုရင်တော့ ကျောက်မာဖြစ်တဲ့ အတွက်ကြောင့် drilling and blasting method ကို အသုံးပြုကြပါတယ်။ အရင်ဆုံး ကိုယ်လိုချင်တဲ့ section အတိုင်း အပေါက်တွေဖောက်မယ်၊ ပြီးရင် dynamite ထည့်ပြီးခွဲ၊ နောက်မြေကြီးသယ်ထုတ်၊ Lining လောင်း အဲလိုလုပ်ကြပါတယ်။ အချိန်ပေးရပါတယ်။

နောက်နည်းလမ်းတစ်ခုက အခုနောက်ပိုင်း အသုံးတွင်ကျယ်လာတဲ့ TBM (tunnel boring machine) တွေကို အသုံးပြုပြီးတူးဖော်တာ ဖြစ်ပါတယ်။ shield တွေကို အသုံးပြုပြီး တူးဖော်မယ်ဆိုရင်တော့ လွယ်ကူလျင်မြန်စေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီ အားသာချက်လေးကို အသုံးချပါမယ်။ shield method မှာလည်း အများကြီး ရှိပါတယ်။ တူးဖော်တဲ့ ပုံစံကတော့ မိမိလိုချင်တဲ့ section အတိုင်း shield ကိုဆင် ထားပါတယ်။ shield တစ်ခုမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့ အများကြီးပါ။ အဓိက အစိတ်အပိုင်းတွေအနေနဲ့ မြေတူးဖော်ရာ အပိုင်း၊ (စက်ပစ္စည်း အနေနဲ့ကြည့်မယ် ဆိုရင် ခေါင်းပေါ့ဗျာ)၊ တူးဖော်ပြီးသား မြေကြီးကို သယ်ထုတ်မှုအပိုင်း နှင့် lining တပ်ဆင်ရာ အပိုင်းတို့ဖြစ်ပါတယ်။

ခေါင်းပိုင်းမှာလည်း အများကြီးရှိပါတယ်။ Cutting edge ကို disc ပုံစံ၊ excavator ပုံစံ အမျိုးမျိုး တပ်ဆင် အသုံးပြု နိုင်ပါတယ်။ မြေကြီး အမျိုးအစားပေါ် မူတည်ပြီးတော့ အသုံးပြုတာတွေ လည်းကွာခြားသွား ပါတယ်။ မြေတူးဖော်ရာ အပိုင်းမှာ တွေ့ရတာ အဓိကထား စဉ်းစားရတာက မြေကြီးကြောင့် ဖြစ်ပေါ်လာတဲ့ ဖိအားနဲ့ မြေအောက်ရေကြောင့် ဖြစ်ပေါ်လာတဲ့ ဖိအားတွေကို တူးထုတ်နေတဲ့ အချိန်မှာ ဘက်မျှနေအောင် ပြုလုပ်ဖို့ အတွက်ဖြစ်ပါတယ်။ Cutting wheel ကနေ တူးထုတ်လိုက်တာနဲ့ အတူ shield ကိုလည်း ရှေ့ကိုရွှေ့စေရပါမယ်။ ထို့အတူပဲ မတူးထုတ်ရသေးတဲ့ မြေကြီးကလည်း နဂိုမူလ အခြေအနေမှာပဲ ရှိနေရပါမယ်။ အဲလိုမှ မဟုတ်ပဲ တူးသမျှ နောက်ကလိုက် ထွက်လာမယ်ဆိုရင် မြေပေါ်တစ်နေရာမှာ အဲဒီ မြေကြီးတွေ အတွက် နိမ့်ဝင်တာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီ့အခါမှာရှိပြီးသား အဆောက်အအုံတွေရဲ့ stability ကိုထိခိုက်စေမှာ ဖြစ်ပါတယ်။

အဲဒါတွေကို ကာကွယ်ဖို့အတွက် pressure ပြန်ထိန်းဖို့ စဉ်းစားရပါတယ်။ အသုံးပြုနိုင်တဲ့ ပုံစံတွေကတော့ bentonite suspension ကို အသုံးပြုထိန်းခြင်း၊ compressed air ကို အသုံးပြုထိန်းခြင်းနှင့် တူးထုတ်ပြီးသား မြေကြီးနဲ့ ပြန်ထိန်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။ mix shield တွေမှာတော့ bentonite suspension နှင့် compressed air နှစ်ခုလုံးကို အသုံးပြုတာကို တွေ့ရပါတယ်။ mix shield ရဲ့ အားသာချက်ကတော့ လိုအပ်တဲ့ pressure ကို material နှစ်ခုလုံးနှင့် မျှဝေ ထမ်းဆောင်တာ ဖြစ်လို့ မြေအနေအထား အမျိုးမျိုးမှာ အသုံးပြုနိုင်ပါတယ်။

မြေကြီးသယ်ထုတ်မှု အပိုင်းမှာလည်း ပြောင်းလဲနိုင်တာတွေ အများကြီးရှိပါတယ်။ conveyor တွေ၊ dumping busket တွေနဲ့ ထုတ်ယူနိုင်သလို တူးပြီးသားတွေကို bentonite suspension နဲ့ ဖျော်ပြီး tube မှတဆင့် pump နဲ့ စုပ်ထုတ်တာတွေလည်း ရှိပါတယ်။ bentonite suspension ဆိုတာကတော့ ရွှံ့တစ်မျိုးပါပဲ၊ ရေထက် density များပါတယ်။ နောက် ကွန်ကရစ်နဲ့လည်း ဓာတ်မပြုပါဘူး။ သဲဆန်တဲ့ မြေမျိုးမှာ ဆိုရင် မြေကြီးကို မာသွားစေပြီး တူးဖော်ရာမှာ လွယ်ကူစေပါတယ်။ သာမန် conveyor တွေ dumping busket တွေနဲ့ သယ်ထုတ်ဖို့ အတွက် ဆိုရင် track တွေ လျှပ်စစ်စက်ခေါင်းတွဲတွေ လိုအပ်ပါတယ်။ အားသာချက်၊ အားနည်းချက် အနေနဲ့ကတော့ နည်းစနစ်တိုင်းမှာရှိပါတယ်။

lining တပ်ဆင်တဲ့ အပိုင်းမှာတော့ lining block တွေကို သူ့နေရာနဲ့သူ တပ်ဆင်ဖို့အတွက် လိုအပ်တဲ့ ကရိန်းတွေ၊ pressure jack တွေပါဝင်ပါတယ်။ ဥမင်ပုံစံကို လိုက်ပြီး အသုံးပြုနိုင်တဲ့ ပုံစံတွေလည်း အမျိုးမျိုးရှိပါတယ်။
ကျွန်တော် စာတမ်းကိုက analysis ဖြစ်တာကြောင့် လိုအပ်ချက်အတွက်ကို အသုံးပြုနိုင်တဲ့ နည်းလမ်း အားလုံးကို ခွဲခြမ်းစိတ်ဖြာလေ့လာရတာပါ။ အသုံးပြုမယ့် shield ကိုလည်း အားသာချက်၊ အားနည်းချက်များနှင့် နှိုင်းယှဉ်သုံးသပ်ခဲ့ပါတယ်။ ကျွန်တော် ရွေးချယ်ခဲ့တဲ့ shield ကတော့ mix shield ဖြစ်ပါတယ်။



Mix shield

မိမိပြုလုပ်ထားတဲ့ ဥမင်ဒီဇိုင်း အတွက် လိုအပ်တဲ့ static calculation ကိုလည်း အခန်းတစ်ခန်း အနေနှင့် ဆက်လက်လေ့လာရပါတယ်။ ဥမင်ပေါ်ကို ကျရောက်နေတဲ့ loading အားလုံး (မြေကြီးအလွှာအားလုံးကြောင့် ဖြစ်ပေါ်လာတဲ့ vertical and horizontal loading၊ မြေအောက်ရေကြောင့် ဖြစ်လာတဲ့ loading နှင့် own weight) ကိုတွက်ချက်ရပါတယ်။ ရရှိလာတဲ့ loading တွေကို finite element method၊ force method စတာတွေနဲ့ structural analysis ဆက်လက်လုပ်ဆောင်ရပါတယ်။ အခုဒီကျောင်းမှာကတော့ ဒီအဆင့် အတွက်ကို program တစ်ခုကို ရေးထားပါတယ်။ လက်နဲ့ချတွက်တာ ထက် အများကြီး သက်သာသလို အချိန်ကုန်လည်း အများကြီး သက်သာစေပါတယ်။

မိမိတွက်ချက်လိုတဲ့ structure ကို AutoCAD မှာ ဆွဲထားပြီး လိုအပ်တဲ့ အချက်အလက်များ ( vertical and horizontal loading၊ cross section shape & area၊ material၊ support type၊ no. of segment၊ group of soil၊ coefficient of bearing capacity of soil စသည်) ကိုထည့်သွင်းတွက်ချက်ရပါတယ်။ အဲဒီ့နောက်မှာတော့ structural analysis လုပ်ဖို့အတွက်ကို result တွေကို ထုတ်ပေးပါတယ်။ Deformation shape၊ bending moment၊ axial force၊ shear force စတာတွေရဲ့ ပုံကြမ်းနဲ့ တန်ဖိုးတွေကို ထုတ်ပေးပါတယ်။ ရရှိလာတဲ့ တန်ဖိုးတွေကို recommend ပေးထားတဲ့ တန်ဖိုးတွေနဲ့ နှိုင်းယှဉ်ပြီး safe ဖြစ်မဖြစ် check ရပါတယ်။

နောက်တစ်ခုကတော့ Reinforced concrete သုံးတဲ့ structure တွေအတွက် cross sectional area တစ်ခုမှာ လိုအပ်တဲ့ အနည်းဆုံး သံချောင်း cross sectional area ကိုလည်း တွက်ချက်ပေးပါတယ်။ အဲဒါကိုကြည့်ပြီးတော့ ထည့်သွင်းရမယ့် သံချောင်း အရေအတွက်နဲ့ diameter ကိုရွေးချယ်နိုင်ပါတယ်။ အကယ်၍ checking လုပ်ရာမှာ recommend ပေးထားတာ ထက်များနေတဲ့ အခြေအနေမျိုးမှာ ဆိုရင် သံချောင်းကိုပိုထည့်ပြီး ဖြစ်စေ၊ lining thickness ကို ပိုကြီးပြီး ဖြစ်စေ၊ material ကို ပိုကောင်းတာကို သုံးပြီးဖြစ်စေ ဖြေရှင်းနိုင်ပါတယ်။ အထက်ပါပြုလုပ်ချက်များကို ပြုလုပ်ပြီးသော်လည်း မပြေလည်တဲ့ အခြေအနေမျိုးမှာ ဆိုရင်တော့ ဥမင် lining ပုံစံကို ပြန်ပြောင်းပြီး ဒီဇိုင်းပြုလုပ်ရမှာဖြစ်ပါတယ်။ Then we had to go back to the drawing board. :)

