* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

(Principles of tunnel stabilization and lining design)
ဥမင်တစ်ခုဖောက်လုပ်သည့်အခါ ဖောက်လုပ်နေစဉ် (During Excavation) အတွင်း ဥမင်၏ပြုမူပုံ (သို့) လုပ်ဆောင်ပုံ (behavior) ကို သိရှိနားလည်ရန် လိုအပ်သကဲ့သို့ ထို behavior ကို Reinforcing စနစ်အမျိုးမျိုး (သို့) ပင့်ထောက်မှုစနစ် အမျိုးမျိုးတို့ ထည့်သွင်း တပ်ဆင်ခြင်းဖြင့် Modify လုပ်နိုင်သည်ကို နားလည်သဘောပေါက်ရန် အရေးကြီးပါသည်။ ဥမင်တည်ငြိမ်ခိုင်ခံ့မှု (Stabilization) ဆိုသည်မှာ ဥမင်တူးဖော်မှု မတိုင်မီ၊ ဖောက်လုပ်နေစဉ်နှင့် ဖောက်လုပ်ပြီးချက်ချင်း ကနဦးပင့်ထောက်မှု (Initial Support) ကို ပြုလုပ်ပေးပြီး လုံခြုံစိတ်ချရသော၊ မြန်ဆန်စွာ အသုံးပြုနိုင်သော၊ ကုန်ကျစရိတ် သက်သာသော ဖောက်လုပ်မှုကို ဖြစ်စေသည့် စနစ်များ အသုံးပြုခြင်းကို ဆိုလိုပါသည်။ Lining ဆိုသည်မှာ ဥမင်ဖောက်လုပ်ပြီးချက်ချင်းဖြစ်စေ၊ အချိန်အတော်ကြာမှဖြစ်စေ အမြဲတမ်း (Permanent Support) ပင့်ထောက်မှုကို လုပ်ဆောင်ပေးမည့် ရေရှည်ခံသော၊ ထိန်းသိမ်းရလွယ်ကူသော Long-term အပြီးသတ် ဥမင်နံရံပင်ဖြစ်ပါသည်။ မည်သည့် ဥမင် Lining စနစ်ကို အသုံးပြုမည်ဆိုသည်မှာ မြေကြီး၏ အခြေအနေများနှင့် ဥမင်ကို အသုံးပြုမည့် ရည်ရွယ်ချက်များပေါ်တွင် မူတည်ပါသည်။ ဥမင်များ ဖောက်လုပ်ကြရာတွင် Stabilization နှင့် Lining တို့ကို သီးခြား Operations များအဖြစ် ဆောင်ရွက်ကြပါသည်။ ထိုကဲ့သို့ သီးခြားစနစ်ကို "Two-pass" စနစ်ဟု ခေါ်ဝေါ်ကြသည်။ အချို့သော အခြေအနေများတွင် Stabilization နှင့် Lining တို့၏ လုပ်ဆောင်ချက်များကို ပေါင်းစပ်၍ "One-pass" စနစ်အဖြစ်လည်း အသုံးပြုကြပါသည်။

 အောက်ပါအချက်များသည် ဥမင်၏ Stabilization နှင့် Lining တို့အတွက် ဒီဇိုင်းပိုင်းဆိုင်ရာနှင့် လက်တွေ့ကျသော ရွေးချယ်မှုများ ပြုလုပ်ရာတွင် ထည့်သွင်း စဉ်းစားရမည့် အခြေခံ သဘောတရားများပင် ဖြစ်ပါသည်- 

၁။ ဥမင် Lining ၏ အရေးကြီးဆုံးသော အစိတ်အပိုင်းတစ်ရပ်မှာ ၎င်းဥမင်ပတ်လည်တွင် ရှိသော မြေသားပင် ဖြစ်သည်။ 

၂။ မြေသား၏ အရေးကြီးဆုံးသော အစိတ်အပိုင်းတစ်ရပ်မှာ မြေအောက်ရေ ဖြစ်သည်။ 

၃။ ဥမင် Lining တည်ဆောက်ရာတွင် အရေးကြီးဆုံးသော လိုအပ်ချက်တစ်ရပ်မှာ ဥမင်နံရံ ပတ်လည် တလျှောက် Lining နှင့် မြေသားတို့အကြား လုံခြုံစိတ်ချရပြီး တဆက်တည်း ထိစပ်မှု (Continuous Contact) ဖြစ်သည်။ 

၎။ ဥမင် Lining ဒီဇိုင်းပြုလုပ်ရခြင်း၏ ရည်မှန်းချက်မှာ မြေသားရွေ့လျားမှု (Ground Movement)ကို တည်ငြိမ်စေရန်သာ ဖြစ်ပြီး ထိုမြေသား၏ ၀န် (Loads) ကို ထမ်းဆောင်နိုင်ရန်မဟုတ်ပေ။

၅။ ထိရောက်မှုအရှိဆုံးသော ဥမင်တည်ငြိမ်ခိုင်ခံမှုနှင့် Lining စနစ်မှာ သတ်မှတ်ထား သည့် မြေသားပုံပျက်ယွင်းမှု (Ground Deformation) ကို ခွင့်ပြုခြင်းအားဖြင့် မြေသား၏ ကြံ့ခိုင်အား (Strength) ကို စုစည်းဖြစ်ပေါ်စေခြင်းဖြစ်သည်။ 

၆။ ဥမင် Lining ၏ Axial Stiffness သည် ဥမင်ပတ်လည် မြေသားမှလာသော Passive Pressure များကို စုစည်းစေခြင်းအားဖြင့် မြေသား၏ Non-uniform Loads များကိုဖြန့်ခွဲသွားစေသည်။ ထိုနည်းဖြင့် မြေသားပုံပျက်ယွင်းမှုများကို ပြုပြင်မွမ်းမံနိုင်သည်။ 

၇။ မြေသားပုံပျက်ယွင်းမှုများ (Ground deformations) ကို Modify ပြုလုပ်ရာတွင် ဥမင် Lining ၏ Flexural stiffness မှာ သာမန်အားဖြင့် လုံလောက်မှုမရှိ၊ ထိရောက်မှု မရှိပေ။ 

၈။ တည်ဆောက်ရေးအဆင့်/အလွှာများစွာရှိသော ဥမင် Lining များတွင် ကနဦးပင့်ထောက်မှု (initial construction support) သည် မြေသားနှင့် နှိုင်းယှဉ်လျှင် အလွန်ပျော့ပြောင်းပြီး မြေသားဖိအား (Ground stress) များကို ပြန်လည်ဖြန့်ခွဲရာတွင် ဖြစ်ပေါ်လာသော Flexural deformations များ၏ ဒဏ်ကို များစွာခံရသည်။ 

၉။ ဒုတိယအဆင့်/အလွှာ ဥမင် Lining တပ်ဆင်မှုကို မြေသားတည်ငြိမ်မှု ရရှိသည် အထိ ရွှေ့ဆိုင်းထားနိုင်ပါက ထိုအလွှာသည် သိသာထင်ရှားသော Flexural deformations ဒဏ်ကို မခံစားရတော့ပေ။ 

၁၀။ တည်ဆောက်ရေးအဆင့် တစ်ဆင့်တည်းသာရှိသော/ တစ်လွှာတည်းသာရှိသော ဥမင် Lining များ (ယေဘုယျအားဖြင့် Segmental) သည် မြေသားနှင့် နှိုင်းယှဉ်ပါက ပျော့ပြောင်းမှုရှိပြီး (ရွှံ့ပျော့မြေများမှအပ)၊ မြေသားပုံပျက်ယွင်းမှုမှ ဖြစ်ပေါ်လာသော Parasitic Flexural Stresses များကို လျှော့ချပေးနိုင်စေရန် ထို Lining များသည် တတ်နိုင်သမျှ ပါးလွှာအောင် ပြုလုပ်သင့်သည်။ 

၁၁။ ဥမင် Lining အမျိုးအစားရွေးချယ်ရာတွင် မြေသား၏ ဂုဏ်သတ္တိများနှင့် ကိုက်ညီသော တူးဖော်ရေး နည်းလမ်းပေါ်တွင် မူတည်နေပြီး တပ်ဆင်မည့် အချိန်သည်လည်း အရေးပါလှပါသည်။ Lining များကို အချိန်ကိုက် တပ်ဆင်နိုင်စွမ်းသည် မြေသားပုံပျက်ယွင်းမှုနှင့် Lining Loads များ၏ ပမာဏများအပေါ်တွင် အဓိကအားဖြင့် အကျိုးသက်ရောက်မှုရှိသည်။ 

၁၂။ ဥမင် Lining ၏ အတိုင်းအတာများသည် မြေသား၏၀န်အား (Ground Load) ထက် ရေလုံအောင် ဆောင်ရွက်နိုင်မှု၊ စက်ပစ္စည်းကိရိယာများ သုံးစွဲ/ရရှိနိုင်မှု၊ တည်ဆောက်နိုင်မှု အခြေအနေ စသည်တို့ကို ထည့်သွင်းစဉ်းစားသည့် အပေါ်တွင် အဓိက မူတည်ပါသည်။ 

၁၃။ မြေသား၏ ၀န်အား (Ground Loads) နှင့် Passive Pressures များကို ခန့်မှန်းတွက်ချက်ခြင်းများသည် ဥမင် Lining တည်ဆောက်ခြင်း/တပ်ဆင်ခြင်း မပြုလုပ်မီနှင့် ပြုလုပ်ပြီး အခြေအနေများတွင် ထိုနေရာ၌ ဖြစ်ပေါ်လာနိုင်သော မြေသားပုံပျက်ယွင်းမှုများနှင့်ဆက်နွှယ်သည့် ဖိအားပြောင်းလဲခြင်း (Stress redistribution) အပေါ် မူတည်နေသောကြောင့် တိကျသေချာမှု မရှိနိုင်ချေ။ ဥမင်အလျား တလျှောက်တွင် ဖြစ်ပေါ်နေသော Loads နှင့် Pressures များသည် ဥမင်တူးဖော်ရေး ကျွမ်းကျင်မှုနှင့် ဘူမိဗေဒအခြေအနေများကိုလိုက်၍ အမျိုးမျိုးပြောင်းလဲနေပါသည်။ 

၁၄။ ဥမင် Lining အပေါ်သက်ရောက်နေသော အကြီးမားဆုံးသော ၀န်အားသည် ဥမင်တူးစက်၏ Shield jacking loads များ၊ Lining နှင့် မြေသားကို တွဲကပ်ပေးမည့် Grout Pressures များစသည့် တူးဖော်ရေးလုပ်ငန်းစဉ်များမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ 

၁၅။ ဥမင် Lining Rings များအပေါ် သက်ရောက်နေသော Stress များကို သင်္ချာနည်းလမ်းဖြင့် Structural analysis ပြုလုပ်ခြင်း၏ တိကျမှုသည် မြေသားထု၏ Loads နှင့် Support Conditions များကို ခန့်မှန်းတွက်ချက်ခြင်း၏ တိကျမှုထက် များစွာ ပိုမိုသည်။ 

၁၆။ ဥမင် Lining Rings များကို ပတ်လည်ရှိမြေသားနှင့် အနားသတ်ဘောင်ခတ်ထားနိုင်ပါက (တနည်းအားဖြင့် Lining နှင့် မြေသားတို့အကြား နေရာလွတ်မရှိ ထိစပ်တွဲကပ်နေပါက) ဥမင်နံရံသည် မြေသားနှင့်ကွာ၍ Flexural deformation မဖြစ်နိုင်ပေ။ ဥမင် Lining နောက်တွင် Grout မလုပ်ခဲ့မိသော နေရာလွတ်များမရှိဘဲနှင့် Flexural ကြောင့်ဖြစ်သော Lining Structural Failure မဖြစ်နိုင်။