ပုံအကြီးကို ကြည့်ရန် ပုံများကို click လုပ်ပါ။



Calculation result

အခုဆက်လက်ဆွေးနွေးမှာကတော့ ဒီဇိုင်းပိုင်းပြီးတဲ့အတွက်ကြောင့် အခြားလိုအပ်တဲ့ တည်ဆောက်မှုတွေ အကြောင်းဖြစ်ပါတယ်။ ပထမဆုံး ဆွေးနွေးမှာက construction site ဖြစ်ပါတယ်။ လိုအပ်တဲ့ material တွေကို dumping လုပ်နိုင်ဖို့၊ မြေအောက်ထဲကို ၀င်ရောက်နိုင်ဖို့ အတွက် လိုအပ်တဲ့ trench သို့မဟုတ် bore shaft တူးဖော်နိုင်ဖို့ မြေနေရာတွေ လိုအပ်ပါတယ်။ ထို့အပြင် construction site တစ်ခုမှာ လိုအပ်တဲ့ အခြေခံ အဆောက်အအုံများ (ဂိုထောင်၊ ထရန်ဖော်မာ၊ မီးတိုင်များ၊ admin & medical first aid၊ canteen၊ security) တည်ဆောက်ရန်လည်း လိုအပ်ပါတယ်။ ၀င်လမ်း၊ ထွက်လမ်းများကို ၀င်ပေါက်၊ ထွက်ပေါက်များနှင့် တကွ နေရာချ ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ mix shield ကို အသုံးပြုတာ ဖြစ်တဲ့အတွက် စုပ်ထုတ်ထားတဲ့ bentonite solution မှာပါဝင်တဲ့ မြေကြီးတွေကို ဖယ်ထုတ်ပြီး purification လုပ်ရန် လိုအပ်တဲ့ စက်ကိရိယာများ၊ filter များ၊ conveyor များကိုလည်း တည်ဆောက်ထားရမှာဖြစ်ပါတယ်။ close type ဖြစ်တဲ့ အတွက်ကြောင့် လိုအပ်တဲ့ အနက်ရောက်အောင် ပထမဦးဆုံး trench သို့မဟုတ် bore shaft တစ်ခုကို အရင်တည်ဆောက်ရပါတယ်။ အဲဒီကနေမှ တဆင့် အသုံးပြုမယ့် shield ကို ထည့်သွင်းတပ်ဆင်ပြီး တူးဖော်ရမှာ ဖြစ်ပါတယ်။

Trench အကျယ်နှင့် bore shaft ရဲ့diameter တွေကတော့ သက်ဆိုင်ရာ ဖောက်လုပ်မယ့် ဥမင်အလိုက် လိုအပ်တဲ့ အတိုင်းအတာ တစ်ခုကို ဖောက်လုပ်ရမှာ ဖြစ်ပါတယ်။ working space တစ်ခုရအောင် မြေအောက်မှာ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဆိုပါတည်ဆောက်မှုတွင်လည်း drainage system ကိုထည့်သွင်း စဉ်းစားရမှာပါ။ အပေါ်ပိုင်းအပွင့်ပိုင်းမှ မိုးရာသီ မိုးကျတဲ့ အခါဝင်လာတဲ့ရေတွေ သာမက ထွက်လာနိုင်တဲ့ မြေအောက်ရေ အတွက်ပါ ကြိုတင် ပြင်ဆင်ထားဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီ trench သို့မဟုတ် bore shaft ကနေ shield ကိုထည့်သွင်းတပ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒါတွေ အပြင် ဥမင်ဖောက်လုပ်ရာမျာ safety ဖြစ်စေဖို့အတွက်ကိုလည်း စဉ်းစားရပါတယ်။ မြေအောက်မှာ အလုပ်လုပ်ရတာ ဖြစ်တဲ့ အတွက်ကြောင့် Ventilation system တွေကိုလည်း ထည့်သွင်း တပ်ဆင်ရမှာဖြစ်ပါတယ်။ drilling and blasting ဆိုရင်တော့ dangerous gas တွေထွက်လာနိုင်တဲ့ အတွက် ပိုမိုတပ်ဆင်ဖို့ လိုအပ်ပါတယ်။

ပုံအကြီးကို ကြည့်ရန် ပုံများကို click လုပ်ပါ။



Bore shaft

shield method ကို အသုံးပြု ဖောက်လုပ်တာ ဖြစ်တဲ့ အတွက်ကြောင့် ထို shield အတွက် လိုအပ်တဲ့ complex ကိုလည်း ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ complex တစ်ခုလုံးအတွက် trolley cart ၄ခုလိုအပ်ပါတယ်။ ပထမ trolley cart မှာ မြေကြီးပျော်ဝင်နေတဲ့ bentonite solution တွေကို စုပ်ထုတ်ဖို့ pump ကိုတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ဒုတိယ မှာတော့ lining block crane၊ ဆီပုံး၊ ထရန်စဖော်မာ၊ compressed air reciever စတာတွေကို တပ်ဆင်ထားရန် လိုအပ်ပါတယ်။ တတိယ cart မှာ ပိုက်အပိုများဖြင့် feeding line နှင့် transporting line တွေကို လိုအပ်တဲ့ အရှည်ရအောင် တိုးဆက်ပေးပါတယ်။ shield ကရှေ့ကိုတိုးသွားတိုင်း အဲဒီ့ပိုက်လိုင်းတွေကလည်း လိုက်ရှည်လာဖို့လိုပါတယ်။

နောက်ဆုံး trolley မှာတော့ lining နှင့် မြေသားကြားမှာရှိတဲ့ အလွတ်အလပ်ဖြစ်နေတဲ့ နေရာတွေကို concrete မှုတ်ထည့်ရန် အတွက် လိုအပ်တဲ့ စက်ကိရိယာများကို တပ်ဆင်ထားပါတယ်။ concrete injection ကို နှစ်ဆင့်ပြုလုပ်ရတာ ဖြစ်ပြီး ပထမအဆင့်မှာ ဘိလပ်မြေနှင့်သဲ အရောကို မှုတ်ထည့်ပါတယ်။ ဒုတိယ အဆင့်ကတော့ ဘိလပ်မြေသပ်သပ်ကို သာ အသုံးပြုရပါတယ်။ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြင့် lining နှင့် မြေသားကို တစ်သားတည်း ဖြစ်စေပြီး ဥမင်ရဲ့ခံနိုင်အားကို တက်စေပါတယ်။ ဒါ့အပြင် မြေအောက်ရေ ကိုလည်းကာကွယ်ပေးပြီး lining ရှိ သံများ သံချေးတက်မှုမှလည်း ကာကွယ်ပေးပါတယ်။
shield တစ်ခုအလုပ်လုပ်ပုံကို ကျွန်တော်ပြန်ရေးပြပါမယ်။ tunneling process ပေါ့။ ပထမ cutting wheel က တူးထုတ်ပါမယ်။ ထွက်လာတဲ့ မြေကြီး အနှစ်တွေကို transporting line ကနေပြီးတော့ မြေမျက်နှာပြင်ပေါ်ကို စုပ်ထုတ်နေသလို feeding line ကလည်း excavation chamber ကို bentonite suspension တွေကို ပို့လွှတ်ပေးနေပါတယ်။ အဲဒီလို တူးထုတ်နေတဲ့ အချိန်မှာပဲ shield ကရှေ့ကိုတိုးသွားပါတယ်။ နောက်က လွတ်ကျန်ခဲ့တဲ့နေရာမှာ lining ကို lining block crane အကူအညီနဲ့တပ်ဆင်ပါတယ်။ ထို့နောက် လိုအပ်တဲ့ လမ်းကြောင်း(lining block တွေကိုပို့ဖို့ အတွက်လိုအပ်တဲ့ ရထားလမ်းသေး) နဲ့ ပိုက်လိုင်းများကို တိုးဆက်ပါတယ်။ အဲဒီနောက်မှာ lining တွေကို မြေသားနှင့် တစ်ထပ်ထည်း ဖြစ်အောင် ကွန်ကရစ်ကို မှုတ်ထည့်ပါတယ်။ အဲဒါအားလုံးက 1 cycle ပါ။

အဲဒါကို တစ်ရက် ၂၄ နာရီမှာ ဘယ်လို လုပ်မယ်၊ အဆိုင်း ဘယ်နှစ်ဆိုင်း ခွဲလုပ်မယ် စတာတွေကတော့ Management နှင့် ပတ်သက်သွားပါပြီ။ Construction Management ဖြစ်တာကြောင့်မို့ Civil engineer တွေအတွက် အစိမ်းသက်သက်တော့ မဟုတ်ပါဘူး။ စာတမ်းမှာတော့ အဲဒီ့အတွက် လိုအပ်တဲ့ bar chart ကိုရေးဆွဲတင်ပြထားပါတယ်။ အဆိုင်း ၄ ဆိုင်း ၊ တစ်ဆိုင်းကို ၆ နာရီနှင့် တစ်ရက်ကို ၂၄ နာရီ အလုပ်လုပ်ခိုင်းထားပါတယ်း အလုပ်သမားလိုအပ်ချက် အနေနဲ့ ၁၄ ယောက်ဖြစ်ပါတယ်။ ဒါကတူးဖော်နေတဲ့ အစိတ်အပိုင်းအတွက်ပဲဖြစ်ပါတယ်။

ပုံအကြီးကို ကြည့်ရန် ပုံများကို click လုပ်ပါ။



Bar chart diagram

Bar chart ကို working day တစ်ရက်စာ အတွက်ကိုပဲ ရေးဆွဲထားတာ ဖြစ်ပြီး သာမန် အများပြည်သူရုံးပိတ်ရက်တွေ အတွက်ကိုတော့ နှစ်ရှည် အလိုက်ဆွဲရတဲ့ ပြက္ခဒိန် ဂရက်ဖ် မှာ ထည့်သွင်းတွက်ချက်ထားပါတယ်။ အဲဒီ့ graph မှာထည့်သွင်းရေးဆွဲထားတဲ့ အချက်တွေကတော့ ကြိုတင်ပြင်ဆင်မှုအပိုင်း၊ construction site တည်ဆောက်မှုအပိုင်း၊ bore shaft တည်ဆောက်မှုအပိုင်း၊ shield complex တပ်ဆင်မှုအပိုင်း၊ တူးဖော်မှုနှင့် lining တပ်ဆင်မှုအပိုင်း၊ ရထားလမ်းပိုင်းတည်ဆောက်မှုအပိုင်း၊ shield ပြန်လည်ဖြုတ်မှုအပိုင်း၊ စက်ကိရိယာများ ပြန်လည် သိမ်းဆည်းမှု အပိုင်းနှင့် အပြီးသတ်လုပ်ဆောင်မှု အပိုင်းဆိုပြီး အပိုင်းတွေခွဲပြီး ရေးဆွဲထားပါတယ်။ တစ်ပြိုင်တည်း ပြုလုပ်ရတဲ့ အလုပ်တွေရှိသလို တစ်ခုပြီး မှတစ်ခု လုပ်ဆောင်ရတဲ့ အလုပ်တွေလည်း ရှိပါတယ်။ အလုပ်သမား အင်အားအနေနှင့် အများဆုံး ၃၄ယောက် နှင့် အနည်းဆုံး ၆ ယောက် အသုံးပြုထားပါတယ်။ ဥမင်တစ်ခုလုံး တည်ဆောက်ရန် ကြာချိန်ကို ၂ နှစ် သတ်မှတ်ရေးဆွဲထားပါတယ်။

အခုလောက်ဆိုရင် စာဖတ်သူအနေနဲ့ ဥမင်လမ်းကြောင်းတစ်ခု ဖောက်လုပ်ရတဲ့ process တစ်ခုကို သိလောက်ပါပြီ။ ကျွန်တော်လုပ်ခဲ့တဲ့ စာတမ်းနဲ့ ပတ်သက်ပြီး ခြုံငုံဆွေးနွေးခွင့်ပေးတဲ့ Mymetro နှင့်တကွ အစစအရာရာ ကူညီခဲ့ကြတဲ့ အတန်းတူတက် သူငယ်ချင်း ၁၄ ယောက်တို့ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ထို့အတူပဲ ကျွန်တော်ရေးထားတာတွေကို စိတ်ဝင်တစားဖတ်ရှုပေးကြတဲ့ စာဖတ်သူအပေါင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ မကြာခင်မှာ ကျွန်တော်တို့ အဖွဲ့သားတွေ အမိမြန်မာနိုင်ငံကို ပြန်ရတော့မှာ ဖြစ်တဲ့ အတွက် အခုကတည်းက နှုတ်ဆက်စကားဆိုထားတာ ဖြစ်ပါတယ်။ အားလုံးပဲ ရွှင်လန်း ချမ်းမြေ့ကြပါစေ။ ကျွန်တော်ရေးထားတာနဲ့ ပတ်သက်ပြီး ဆွေးနွေး အကြံပေးချက်များကို ကျွန်တော် မပြန်ခင် အချိန်အတွင်း ပြန်လည်ဆွေးနွေးသွားပါမယ်။


Construction Management for tunnelling

စာရေးသူ © zyh |



က

မ္ဘာ့မြို့ကြီးတွေမှာ တိုးတက်လာတဲ့ လူဦးရေနှင့်အညီ သယ်ယူပို့ဆောင်ရေး ပြဿနာဟာ ခေတ်မီ မြို့ပြတည်ဆောက်ရေး လုပ်ငန်းများအတွက် အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်လာပါတယ်။ အဲဒီလို သယ်ယူပို့ဆောင်ရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အတွက် transportation system တွေကို စဉ်းစား တည်ဆောက်လာကြပါတယ်။ အဲဒီလို တည်ဆောက်ရာမှာ နည်းပညာဆိုင်ရာ အချက်အလက်များ လိုအပ်သလို မိမိတို့ လုပ်နိုင်စွမ်းရှိတဲ့ ငွေကြေးပမာဏအရ လည်း စဉ်းစားသုံးသပ်လေ့ ရှိကြပါတယ်။

လျင်မြန်မှု၊ သက်သောင့်သက်သာရှိမှု၊ လုံခြုံစိတ်ချရမှု စတဲ့ အချက်တွေဟာ transportation system တစ်ခုရဲ့ အသက်ဖြစ်သလို၊ အဲဒီအချက်တွေနှင့် ကိုက်ညီမှု ရှိအောင် ဖောက်လုပ်ရမယ့် လမ်း၊ အသုံးပြုရမယ့် ယာဉ်၊ အသုံးပြုရမယ့် စွမ်းအင်၊ ပြန်လည် ရရှိလာမယ့် အကျိုးအမြတ် စတာတွေကိုလည်း ကြိုတင် စဉ်းစားဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ တကယ်တမ်း ဖောက်လုပ်တော့မယ် ဆိုတာနဲ့ ပရမ်းပတာ လုပ်လို့မရပါဘူး။ plan တွေချ၊ schedule တွေဆွဲ၊ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို တခါတည်း ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အဲဒီလို Management လုပ်တာက ဘယ်လုပ်ငန်းမှာမဆို ရှိပါတယ်။ အခု ဒီပို့စ်မှာတော့ Construction Management တစ်ခုကို မြင်သာအောင် ဥမင်တစ်ခု ဖောက်လုပ်ရာမှာ လိုအပ်မယ့် အချက်လေးတွေကို theoretical နဲ့ နှိုင်းယှဉ် တင်ပြသွားမှာ ဖြစ်ပါတယ်။

Construction တစ်ခုကို schedule ဆွဲရာမှာ အဓိက ကတော့ အချိန် နှင့် အလုပ် (တစ်နည်း ပြောရရင် စက်တွေရဲ့ စွမ်းဆောင်နိုင်မှု၊ အလုပ်သမား တွေရဲ့ လုပ်အား) ကို optimum လုပ်ပေးတာပဲ ဖြစ်ပါတယ်။ အချိန်ကို လိုက်ပြီးတော့ အလုပ်တစ်ခုကို ပြီးစီးအောင်လုပ်ဖို့် ရည်ရွယ်ရေးဆွဲကြတာ ဖြစ်ပါတယ်။ အချိန်ကာလ အပိုင်းအခြားတစ်ခု အတွင်းမှာ လုပ်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်တစ်ခု (သို့) အများအတွက် လိုအပ်မယ့် လူအင်အား၊ စက်အင်အား ကို အကောင်းဆုံး အနေအထား ဖြစ်အောင် စဉ်းစားတာဖြစ်ပါတယ်။ Construction step တွေကလည်း တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေပါတယ်။ ဥပမာ အနေနဲ့ ကြိုတင်တိုင်းတာမှု (preliminary survey) တွေ ဆောင်ရွက်ပြီးမှသာ အခြား လုပ်ငန်းစဉ်များကို လုပ်ဆောင်လို့ ရပါမယ်။ ဘယ်လုပ်ငန်းစဉ် ပြီးရင် ဘယ်လုပ်ငန်းစဉ် လုပ်လို့ရတယ်။ ဘယ်လုပ်ငန်းစဉ်နဲ့ ဘယ်လုပ်ငန်းစဉ် အတူတကွ လုပ်ဆောင်လို့ ရတယ် ဆိုတာကတော့ Construction project အလိုက် ပြောင်းလဲနေမှာပါ။

အဲဒီလို ကန့်သတ်ချက်တွေ ပေါ်မှာ မူတည်ပြီးတော့ Management လုပ်ဆောင်ဖို့ အတွက်ကို Theory တွေထုတ်လာ ပါတယ်။ ပထမဆုံးအနေနဲ့ Gantt chart လိုရိုးရှင်းလွယ်ကူတဲ့ Bar chart method ကို အသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ PERT ( Program Evaluation and Review Technique ) method နဲ့ တစ်ချိန်တည်းလိုပဲ Critical path method တွေပေါ်လာပါတယ်။ သဘော သဘာဝချင်းကတော့ ခပ်ဆင်ဆင်ပါ။ PERT method မှာ uncertainty တွေ အတွက်ကို အကောင်းဆုံး အနေအထား၊ အဆိုးဆုံး အနေအထားနှင့် သာမန်အနေအထား ဆိုပြီးတော့ ဖြစ်နိုင်ချေ အချိန် (၃) မျိုးကို ထည့်သွင်း စဉ်းစားသွားတာ ဖြစ်ပါတယ်။ နောက်ထပ် ကွာခြားတာလေးတွေ ရှိပါတယ်။ အဲဒီ အကြောင်းအရာတွေ ကိုတော့ နောက်ပိုင်းမှာ ဆက်လက် ဖော်ပြသွားပါမယ်။

အခု ကျွန်တော်တို့ ဥမင် project တစ်ခုကို schedule ဆွဲပြီး Management လုပ်ကြည့် ပါမယ်။ အရမ်း ရှုပ်ထွေးသွားမှာစိုးတဲ့ အတွက်ကြောင့် ကျွန်တော်တို့ project သေးသေး တစ်ခုလောက် ကိုပဲ ရေးဆွဲပါမယ်။ Metropolitan network တစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ Metro Station နှစ်ခုကို ဆက်သွယ်ထားတဲ့ ဥမင် ဖောက်လုပ်မှု ( Construction of interstation tunnel ) အတွက်ကို ရေးဆွဲပါမယ်။ ပထမဆုံး စဉ်းစားရမယ့် အချက်ကတော့ ဖောက်လုပ်ရာမှာ လိုအပ်မယ့် လုပ်ငန်းစဉ် (project activities , PERT မှာ ဆိုရင်တော့ event လို့ သုံးပါတယ်) တွေကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ကြိုတင်သတ်မှတ်ထားတဲ့ ရည်ရွယ်ချက် (pre-defined objective) တွေကို ပြည့်မှီဖို့အတွက် အရင်းအမြစ်တွေကို အကောင်းဆုံး အနေအထား အသုံးပြုနိုင်အောင် ရေးဆွဲရမှာ ဖြစ်ပါတယ်။
CPM အနေနဲ့ ကြည့်မယ်ဆိုရင်တော့ work breakdown structure တည်ဆောက်တယ်လို့ ခေါ်ပါတယ်။

လုပ်ငန်းကြီးတစ်ခုကို လုပ်ငန်းငယ်လေးတွေ ခွဲချလိုက်တာပါ။ ပုံကို ကြည့်ရင် ရှင်းသွားမှာပါ။ ကျွန်တော်တို့ တည်ဆောက်ချင်တဲ့ Construction of interstation tunnel က WBS မှာ ပထမအဆင့်ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပါဝင်တဲ့ လုပ်ငန်းစဉ်တွေကို အဆင့်လိုက် ခွဲချထားတာဖြစ်ပါတယ်။ အဆင့် တစ်ခုချင်းဆီမှာ သက်ဆိုင်ရာ လုပ်ငန်းစဉ်များ ပါဝင်ပါသေးတယ်။ အဆင့်(၂)၊ အဆင့်(၃)၊ အဆင့်(၄) အစရှိသဖြင့် ခွဲခြားနိုင်ပြီး တစ်ခုချင်းဆီ ကိုလည်း သက်ဆိုင်ရာ schedule ဆွဲပြီး လုပ်ဆောင်နိုင်ပါတယ်။ Contract စနစ်နဲ့ ပေါင်းစပ် တည်ဆောက်တဲ့ လုပ်ငန်းတွေမှာ ဆိုရင်တော့ အဆင့် တစ်ခုချင်းဆီကို သက်ဆိုင်ရာ Sub contractor တွေကို တာဝန်ယူ တည်ဆောက်စေ နိုင်ပါတယ်။ ယခု project မှာ ဘယ်အဆင့် တွေပါတယ် ဆိုတာ အောက်မှာ ဖော်ပြထားတဲ့ ပုံလေးကို ကြည့်ပြီးတော့ သိနိုင်ပါတယ်။ ပုံအကြီးကို ကြည့်ရန် ပုံများကို click လုပ်ပါ။



ပထမ အဆင့် အနေနဲ့ လုပ်ငန်းစဉ်တွေကို အစီအစဉ် ချပြီးတဲ့နောက် မှာတော့ သက်ဆိုင်ရာ method ကိုလိုက်ပြီးတော့ ကျွန်တော်တို့ schedule ဆွဲတဲ့ အလုပ်ကို စတင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အခု အရှင်းလင်းဆုံး Bar chart နဲ့ စတင် ဆွဲကြည့်ပါမယ်။ လုပ်ငန်းစဉ်တွေမှာ တစ်ခုပြီးမှ တစ်ခုလုပ်ဆောင်နိုင်မယ့် လုပ်ငန်းတွေ ရှိသလို အပြိုင် လုပ်ဆောင်နိုင်တဲ့ အလုပ်တွေလည်းရှိပါတယ်။ အချိန် delay တစ်ခုကို စောင့်ဆိုင်းပြီးမှ လုပ်ရမယ့် လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်။ ဥပမာ အနေနဲ့ ဥမင် lining ကို concrete လောင်းပြီးတဲ့ နောက်မှာ 7-day compression strength 75% ရတဲ့ အချိန်ထိကို စောင့်ဆိုင်းပြီးမှ သာလျှင် lining နှင့် မြေသားနံရံ ကြားကို cement injection လုပ်ရပါတယ်။ concrete လောင်းပြီး ၇ ရက်အကြာမှာ အလုပ်ကို နှစ်ခုကို တစ်ပြိုင်တည်း လုပ်ဆောင်လို့ရပြီဖြစ်ပါတယ်။ အဲဒီလို အချက်တွေ ပေါ်မှာ မူတည် ပြီးတော့ လုပ်ငန်းစဉ်တွေကို အစီအစဉ် ချရမှာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ်တွေကို နေရာ ချပြီးသွားတဲ့ နောက်မှာ အလုပ်တွေအလိုက် အသုံးပြုရမယ့် အရင်းအမြစ် (လုပ်သား၊ စက်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ငွေကြေး၊ အချိန်) စတာတွေကို ဆက်လက် ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ လုပ်သားအနေနှင့် စဉ်းစားမယ်ဆိုရင် project အစအဆုံး လိုအပ်မယ့် Project engineer ၊ Site engineer ၊ Safety supervisor ၊ တွေအပြင် အချိန်ပိုင်းအနေနဲ့ လိုအင်မယ့် ကျွမ်းကျင်လုပ်သားများ၊ အကူများ စတာတွေကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ အချိန်ပိုင်း လိုအပ်တဲ့ အလုပ်သမားတွေကို အတိုးအလျှော့ လုပ်ခြင်းဖြင့် လိုအပ်တဲ့ optimum ကိုရောက်အောင် ဆောင်ရွက်ရပါတယ်။ ဥမင် ဖောက်လုပ်တာ ဖြစ်တဲ့ အတွက် မြေအောက်မှာ အလုပ်လုပ်ရတာနဲ့ မြေပေါ်မှာ အလုပ်လုပ် ရတာဟာ မတူပါဘူး။ အလုပ်သမား တစ်ယောက်ကို မြေအောက်မှာ တစ်ဆက်တည်း (၆) နာရီထက်ပိုပြီး မခိုင်းသင့်ပါဘူး။ အဲဒါကြောင့် schedule ဆွဲတဲ့အခါမှာ အလုပ်ဆိုင်း တစ်ဆိုင်းအတွက် (၆) နာရီကြာ ရေးဆွဲပါတယ်။