၁၇။ မြေသားပုံပျက်ယွင်းမှု (Ground Deformation) တည်ငြိမ်မှုမရှိခင်တွင် တပ်ဆင်ခဲ့သော Lining အစိတ်အပိုင်းများ၏ Structural Performance ကို Axial thrust ကြောင့် ဥမင် Lining Diameter အပြောင်းအလဲများမှ တိုင်းတာရရှိသော Deformation များကို Analyze ပြုလုပ်ခြင်းဖြင့် ခန့်မှန်းတွက်ချက်နိုင်သည်။ အလားတူ မြေအမျိုးအစားတွင် ယခင်ဥမင်တူးဖော်ခြင်းများမှ ရရှိလာသော အတွေ့အကြုံများကို အခြေခံ၍သော်လည်းကောင်း၊ တူးဖော်ရေးလိုအပ်ချက်များအဖြစ် သတ်မှတ်၍သော်လည်းကောင်း၊ တိုင်းတာရေးကိရိယာများဖြင့် စောင့်ကြပ်စစ်ဆေး အတည်ပြုခြင်းဖြင့်သော်လည်းကောင်း သင့်တော်သော ဒီဇိုင်းတန်ဖိုးများကို သတ်မှတ်နိုင်သည်။

၁၈။ မြေသားပုံပျက်ယွင်းမှု (Ground Deformation) တည်ငြိမ်မှုရရှိပြီးမှ တပ်ဆင်သော Lining အစိတ်အပိုင်းများအတွက်မူ Axial Loads တစ်ခုတည်းအတွက်သာ ခန့်မှန်းတွက်ချက်နိုင်ပြီး ဥမင်အတွင်း နောက်ထပ်တည်ဆောက်မှုများမှ ဖြစ်လာနိုင်သည့် သက်ရောက်မှုများနှင့် Long-term Ground Squeezing သက်ရောက်မှုများအတွက် Allowances များကို သင့်တော်သလို ထည့်သွင်းစဉ်းစားရမည်။

ဥမင် Lining ဒီဇိုင်းပြုလုပ်ရာတွင် မြေအခြေအနေ ပြောင်းလဲမှုများနှင့် မသေချာမှုများ၊ တူးဖော်ရေး အစီအစဉ်များ၊ တူးဖော်နေစဉ်အတွင်း မြေသား၏ တုံ့ပြန်မှုများကို ထည့်သွင်းစဉ်းစားရပါမည်။ ထိုရှိရင်းစွဲ မသေချာမှုများသည် Lining (Elastic Structural Rings) အပေါ် သက်ရောက်နေသော Stresses များကို သင်္ချာနည်းအားဖြင့် တွက်ချက်ခြင်း၏ တိကျမှုနှင့် သဟဇာတမဖြစ် (အစေးမကပ်)သည့် သဘောလည်းရှိပါသည်။ မည်သို့ပင်ဆိုစေ Economical Lining Design တစ်ခုအတွက် ယုံကြည်စိတ်ချရသော လမ်းညွှန် (Guidance) ဆိုသည်မှာ အမျိုးအစားတူသော မြေမျိုးတွင် ယခင်ကတူးဖော်ခဲ့ပြီးသော ဥမင်ဖောက်လုပ်ရေးအတွေ့အကြုံများအပေါ် အခြေခံခြင်း ဖြစ်ပါသည်။ ထပ်မံ၍ဆိုရသော် ဥမင် Lining ၏ အရေးကြီးဆုံးသော အစိတ်အပိုင်းတစ်ရပ်မှာ မြေကြီးဖြစ်ပါသည်။
The most important part of the tunnel lining is the ground.
Ref: Tunnel Stabilization and Lining, Thomas R. Kuesel, Consulting Engineer, Chairman Emeritus, Parsons Brinckerhoff Quade & Douglas, Inc, "Tunnel Engineering Handbook", 2004.

Initial Ground Support

စာရေးသူ © MyMetro |

ယေဘူယျ အချက်များ
ကနဦး မြေသားပင့်ထောက်ခြင်း လုပ်ငန်း (Initial ground support) သည် ဥမင်ဖောက်လုပ်ရာတွင် အလွန်အရေးကြီးသော လုပ်ငန်းအဆင့်ဖြစ်သည်။ လွန်တူး-ဖောက်ခွဲဥမင်တူးစနစ် (Drilling and Blasting Method) တွင် မြေသားတူးဖော်ပြီးသည်နှင့် တပြိုင်နက် နောက်တစ်ဆိုင်း မြေတူးလုပ်ငန်းမစခင် တပ်ဆင်ရသည်။

ဥမင်တူးဖောက်စက် (TBM) ကို အသုံးပြုသော ဥမင်တူးစနစ်တွင်မူ မြေတူးလုပ်ငန်းနှင့် မြေသား ပင့်ထောက်မှုလုပ်ငန်း၊ ဥမင်နံရံတပ်ဆင်မှု လုပ်ငန်းတို့သည် လုပ်ငန်းအဆင့်လိုက် အစီစဉ်တကျ လုပ်ဆောင်သည်ဖြစ်၍ ပိုမိုကောင်းမွန်သော လုပ်ငန်းအရည်အသွေးကို ရရှိနိုင်ပေသည်။ ကနဦးမြေသား ပင့်ထောက်မှုလုပ်ငန်းများတွင် Steel ribs များ၊ Lattice girders များ၊ Shotcrete လုပ်ငန်း၊ Rock dowels များ၊ Steel mesh များနှင့် Mine straps များ စသည်ဖြင့် အသီးသီးရှိကြသည်။

မြေသားပင့်ထောက်ခြင်း လုပ်ငန်း၏ အဓိက ရည်ရွယ်ချက်မှာ ဥမင်တူးဖော်နေစဉ် ပတ်လည်ရှိမြေသား တည်ငြိမ်မှု (Stability) ရရှိစေရန်၊ မြေပြိုကျမှု မဖြစ်စေအောင် ထိန်းသိမ်းထားနိုင်ရန်နှင့် ဥမင်ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ်အတွင် လုပ်ငန်းခွင် လုံခြုံမှု ရှိစေရန်တို့ ဖြစ်သည်။ လုပ်ငန်းခွင်ရှိရာ မြေသား၏ ခံနိုင်ရည်အား ကောင်းသည်နှင့်အမျှ ကနဦး မြေသား ပင့်ထောက်ခြင်းလုပ်ငန်း လုပ်ဆောင်ရသည့် ပမာဏ လျော့နည်းသွားမည် ဖြစ်သည်။ ကနဦး မြေသား ပင့်ထောက်ခြင်း လုပ်ငန်းများ ပြီးစီးပါက နောက်ထပ် ထပ်ဆောင်း ပင့်ထောက်မှုများ လုပ်ဆောင်ရန် မလိုအပ်တော့ပေ။

ဤနေရာတွင် ကနဦး မြေသားပင့်ထောက်ခြင်းသည် အပြီးသတ် ပင့်ထောက်မှု တာဝန်ကိုပါ လုပ်ဆောင်ပေသည်။ သို့သော် ဥမင်နံရံကို Cast-in-place ဖြင့်တပ်ဆင်ပါက ၎င်းလုပ်ငန်းသည် အပြီးသတ် ပင့်ထောက်မှုလုပ်ငန်း (Final support)ပင် ဖြစ်သည်။ ထိုအခါ ကနဦးလုပ်ငန်းနှင့် အပြီးသတ် ပင့်ထောက်မှု လုပ်ငန်းများသည် အတူပေါင်းစပ်သွားပြီး ပေါင်းစပ် ပင့်ထောက်မှုစနစ်တစ်ခုအဖြစ် ထမ်းဆောင်သည်။

မှတ်သားရန် အချက်မှာ အပြီးသတ်ပင့်ထောက်ခြင်း လုပ်ငန်းအတွက် ကနဦး ပင့်ထောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ၎င်း၏ ကြာရှည်ခံနိုင်ရည်ကိုလည် အလေးအနက် ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။ အကြောင်းမှာ အဆိုပါ လုပ်ငန်းများသည် လတ်တလော ကာလတွင် ပုံမှန်ဖြစ်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ တိုက်စားခံရခြင်းကြောင့် ပျက်စီးယိုယွင်းခြင်း (Corrosion) နှင့် ပုံပျက်ယွင်းမှု (Deformation)တို့ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။

ကနဦးမြေသား အားဖြည့်လုပ်ငန်း (Initial ground reinforcement)
ကနဦးမြေသား အားဖြည့်လုပ်ငန်းတွင် untensioned rock dowels တနည်းအားဖြင့် (ဆွဲအား မပါသော ကျောက်သားသပ်များ)နှင့် tensioned rock bolts များပါဝင်သည်။ ၎င်းတို့သည် မြေသား အားဖြည့်လုပ်ငန်း လုပ်ဆောင်ရာတွင် အကောင်းဆုံးနည်းလမ်းများ ဖြစ်ပြီး မြေသား၏ သက်ရောက်ဝန်အားကို စုစည်းပေးကာ ထိုအားဖြင့် မြေသားထုအား ပြန်လည်ထောက်မပေးသော စနစ်ဖြစ်သည်။ ဤနည်းသည် စရိတ်စက အသက်သာဆုံးသော နည်းလည်း ဖြစ်သည်။ မြေသားထုအတွင်း တပ်ဆင်ထားသော အားဖြည့် အစိတ်အပိုင်း အားလုံးတို့သည် အဆိုပါ မြေသား၏ အစိတ်အပိုင်းတစ်ရပ် သဖွယ်ဖြစ်လာပြီး ကွန်ကရစ်နံရံသားနှင့် steel sets များ ရွေ့လျားခြင်းမှလည်း ကာကွယ်ပေးနိုင်ကာ မြေသား၏ အပြင်ဘက် ပင့်ထောက်မှု ဖြစ်လာစေမည် ဖြစ်သည်။ မြေသား အားဖြည့်လုပ်ငန်းတွင် rock bolt အမျိုးအစား သုံးမျိုးရှိသည်။ ၎င်းတို့မှာ-
  • Mechanically Anchored (rock bolts)
  • Grouted bars (dowels)
  • Friction dowels
Friction dowels များကို ၎င်းတို့၏ ကြာရှည်ခံနိုင်မှုပေါ် ကြည့်ပြီး ယာယီအားဖြည့်လုပ်ငန်းများတွင်သာ အသုံးပြုကြသည်။ အထက်ပါ Rock bolts များနှင့် dowels များ၏ နည်းပညာဆိုင်ရာ အချက်အလက်များကို ဇယားတွင် ဖော်ပြထားသည်။

(၁) တပ်ဆင်ခြင်း။ Rock bolts သို့မဟုတ် Dowels များကို တပ်ဆင်ပါက မည်သည့် အမျိုးအစားဖြစ်စေ မြေသား/ကျောက်သားထဲတွင် ဦးစွာ သတ်မှတ်ထားသော အချင်းနှင့် အလျားရှိသည့် တွင်းများကို တူးဖော်ရမည် ဖြစ်သည်။ မိုင်းခွဲတူးဖော်သောနည်းတွင် မိုင်းခွဲရန် တွင်းများတူးဖော်သည့် Jumbo တူးစက်ကို Rock bolt တွင်းများ တူးဖော်ရာတွင် အသုံးပြုသည်။ Rock bolt တွင်းများ၏ အချင်းသည် အရွယ်အစား အမျိုးမျိုးကွဲပြားနိုင်သည်။

တူးဖော်ရာတွင် အသုံးပြုသည့် drill steel များနှင့် ကျောက်အမျိုးအစားပေါ် မူတည်ပြီး တွင်းများတူးရာတွင် သွေဖယ်မှု (လွဲချော်မှု) ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။ Expansion anchor ဟုခေါ်သည့် သပ်အဖျားတွင် ဖြန့်ကားနိုင်သော သပ်များ၊ ကွန်ကရစ် မှုတ်သွင်းသည့် Grouted bolt နှင့် Swellex bolt များတပ်ဆင်ရာတွင် သွေဖယ်မှုမှာ အရေးပါသော ပြဿနာ တစ်ရပ်မဟုတ်သော်လည်း Split sets များကဲ့သို့ တွင်း၏ အကျယ်(အချင်း) တိကျမှု လိုအပ်သည့် သပ်များ တပ်ဆင်ရာတွင်မူ တွင်းကျယ်လာသည်နှင့်အမျှ လိုအပ်သော friction resistance လျော့နည်းသွားမည် ဖြစ်၍ တိကျမှု လိုအပ်သည်။

Mechanically anchored rock bolt များ တပ်ဆင်ရာတွင်မူ တွင်းတူးပြီးသည်နှင့် သပ်တံကို တွင်းထဲသို့ တခါတည်း ထည့်သွင်းပြီး မူလီခေါင်းကို torque wrench ကို အသုံးပြုကြပ်ရမည် ဖြစ်သည်။ ထို့နောက် ၎င်းသပ်တံအတွင်း tension အားရရှိရန် direct-pull jack ကို အသုံးပြုရမည် ဖြစ်သည်။ torque wrench ကို အသုံးပြု၍ မရပေ။ ဘိလပ်မြေကို အသုံးပြုသည့် Grouted rock bolt တွင်မူ တွင်းထဲသို့ သပ်တံကို ထည့်သွင်းပြီးနောက်မှ ဘိလပ်မြေပျော်ရည်ကို တွင်းထဲသို့ မှုတ်သွင်းခြင်း ဖြစ်သည်။


(၂) ဆွဲအားထည့်သွင်းခြင်း (tensioning)။ သပ်တံ (anchor) များကို သမရိုးကျအတိုင်း ဆွဲအား မပါဘဲ တပ်ဆင်ပြီးမှ torque wrench သို့မဟုတ် hydraulic jack များကို အသုံးပြု၍ ဆွဲအားကို ထည့်သွင်းခြင်း ဖြစ်သည်။ သို့အတွက် သပ်တံ သို့မဟုတ် grouted bolt များတွင် လုံလောက်သော ခံနိုင်အား ရှိနေရမည် ဖြစ်သည်။ စေးပျစ်သော အရည်တမျိုးမျိုးကို အသုံးပြုသည့် grouted bolt များတွင် လိုအပ်သော ခံနိုင်အား (strength) ကို အမြန်ရရှိနိုင်ပြီး ဘိလပ်မြေ အသုံးပြုသော grouted bolt များတွင်မူ ဘိလပ်မြေနှင့် သပ်တံတို့ တွဲကပ်အား ရရှိသည် အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။ ထို့အတွက် ဘိလပ်မြေကို အလျင်အမြန်ခဲစေသော accelerator များ အသုံးပြုကြသည်။

(၃) ပစ္စည်းကိရိယာ။ Rock bolt များတွင် ပုံမှန်အားဖြင့် ပုံများတွင် ပြထားသည့် အတိုင်း အောက်ခံအပြားများ ပါရှိပြီး သပ်တံ အဆုံးတွင် တပ်ဆင်မည့် မူလီနှင့် ဝါရှာများလည်း ပါရှိသည်။ အောက်ခံပြားသည် သပ်တံတွင် ရှိနေသော ဆွဲအားကို ခုခံသည့် တာဝန်ကို ထမ်းဆောင်ပြီး တွဲဖက်တပ်ဆင်မည့် သံဇကာကွက်နှင့် သိုင်းကြိုးအစရှိသည်တို့ကိုပါ ချိတ်တွယ်ပေးထားနိုင်သည်။ ထို သံဇကာကွက်နှင့် သိုင်းကြိုးများသည် ဥမင်အတွင်းသား မျက်နှာပြင် အားဖြည့်ရန်နှင့် ကာကွယ်မှုပေးနိုင်ရန် Shotcrete လုပ်ရာတွင် မြှုပ်နှံရန်အတွက် ဖြစ်သည်။ အောက်ခံပလိတ်ပြားများသည် ယေဘူယျအားဖြင့် လေးထောင့်၊ အဝိုင်းနှင့် တြိဂံပုံသဏ္ဍာန်များ ဖြစ်ကြသည်။ Shotcrete လုပ်ဆောင်ရခြင်းမှာ ဥမင်မျက်နှာပြင်နှင့် Rock bolt များအကြားရှိ ကျောက်သား အပိုင်းအစလေးများအား တွဲကပ်မှု ရရှိစေရန်ဖြစ်သည်။

(၄) စမ်းသပ်ခြင်း။ Testing rock bolt များသည် ဆောက်လုပ်ရေး လုပ်ငန်းစဉ်တွင် အရေးကြီးသော အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ Rock bolt များကို လုံလောက်စွာ တပ်ဆင်ထားခြင်း မရှိပါက ၎င်းတို့သည် စွမ်းအားပြည့် လုပ်ဆောင်နိုင်မည် မဟုတ်ချေ။ Rock bolt များတပ်ဆင်ရာတွင် မှားယွင်းနိုင်သော အကြောင်းရင်းများမှာ-
  • Rock bolt စနစ်အမျိုးအစား ရွေးချယ်မှု မှားယွင်းခြင်း၊
  • တွင်းများ နေရာထားရှိမှု မှားယွင်းခြင်း၊
  • တွင်း၏ အလျား (အရှည်) မှားယွင်းခြင်း၊
  • တွင်း၏ အကျယ် (အချင်း) မှားယွင်းခြင်း၊
  • တွင်းအား သန့်ရှင်းမှု ကောင်းစွာ မလုပ်ခြင်း၊
  • Grouting ပြုလုပ်ရာတွင် လိုအပ်ခြင်း၊
  • Grouting တွဲကပ်မှု အလျားလိုအပ်ခြင်း၊
  • အသုံးပြုသော သပ်တံတွင် သံချေးတက်ခြင်း သို့မဟုတ် အနာအဆာရှိနေခြင်း၊
  • မူလီနှင့် နတ်များ၊ အောက်ခံခုံ (bearing plate) များတပ်ဆင်ရာတွင် alignment လွဲခြင်း၊
  • Grouting agent များ၏ သက်တမ်းကုန်ဆုံးနေခြင်း၊
  • မသင့်တော်သော Grout mixture များ အသုံးပြုခြင်း၊
  • Breather tube များ ပျက်စီးနေခြင်း၊
  • Borehole sealing လုပ်ရာတွင် လိုအပ်ခြင်း၊
  • သပ်တံ အဆုံးတွင် တပ်ဆင်သည့် ပစ္စည်းကိရိယာများတွင် ချောဆီလိုအပ်ခြင်း၊
  • တပ်ဆင်ပုံ အစီအစဉ် မှားယွင်းခြင်း၊
  • လုံလောက်သော စမ်းသပ်မှု အစီအမံများ မရှိခြင်း၊
  • Rock bolt စနစ်၏ လုပ်ဆောင်ပုံကို စောင့်ကြပ် စစ်ဆေးမှု မရှိခြင်း စသည်တို့ ဖြစ်သည်။
အထက်ပါ ပြဿနာများကို ထုတ်လုပ်သူများ၏ အညွှန်းများနှင့် စီမံကြီးကြပ်မှုများအတိုင်း ပြုလုပ်ခြင်းဖြင့် ရှောင်ကွင်းနိုင်သည်။ Rock bolts များနှင့် dowels များကို စမ်းသပ်ရာတွင် အသုံးအများဆုံး နည်းလမ်းမှာ pull-out test ဖြစ်သည်။ Rock bolt ၏အဆုံးတွင် hydraulic jack ကိုတွဲကပ် တပ်ဆင်ပြီး သတ်မှတ်ထားသော ဝန်အား သို့မဟုတ် အရွေ့(displacement) ကို သက်ရောက်စေသော နည်းဖြစ်သည်။ စမ်းသပ်မှုများကို အများအားဖြင့် ဥမင်လုပ်ငန်းစတင်စဉ်တွင် လုပ်ဆောင်လေ့ရှိပြီး တပ်ဆင်ပုံ အစီအစဉ်များ၊ နည်းလမ်းနှင့် တပ်ဆင်မည့်သူ၏ ကျွမ်းကျင်မှုတို့ တိကျရန် လိုအပ်မည်ဖြစ်သည်။ စမ်းသပ်ရာတွင် ပြဿနာ တစုံတရာပေါ်လာပါက ပြောင်းလဲတပ်ဆင်ရန် လိုအပ်မည်ဖြစ်ပြီး စိတ်ချရသည်အထိ ပိုမိုတိကျသော စမ်းသပ်မှုများ ပြုလုပ်ရမည် ဖြစ်သည်။

သို့သော် Pull-out test ကို dowel ၏ အလျားတစ်ခုလုံးကို မလုပ်ဘဲ pull-out test ကိုခံနိုင်မည့် အလျားအထိအသာ စမ်းသပ်ပြုလုပ်သည်။ ဥပမာအားဖြင့် dowel အား pull-out test ပြုလုပ်မည့် အလျား ပမာဏအထိသာ grouting ပြုလုပ်ပြီး စမ်းသပ်ခြင်းဖြစ်သည်။ ထို့ထက် ပို၍ သေချာသော စမ်းသပ်နည်းမှာ pull-out test ပြုလုပ်ထားသော dowel အား ပြန်လည်ထုတ်ယူပြီး စစ်ဆေးနည်းဖြစ်သည်။ သို့သော ထိုနည်းသည် ကုန်ကျစရိတ် များသောကြောင့် မြေအခြေအနေ မတိကျသောအခါတွင်သာ အသုံးပြုလေ့ရှိသည်။ အခြားသော စမ်းသပ်နည်းလမ်းမှာ Mechanically anchored rock bolt များ၏ ခံနိုင်အား(strength) ကို torque wrench ဖြင့် စမ်းသပ်သော နည်းလမ်းဖြစ်သည်။ load cells များကို tensioned rock bolt ၏ အဆုံးတွင် တပ်ဆင်ပြီး သပ်တံတလျှောက် stress များကို ပို့လွှတ်ကာ ပြန်လည်ရောက်ရှိလာသော stress wave များကို ကြည့်ရှုစစ်ဆေးခြင်း ဖြစ်သည်။ stress reflection နည်းသည်နှင့်အမျှ rock bolt တပ်ဆင်ပုံ ကောင်းမွန်သည်ဟု မှတ်ယူနိုင်သည်။


Shotcrete အသုံးပြုခြင်း
Shotcrete ၏ ဘက်စုံအသုံးဝင်ခြင်း၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီစွာ အသုံးပြုနိုင်ခြင်းနှင့် ဈေးသက်သာခြင်းတို့ကြောင့် ယနေ့ခေတ် ဥမင်နှင့် တွင်း (shaft) များတည်ဆောက်ရာတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီဖြစ်သည်။ လတ်တလော ဖောက်လုပ်ထားသော ဥမင် မျက်နှာပြင်များတွင် ချက်ချင်း အသုံးပြုနိုင်ခြင်း၊ ဥမင်နှင့် တွင်း(shaft)တို့ ဆက်စပ်နေရာများ၊ ဥမင်ချဲ့ထွင်သော နေရာများ၊ ဥမင်လမ်းကြောင်း အဆက်နေရာများတို့တွင် တွဲစပ်အနေဖြင့် အသုံးပြုနိုင်ခြင်းနှင့် မြေအခြေအနေကိုလိုက်၍ သင့်တော်သော အရောအနှော၊ အထူတို့ကို အမျိုးမျိုးအသုံးပြု၍ ရခြင်းတို့သည် Shotcrete ၏ အားသာချက်များ ဖြစ်သည်။