လုပ်ငန်းတစ်ခုချင်း အတွက် လိုအပ်မယ့် အလုပ်သမားနဲ့ စက်ပစ္စည်း အရေအတွက် ကိုတော့ theoretical မှာ ပြထားတာနှင့် လက်တွေ့မှာ အမှန်တကယ် available ဖြစ်တဲ့ပေါ်မှာ မူတည်ပြီးတော့ အသုံးပြုတာ ဖြစ်ပါတယ်။ ပုံမှာ ပြထားတာကတော့ ခု Project ရဲ့ Bar chart ဖြစ်ပါတယ်။ Bar chart ကို အသုံးပြုပြီး schedule ဆွဲခြင်းရဲ့ကောင်းကျိုး ကတော့ အလုပ်သမား အတိုးအလျှော့ လုပ်ရန် အတွက် detail ကျတဲ့ အချိန် အတိုင်းအတာ တွေကို မြင်တွေ့ အသုံးပြု နိုင်ခြင်းပဲ ဖြစ်ပါတယ်။ အလုပ်သမား တိုးခြင်းဖြင့် construction period ကို လျှော့ချနိုင်ပါတယ်။ လုပ်အားကို အားဖြည့်ပြီး အချိန်ကို လျှော့တဲ့ အတွက်ကြောင့် ကုန်ကျစရိတ် တက်လာမှာ ဖြစ်ပါတယ်။ part time labour တွေတိုးရင် ကုန်မယ့် ကုန်ကျစရိတ်ကို လက်ရှိအတိုင်း အချိန်ကြာအောင် စောင့်ဆိုင်း လုပ်ကိုင်ရင် ကုန်ကျမယ့် permanent labour တွေ အတွက် ထပ်ဆောင်းပေးရမယ့် ကုန်ကျစရိတ်နဲ့ နှိုင်းယှဉ် သုံးသပ်ပြီး လိုအပ်သလို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ပုံအကြီးကို ကြည့်ရန် ပုံများကို click လုပ်ပါ။



ဆက်လက်ပြီး CPM method နဲ့ ကျွန်တော်တို့ ချဉ်းကပ်ကြည့်ပါမယ်။ CPM နဲ့ ပတ်သတ်လို့ theory နဲနဲလောက်ရေးချင်ပါတယ်။ အလုပ်တွေကို activities တွေနဲ့ ကိုယ်စားပြုပါတယ်။ အလုပ်တိုင်းအတွက် Duration ကို activity arrow ပေါ်မှာ ပြလေ့ရှိပါတယ်။ အလုပ် အစ (သို့) အဆုံးကို node တွေနဲ့ ကိုယ်စားပြုပါတယ်။ node တစ်ခုမှာ activity တစ်ခုရဲ့ early start time၊ early finish time၊ late start time၊ late finish time စတာတွေပါဝင်ပါတယ်။ ပုံအကြီးကို ကြည့်ရန် ပုံများကို click လုပ်ပါ။


အဲဒါတွေက အလုပ်တစ်ခုရဲ့ အစောဆုံး စနိုင်တာနဲ့ နောက်အကျဆုံး ပြီးနိုင်တဲ့ အချိန်တွေကို ပြပါတယ်။ အဲဒီအချိန်တွေကို သိဖို့လိုအပ်တဲ့ အကြောင်းရင်းကတော့ အလုပ်တွေရဲ့ dependencies တွေကြောင့် ဖြစ်ပါတယ်။ အလုပ်တွေရဲ့ dependencies တွေကြောင့် CPM network မှာ dummy activities တွေလည်း ဖြစ်လာတတ်ပါတယ်။ Dummy activity မှာ Duration မရှိပါဘူး။ နောက်လုပ်ဆောင် ရမယ့် အလုပ်အတွက် အဲဒီ့အလုပ်ကပြီးပြီးသား ဖြစ်နေဖို့ လိုအပ်တာကြောင့် အဲဒီလို ချိတ်ဆက် ရေးဆွဲရတာ ဖြစ်ပါတယ်။

အလုပ်တွေရဲ့ dependencies တွေပေါ်မှာ မူတည်ပြီးတော့ စောလုပ်လို့ ရသလို နောက်ကျမှလည်း လုပ်လို့ရပါတယ်။ Limit တစ်ခုတော့ရှိပါတယ်။ အဲဒီ limit ကို float လိုခေါ်ပါတယ်။ float = LF-EF (or) LS-ES ဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ labour ကိုလိုအပ်သလို ပြောင်းရွှေ့ခိုင်းစေနိုင်ပါတယ်။ စတင် လုပ်ဆောင်မယ့် အချိန်ကို ဆုံးဖြတ် နိုင်ပါတယ်။ အဲဒီအချိန်က activities တွေကြားမှာ ဖြစ်လာတဲ့ အချိန်ပိုလေး တစ်ခုပါ။ စိတ်ကြိုက် ကစားလို့ရပါတယ်။ အဲဒီစကားလုံး ကနေပဲ float ရိုက်တယ်ဆိုတာ ဖြစ်လာတာလား တော့မသိပါဘူး။း) ပုံအကြီးကို ကြည့်ရန် ပုံများကို click လုပ်ပါ။



ပုံမှာပြထားသလို CPM အတွက် အလုပ်အားလုံးကို အစီအစဉ် ချပြီးတော့ Network တစ်ခုကို ရေးဆွဲဖို့ လိုအပ်ပါတယ်။ Duration တွေကို အားလုံး ထည့်သွင်းရေးဆွဲပြီး အချိန်တွေကို တွက်ချက်ရပါတယ်။ တွက်ချက်လို့ရတဲ့ အချိန်တွေကို လိုက်ပြီးတော့ ကိုယ်လုပ်နိုင်တဲ့ လမ်းကြောင်းကို ရွေးချယ်ရပါတယ်။ Network ထဲမှာ အသုံးပြုနိုင်တဲ့ လမ်းကြောင်းတွေ အများကြီး ရှိနိုင်ပါတယ်။ Critical path ဆိုတဲ့ လမ်းကြောင်းကတော့ အားလုံးထဲမှာ Duration အရှည်ဆုံး ဖြစ်ပါတယ်။ အဲဒီ့လမ်းကြောင်းပေါ်မှာ float မရှိပါဘူး။ အဲဒီအတွက် ပြောင်းလဲဖို့ရာ မဖြစ်နိုင်ပါဘူး။ အဲဒီ Critical Path ကို အကောင်းဆုံး ဖြစ်အောင် လျာထားချက်နဲ့ အညီ အချိန်မှီ ပြီးစီးအောင် လုပ်ဆောင်နိုင်ရန် ကြိုးစားရမှာ ဖြစ်ပါတယ်။

အကယ်၍ အချိန်တိုအတွင်း ပြီးစီးရန် လိုအပ်တဲ့ အချိန်မျိုးမှာ Construction period ကို လျှော့ချနိုင်ပါတယ်။ လူအင်အား၊ စက်စ္စည်း အင်အားကို တိုး အသုံးပြုပြီးတော့ အချိန်ကို လျှော့ချလို့ရပါတယ်။ နေ့ဆိုင်း၊ ညဆိုင်း ခွဲပြီး အချိန်ကိုလည်း တိုးအသုံးပြုလို့လည်း ရပါတယ်။ အဲဒီလို Construciont period လျှော့ချတာကို Crushing လို ခေါ်ဝေါ် သုံးစွဲပါတယ်။ Crushing လုပ်ခြင်းဖြင့် အချိန်ကို လျှော့ချနိုင်ပေမယ့် ကုန်ကျစရိတ်ကို တက်စေမှာ ဖြစ်ပါတယ်။

ယခု ဥမင် ဆောက်လုပ်ရေးမှာ Duration ယူထားတာကတော့ တည်ဆောက်ရေး လုပ်ငန်းအလိုက် လုပ်ဆောင်ရမယ့် လုပ်ငန်းပမာဏအရ လုပ်သား အင်အား၊ စက်ပစ္စည်းများရဲ့ စွမ်းဆောင်နိုင်မှု တွေ အပြင် ဖြစ်လာနိုင်တဲ့ မသေချာမှု (lack of labour & materials, machine maintenance) တွေ အတွက်ကိုပါ ထည့်သွင်း စဉ်းစားပြီး ယူထားတာ ဖြစ်ပါတယ်။

Project Management Triangle ဖြစ်တဲ့ Time၊ Cost၊ Scope စတဲ့ အချက် (၃) ချက်ကို ချိန်ခွင်ညီအောင် အကောင်းဆုံး ညှိုနှိုင်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အဲဒီအချက် (၃) ချက်ကို စဉ်းစား လုပ်ဆောင်မှသာ သင့်လျော် ကောင်းမွန်တဲ့ Project Management တစ်ခုအဖြစ် သတ်မှတ်နိုင်မှာ ဖြစ်ပြီး end result ရဲ့ quality ကို အကောင်းဆုံး ရရှိမှာ ဖြစ်ပါတယ်။ Construction တစ်ခုမှာ အရေးပါတဲ့ အချက်တစ်ချက် ဖြစ်တဲ့ management ကိုကောင်းမွန်စွာ စီမံဆောင်ရွက် နိုင်မှသာ အချိန်တို အတွင်း စီးပွားရေးအရ တွက်ချေ အကိုက်ဆုံး construction တစ်ခုကို ဆောက်လုပ်နိုင်မှာ ဖြစ်ကြောင်း ရေးသားတင်ပြ အပ်ပါတယ်။

Metro Rings and Loops အကြောင်း သိကောင်းစရာ

စာရေးသူ © မိုးပေါက် |

မီ

ထရိုများကို ကမ္ဘာ့မြို့ကြီး အတော်များများမှာ မြင်တွေ့နေရပါပြီ။ ဒီပို့စ်မှာ မီထရို လမ်းကြောင်းများ ဖောက်လုပ် စဉ်းစားတဲ့ အပိုင်းထဲက Metro Rings and Loops များ အကြောင်းကို တင်ပြ သွားမှာ ဖြစ်ပါတယ်။ မြို့ပြရဲ့ အဓိက ခရီးသည် စီးဆင်းရာ လမ်းကြောင်းများ အလိုက် မြေအောက် ရထား လမ်းကြောင်းများကို ကွန်ယက် သဖွယ် ယှက်နွှယ် ဖောက်လုပ်ကြပြီး အများအားဖြင့် Radial line ခေါ် အလျားလိုက် လိုင်းများအား၊ Circle line ခေါ် အဝိုင်းပတ် လိုင်းများနဲ့ ချိတ်ဆက်ကာ ဖောက်လုပ်ကြပါတယ်။ မီထရို လမ်းကြောင်းများကို ကားလမ်းများ တလျှောက် Linear အတိုင်း Straight ဖောက်လုပ်ကြတာ များပါတယ်။ သို့သော်လည်း မြို့ပြ တည်ဆောက် ထားရှိမှုအပေါ် မူတည်ပြီး ပုံစံများ ကွဲပြားနိုင်ပါတယ်။