သို့သော် Shotcrete မှာ ပင်ကိုယ်အားဖြင့် ကြွပ်ဆက်သော သဘောရှိသောကြောင့် မြေသားပင့်ထောက်မှုအတွက် အသုံးပြုရာတွင် tension ဒဏ်၊ မာကြောမှုနှင့် ပျော့ပျောင်းမှု (flexibility) ရရှိရန်အတွက် အားဖြည့်မှု (reinforcement) များထည့်သွင်းရန် လိုအပ်ပေမည်။ သို့အတွက် သံဇကာကွက် သို့မဟုတ် ဝါယာဖိုင်ဘာမျှင်များကို reinforcement အဖြစ် တပ်ဆင် အသုံးပြုကြသည်။ ယခုနောက်ပိုင်းတွင် steel fiber များကို ဘိလပ်မြေ၊ ကျောက်တို့နှင့် ရောနှော၍ reinforcement အနေဖြင့် အသုံးပြုလာကြသည်။ Steel fiber reinforced shotcrete (SFRS) ကို ၁၉၇၂ ခုနှစ်များက မြောက်အမေရိကတွင် ဖောက်လုပ်ခဲ့သော ဥမင်များတွင် ပထမဆုံး အသုံးပြုခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် မာကျောမှုနှင့် ကွေးညွှတ်မှု ခံနိုင်အားများ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီး shotcrete အလွှာများ၏ ဒဏ်ခံနိုင်မှု (fatigue) နှင့် ရိုက်ခတ်မှု ခံနိုင်အား (impact resistance) များလည်း ပိုမိုကောင်းမွန်လာသည်။

ယခုလက်ရှိ Shotcrete ၏ ဖြစ်ပေါ်တိုးတက်မှုများမှာ admixtures များထည့်သွင်း အသုံးပြုလာခြင်းဖြစ်သည်။ အထူးသဖြင့် မိုက်ခရိုဆီလီကာ (microsilica) များ ထည့်သွင်း အသုံးပြုလာပြီး ၎င်းသည် shotcrete ပက်ဖျန်းစဉ် ပြန်ကန်လွင့်စင်ထွက်မှုကို ကောင်းစွာလျှော့ချပေးပြီး သိပ်သည်းဆ၊ မာကျောမှုအားနှင့် ရေလုံမှု(ရေစိမ့်ဝင်မှု) တို့ကို ပိုမိုကောင်းမွန်လာစေသည်။


(၁) အသုံးပြုပုံများ။ Shotcrete ကို ဥမင်များနှင့် တွင်း(shaft) များတူးဖော်စတွင် ကနဦး မြေသားပင့်ထောက်မှု လုပ်ငန်းအဖြစ် အသုံးပြုကြသည်။ တူးဖော်ထားသော ကျောက်သား(မြေသား) မျက်နှာပြင်ပေါ်သို့ ၂ လက်မမှ ၄ လက်မအထူ ရှိသော အလွှာရအောင် မှုတ်ဖျန်းခြင်း ဖြစ်ပြီး ၎င်း၏ setting time မှာ ထည့်သွင်း အသုံးပြုထားသော accelerator များပေါ်တွင် မူတည်၍ မိနစ် အနည်းငယ်မှသည် နာရီအနည်းငယ်အထိ ကြာမြင့်တတ်သည်။ မိုင်းဖောက်ခွဲ၍ တူးဖော်သော ဥမင်လုပ်ငန်းများတွင် shotcrete ဖြင့် မညီညာသော ဥမင်မျက်နှာပြင်များ၊ ဖောက်ခွဲရာတွင် ပိုသွားသော နေရာများကို ချောမွတ်စေခြင်း၊ ဖြည့်သွင်းခြင်းများ ပြုလုပ်နိုင်သည်။ ထို့ပြင် မညီညာသော မျက်နှာပြင်များတွင် ဖြစ်ပေါ်လေ့ရှိသည့် shear ကြောင့် မြေပြိုကျမှုများ၊ အလွှာလိုက် ရွေ့လျားမှုများ၊ မျက်နှာပြင်ရှိ ကျောက်သားများ ပွကာ ဖွာထွက်ကျခြင်းများကိုလည်း တားဆီးပေးသည်။ ထို့အတူ ကျောက်သား မျက်နှာပြင်တွင် ရှိသော ရေငွေ့ပါဝင်နှုန်းကြောင့် ဖြစ်ပေါ်သော မြေသားပွခြင်း၊ ကျုံ့ခြင်းများကိုလည်း တားဆီးပေးသည်။ Shotcrete သည် မြေအမျိုးအစား မကောင်းသည့် နေရာမျိုးတွင် rock bolts (သို့) dowels များ၊ ရံဖန်ရံခါ steel ribs များ၊ lattice girders များပါ ပေါင်းစပ် ထည့်သွင်းအသုံးပြုရသည့် SEM ဥမင်ဖောက်လုပ်နည်းဖြင့် ဆောက်လုပ်သည့် အခါမျိုးတွင် မရှိမဖြစ် အသုံးဝင်သော ပစ္စည်းဖြစ်သည်။


မြေသား၏ မာကြောမှု အဆင့်များအလိုက် မြေသားပင့်ထောက်ခြင်းပုံစံများ

အကိုးအကား
Construction of Tunnel and Shaft. EM 1110-2-2901, 30 May 97, Sec. 5-4. Initial Ground Support.

Related Posts
SEM design ရဲ့ အဓိက သော့ချက်များ
Technology of Tunnel face Stabilization

Vibration mitigation on underground and aboveground railways

စာရေးသူ © MyMetro |

ရထားသံလမ်းများတွင် တုန်ခါမှု လျှော့ချရေး နည်းလမ်းများ

လွန်ခဲ့သည့် ဆယ်စုနှစ်များကစ၍ ဥရောပနိုင်ငံအများစုတွင် မီထရိုပိုလီတန်နှင့် မီးရထားလမ်းများမှ မြို့ပြလူနေမှုစနစ်အပေါ် ရိုက်ခတ်လာသော ဆိုးကျိုးများကို အထူးသတိပြု လေ့လာမှုများ ပြုလုပ်လာကြသည်။ လူနေရပ်ကွက်များ၊ အိမ်ယာများအကြား နီးကပ်စွာ ဖြတ်သန်းသွားသော ရထားများမှ ဖြစ်ပေါ်လာသော ဆူညံမှုနှင့် တုန်ခါမှုဒဏ်ကြောင့် မြို့နေလူထုအပေါ် လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာစေသည်။ မြေအောက် ရထားလမ်းကြောင်းများကို အများအားဖြင့် မြို့တွင်းရှိ အဓိက မော်တော်ကား လမ်းမကြီးများ တလျှောက် မြေအောက် အနက်မီတာ ၃၀ အတွင်းသာ ထားရှိဖောက်လုပ်ကြသည်။

အဆိုပါ မြေအောက် ရထားလမ်းကြောင်းများနှင့် နီးကပ်စွာတည်ရှိသော အဆောက်အအုံများ (မြေအောက် ရထားလမ်း ဥမင်နံရံမှ မီတာ ၄၀ အတွင်းရှိ အဆောက်အအုံများ)တွင် တိုင်းတာလေ့လာချက်များအရ ရထားသွားလာနေစဉ်အတွင်း ဖြစ်ပေါ်လာသော တုန်ခါမှု ပမာဏမှာ လက်ခံနိုင်သော ကျန်းမာရေးဆိုင်ရာ စံနှုန်းများထက် များစွာပိုမိုနေသည်ကိုတွေ့ရသည်။ ထို့ကြောင့် ရထားသံလမ်းများ တည်ဆောက်ရာတွင် တုန်ခါမှုဒဏ်ကို ကာကွယ်ပေးမည့် အထူးသီးသန့်လုပ်ငန်းများ ထည့်သွင်းလုပ်ဆောင်ရန် လိုအပ်လာသည်။

ဤပြဿနာများကို ဖြေရှင်းနိုင်ရန် လေ့လာသုတေသန လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ပြင်သစ်နိုင်ငံ အခြေစိုက် အပြည်ပြည်ဆိုင်ရာ မီးရထားလမ်းများ အဖွဲ့ကြီး (International Union of Railways - UIC) က နည်းပညာနှင့် သုတေသနဌာနကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့သည် ပါရီမြို့သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် RATP (Régie Autonome des Transports Parisiens)၊ အသံလှိုင်းနှင့်တုန်ခါမှုနည်းပညာ ဝန်ဆောင်မှု ကုမ္ပဏီဖြစ်သည့် VIBRATEC တို့နှင့် ပူးပေါင်းပြီး ရထားနှင့် ရထားသံလမ်းများအကြား မက္ကဲနစ်ဆိုင်ရာ ဆက်နွှယ်မှုများနှင့် တုန်ခါမှုဖြစ်ပေါ်၊ ပျံ့နှံ့မှုများကို အခြေခံကျကျ လေ့လာသုတေသနပြုခဲ့ကြသည်။

လေ့လာတွေ့ရှိချက်များအရ ရထားဘီးများတွင်ရှိသော ချိုင့်ခွက်များ၊ အပွန်းအပဲ့များ၊ မညီညာမှုများ၊ အဖုအထစ်များနှင့် ရထားသံလမ်းများရှိ အဆက်များ၊ သံလမ်းအထိန်းအကွပ် (joints & scalloping wear) များကြောင့် တုန်ခါမှု ပမာဏအား ပိုမိုတိုးပွားစေသည်ကို တွေ့ရသည်။ သို့သော် လက်တွေ့ တိုင်းတာချက်များအရ ရထားသံလမ်း အထိန်းအကွပ်များ (scalloping wears) သည် တုန်ခါမှုကို ၁၀ - ၁၅ ဒယ်ဆီဘယ် (decibel) အထိ ပိုမိုဖြစ်ပေါ်စေသည်ကို တွေ့ရသည်။ ၎င်းတုန်ခါမှု နယ်ပယ်မှာ အမှန်တကယ် ကျယ်ဝန်းသော်လည်း ထို့ထက်ပို၍ စိတ်ဝင်စားစရာ ကောင်းသည့်အချက်မှာ ကြိမ်နှုန်းမြင့် တုန်ခါမှုအများစု (ကြိမ်နှုန်း ၁၈၀ ဟက်ဇ်-Hz အထိ) သည် အောက်ခံမြေထုအတွင်း၌ လျော့နည်းသွားခြင်းဖြစ်သည်။ အကယ်၍ အဆက်များ မပါသော ရထားသံလမ်းများကို အသုံးပြုပါက ထိုအဆက်များမှ ဖြစ်ပေါ်လာသော တုန်ခါမှုလွှဲခွင် (Amplitude) ကို နှစ်ဆမှ လေးဆအထိ လျော့ချနိုင်မည် ဖြစ်သည်။

လေ့လာရေး ကော်မတီက ရထားသွားလာစဉ် ဖြစ်ပေါ်လာသော တုန်ခါမှု ပျံ့နှံ့ပုံများနှင့် တုန်ခါမှုကို တားဆီးနိုင်မည့် နည်းလမ်း (vibration isolation system) အမျိုးမျိုးကို အသုံးပြု၍ တုန်ခါမှု ပမာဏအား မည်မျှထိရောက်စွာ လျှော့ချနိုင်သည်ကို တိုင်းတာလေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထိုလေ့လာချက်များအရ တုန်ခါမှုဒဏ်ခံ ပစ္စည်းများကို မြေအောက် ရထားလမ်း ဥမင်များအတွင်းနှင့် လမ်းကြောင်းတလျှောက်ရှိ မြေလွှာအတွင်း၌ဖြစ်စေ၊ မြေပေါ် လမ်းကြောင်းများတွင် ရထားသံလမ်းများ၏ အောက်မှဖြစ်စေ ထည့်သွင်းထားရှိခြင်းဖြင့် ရထားသွားလာစဉ် ဖြစ်ပေါ်လာသော တုန်ခါမှုကို လျှော့ချနိုင်မည်ဟုလည်း တွက်ဆခဲ့ကြသည်။