မြေအောက် ရထားလမ်း ကွန်ယက်စနစ် တည်ဆောက် ပြီးတဲ့ ကမ္ဘာ့မြို့ကြီး (၂၂) မြို့မှာ Circular Lines (သို့) Pan-Shaped Loops (၂၉) လိုင်းကို တွေ့ရှိရပါတယ်။ လန်ဒန်၊ ဆစ်ဒနီ၊ တိုကျို၊ မက်ဒရစ်၊ စင်္ကာပူ၊ မီယာမီ၊ ချီကာဂို၊ ဆိုးလ် စတဲ့ မြို့ကြီးများမှာ တွေ့မြင်နိုင်ပါတယ်။ လက်တလော အချိန်မှာ အဝိုင်းပတ် ၅ ခုဟာ ဆောက်လုပ်ဆဲ ဖြစ်ပြီးတော့ နောက်ထပ် (၁၁) ခုဟာ တည်ဆောက်ဖို့ အတည်ပြုချက် ရယူပြီးဖြစ်ကြောင်း သိရှိရပါတယ်။ (၂၀၀၇ ခု၊ နိုဝင်ဘာ ၁၈ အထိ)

ဒီ Metro အဝိုင်းပတ် လမ်းကြောင်းများကို အများအားဖြင့် မြို့လယ်မှာ တည်ဆောက်တာကို တွေ့ရပါတယ်။ တချို့ကိုတော့ မြို့ကြီးများရဲ့ Railway Station များနဲ့ ချိတ်ဆက် အသုံးပြုတာကို တွေ့ရှိရပါတယ်။

Circle Lines များဟာ အခြားသော Radial Lines များနဲ့ ဆက်သွယ်ထားခြင်းဖြင့် မြို့ကြီးများအတွင်း သွားလာမှုကို မြန်ဆန် လွယ်ကူစေပါတယ်။ ဆင်ခြေဖုံးမြို့ငယ်များမှ မြို့ထဲရှိ နေရာအနှံ့အပြားသို့ သွားလာမှုကို အဆင်ပြေ ချောမွေ့စေပါတယ်။ Circle (သို့) Loop (သို့) Ring လမ်းကြောင်းများကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။






Isolated Ring

A single line circles a ring endlessly. Examples: Glasgow, Moscow.







Shared circle
Several lines, one of which circles the ring completely while others use only stretches of the ring. Example: London's Circle Line, which is accompanied by Metropolitan, District and Hammersmith & City Lines.







Pan-shaped loop

A line which runs from outside into a ring, around it, and out of it on the same route it came in from. Some loops can be technically operated as circles but aren't (like Chicago's Loop) while others cannot (like Tokyo's O-Edo Line).







Operationally split circle
Several lines of which none runs around the entire ring (or loop) though they technically could, either in the past or at present. Example: Vienna.






Terminal loop

A small unidirectional turnover loop at an end of a line with or without stations. Example: Paris.






Inclinational spiral

An oddity that has the only purpose for a metro line to follow a steep geographical incline. Examples: Naples, Tokyo.






False circle

A circular pattern in a metro network which cannot be circled by trains. Examples occur in almost every metro system, e.g. lines 2 and 6 in Paris.

လေ့လာတွေ့ရှိချက်များအရ Radial Line များကို Circle Line များနဲ့ ချိတ်ဆက်ထားတဲ့ Metro Network System ဟာ Mass rapid transit အတွက် အကောင်းဆုံးသောပုံစံ တစ်မျိုးဖြစ်ပါတယ်။ မြို့ကြီးများအတွင်း လမ်းပန်းဆက်သွယ်ရေးမှာ အလွန်ကို အကျိုးရှိပါတယ်။ သွားလာမှု အချိန်ကို ပိုပြီးတော့ တိုတောင်းစေတဲ့ အတွက် လူကိုလည်း သက်သာစေပါတယ်။

သို့သော်လည်း အဝိုင်းပတ် အလယ်မှ ခွဲထွက်လာမယ့် Metro Lines တွေကို ဒီ Metro အဝိုင်းပတ် လမ်းကြောင်းအတွင်းကို တစ်နေရာထဲကို ဆုံမဝင်စေဘဲ Transit Stations များခွဲပေးဖို့လိုအပ်ပါတယ်။ မြို့လယ်မှ သယ်ဆောင်လာမယ့် ခရီးသည်များကို Station များ ခွဲဝေထားခြင်းအားဖြင့် မီထရိုများအတွင်း သွားလာမှု ပိတ်ဆို့ခြင်းကို ကာကွယ်နိုင်ပါတယ်။

မော်စကိုမြို့မှာရှိတဲ့ မီထရို အဝိုင်းပတ်လမ်းဟာ အကောင်းဆုံး ဥပမာတစ်ခု ဖြစ်ပါတယ်။ အဝိုင်းပတ်လိုင်းဟာ သီးခြားလိုင်းဖြစ်ပြီး မော်စကိုမြို့ရဲ့ ကျန်တဲ့ မီထရိုလိုင်းများ အားလုံးနဲ့ ဆက်သွယ် ပေးထားတဲ့အတွက် မြို့ရဲ့ အစိတ်အပိုင်း အားလုံးကို သွားလာရ လွယ်ကူစေပါတယ်။

မြို့ပြဧရိယာ ကြီးမားတဲ့ မော်စကိုမြို့ရဲ့ မီထရို အဝိုင်းပတ်နဲ့ ပတ်သတ်လို့ မှတ်သားစရာလေးရှိပါတယ်။ City planner များက စတာလင်ကို metro network design နဲ့ပတ်သတ်လို့ Moscow မြို့အတွင်းမှာ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုပြီး အကြံဥာဏ် တောင်းခံဖူးပါတယ်။ အဲ့ဒီအခါမှာ စတာလင်က ဘာမှမပြောဘဲနဲ့ သူ သောက်ပြီးသား ကော်ဖီခွက်ကို Drawing paper အလယ်မှာ မှောက်ပေးခဲ့ပြီး ထွက်သွားပါတယ်။ ကော်ဖီခွက်ကို ဖယ်လိုက်တဲ့အခါမှာ အညိုရောင် ကော်ဖီစက်များနဲ့ အဝိုင်းပုံစံကို တွေ့ရှိခဲ့ပါတယ်။ Planner တွေဟာ ခေါင်းဆောင်ကြီး စတာလင်ရဲ့ Idea ရှိမှုကို ချီးကျူးကြပြီးတော့ Moscow ရဲ့ Metro အဝိုင်းပတ်ကို စတင် အကောင်အထည် ဖော်ခဲ့ကြတယ်လို့ ပြောစမှတ်ရှိပါတယ်။ တကယ် ဟုတ်မဟုတ်တော့ သေချာမသိပါဘူး။ ဒါပေမယ့် Moscow Metro ရဲ့ Official Map မှာတော့ Circle line ရဲ့အရောင်ဟာ အညိုရောင်ဖြစ်ပါတယ်။

Moscow's metro system is an excellent example for the circle-radial network type
(click here to see more maps)

အဝိုင်းပတ် လမ်းကြောင်းများအတွင်း ရထားများဟာ ခရီးလမ်းအဆုံး မရှိတဲ့အတွက် ခရီးသည်များအတွက် သွားလာမယ့် Direction ရွေးချယ်ရာမှာ အခက်အခဲ ရှိနိုင်ပါတယ်။ Circular Line အတွင်းမှာ Train Direction တစ်ခုတည်းထားခြင်း (One way) ဟာ လုံးဝ ကောင်းမွန်ခြင်းမရှိပါ။ မီထရိုလိုင်းများတွင် Train-direction ကို Clockwise နဲ့ Counter-clockwise (Two Ways) ခွဲထားပေးခြင်းဖြင့် သွားလာသူအတွက် အချိန်ကုန်မှုကို လျော့နည်း စေပါတယ်။

ဖောက်လုပ်ပြီး၊ ဖောက်လုပ်ဆဲနဲ့ ထပ်မံဖောက်လုပ်မယ့် အဝိုင်းပတ် အမျိုးအစားများနဲ့ ၎င်းတို့ရဲ့ Characteristics များကို အောက်မှာ ဖော်ပြထားပါတယ်။






Isolated or shared circles


Beijing
: Line 2, 28 km, 18 stns, 1984/1987.

Berlin: Suburban metro lines S41/S42, shared, 27 stns, 62 min, 1928/2002.

Delhi: Ring Railway, 21 stns.

Detroit: Unidirectional people mover, 4.8 km, 13 stns, 15 min, 1987.

Glasgow: Circle line, 10.4 km, 15 stns, 24 min, 1896.

London: Circle line, shared, 22.5 km, 27 stns, 1863/1884.

Madrid: Line 6, 23 km, 27 stns, 1979/1995.

Madrid: Line 12 ('MetroSur'), in southern suburbs, 28 stns, 40.5 km, 2000/2003.

Miami: People mover, elevated, rubber-tyred, automated, 3 km, 8 stns, 1986.

Moscow: Kol'tsevaya line, 19.4 km, 12 stns, 29 min, 1950/1954.

Nagoya: Meijo line, approx. 25 km, 28 stns, 1965/2004.

Osaka: Suburban metro, 21.7 km, 19 stns, 1874/1898.

Oslo: Lines 4/5/6, shared, 13 stns, 1898/2006.

Seoul: Line 2, 48.8 km, 43 stns, 84 min, 1978/1984.

Singapore: Punggol LRT, people mover above ground, 10.3 km, 15 stns, 2000/2005.

Singapore: Sengkang LRT, 8-shaped people mover above ground, 10.7 km, 14 stns, 1998/2003.

Sydney: Monorail, 7 stns, 1988.

Tokyo: Suburban metro Yamanote line, 29 stns, 34.5 km, 64 min, 1872/1914.







Pan-shaped loops

Bucharest: Line M1/M3, approx. 24 km, 16 stns, 1979/1989.

Chicago: "The Loop", shared among different lines, 3.2 km, 9 stns, 1897.

Liverpool: Wirral suburban line, single-track loop, 4 stns.

London: Central line near Hainault (operated as loop in peak hours only), approx. 23 km, 14 stns, 1948.

Madrid: Cercanias line C7, 16 stns.

Melbourne: Suburban metro, shared by several lines, 5 stns, in operation since 1984.

Newcastle: Yellow line, 26 stns, 1980/1982.

Paris: Line 7bis, unidirectional, 4 stns, 1911/1921.

Singapore: Bukit Panjang LRT, pan-shaped, 7.8 km, 13 stns, 1999.

Sydney: Suburban metro, shared, pan-shaped, 6 km, 6 stns, 2000.

Tokyo: O-Edo line, pan-shaped, ring section: 28 km, 26 stns, 1991/2000.

Vancouver: Millennium line, pan-shaped, shared, 22 stns, 1986/2002.







Abandoned or operationally split circles

Copenhagen: S-Tog, operationally split, 20 stns, 2005.

Hamburg: Lines U2/U3, 17.5 km, 23 stns, circular operation 1912-1967, re-establishment planned for 2009.

Vienna: Lines U2/U4, 10 stns, circular operation for only 2 weeks in 1981.

Vienna: Lines U4/U6, 18 stns, operation as a loop 1925-1978.







Rings under construction

Barcelona
: Lines 1/9 or 4/9, 2010.

Brussels: Lines 1A/2, pan-shaped, 18 stns, 1981/2007.

Copenhagen: Line M3, shared circle (with M4), 16 stns, 2018.

Naples: Line 1, 8-shaped, 1993/2011.

Shanghai: Pearl Line, shared, 26 stns, 2000/2004 (delayed).







Ring projects or proposals

Chicago
: 20 km, 22 stns, 2015.

Moscow: A large metro ring including line 11 and part of line 1 has been approved in the 1960's.