တုန်ခါမှုဒဏ်ကို ကာကွယ်နိုင်ရေးအတွက် ဥမင်များတွင် အများဆုံး အသုံးပြုသည့် နည်းလမ်းတရပ်မှာ ဥမင်အတွင်း ရထားသံလမ်းများ၏ အောက်နှင့် ဥမင်၏ကြမ်းခင်းပိုင်း (Tunnel invert) အကြားတွင် ပျော့ပြောင်းသော အလွှာ Elastic layer (resilient) တစ်ခုကို ထည့်သွင်းခြင်းပင် ဖြစ်သည်။ ထိုစနစ်သည် သဘာဝကြိမ်နှုန်း (natural frequency) ထက်များသော ကြိမ်နှုန်းများကို တားဆီးပေးသည့် အတားအဆီး (barrier) အဖြစ် လုပ်ဆောင်ပေးသည်။

ရထားသံလမ်းခုံအောက်နှင့် ဥမင်ကြမ်းခင်းပိုင်းတို့ အကြားတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည့် elastic layers များကို အမျိုးအစား သုံးမျိုးခွဲခြားနိုင်သည်။
  • Profiling mat - ယေဘူယျအားဖြင့် အမြှောင်းများဖော်ထားသော ရာဘာများဖြင့် ပြုလုပ်ထားသည်။
  • Beading mat - ကားတာယာအဟောင်းများကို ပြန်လည်ပြုပြင်ထားပြီး အရည်အသွေးမြင့် အီလက်စတိုမာ (elastomer) တမျိုးမျိုးဖြင့် တွယ်ကပ်ထားသည်။ (အနားကွပ်၊ ဘောင်ကွပ်ခြင်း)
  • Foamed mat - ပလတ်စတစ် (သို့) ရောဘာဖော့ - ပေါ်လီယူရီသိန်း (polyurethane)၊ ပျော့ပြောင်းမှုရှိပြီး အဖွင့်၊ အပိတ် အကွက်များဖြင့် ဖွဲ့စည်းထားသည်။
ဒုတိယနည်းလမ်းမှာ ရထားလမ်း ဇလီဖားတုံး (sleeper) များအောက်တွင် ရာဘာဖော့ပြားများ ထည့်သွင်း (ဖြည့်သွင်း) အသုံးပြုခြင်း ဖြစ်သည်။

အထက်ပါ တည်ဆောက်မှု နည်းလမ်းများအပေါ် လက်တွေ့ စမ်းသပ်ချက်များအရ တုန်ခါမှုဒဏ်ခံ ပစ္စည်းများသည် ကြိမ်နှုန်း ၃၀ ဟက်ဇ်ထက် ပိုများသည့်အခါတွင် ပိုမိုကောင်းမွန်သည့် တုန်ခါမှုခံနိုင်ရည်ကို ရရှိသည်ကိုတွေ့ရသည်။

ထို့ပြင် တုန်ခါမှုဒဏ်ခံ ပစ္စည်းများ သီးခြားထည့်သွင်း တပ်ဆင်ထားခြင်း မရှိသည့် ရထားသံလမ်းအောက်ခံခုံ မပါရှိသော (without ballast) လမ်းတည်ဆောက်မှုပုံစံများအား လေ့လာသုတေသန ပြုချက်များအရ ၎င်းပုံစံများသည် ဥမင်နံရံနှင့် ပတ်ဝန်းကျင် မြေထုသို့ တုန်ခါမှုဒဏ်ကို အများဆုံး လွှဲပြောင်းပေးနိုင်သည်ကို တွေ့ရသည်။ ထို့ကြောင့် ရထားသွားလာစဉ် ဖြစ်ပေါ်လာသော တုန်ခါမှုဒဏ်ကို လျှော့ချနိုင်ရန် ပျော့ပြောင်းသော ရာဘာအလွှာများနှင့် မာကျောသော လမ်းအလွှာများအား တစ်ထပ်စီ၊ တစ်ကန့်စီဖြင့် မဖြစ်မနေ ထည့်သွင်း တည်ဆောက်ရန် လိုအပ်မည် ဖြစ်သည်။

ရထားသံလမ်းများတွင် စွမ်းရည်မြင့် ပေါ်လီမာ ပစ္စည်းများကို ထည့်သွင်း တည်ဆောက်ခြင်း
ရထားသံလမ်းများတွင် ပျော့ပြောင်းသော ပေါ်လီမာ (Polymer) ပစ္စည်းများကို ထည့်သွင်းခြင်းသည် ရထားဘီးနှင့် သံလမ်းများ၊ အောက်ခံခုံများအကြား အပြန်အလှန် သက်ရောက်နေသော အားများကို လျော့နည်းသွားစေပြီး ဆင့်ပွား ထွက်ရှိလာသော ဆူညံသံများနှင့် ဆူညံသံ ဖွဲ့တည်မှုကိုလည်း အားနည်းသွားစေသည်။ သို့သော် အသုံးပြုသည့် တုန်ခါမှုဒဏ်ခံ ပစ္စည်းများနှင့် သံလမ်းအစိတ်အပိုင်းတို့ တွဲစပ်မှု ကောင်းမွန်ရမည့်အပြင် ၎င်းပစ္စည်းများ၏ ခံနိုင်ရည်၊ မာကျောမှုနှင့် သိပ်သည်းဆတို့ ကောင်းမွန်ရန်လည်း လိုအပ်ပေသည်။ ယနေ့အခါတွင် ထိုကဲ့သို့ တည်ဆောက်မှုပုံစံများကို မြေအောက် ရထားလမ်းကြောင်းများတွင် သာမက မြေပေါ် ထရန်ဘတ်စ်လမ်းကြောင်းများ၊ မြေပေါ်မြို့ပတ် ရထားလမ်းကြောင်းများတွင်ပါ ထည့်သွင်းတပ်ဆင် အသုံးပြုလာကြပြီး ဖြစ်သည်။ ပုံ(၁)၊ ပုံ(၂)။

ပုံ(၁)၊ ရထားသံလမ်း တွဲစပ်ပစ္စည်းများတွင် ပေါ်လီမာများ ထည့်သွင်းတည်ဆောက်ပုံ


ပုံ(၂)၊ လန်ဒန်မြို့ မြေအောက် ရထားလမ်းများရှိ တုန်ခါမှုဒဏ်ခံ ပေါ်လီမာကို အသုံးပြုထားသော သံလမ်းတည်ဆောက်ပုံ။


ဇလီဖားတုံး အောက်တွင် ပေါ်လီမာများ ထည့်သွင်းတည်ဆောက်ပုံ
သံလမ်းအောက်ဖက်ရှိ အတွင်းပိုင်းများတွင် ဖြစ်ပေါ်လာနိုင်သည့် တုန်ခါမှုဒဏ်များကို ကောင်းမွန်စွာ ကာကွယ်နိုင်သည့် နည်းလမ်းတရပ်မှာ ဇလီဖားတုံးများအောက်တွင် ဒဏ်ခံပေါ်လီမာများ ထည့်သွင်းတည်ဆောက်ခြင်းပင် ဖြစ်သည်။ ပုံ(၃) တွင် ပြထားသည့်အတိုင်း ကွန်ကရစ် ဇလီဖားတုံးအောက်တွင် ပေါ်လီမာကို တွဲကပ်တပ်ဆင်ထားသည်။ ၎င်းတွင် ကွန်ကရစ်အသားနှင့် ပေါ်လီမာတို့ တွဲကပ်စေမည့် သံဇကာကွက်၊ ပေါ်လီမာ၏ ခံနိုင်ရည်ကို ထိန်းသိမ်းပေးမည့် အလွှာတို့ ပေါင်းစပ်ပါဝင်သည်။

ပုံ(၃)၊ ဇလီဖားတုံးတွင် တုန်ခါမှုဒဏ်ခံ ပေါ်လီမာကို တွဲကပ်တည်ဆောက်ပုံ။

သံကူကွန်ကရစ် slab ပြားများတွင် ရထားလမ်း တည်ဆောက်ခြင်းများ
ရထားသံလမ်း၏ အပေါ်ပိုင်းကို သီးခြား ကွန်ကရစ်ခုံပေါ်တွင် တည်ဆောက်ပြီး ၎င်းကွန်ကရစ်ခုံကို elastic layers များတပ်ဆင်ထားသော အောက်ခံကြမ်းခင်းပိုင်းပေါ်တွင် ထားခြင်းဖြင့် တုန်ခါမှုဒဏ်ကို ကာကွယ်ရာတွင် ပိုမိုအကျိုးဖြစ်ထွန်းစေသည်ကို တွေ့ရသည်။

ရထားသံလမ်းနှင့် ဇလီဖားတုံးများ ပါဝင်သည့် အပေါ်ပိုင်းကို သီးခြား သံကူကွန်ကရစ် ပလိတ်ပြားပေါ်တွင် တပ်ဆင် တည်ဆောက်ထားပြီး ထိုကွန်ကရစ်ပြားကို ပေါ်လီမာ တပ်ဆင်ထားသည့် အောက်ခံခုံငယ်များ၊ အလျားလိုက် အောက်ခံခုံများနှင့် အောက်ခံပလိတ်ပြားပေါ်တွင် ထားရှိခြင်းဖြစ်သည်။ တုန်ခါမှုကို အထူးကာကွယ်ရန် လိုအပ်သည့် အချို့သော အခြေအနေများတွင် ထိုကဲ့သို့ ပေါ်လီမာများအပြင် သံမဏိ စပရိန်များကိုပါ ထည့်သွင်း တပ်ဆင်အသုံးပြုကြသည်။ ပုံ(၄) နှင့် ပုံ(၅) တွင် ကွန်ကရစ် ဇလီဖားတုံးများ အောက်၌ ပေါ်လီမာ အောက်ခံခုံများ တပ်ဆင် အသုံးပြုထားပုံများကို ဖော်ပြထားသည်။

ပုံ(၄)၊ အပေါ်ပိုင်း ရထားသံလမ်းခုံအောက်တွင် ပေါ်လီမာ အောက်ခံခုံများ တပ်ဆင်ပုံ နည်းလမ်းများ။

မှတ်သားရန် အချက်မှာ ၎င်းတည်ဆောက်မှုပုံစံများသည် ဆောက်လုပ်မှု ကုန်ကျစရိတ် အလွန်အမင်း များပြားပြီး တည်ဆောက် တပ်ဆင်ရာတွင် အခြားသော ပုံစံများထက် ပိုမိုရှုပ်ထွေးခြင်း ဖြစ်သည်။ သို့သော် တုန်ခါမှုဒဏ်ကို လျှော့ချရာတွင်မူ ထိရောက်မှု အရှိဆုံးနည်းလမ်းများ ဖြစ်သည်ကို တွေ့ရှိရသည်။

ပုံ(၅)၊ အောက်ခံကြမ်းခင်းပြား အမျိုးမျိုးတွင် သံကူကွန်ကရစ် အပေါ်ပိုင်း သံလမ်းခုံ တပ်ဆင်ပုံနည်းလမ်းများ။

အောက်တွင် ဖော်ပြထားသော ဓာတ်ပုံများတွင် ဥမင်အတွင်း တုန်ခါမှုဒဏ်ခံအလွှာများ တပ်ဆင် တည်ဆောက်ပုံများကို တွေ့မြင်နိုင်သည်။

ပုံ(၆)၊ အေသင်မြို့ မီထရိုတွင် ပေါ်လီမာ အောက်ခံခုံများ ထည့်သွင်း တပ်ဆင်ပုံ။

ပုံ(၇)၊ ဥမင်ကြမ်းခင်းပေါ်တွင် တုန်ခါမှုဒဏ်ခံ ပေါ်လီမာအလွှာကို တပ်ဆင်ပြီး ၎င်းအပေါ်မှ အပေါ်ပိုင်း ရထားသံလမ်းခုံအတွက် ကွန်ကရစ်လောင်းရန် ပြင်ဆင်နေပုံ။ (ဂျာမဏီ)။