Moscow: A metro ring just outside line 5 as an extension of line 4's Mezhdunarodnaya branch is under discussion.

Moscow: Regional rail ring within the city is under discussion.

Paris: Métrophérique, driverless, 50 km, 50 stns, 75 min, 2010/2013.

Rio de Janeiro: Line 1 is proposed to become a circle.

Saint Petersburg: Semi-circular regional rail planned.

Seville: Light rail line 4, 19 stns.

Singapore: Circle Line, driverless, 33.3 km, approx. 29 stns, 2010.

Singapore: Downtown Line, loop with 9 stns in the middle of a line with 32 stns, 2013/2018.

Toronto: Yellow/Purple lines, completion unclear.






Terminal loops

This list may be incomplete.
London: Piccadilly Line at Heathrow, unidirectional, 2 stns.

Los Angeles: Blue Line at southern end, unidirectional, 5 stns.

New York: Lines 1 and 9 at South Ferry station (with an extremely curved platform and an interesting gap filler mechanism), unidirectional, 1 stn.

New York: Line 6 at City Hall station (goes through the glamourous abandoned station without passengers), unidirectional, 1 stn.

Paris: The system has the largest number of unidirectional terminal loops worldwide, but only two of them are used with passengers on board (Nation on line 2, Charles de Gaulle - Etoile on line 6).

Seoul: Line 6, unidirectional, 6 stns.






Inclinational spirals
Inclinational spirals are very rare. These strange loops help a metro line to ascend/descend a steep hill or bridge. The one in Naples is completely underground and could go unnoticed by passengers if it were not plotted in the official metro map.

Naples: Line 1 at Vanvitelli and Cilea/Quattro Giornate stations, underground, climbing up to a district 250 m above the city centre.

Tokyo: Yurikamome Line near Shibaura-Futo station, elevated, climbing Rainbow Bridge.


မီထရိုများ စတင် ဖောက်လုပ်တော့မယ်ဆိုရင် လမ်းကြောင်းများ စတင်ရွေးချယ်ဖို့ လိုပါတယ်။ အဲ့ဒီလို ရွေးချယ်တဲ့အခါမှာ နောင်လာမယ့် မြို့ပြရဲ့ ဖွံ့ဖြိုးလာမယ့် အခြေအနေအပေါ် တွက်ချက်ပြီး မီထရို လမ်းကြောင်းများကို စနစ်တကျ ရွေးချယ် ဖောက်လုပ်နိုင်ဖို့နဲ့ ကျွန်တော်တို့နိုင်ငံ အတွင်းမှာ Metro ဖောက်လုပ်မယ်ဆိုရင် ကိုးကားနိုင်ဖို့အတွက် လေ့လာမိသမျှ စုဆောင်း တင်ပြ လိုက်ပါတယ်။

ကျမ်းကိုးစာရင်းများ

[1] Bayman, Bob: London Underground Official Handbook. 2000.
[2] Fischler, Stan: Subways of the World. 2000.
[3] Garbutt, Paul: World Metro Systems. 1997.
[4] Groneck, Christoph: Metros in France. 2006.
[5] Schleife, Hans-Werner; et al.: Metros der Welt. 1992.
[6] Schwandl, Robert: UrbanRail.net
[7] UrbanRail.net newsgroup.
[8] Wikipedia: Moscow Metro.
[9] Metro bits

လမ်းကူး လူသွားဥမင်များ (Underpass)

စာရေးသူ © မိုးပေါက် |

ဒီ

အကြောင်းကို ရေးဖို့ စဉ်းစားမိတာ အတော်ကြာပါပြီ။ စာတမ်းအတွက် လေ့လာရင်း ဒီအကြောင်းကို ဖတ်ရလို့ ရေးချင်တဲ့ ဆန္ဒပြည့်သွားပါတယ်။ ရေးချင်ရတဲ့ အကြောင်းကတော့ ဒီလို Construction တွေဟာ လောလောဆယ်မှာ ကျွန်တော်တို့ အနေနဲ့ လက်တွေ့ အကောင်အထည် ဖော်နိုင်မယ်။ နောက်ပြီး ကျွန်တော်တို့ နိုင်ငံမှာ အမှန်တကယ်လည်း လိုအပ်တယ်၊ ငွေကြေး အရလည်း တတ်နိုင်တယ်။ ဒါတွေကို စဉ်းစားမိလို့ပါ။

ပုံညာတောင် မီးရထားလမ်းဥမင်ပုံ

ယခုဆို ပုံညာတောင် မီးရထားလမ်း ဥမင်ကို ကျွန်တော်တို့ဆီမှာ (ပြည်တွင်းပညာရှင်များ အစွမ်းဖြင့်) ဖောက်တာ ၁၀ နှစ်လောက် ကြာခဲ့ပါတယ်။ ကားလမ်းဥမင်ဆိုတာ မရှိသေးပါဘူး။ လျှပ်စစ်ဓာတ်အား ပေးဖို့အတွက် ဥမင်ဖောက်လုပ်တာတွေကိုတော့ ကျောင်းတုန်းက လုပ်ငန်းခွင်လေ့လာရေး ခရီးသွားရင်း ပေါင်းလောင်းနဲ့ ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းတွေမှာ လေ့လာခဲ့ဘူးပါတယ်။ ကားလမ်းနဲ့ ပတ်သတ်လို့ကတော့ ကချင်ပြည်နယ်မှာ တရုတ်က လာပြီး ဖောက်ပေးတာ တစ်ခုပဲ ရှိပါတယ်။ ဖောက်လုပ်ဆဲပါ။

ကျွန်တော်တို့ဆီမှာ Underground Construction လုပ်ဖို့ဆိုတာ တော်တော့ကို မစဉ်းစားဖြစ်ခဲ့တာပါ။ ယခုဆိုလျှင် နိုင်ငံတိုင်းမှာ Underground Space Technology ဟာအတော်ကို ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်ပါတယ်။ မြို့ပြဖွံ့ဖြိုး တိုးတက်လာမှုနဲ့အတူ လူဦးရေတိုးပွားလာမှု၊ စက်မှု၊ လက်မှုလုပ်ငန်းများ များပြားလာမှုနှင့်အတူ ၎င်းတို့အတွက် လိုအပ်သည့် အဆောက်အဦးများ ထပ်မံ တည်ဆောက် လာရသည့် အတွက် မြို့ပြဧရိယာ အတွင်း နေရာ ရှားပါလာမှု စသည်တို့ကြောင့် Underground Construction ကို ပိုမို လုပ်ဆောင် လာကြတာ ဖြစ်ပါတယ်။ ကားလမ်းဥမင်များ၊ ရထားလမ်းဥမင်များ၊ လမ်းဖြတ် လူကူးဥမင်များ၊ မြေအောက်ရထား (Metro) များ၊ မြေအောက် မြို့တော်များဟုခေါ်သည့် မြေအောက် အရောင်းပြခန်းများ၊ မြေအောက် ကားရပ်နား နေရာများ၊ ရေ၊ လျှပ်စစ် စသည့် ဆက်သွယ်ရေး ဥမင်များ စသည်ဖြင့် မြေအောက် ဆောက်လုပ်ရေး လုပ်ငန်းအမျိုးမျိုးကို တိုးတက် ဆောက်လုပ်နေကြတာကို တွေ့ရပါတယ်။ ဤလင့်ခ်များမှာ ဝင်ရောက် လေ့လာဖတ်ရှုနိုင်ပါတယ်။


ဒီနေရာမှာ စကားစပ်မိလို့ ပြောရရင် ကျွန်တော်တို့ဆီမှာ မြေအောက် အဆောက်အအုံ၊ ဥမင်ပညာရပ်နဲ့ ပတ်သက်ပြီးတော့ တက္ကသိုလ်များမှာ အဓိက ဘာသာရပ်အဖြစ် ပြဌာန်းထားနိုင်ခြင်း မရှိသေးပါဘူး။ ဒါကလည်း ဥမင် တည်ဆောက်ရေး လုပ်ငန်း မတိုးတက်ရခြင်း အကြောင်းတစ်ရပ်ပါ။ နိုင်ငံတိုင်းမှာ ဥမင်နဲ့ ပတ်သတ်ပြီးတော့ အဖွဲ့အစည်းတွေ ရှိပေမယ့် ကျွန်တော်တို့ဆီမှာ မရှိသေးပါဘူး။ ဆောက်လုပ်ရေး ဝန်ကြီးဌာန အောက်မှာ ဌာနခွဲ တစ်ခုအနေနဲ့ ရှိသင့်တယ်လို့ ထင်ပါတယ်။ (ရှိနေပြီဆိုရင်လည်း လှုပ်ရှားမှု မရှိလို့ ကျွန်တော် မသိတာဘဲ ဖြစ်မှာပါ။) နောင်ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံမှာ ဥမင်အင်ဂျင်နီယာ အဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ တပြေးညီ ပူးပေါင်းဆောင်ရွက်ကာ ဥမင်ဆိုင်ရာ နည်းပညာများ၊ လုပ်ငန်းများကို ဆွေးနွေး၊ ညှိနှိုင်းနိုင်ပြီး အကူအညီများလည်း ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီပို့မှာ အဓိက ဆွေးနွေးချင်တာက လမ်းကူးလူသွား ဥမင်များ အကြောင်းပါ။ Underpass ဥမင်များကို ကမ္ဘာ့မြို့ကြီးများမှာ ဖောက်လုပ် အသုံးပြုကြတာကို တွေ့ရပါတယ်။ မော်စကိုမြို့ တစ်ခုတည်းမှာတင် ဒီလိုဥမင်မျိုး အခု (၃၅၀) ကျော် ရှိတယ်လို့ သိရပါတယ်။ ထပ်မံ ဆောက်လုပ်နေဆဲ ဥမင်များလည်း ရှိပါတယ်။












Underpass ဥမင်များကို အောက်ပါအချက်များပေါ်မှာ မူတည်ပြီး ဆောက်လုပ်နိုင်ပါတယ်။
  • အမြန်လမ်းမကြီးများ၊ ယာဉ်အဆက်မပြတ် သွားလာလျက်ရှိသော High-way ကားလမ်းမကြီးများနှင့် လူသွားလာမှုများပြားသော နေရာများ (လူသွားလာနှုန်း 3000 persons per hour ရှိသောမြို့များနှင့် လမ်းကျယ်သောနေရာများ ဥပမာ - ခြောက်လမ်းသွား၊ ရှစ်လမ်းသွား၊ ၁၀လမ်းသွား ကားလမ်းမကြီးများ)။ ဥပမာ - ရန်ကုန် - ပြည် မော်တော်ကားလမ်း၊ ရန်ကုန် - မန္တလေး မော်တော်ကားလမ်း တလျှောက်ရှိ မြို့များ။
  • တစ်နာရီ ကားဖြတ်သန်းမှုနှုန်း (600 or 1000 automobile per hour) ရှိသော မြို့ပြလမ်းမများ၊ လမ်းသွယ်များ။ ဥပမာ - ရန်ကုန်၊ မန္တလေး အစရှိသော မြို့ကြီးများရှိ လမ်းမများနှင့် လမ်းသွယ်များ။
  • မီးရထားလမ်းများရှိ ရထားလမ်းဖြတ်ကူး နေရာများတွင် ရထားလမ်း ဖို့မြေအောက်မှ ဥမင် ဖောက်လုပ်နိုင်သော နေရာများ (လူကူးဥမင်များအပြင် ကားလမ်းအတွက်ပါ ဖောက်လုပ်နိုင်ပါတယ်)။ ဥပမာ - ရန်ကုန် - ပြည် မီးရထားလမ်း ၊ ရန်ကုန် - မန္တလေး မီးရထားလမ်း တလျောက်ရှိ မော်တော်ကားလမ်းနှင့် ရထားလမ်းဆုံသော နေရာများ။
  • မီထရို ရှိသော မြို့ကြီးများတွင် Station အဝင်အထွက်နေရာများ။ ဥပမာ - Station များနှင့် လမ်းကူးလူသွား ဥမင်များကို တွဲ၍ ဖောက်လုပ်ထားသော နေရာများ။











ထို့အပြင် မြေအောက် အရောင်းပြခန်းများကိုလည်း လမ်းကူးလူသွား ဥမင်များနဲ့ တွဲပြီး ဖောက်လုပ်ထားတာ ကိုလည်း ကမ္ဘာ့မြို့ကြီး တော်တော်များများမှာ တွေ့ရှိရပါတယ်။ ဥမင်ရဲ့ နေရာချထားမှုပေါ် မူတည်ပြီး ဥမင်အတွင်းမှာ Cafe-shop များ ၊ အရောင်းဆိုင်များနဲ့ စားသောက်ဆိုင်ငယ်များကို Design ရေးဆွဲပြီး တည်ဆောက်နိုင်ပါတယ်။























ဒီဥမင်များကို မြင်သာအောင် Plan ပုံငယ်များနဲ့ အောက်မှာ ဖော်ပြပေးထားပါတယ်။

Underpass များကို တည်ဆောက်နိုင်တဲ့ နည်းလမ်းများကတော့ Cut and Cover Method ၊ မြေထိန်းနံရံ ပြုလုပ်သော Method ၊ Trench Method ၊ Pipe Roof Method ၊ Pipe Jack Method စသည်ဖြင့် တည်ဆောက်မည့် မြေနေရာ အနေအထားကို လိုက်ပြီး ရွေးချယ် တည်ဆောက်နိုင်ပါတယ်။

တည်ဆောက်တဲ့ နေရာမှာလည်း မြေအမျိုးအစား၊ ဥမင်အပေါ် သက်ရောက်မယ့် Live Loads၊ Dead Loads၊ ဘေးပတ်ဝန်းကျင်မှ အဆောက်အဦများရဲ့ ဥမင်ပေါ်ကျရောက်နိုင်တဲ့ Loads များ၊ လမ်းမပေါ်မှာ သွားလာမယ့် မော်တော်ယာဉ်များရဲ့ အများဆုံး ဝန်အားနှင့် ဖြစ်ပေါ်လာနိုင်မယ့် တုန်ခါမှုများ၊ တည်ဆောက်ချိန်ပေးနိုင်မှု၊ တည်ဆောက်မယ့် နေရာအနေအထား၊ ငွေကြေးကုန်ကျခံနိုင်မှု၊ လိုအပ်မယ့် Materials များ အသုံးပြုနိုင်မှု အပေါ်မူတည်ပြီး Monolitnic Concrete၊ Precast Concrete၊ Prefabricated Concrete စသည်ဖြင့် Material Type ကို ရွေးချယ်ရပါတယ်။













ဥမင်များရဲ့ အရွယ်အစားကို တွက်ချက်ရာမှာ ဥမင်တည်ဆောက်မယ့် နေရာမှာရှိတဲ့ တစ်နာရီအတွင်း လူအများဆုံး သွားလာမယ့်နှုန်းပေါ် မူတည်ပြီး စဉ်းစား တွက်ချက်ပါတယ်။ တွက်ချက်မှုများအရ ပျမ်းမျှလူသွားနှုန်းဟာ ဥမင် အကျယ် ၁ မီတာလျှင် တစ်နာရီကို ဥမင်အတွင်းမှာ လူ ၂၀၀၀ ဦး၊ လှေကားထစ်များမှာ လူ ၁၅၀၀ ဦး၊ လှေကားထစ် မထားဘဲ ဆင်ခြေလျှောများ (Sloping Surface) ထားမယ်ဆိုရင် လူ ၁၇၅၀ ဦး အထိ ဖြတ်သွားနိုင်ပါတယ်။ ပုံမှန် အသုံးများတဲ့ ဥမင်များမှာတော့ ၄ မီတာ၊ ၆ မီတာ သို့မဟုတ် ၈ မီတာ အကျယ်ထားပြီး တည်ဆောက်ကြတာကို တွေ့ရပါတယ်။ အနည်းဆုံး အကျယ်ကတော့ ၃ မီတာထားပြီး ဆောက်လုပ်ကြပါတယ်။ လှေကားများနဲ့ ဆင်ခြေလျှောများ အကျယ်ကတော့ အနည်းဆုံး ၂.၂၅ မီတာရှိရမှာ ဖြစ်ပါတယ်။ မော်စကိုမြို့မှာ ပြုလုပ်ထားတဲ့ Underpass တွေမှာဆိုရင် ကလေး လက်တွန်းလှည်းများ အဆင်းအတက် လွယ်ကူစေရန် အတွက်ပါ ဒီဇိုင်း ပြုလုပ်ထားပြီးတော့ ၎င်းတို့ရဲ့ အကျယ်ကတော့ ၁ မီတာ ရှိပါတယ်။











၎င်းအပြင် ဥမင်များအတွင်း နံရံများမှာ ကြော်ငြာများ၊ ယဉ်ကျေးမှု ဗိသုကာများ၊ ပန်းချီကားများ ထားရှိမယ် ဆိုရင် ဘေးကို ၁ မီတာအကျယ်တိုးပြီး စဉ်းစားနိုင်ပါတယ်။

ဥမင်ရဲ့အမြင့်ကတော့ ၂.၃ မီတာထက် မနိမ့်သင့်ပါဘူး။ အနည်းဆုံး ၂.၂ မီတာထိ ထားရှိနိုင်ပါတယ်။ ဥမင်များရဲ့ အရှည်ကတော့ ဖြတ်ဖောက်မယ့် လမ်းများပေါ်မူတည်ပြီး မီတာ ၁၀၀−၁၅၀ အထိ ရှိနိုင်ပါတယ်။

လူအသွားအလာများတဲ့ ကားလမ်းမများ၊ ရထားလမ်းများတလျှောက် Underpass များ ဆောက်မယ်ဆိုရင် Underpass တစ်ခုနဲ့ တစ်ခုအကြားမှာ မီတာ ၄၀၀-၆၀၀ ထိ ထားရှိသင့်ပါတယ်။ ၎င်းအကွာအဝေးဟာ လမ်းကူမယ့်သူများ အတွက် အဆင်ပြေသလို အများအပြား ဆောက်လုပ်ဖို့လည်း မလိုတဲ့အတွက် ကုန်ကျစရိတ်ကိုလည်း သက်သာစေပါတယ်။







လမ်းကူးလူသွား ဥမင်များမှာ အများအားဖြင့် ရေစီးရန် အတွက် Slope ကို Tunnel Axis နဲ့အပြိုင် တစ်ဖက်တည်းထားပြီး ပြုလုပ် ကြပါတယ်။ သို့သော်လည်း လိုအပ်ချက်အရ Slope ကို နှစ်ခုထားနိုင်ပါတယ်။ အလယ်ကို concave သို့ convex ပုံနဲ့ Slope ကို နှစ်မျိုး စဉ်းစားနိုင်ပါတယ်။ အဆိုပါ Slope များဟာ ၄၀% ထက်မများသင့်သလို ၄ % ထက်လည်း မနည်းသင့်ပါ။ တချို့ မြေအနေအထားတွေမှာ ဥမင်ရဲ့ Axis ဟာ ရေပြင်ညီ ဖြစ်နေရင် Cross section မှာ Slope ကို ဘေးတဖက်တချက် ထားရှိရပါမယ်။ ရေများစီးနိုင်ဖို့အတွက် Section မှာ Slope ကို ထားရင် ၁၀% ထားရှိသင့်ပါတယ်။ Axis နဲ့အပြိုင်ရှိတဲ့ ရေစီး မြောင်းအတွင်း စီးနိုင်ဖို့ Slope ကို ၅ % ထားရပါမယ်။

လမ်းကူးလူသွား ဥမင်များရဲ့ ဝင်ပေါက်ထွက်ပေါက်များမှာ လှေကားများ၊ ဆင်ခြေလျှောများ (Sloping Surface)၊ Escalator များထားရှိ တပ်ဆင်နိုင်ပါတယ်။

ဥမင်ရဲ့အနက် မီတာ ၃.၃၅ ထက်နည်းပြီး လူသွားနှုန်း တစ်နာရီ ၇၀၀၀ ဦး ထက်နည်းတဲ့ နေရာမှာဆောက်မယ့် ဥမင်အဝင်အထွက်တွေမှာ လှေကားများကို တပ်ဆင်နိုင်ပါတယ်။

လှေကားထားမယ့် slope ရဲ့ အမြင့်နဲ့ အကျယ်အချိုးဟာ (၁း ၃.၃) သို့ (၁း ၂.၃) ရှိရပြီးတော့ လှေကားထစ်တစ်ခုချင်းစီဟာ (၁၂×၄၀) သို့ (၁၄×၃၂) စင်တီမီတာ ထားရှိပါတယ်။ လှေကားထစ်များ ထားရှိရာမှာလည်း ၁၄ ထစ် ထက်ပိုမထားဘဲ ပိုခဲ့ရင်လည်း အလယ်မှာ လှေကားထစ်အကျယ် တစ်ထစ် (အကျယ် ၁.၅ မီတာခန့်) ပြုလုပ်ထားပြီး နောက်ထပ် ပုံမှန် လှေကားထစ်များကို ဆက်လက် ထားရှိပါတယ်။







အဆိုပါ အဝင်အထွက် လှေကားများကို Sidewalk များတလျှောက်တွင် လည်းကောင်း၊ အဆောက်အဦများရဲ့ မြေညီထပ်များနဲ့ လည်းကောင်း၊ Sub-basement များနဲ့လည်းကောင်း၊ မီထရို Station များနဲ့လည်းကောင်း တွဲဆက် ဖောက်လုပ်နိုင်ပါတယ်။ Sidewalk များနဲ့ဆက်တဲ့အခါမှာ လမ်းပခုံးနဲ့ ဥမင်အပြင်ဘက်အစွန်းဟာ လမ်းသွားလမ်းလာများ Safety ဖြစ်စေဖို့အတွက် အကျယ်ကို အနည်းဆုံး ၀.၅ − ၀.၇၅ မီတာ ထားရှိ ပေးရပါမယ်။

ဥမင်အနက် ၃.၃၅ မီတာ ထက်များပြီး လူသွားနှုန်း တစ်နာရီ ၇၀၀၀ ဦးထက် များတဲ့နေရာများမှာတော့ ဥမင်အဝင်အထွက်ကို Escalator များတပ်ဆင် အသုံးပြုနိုင်ပါတယ်။ အဲ့ဒီလိုတပ်ဆင်တဲ့အခါမှာ slope ကို ၃၀° ထားရှိပြီး ရွေ့လျားရမယ့် အမြန်နှုန်းကတော့ တစ်နာရီကို ၀.၅-၁.၀ မီတာနှုန်း ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Escalator တစ်စီးဟာ တစ်နာရီကို လူ ၁၀၀၀၀-၁၅၀၀၀ ထိ သယ်ဆောင်နိုင်ကြပါတယ်။ အများအားဖြင့် Escalator ကို အတက်နေရာဘက်မှာ ပြုလုပ်ပေးပြီး အဆင်းဘက်မှာတော့ လှေကားများကို ထားရှိ ကား တွဲဖက် အသုံးပြုတတ်ကြပါတယ်။ အတက်လူကို သက်သာစေဖို့နဲ့ ကုန်ကျစရိတ် အရလည်း တွက်ခြေကိုက်ပါတယ်။