ရထားသံလမ်းခုံ၏ တုန်ခါမှု ကာကွယ်နိုင်သော ဂုဏ်သတ္တိများကို ပိုမိုတိုးပွားစေသည့် အခြေခံနည်းလမ်းများ
ကမ္ဘာ့နိုင်ငံအများအပြားရှိ မီထရိုပိုလီတန်များ၌ အသုံးပြုလျက်ရှိသည့် ရထားလမ်းများတွင် တုန်ခါမှုဒဏ်ခံ အလွှာများ ထည့်သွင်းတပ်ဆင်ခြင်း နည်းလမ်းများအပေါ် ပြန်လည် လေ့လာဆန်းစစ်ချက်များအရ ရာဘာ-ပေါ်လီမာ (elastomer) များအသုံးပြုခြင်းသည် တုန်ခါမှုကိုသာ ကာကွယ်တားဆီးနိုင်သည်သာမက ဆူညံသံများကိုပါ လျော့နည်းစေသည့် ထိရောက်မှု အရှိဆုံးသော နည်းလမ်းများ ဖြစ်သည်ကို တွေ့ရသည်။

သို့သော် ရထားလမ်း တည်ဆောက်ရာ၌ အမျိုးမျိုးသော Elastic layers များ၊ shock absorber များစသည်တို့ကို ထည့်သွင်း အသုံးပြုခြင်းသည် အပြည့်အဝ အကျိုးသက်ရောက်မှု ရှိသည်ဟု မဆိုနိုင်ပေ။ ဆိုလိုသည်မှာ တွက်ချက် ရရှိထားသော ကြိမ်နှုန်း အကွာအဝေးအတွင်း၌ပင် တုန်ခါမှုပမာဏ အနည်းငယ် ပိုမိုလာနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် တုန်ခါမှု ကာကွယ်သည့်စနစ် (vibration isolation system) အမျိုးအစားများ ရွေးချယ်ရာတွင် တုန်ခါမှုတားဆီးမှု အခြေခံ သဘော၊ သဘာဝ များကိုသာ အာရုံစိုက်ရမည် မဟုတ်ဘဲ ရွေးချယ်ထားသော နည်းလမ်း၏ တုန်ခါမှု လျှော့ချနိုင်မည့် ခန့်မှန်းကြိမ်နှုန်း အကွာအဝေးကိုလည်း ထည့်သွင်းတွက်ချက်ရန် လိုအပ်ပေမည်။ တုန်ခါမှုကာကွယ်လွှာ တပ်ဆင်ရေး နည်းလမ်းများ ရွေးချယ်ရာတွင် အခြေခံအားဖြင့် တိကျသော အခြေအနေ အရပ်ရပ်အတွက် ဖြစ်ပေါ်လာမည့် တုန်ခါမှု ပမာဏများကို တွက်ချက်မှုများနှင့် ကျန်းမာရေး စံချိန်၊ စံနှုန်းများထက် ကျော်လွန်သော အခြေအနေများကိုပါ မဖြစ်မနေ ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။ နိဂုံးချုပ်အားဖြင့် ရထားသံလမ်းခုံ၏ တုန်ခါမှု ကာကွယ်နိုင်သော (vibroprotective) ဂုဏ်သတ္တိများကို ပိုမိုတိုးပွားစေသည့် အခြေခံနည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည်-
  • သံလမ်းများအောက်တွင် Higher elastic အလွှာများ တပ်ဆင်ခြင်း၊
  • ဇလီဖားတုံး၏ အပေါ် (သံလမ်းအောက်ရှိ တုန်ခါမှုဒဏ်ခံ အလွှာများ၏ အောက်ဘက်) တွင် higher elastic အလွှာများ တပ်ဆင်ခြင်း၊
  • ဇလီဖားတုံးအောက်တွင် တပ်ဆင်ခြင်း၊
  • ရထားသံလမ်း အောက်ခံကြမ်းခင်း (ballast) အောက်တွင် ထည့်သွင်းခြင်း၊
  • Elastic supports များ ထည့်သွင်းထားသော အောက်ခံခုံငယ်များ၊ အလျားလိုက် အောက်ခံခုံများနှင့် အောက်ခံ ပလိတ်ပြားပေါ်တွင် သံကူကွန်ကရစ် slab ပြားများ တပ်ဆင်ခြင်း တို့ဖြစ်သည်။

ရည်ညွှန်းကိုးကား-
1. Рысакова.Е. Анализ зарубежного и отечественного опыта использования конструкций верхнего строения пути с улучшенными упругими и демпфирующими свойствами.

Related Posts
Basic Ground-borne Vibration Concepts

မီ

ထရိုများကို တည်ဆောက်ကြရတဲ့ အဓိက အချက်သည် ခရီးသည်များကို လျင်မြန်စွာ သယ်ယူ ပို့ဆောင် ပေးနိုင်ရေး ဖြစ်ပါတယ်။ ပို့ဆောင် သွားလာရာတွင် လျင်မြန်စွာ မောင်းနှင် သယ်ယူ နိုင်ဖို့အတွက် မြို့ပြ သိပ်သည်းပြီး ဆောက်လုပ်ရန် နေရာ အခက်အခဲ များကြောင့် မီထရို လိုင်းများကို မြို့ပြ ကြီးများတွင် မြေအောက် ဆောက်လုပ်ရေး လုပ်ငန်းများဖြင့် တည်ဆောက်ကာ မြေအောက်လိုင်းများဖြင့် သယ်ယူ ပို့ဆောင်ပေး ကြပါတယ်။ သို့သော်လည်း မြို့ကြီးများနှင့် ဆင်ခြေဖုံး ဒေသများကို ဆက်သွယ် ပေးရာတွင် ဆင်ခြေဖုံး ဒေသများသည် တည်ဆောက်ရန် နေရာများပြားစွာ ရှိသည့်အတွက် မီထရိုများကို မြေပေါ်ပိုင်းတွင် ထားရှိကြပါတယ်။ ထိုသို့ ပြုလုပ်ခြင်း အားဖြင့် မြေအောက် တည်ဆောက်ရေး လုပ်ငန်း များထက် ကုန်ကျစရိတ်နှင့် တည်ဆောက်ရေး အချိန်ကာလ ကိုလည်း လျော့ကျစေပါတယ်။

မြို့ပြအတွင်း မြေအောက် ဆောက်လုပ်ရေုးလုပ်ငန်းများ ပြုလုပ်နိုင်ခြင်းမရှိသော နေရာများတွင် (မြေ အမျိုးအစားကြောင့်သော် လည်းကောင်း၊ အခြားသော ကန့်သတ်ချက် များကြောင့်သော် လည်းကောင်း၊ ကားလမ်း၊ ရထားလမ်းနှင့် မြစ်များ ချောင်းများ စသည့် အတားအဆီးများကို ဖြတ်ကျော်ရမည့် နေရာများတွင် မြေအောက် ဆောက်လုပ်ရေး ခက်ခဲသည့် နေရာများတွင်လည်းကောင်း စသည့်) မီထရိုလိုင်းများ၊ မီထရိုဘူတာများအတွက် တံတားများ၊ မြေပြင်အထက် Overhead bridge သို့မဟုတ် Flyway များကို တည်ဆောက်ကာ အသုံးပြုကြပါတယ်။ဒီပို့စ်တွင် အဆိုပါ အကြောင်းအရာများကို တင်ပြ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။


မြေပေါ်ထိစပ်နေသောအပိုင်း (On the ground)ရှိ မီထရိုလိုင်းများနှင့် မီထရိုဘူတာများ

မြေပေါ်ထိစပ်နေသော မီထရိုလိုင်းများသည် အများအားဖြင့် မြို့ကြီးများ၏ ဆင်ခြေဖုံးနှင့် ဆက်စပ်နေသော အပိုင်းများရှိ မီးရထားလမ်းများနှင့် မြို့ဆင်ခြေဖုံး လူနေရပ်ကွက်များ (ကြီးမားသော အဆောက်အဦးများမရှိပဲ လူနေ ထူထပ်သော နေရာများ) တလျှောက်တွင် များသောအားဖြင့် တည်ရှိကြပါသည်။ အဆိုပါလမ်းအူကြောင်းကို လူနေထိုင်သော ရပ်ကွက်များမှ မီတာ ၆၀ အကွာအဝေးထက် မနည်းသော နေရာမှာ ထားရှိရမှာဖြစ်ပါတယ်။ ရထားသွားလာမှုကြောင့် ဖြစ်ပေါ်လာမယ့် တုန်ခါမှုများနှင့် ဆူညံသံများမှ သက်သာနိုင်စေဖို့ အတွက် ဖြစ်ပါတယ်။



မြေပေါ်ပိုင်း ထိစပ်နေသော မီထရိုလမ်းကြောင်းများကို နေရာချထားရာတွင် ဇလီဖားတုံးအောက်ရှိ အုတ်မြစ်အထူသည် အနည်းဆုံး ၂၅ စင်တီမီတာ ပြုလုပ်ကြရပါတယ်။ Сutting တူးထားသော အပိုင်း၏ ဘေးတစ်ဘက်တစ်ချက်စီတွင် ရေစီးမြောင်းများကို ထားရှိရမှာဖြစ်ပါတယ်။ ရေစီး ကောင်းမွန်စေရေး အတွက်လည်း ဆင်ခြေလျှောများကို ထားရှိပေးရပါတယ်။ ဒါ့အပြင် ဇလီဖားတုံး အောက်ခြေများတွင်လည်း ရေများခိုနေစေခြင်းမရှိစေရန် အတွက်လည်း ဆင်ခြေလျှောများ ပြုလုပ်ကြရပါတယ်။



ရေစီးမြောင်းများပြုလုပ်ရာတွင် သံကူကွန်ကရစ်များဖြင့် သွန်းလောင်းထားပြီး ၎င်းတို့ကို သဲများဖြင့် ဖြည့်ထားသော မြောင်းအတွင်းမှာထည့်ထားပြီး အပေါ်ပိုင်းကို သံကူကွန်ကရစ် အဖုံးငယ်ဖြင့် ဖုံးအုပ်ထားရပါတယ်။ ရေများလွယ်ကူစွာ စိမ့်စီးသွားစေပြီး မီထရိုလမ်းကြောင်းများအပေါ် ရေမဝင် ပြုလုပ်ကြရပါတယ်။



မြေပေါ်ပိုင်း လမ်းကြောင်းတလျှောက် ဘေးတစ်ဘက်တစ်ချက်စီမှာ ခြံစည်းရိုးခတ်ထားဖို့ လိုအပ်ပါတယ်။ အဆိုပါအချက်သည် ပုံမှန်ရထားလမ်းနဲ့ ကွာခြားတဲ့အပိုင်းဖြစ်ပါတယ်။ မီထရိုရထားသွားမယ့် လမ်းကြောင်းမှာ Third rail လို့ခေါ်တဲ့ လျှပ်စစ် ဓါတ်အားပေးလိုင်း ပါရှိတဲ့အတွက် မီထရိုလမ်းကြောင်းကို လူများဖြတ်ကူးရာမှာ အန္တရာယ် ရှိတဲ့အတွက်ကြောင့် ခြံစည်းရိုး ခတ်ထားဖို့ လိုအပ်ခြင်းဖြစ်ပါတယ်။ အဆိုပါ လမ်းကြောင်းအတွင်းကို ဝင်ရောက်ခြင်းနိုင်မရှိစေရန် ပြုလုပ်ထားဖို့လိုအပ်ပြီး တင်းကြပ်စွာ တားမြစ်ထားရပါမယ်။

မြေပေါ်ပိုင်း မီထရိုဘူတာများ၌ စင်္ကြံများကို ပြုလုပ်သည့်အခါ လမ်း၏ ဘေးတစ်ဘက်တစ်ချက်စီတွင် ထားခြင်းဖြင့် လည်းကောင်း၊ လမ်းနှစ်ခု၏အလယ်တွင် ကျွန်းပုံစံ ပြုလုပ်ခြင်းဖြင့် လည်းကောင်း ဆောက်လုပ် ကြပါတယ်။ ဒါ့အပြင် မီထရိုဘူတာများတွင် များသောအားခြင့် ခရီးသည်များ အတွက်သာ စင်္ကြံနေရာများတွင်သာ အမိုးများ ထားရှိကြပါတယ်။ သို့သော်လည်း ရာသီဥတု နှင့် လိုအပ်ချက် ဒီဇိုင်းပေါ်မူတည်ပြီး ဘူတာတစ်ခုလုံးကိုလည်း အမိုးများဖြင့် ပြုလုပ်နိုင်ပါတယ်။



လမ်းလယ်ကျွန်းပုံစံ စင်္ကြံများတွင် ၎င်း၏အကျယ်ကို ၈ မီတာမှ ၁၀ မီတာအထိ ခရီးသည် သွားလာမှုနှုန်းထားကို မူတည်ပြီး ထားရှိနိုင်ပါတယ်။ ဘေးစင်္ကြံများ အလျားကိုတော့ ၄ မီတာထက် မလျော့နည်းစေဘဲ ပြုလုပ်ကြရတယ်။ မီထရိုဘူတာ၏ ဘေးစင်္ကြံအမိုးများအတွက် ထောက်ခံပေးမည့် ကော်လံတိုင်များကို သံကူကွန်ကရစ်များဖြင့် ပြုလုပ်နိုင်ပါတယ်။ ကော်လံတိုင်များအတွက် တစ်ခုနှင့် တစ်ခု အကွာအဝေးကို ၃ မီတာမှ ၃.၅ မီတာ အတွင်းထားရှိနိုင်ပါတယ်။ ကောင်လံတိုင်များအတွက် သီးခြားအုတ်မြစ်များကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အမိုးများအတွက် Cantilever beam များ ပြုလုပ်ပေးရပါတယ်။ ကော်လံတိုင်များနဲ့ Cantilever beam ထုတ်ထားသောအပိုင်း အဆက်များကြားတွင် သံပလိတ်ပြားများကို ဖြည့်၍ဆက်ထားပြီး ၎င်းတို့ကို ကွန်ကရစ်လောင်းရမှာ ဖြစ်ပါတယ်။





အမိုးများကို တော့ သင်ပုန်းကျောက်ပြား အမျိုးအစားနှင့် အုပ်မိုးနိုင်ပြီး ၎င်းတို့ကို အလျားလိုက် ခင်းထားသော သံကူကွန်ကရစ် beam များအပေါ်တွင်ထားရှိနိုင်ပါတယ်။

လမ်းလယ်ကျွန်းစင်္ကြံများအပေါ်ရှိ အမိုးများကို ပုံတွင်ပြထားသည့် အခြေခံပြီး ပြုလုပ်နိုင်ပါတယ်။


အမိုးများတွင် ရေတလျှောက်များကို tube များဖြင့် ထားရှိပြီး ၎င်းတို့မှ ကျဆင်းလာမည့် ရေများအတွက် မီထရိုဘူတာ စင်္ကြံအောက်ဘက်ရှိ သို့မဟုတ် Cutting ပြုလုပ်ထားသော ဘေးအပိုင်းရှိ ရေစီးမြောင်းများနှင့် ဆက်သွယ်ပေး ထားပါတယ်။

လူသွားစင်္ကြံတည်ဆောက်ရာတွင် single-span type with T shape beam များကို အသုံးပြုပြီး အကျယ်မှာ ၁မီတာမှ ၁.၅မီတာ အထိ အသုံးပြုပါတယ်။ ၎င်းတို့ကို အလျားလိုက်အတိုင်း သံကူကွန်ကရစ် beam များဖြင့် ပြုလုပ်ထားပါတယ်။ Beam များကို ထောက်ခံထားသော Support များသည် အမိုးအတွက် ကော်လံတိုင်အဖြစ် သာမက စင်္ကြံများအတွက်ပါ ထောက်ခံပေးထားပါတယ်။ မီထရိုဘူတာ၏ အောက်ပိုင်း လွတ်နေသော နေရာများကို လိုအပ်ပါက လျှပ်စစ်ကြိုးများ၊ ဆက်သွယ်ရေးကြိုးများ သွယ်တန်းရာတွင် အသုံးပြုနိုင်ပါတယ်။



မီထရိုဘူတာ စင်္ကြံများနှင့် မြေပြင်ပိုင်း(ခရီးသည်များ သွားလာမည့်မြို့တွင်းအပိုင်း) ကို ဆက်သွယ်ရာတွင် ဘူတာစင်္ကြံ၏ အဆုံးများမှဖြစ်စေ၊ အလယ်မှဖြစ်စေ ရထားလမ်း၏ အပေါ်ပိုင်းမှ လှေကားများဖြင့် ဆက်သွယ်ထားသော လမ်းကူးတံတားများကို ပြုလုပ်၍လည်းကောင်း ၊ မြေပြင်အပေါ်ပိုင်းအဆောက်အဦး Vestibules များဖြင့်လည်းကောင်း ဆက်သွယ် အသုံးပြုနိုင်ပါတယ်။ ၎င်းအပြင် ဘူတာစင်္ကြံ၏အလယ်မှ နေ၍ မြေအောက်လမ်းကူးများကို လှေကားဖြင့် ဆက်သွယ်၍လည်း အသုံးပြုနိုင်ပါတယ်။ မီထရိုဘူတာတည်ရှိသော မြေအနေအထားနှင့် မြို့၏ ဖွဲ့စည်းပုံအပေါ်မူတည်၍ သင့်လျော်မည့် ဒီဇိုင်းကို ရွေးချယ်ရမည် ဖြစ်ပါတယ်။




မြေပြင် အထက်ပိုင်းတွင်ရှိသော (Above the ground) မီထရိုလိုင်းများနှင့် မီထရိုဘူတာများ

မီထရိုများသည် များသောအားဖြင့် မြေအောက်လမ်းများအဖြစ် တွင်ကျယ်စွာ အသုံးပြုကြသော်လည်း အချို့အပိုင်းများကို ဒီဇိုင်း လိုအပ်ချက်အရသော် လည်းကောင်း၊ မြေပြင် အနေအထား ကန့်သတ်ချက်များ ကြောင့်သော်လည်းကောင်း၊ မြစ်ဖြတ်ကူးနေရာများနှင့် မော်တော်ကားလမ်းများ၊ မီးရထားလမ်းများကို ဖြတ်ကူးသော နေရာများတွင်လည်းကောင်း မြေပေါ်အထက် တံတားပုံစံများ သို့မဟုတ် flyway or overhead bridge ပုံစံများကို အသုံးပြုသည်ကို တွေ့ရှိရပါတယ်။


တံတားများကို အသုံးပြုရာတွင် ယေဘုယျအားဖြင့် မီထရိုရထားတစ်ခုတည်းအတွက် သာမက အခြားသော ပို့ဆောင်ဆက်သွယ်ရေး အမျိုးအစားများနှင့် တွဲဘက်၍ အသုံးပြုကြပါတယ်။ ၎င်းတံတားများတည်ဆောက်မှုတွင် ပုံမှန် မော်တော်ကား၊ မီရထားလမ်း တံတားများတည်ဆောက်ပုံအတိုင်း ဆောက်လုပ်နိုင်ပါတယ်။



Overhead bridge or flyway များသည် မီထရိုလမ်းကြောင်းများအတွက်သာ တည်ဆောက်ထားခြင်းဖြစ်ပြီး ၎င်း တို့တွင် သံနှင့် သံကူကွန်ကရစ် support များဖြင့် ဖွဲ့စည်းထားပါတယ်။ Span အကျယ်သည် ၁၀ မီတာမှ ၂၅ မီတာအထိ ထားရှိနိုင်ပါတယ်။ Support များအကြား Span များကို သံကူကွန်ကရစ် beam များ၊ Steel girder များဖြင့် ပြုလုပ်ထားပြီး ၎င်းတို့၏ အမြင့်မှာ မြေပြင်မှ အထက် ၄ မီတာထက် နိမ့်ကျရန်မသင့်ပေ။ မော်စကို မီထရိုပိုလီတန်တွင် အသုံးပြုသော overhead bridge or flyway များကို ပုံတွင် ပြထားသည့်အတိုင်း အခြေခံ၍ ဖွဲ့စည်းတည်ဆောက်ထားတာကို လေ့လာတွေ့ရှိရပါတယ်။







မြေပေါ်အထက်ပိုင်း တံတားများနှင့် overhead bridge or flyway များတွင် မီထရိုဘူတာများကို လိုအပ်ချက် ဒီဇိုင်းများအပေါ် မူတည်၍ တည်ဆောက်တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ ပုံတွင် အဆိုပါ မီထရိုဘူတာများ တည်ဆောက်ထားပုံကို လေ့လာနိုင်ပါတယ်။ ၎င်းမီထရိုဘူတာများတွင် မီထရိုဘူတာ စင်္ကြံအဆုံးတွင် မြေပေါ်ပိုင်း Vestibule များကို ထားရှိကြပါတယ်။ အဆိုပါ Vestibule များနှင့် ဘူတာစင်္ကြံကို ဆက်သွယ်ရာတွင် စက်လှေကားများ သို့မဟုတ် လှေကားရိုးရိုး တို့ဖြင့် ဆက်သွယ်ထားကြပါတယ်။




ယခုဆွေးနွေးခဲ့တဲ့အပိုင်းများသည် မီထရို တည်ဆောက်ရေး လုပ်ငန်းများတွင် လိုအပ်သော တည်ဆောက်ရေး အပိုင်းများဖြစ်ပါတယ်။ ဒီဇိုင်းနှင့် လိုအပ်ချက်အပေါ်မူတည်ပြီး မီထရိုများတည်ဆောက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များထဲမှ မြေပေါ်ပိုင်းနှင့် ပတ်သတ်သော မီထရိုဆောက်လုပ်ရေး လုပ်ငန်းများကို ကျွန်တော်တို့ သင်ယူခဲ့ရတဲ့ Tunneling and Metropolitan သင်ရိုးစာအုပ်ကို ကိုးကားပြီး တင်ပြ ဆွေးနွေး ထားတာဖြစ်ပါတယ်။



Column Type Stations အပိုင်း(၂)

စာရေးသူ © Anonymous |

Column Type Stations အပိုင်း(၁) ကိုဖတ်ရန်

အခန်း (၂)
မြေအောက်ဘူတာရုံ၏ အတိုင်းအတာများကို တွက်ချက်ခြင်း

ပထမဦးစွာ ရွေးချယ်ထားသော ဘူတာရုံများ၏ အမျိုးအစားများနှင့် ၎င်းတို့၏ plan ပိုင်းဆိုင်ရာ သက်မှတ်ချက်များ (Parameters) ကို စတင်တွက်ချက်ရပါမည်။