သို့သော် Public Garden၊ Park၊ ကလေးကစားကွင်းများနဲ့ နီးတဲ့နေရာများမှာ ဥမင် အဝင်အထွက်ကို ဆင်ခြေလျှောများ (Sloping Surface) ထားရှိကြပါတယ်။ Sloping Surface များကို ထားရှိရာမှာလည်း အဝင်အထွက်လမ်းကို အဖြောင့်အတိုင်းဖြစ်စေ၊ Curved shape ဖြစ်စေ၊ Spiral Shape ဖြစ်စေ ထားရှိပြီး အသုံးပြုကြပါတယ်။ ဆင်ခြေလျှောများရဲ့ slope ဟာ ၆၀% ထက်များသင့်ပါဘူး။ သို့သော် နေရာအခက်အခဲ ရှိမယ်ဆိုရင် ၈၀% ထိ ထားရှိနိုင်ပါတယ်။ တချို့ဥမင် အဝင်အထွက်တွေမှာဆိုရင် လှေကားအပြင် ကလေးလက်တွန်းလှည်းများ သွားလာနိုင်ဖို့အတွက်၊ စက်ဘီးစီးသူများ အလွယ်တကူ တက်ဆင်းနိုင်ဖို့အတွက် ဆင်ခြေလျှောများကို တွဲဖက် အသုံးပြု ကြပါတယ်။






Underpass အတွင်းမှာ Ventilation ကိုတော့ စဉ်းစားပေးခြင်းမရှိပါဘူး။ အများဆုံး မီတာဟာ ၁၅၀ လောက်သာ ရှိတာကြောင့် အဝင်အထွက် အပေါက်များကရရှိမယ့် သဘာဝလေထုနဲ့တင် လုံလောက်တဲ့အတွက် ဖြစ်ပါတယ်။ ဥမင်များမှာ Ventilation လုပ်ဖို့အတွက်ဆိုရင် မီတာ ၁၅၀−၄၀၀ အထက်မှသာ စဉ်းစား ပြုလုပ်ကြပါတယ်။

ထို့အပြင် ဥမင်အတွင်း မီးများ တပ်ဆင်ဖို့အတွက်လည်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ဥမင်ရဲ့ နံရံများ၊ မျက်နှာကျက်များမှာ မီးလုံးများ၊ မီးချောင်းများကို လုံလောက်တဲ့ အလင်းပေးနိုင်ဖို့ သင့်လျော်တဲ့ အကွာအဝေး တစ်ခုနဲ့ တပ်ဆင်ပေးဖို့ လိုပါတယ်။











ဥမင်အတွင်းမှာ မီးဘေးအန္တရာယ် ကင်းစေဖို့အတွက်လည်း အရေးပေါ် မီးသတ်ဗူးများ ထားရှိပေးခြင်း၊ မီးအချက်ပြများ တပ်ဆင်ထားခြင်းများကို ပြုလုပ်ရပါမယ်။ ၎င်းအပြင် Underpass အတွင်း ဆေးလိပ် သောက်သုံးခြင်း၊ စည်းကမ်းမဲ့ မီးအသုံးပြုခြင်းများကိုလည်း တင်းကျပ်စွာ တားမြစ်ဖို့ လိုအပ်ပါမယ်။ လေဝင်လေထွက် ကောင်းမွန်စေဖို့၊ ရေမြောင်းများ မပိတ်စေဖို့၊ ဥမင်သန့်ရှင်း သပ်ရပ်စေရန်နှင့် လေဝင်လေထွက်၊ အနံ့အသက်များ ကင်းဝေးစေဖို့အတွက်လည်း အမှိုက်ပစ်ခြင်း၊ ကွမ်းတံတွေး ထွေးခြင်းများကိုလည်း တားမြစ်ဖို့လိုပါတယ်။ နေ့စဉ် ဥမင် သန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။ ညဥ့်အချိန် Underpass များအတွင်း ရာဇဝတ်မှုများ ကျူးလွန်နိုင်တဲ့အတွက် လုံခြုံမှုရှိစေရန် ရဲတပ်ဖွဲ့များ အနေဖြင့် ပုံမှန်လှည့်ကင်းများ ပြုလုပ်ပေးဖို့လိုပါတယ်။

မိုးများတဲ့ဒေသတွေ၊ ရေလျှံတဲ့နေရာတွေမှာဆိုရင် ဘယ်လို လုပ်ကြမလဲလို့ မေးစရာရှိပါတယ်။ ဒါကလည်း (pipe-roof method) မှာ ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ Underpass အတွင်းကို ရေအလွယ်တကူ မဝင်စေဖို့အတွက် အဆင်းအတက် ဝင်ထွက်ပေါက်များကို နေရာ အမြင့်တစ်ခုမှာထားရှိခြင်း၊ ဥမင်အတွင်း ရေစီးမြောင်းငယ်များ ထားရှိခြင်း၊ မြို့၏ ရေစီးမြောင်းစနစ်များနှင့် ချိတ်ဆက်ပေးခြင်းနှင့် ရေများစုပ်ထုတ်ရန် လိုအပ်ပါက စက်များဖြင့် စုပ်ထုတ်ခြင်းများနဲ့ ကာကွယ်နိုင်ပါတယ်။

ဆက်လက်ပြီး ဒီပုံနဲ့ ရှင်းပြရင် ပိုပြီး မြင်သာမယ်ထင်ပါတယ်။

ရေများလာတဲ့အခါမှာ ရေကို စုပ်ထုတ် ဖယ်ရှားပစ်ဖို့ ဒီဇိုင်းဆွဲထားတဲ့ ပုံကြမ်းလေးပါ။


မြို့ကြီးများရဲ့ ယာဉ်အသွားအလာ ထူထပ်တဲ့ လမ်းများမှာ လမ်းဖြတ်ကူးဖို့အတွက် ဆိုရင် လူကူးဂုံးကျော် တံတားများကို တည်ဆောက်မယ့်အစား underpass များကို ဆောက်လုပ် အသုံးပြုခြင်းဟာ အလွန်သင့်လျော် ကောင်းမွန်တာကိုတွေ့ရပါတယ်။

လူကူးဂုံးကျော် တံတားများဟာ မြို့ပြများရဲ့ မြင်ကွင်းကို ရှုပ်ထွေးစေပါတယ်။ အမြင့်ကို အတက်အဆင်း ပြုလုပ်ရတဲ့အတွက် လမ်းကူးမယ့်သူအတွက် မသက်မသာ ဖြစ်ရပါတယ်။ အချိန်လည်း ပိုပေးရပါတယ်။ သွားလာနေတဲ့ မော်တော်ယာဉ်များရဲ့ အမြင့်နဲ့လဲ ကန့်သတ်ချက် ရှိလာပါတယ်။ လမ်းနဲ့ အလွန်နီးကပ်နေတဲ့ အချို့လူနေအိမ်များ အတွက် လမ်းကူးဂုံးကျော် တံတားများဟာ အနှောင့်အယှက် တစ်ခု ဖြစ်လာပါတယ်။ ဆောက်လုပ်ထားပြီး ဂုံးကျော်တံတားများ အတွက် ရာသီဥတုအလိုက် ပြုပြင် ထိန်းသိမ်းမှုကို အမြဲတစေ ပြုလုပ်ပေးနေဖို့လည်း လိုအပ်ပါတယ်။ (ဥပမာ - တံတားကြံ့ခိုင်မှုကို စစ်ဆေးခြင်း၊ ပြုပြင်ခြင်း၊ လှဲလှယ်တပ်ဆင်ခြင်း၊ ဆေးသုတ်ခြင်း စသည်။)

လူကူးမျဉ်းကျားများ ထားရှိအသုံးပြုခြင်းဟာလည်း ယာဉ်/လူ အသွားအလာ နှစ်ခုစလုံးကို နှောင့်နှေးစေပါတယ်။ မီးပွိုင့်များ၊ ယာဉ်ထိန်းရဲများ ထားရှိရသောကြောင့် အလုပ်များ ပိုလာပါတယ်။ လူသွားလာမှုနှင့် ယာဉ်အသွားအလာ ရှုပ်ထွေးတဲ့ လမ်းဆုံလမ်းခွ နေရာများမှာဆိုလျှင် လမ်းကူးသူများ အတွက်သာမက ယာဉ်များအတွက်ပါ အလွန်အန္တရာယ် များပါတယ်။ မြို့လယ်အသွားအလာ ရှုပ်ထွေးတဲ့ လမ်းတလျှောက်မှာ လူကူး မျဉ်းကျားများ၊ အချက်ပြမီးပွိုင့်များကို လမ်းဆုံနေရာတိုင်း ထားရှိခြင်းကလည်း ယာဉ်သွားလာမှုကို အနှောက်အယှက် ဖြစ်စေပြီး ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်စေပါတယ်။


မီးရထားလမ်းကူး နေရာများတွင်လည်း မီးအချက်ပြများထားခြင်း၊ ရထားအသွားအလာကိုစောင့်၍ လမ်းကူးရန်အတွက် တံခါးအဖွင့်အပိတ် ပြုလုပ်ရခြင်း၊ ၎င်းအတွက် လုံခြုံရေးအစောင့်ထားရှိရခြင်း တို့ကြောင့် မလိုအပ်သော လုပ်အားနှင့် အချိန်များကို ဆုံးရှုံးစေသည့်အပြင် သွားလာမှု အဟုန်ကိုလည်း နှောင့်နှေး ကြန့်ကြာစေပါတယ်။ ရထားလမ်းဖြတ် လူကူးတံတားများကို ထားရှိတဲ့အတွက် အမြင့်ကန့်သတ်ချက် များတာကြောင့် ရထားလမ်း ဖြတ်ကူးမယ့်သူအတွက် အတက်အဆင်း မြင့်မားတဲ့ ဒုက္ခကို ကြုံတွေ့ပါတယ်။







Underpass များဟာ ခရီသွား ပြည်သူများအတွက် လမ်းကူးတဲ့နေရာမှာ အသင့်လျော်ဆုံး၊ အန္တရာယ်အကင်းဆုံး ဖြစ်ပါတယ်။ လူကူး ဂုံးကျော်တံတားများနဲ့စာရင် ကုန်ကျစရိတ်ဟာ သိသိသာသာကို သက်သာပါတယ်။ စည်းကမ်းမဲ့ လမ်းဖြတ်ကူးမှုများ၊ ယာဉ်တိုက်မှု အန္တရာယ်များကို လျော့ချ ပေးနိုင်ပါလိမ့်မယ်။ နောက်ပြီး Underpass construction များဟာ ခေတ်မီ မြို့ပြအင်္ဂါရပ်များရဲ့ ပြယုဂ် တစ်ခုဖြစ်တဲ့ မီထရို ဆောက်လုပ်ရေး လုပ်ငန်းများရဲ့ အခြေခံ Construction များလည်းဖြစ်ပါတယ်။ နှိုင်းယှဉ် လေ့လာချက်များအရ လမ်းဖြတ်ကူးသူများ အနေဖြင့် မီးရထားလမ်း၊ ကားလမ်းများကူးရာမှာ ဂုံးကျော်တံတားပေါ်မှ ဖြတ်ကူးရခြင်းထက်၊ မြေအောက် Underpass များမှ ဖြတ်ကူးရခြင်းကို ပိုမိုနှစ်သက် လိုလားကြပြီး အဓိက အချက်များကတော့ အတက်၊ အဆင်း သက်တောင့်သက်သာ ဖြစ်ခြင်းနှင့် လုံခြုံမှု ရှိခြင်းတို့ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

ထို့ကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး နဲ့ မြို့ပြ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြင့်တင်ရေးမှာ ဒီ Underpass များဟာလည်း မလွဲမသွေ ထည့်သွင်းလုပ်ဆောင်ရမယ့် လိုအပ်ချက်တစ်ခုလို ဖြစ်လာပါပြီ။ မကြာတော့သော ကာလမှာ ယခုလို မြို့ပြအဆင့်မြှင့် ပြုပြင်တည်ဆောက်ရေး Project များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်ရင်း ပို့စ်ကို ဒီနေရာမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.