ရထားတွဲ အရေအတွက် (nв) ကိုတွက်ချက်ခြင်း

၎င်းတွင်-
Pn - လမ်းကြောင်းတခုတွင် တစ်နာရီအတွင်း ခရီးသွားနှုန်း၊ (၎င်းတို့ကို အခြေခံ ဆန်းစစ်ချက်များမှ တွက်ချက်ယူပါသည်)။ လက်တွေ့ ဒီဇိုင်းလုပ်ငန်းများတွင် အမြင့်ဆုံး အရေအတွက်ကို ခရီးသည် ၄၀၀၀၀ - ၈၅၀၀၀ (လူဦးရေ/နာရီ) ဟုယူပါသည်။
N - လမ်းကြောင်းတခုတွင် လမ်းကြောင်းများ၏ ဖြတ်သန်း သွားလာနိုင်မှု ပမာဏ၊ သွားလာနိုင်သည့် ရထား အရေအတွက် တစ်နာရီလျှင် ၂၀ စီး(ရထားအရေအတွက်/နာရီ)။ သို့သော် ယနေ့အချိန်တွင် တိုးလာသော လူဦးရေအရ ရထား အရေအတွက်သည် တစ်နာရီလျှင် ၂၄ စီး(ရထားအရေအတွက်/နာရီ))
nл - ရထားတွဲ တစ်တွဲ၏ သယ်ဆောင်နိုင် စွမ်းရည်၊ ၎င်းတို့ ၏ စက်မှုပိုင်းဆိုင်ရာ သွင်ပြင် လက္ခဏာ အပေါ်တွင် မူတည်ပါသည်။ ဥပမာ - ရထားတွဲ series “И” တွင် ရထားတွဲအတွင်း အလေးချိန် ηв နှင့် လူဦးရေ အရေအတွက်ကို အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည်။
  • ၄.၅ (လူဦးရေ/ဧရိယာ ၁ မီတာ) - ၁၆၄ - ၁၇၀ ယောက်
  • ၉.၀ (လူဦးရေ/ဧရိယာ ၁ မီတာ) - ၃၂၄ - ၃၅၃ ယောက်

မီထရို ဘူတာတစ်ခုအတွက် ဒီဇိုင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရထားခေါင်းတွဲအတွက် nл သည် လူဦးရေ ၃၂၀ ယောက်နှင့် ကြားတွဲများအတွက် nл သည် လူဦးရေ ၃၅၀ ယောက် ရှိပါသည်။

ဘူတာရုံရှိ ခရီးသည်ရပ်နား စင်္ကြံများ၏ အလျားကို တွက်ချက်ခြင်း
ပုံ (၂.၁) မီထရို ဘူတာရုံ စင်္ကြံတစ်ခုလုံးတွင် ပါဝင်သော အစိတ်အပိုင်းများကို တွက်ချက်ခြင်း

၎င်းတွင်-
L - ရထားတွဲတစ်တွဲ၏ အလျား (ရထားတွဲနှစ်ခု၏ အလယ်ဗဟို အဆက်ကြားအထိ)။ ထိုအလျားသည် ၎င်းရထားတွဲများ၏ စက်မှုပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာ အပေါ်တွင် မူတည်ပါသည်။ ရထားတွဲ Series “И” တွင် ၎င်းအလျားသည် ၁၉.၂ မီတာ ရှိပါသည်။
a - ရထားတွဲများ တပ်ဆင်ရာတွင် မတိကျမှု (လိုတိုးပိုလျှော့) များအတွက် ခွင့်ပြုထားသော အကွာအဝေး၊ ၎င်းအကွာအဝေးသည် အများဆုံး ၃ - ၅ မီတာ အထိ ခွင့်ပြုထားပါသည်။
စင်္ကြံများ၏ အလျား (Lp) ကို တွက်ချက်ရာတွင် ပထမဆုံး နှင့် နောက်ဆုံး ရထားတွဲ တံခါးပေါက် များ၏ အစွန်းအနားများအကြား အကွာအဝေးကို တွက်ချက်ပါသည်။


စင်္ကြံရှိ ခရီးသွားများ အရေအတွက် Nпл ကို တွက်ချက်ခြင်း
အခြေခံအားဖြင့် လေ့လာရရှိထားသော ခရီးသွားဦးရေများအပေါ် မူတည်၍ တွက်ချက်ပါသည်။ သာမန် မီထရိုဘူတာရုံများတွင် စင်္ကြံတစ်ဖက်အတွက် ခရီးသွား ဦးရေနှုန်းမှာ-

၎င်းတွင်-
Pв နှင့် Pn - စုစုပေါင်း ခရီးသွားဦးရေထဲမှ ဘူတာတစ်ခုအတွက် အချိုးကျ အဆင်း/အတက် ခရီးသွားဦးရေ (ရာခိုင်နှုန်း)၊
မီထရိုအကူးအပြောင်း ဘူတာရုံ (Interchange stations) များတွင် စင်္ကြံတစ်ဖက် အတွက် ခရီးသွား ဦးရေနှုန်းမှာ-
၎င်းတွင်-
Pnc - မီထရိုဘူတာရုံ အကူးအပြောင်းတွင် ရှိမည့် ခရီးသွား ဦးရေနှုန်း(ရာခိုင်နှုန်း)၊

မီထရိုဘူတာရုံ စင်္ကြံတစ်ခုလုံး၏ အကျယ်အ၀န်း (Востр) ကိုတွက်ချက်ခြင်း
ပုံ(၂.၂) တွင် ပြထားသည့်အတိုင်း မြေအောက်ဘူတာရုံ၏ Column တိုင်များအပါအ၀င် စင်္ကြံအကျယ်အ၀န်းသည်-

၎င်းတွင်-
bk - စင်္ကြံအဆုံး မှ အန္တရာယ် ကင်းရှင်း စေရန် အထောက်အဖြစ် အသုံးပြုထားသော Columns များအထိ အကွာအဝေး။ အနည်းဆုံး အကွာအဝေး သည် ၁.၆ မီတာ ရှိပါသည်။
d - စင်္ကြံတွင် အသုံးပြုထားသော Column တိုင် အတန်းများ အရေအတွက် အပေါ်မူတည်၍ တွက်ချက်သော တန်ဖိုး၊
  • ၁ မီတာ - Column တိုင် တစ်တန်းအတွက်၊
  • ၂ မီတာ - Column တိုင် နှစ်တန်းအတွက်၊
ပုံ (၂.၂) မီထရိုဘူတာရုံ စင်္ကြံတစ်ခုလုံး၏ အကျယ်အ၀န်း (Востр) ကိုတွက်ချက်ခြင်း

အခြေအနေ အမျိုးမျိုးအတွက် (Востр) သည် မြေတိမ်ပိုင်းတွင် တည်ဆောက်ထားသော မြေအောက် ဘူတာရုံများ (Shallow stations) ၌ ၁၀- မီတာ ထက် မနည်းရပါ။ မြေနက်ပိုင်းတွင် တည်ဆောက်ထားသော မြေအောက် ဘူတာရုံများ (deep stations) ၌ ၁၂ - မီတာ ထက် မနည်းရပါ။

မီထရိုဘူတာရုံ စင်္ကြံ၏ ၀င်ထွက်ပေါက် မရှိသောအပိုင်း (Lгл)ကိုတွက်ချက်ခြင်း
ရထားတစ်စီးနှင့် တစ်စီးကြား အချိန် အကွာအဝေးတွင် မီထရိုဘူတာရုံ စင်္ကြံ၏ ၀င်ထွက်ပေါက် မရှိသော အပိုင်း၌ ခရီးသည်များ ၀င်/ထွက်ချိန် လုံလောက်စွာ ရရှိနိုင်ရပါမည်။
အလယ်အခန်း တိုတောင်းသော ဥမင်အမိုးအခုံး သုံးခုပါသည့် မြေအောက် ဘူတာရုံများတွင် စေ့စပ်သေချာစွာ စစ်ဆေး လုပ်ဆောင်ရန် လိုအပ်ပါသည်။

၎င်းတွင်-
kз - ၀င်ထွက်ပေါက် မရှိသော အပိုင်း၏ အလျားကို တွက်ချက်ရာ၌ ပြောင်းလဲနိုင်သည့် ပုံမှန်အတိုင်း မဖြစ်မှုများအတွက် တန်ဖိုး၊ (၀.၅၀ - ၀.၇၅) အဖြစ် ယူပါသည်။
စင်္ကြံတဘက် အစွန်းမှ ၀င်ထွက်ပေါက် မရှိသောအပိုင်းအထိ ယေဘုယျ အလျားသည် စုစုပေါင်း စင်္ကြံတစ်ခုလုံး အလျား၏ သုံးပုံတစ်ပုံ ပမာဏထက် မပိုရပါ။

ဓာတ်လှေကား အရေအတွက် (Nэ) ကိုတွက်ချက်ခြင်း
၎င်းတွင်-
၈၂၀၀ - ဓာတ်လှေကားတွင် စီးနင်းနိုင်သော လူဦးရေ (လူဦးရေ/နာရီ)။
Nnl - စင်္ကြံတွင် ရှိနိုင်သော ခရီးသည်ဦးရေ ၊ ၎င်းအရေအတွက်သည် ဘူတာရုံ အမျိုးအစား အပေါ်မူတည်၍ ပုံသေနည်း (၂.၄) နှင့် (၂.၅) အတိုင်း တွက်ချက်ရပါသည်။
kn - ခရီးသွားလာမှု များပြားသော အချိန်ပိုင်းများတွင် ဖြစ်ပေါ်လာနိုင်သည့် ခရီးသည် အတိုးအလျှော့အတွက် သတ်မှတ်ထားသော ကိန်းသေ၊ ၎င်းတန်ဖိုးကို (၁.၂ - ၁.၄) ဟု ယူပါသည်။
အခြေအနေ အမျိုးမျိုးအတွက် (Nэ) သည် (၃) ထက် မနည်းရပါ။

ရိုးရိုးလှေကား၏ အကျယ်အ၀န်း (Bл)အား တွက်ချက်ခြင်း
၎င်းတွင်-
Pл - တစ်မီတာ ကျယ်ဝန်းသော ဓာတ်လှေကား၏ သယ်ဆောင်နိုင်သည့် ပမာဏ-
  • ၃၅၀၀ (လူဦးရေ/နာရီ) - အဆင်း အတွက်၊
  • ၃၀၀၀ (လူဦးရေ/နာရီ) - အတက် အတွက်၊
  • ၃၂၀၀ (လူဦးရေ/နာရီ) - တစ်ချိန်တည်းတွင် အတက်အဆင်း ပြုလုပ်နိုင်စွမ်းရည်။

ရိုးရိုးလှေကားများကိုသာ အသုံးပြုထားသော မြေအောက် ဘူတာရုံများတွင် လှေကားများ၏ အကျယ်အ၀န်းသည် ၆.၅ မီတာထက် မနည်းရပါ။
ခရီးသည်များ သွားလာရာ လမ်းတလျှောက် ဓာတ်လှေကားဥမင်၏ အမြင့်သည် ၂.၅ မီတာရှိရမည်။ အစဦး တွက်ချက်မှုများအရ ၂.၁ မီတာကို အသုံးပြုပါသည်။

အကူးအပြောင်း ဘူတာရုံများအတွက် လိုအပ်သော အတိုင်းအတာများကို တွက်ချက်ခြင်း
ခရီးသည်များ လမ်းကြောင်း အကူးအပြောင်း (Transit) ပြုလုပ်မည့်နေရာ၏ ဆောက်လုပ်မှု ပုံစံအပေါ်မူတည်၍ လှေကား၏ အကျယ်အ၀န်း (သို့မဟုတ်) ဓာတ်လှေကားအစင်း အရေအတွက်ကို တွက်ချက်ရပါသည်။ အခြေခံအားဖြင့် အကူးအပြောင်းနေရာတွင် သွားလာကြမည့် ခရီးသွားဦးရေနှုန်း အပေါ်မူတည်၍ တွက်ချက်ပါသည်။
လမ်းကြောင်း အကူးအပြောင်းနေရာရှိ လှေကား၏ အကျယ်အ၀န်း (Bл) ကို အောက်တွင် ပြထားသည့်အတိုင်း တွက်ချက်ပါသည်။
လမ်းကြောင်း အကူးအပြောင်း နေရာရှိ ဓာတ်လှေကား အစင်း အရေအတွက် (Nэс) ကို အောက်တွင် ပြထားသည့်အတိုင်း တွက်ချက်ပါသည်။

ဆက်လက်ဖော်ပြပါမည်-

Related links
Column Type Stations(1)

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.