* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Initial Ground Support

စာရေးသူ © MyMetro |

ယေဘူယျ အချက်များ
ကနဦး မြေသားပင့်ထောက်ခြင်း လုပ်ငန်း (Initial ground support) သည် ဥမင်ဖောက်လုပ်ရာတွင် အလွန်အရေးကြီးသော လုပ်ငန်းအဆင့်ဖြစ်သည်။ လွန်တူး-ဖောက်ခွဲဥမင်တူးစနစ် (Drilling and Blasting Method) တွင် မြေသားတူးဖော်ပြီးသည်နှင့် တပြိုင်နက် နောက်တစ်ဆိုင်း မြေတူးလုပ်ငန်းမစခင် တပ်ဆင်ရသည်။

ဥမင်တူးဖောက်စက် (TBM) ကို အသုံးပြုသော ဥမင်တူးစနစ်တွင်မူ မြေတူးလုပ်ငန်းနှင့် မြေသား ပင့်ထောက်မှုလုပ်ငန်း၊ ဥမင်နံရံတပ်ဆင်မှု လုပ်ငန်းတို့သည် လုပ်ငန်းအဆင့်လိုက် အစီစဉ်တကျ လုပ်ဆောင်သည်ဖြစ်၍ ပိုမိုကောင်းမွန်သော လုပ်ငန်းအရည်အသွေးကို ရရှိနိုင်ပေသည်။ ကနဦးမြေသား ပင့်ထောက်မှုလုပ်ငန်းများတွင် Steel ribs များ၊ Lattice girders များ၊ Shotcrete လုပ်ငန်း၊ Rock dowels များ၊ Steel mesh များနှင့် Mine straps များ စသည်ဖြင့် အသီးသီးရှိကြသည်။

မြေသားပင့်ထောက်ခြင်း လုပ်ငန်း၏ အဓိက ရည်ရွယ်ချက်မှာ ဥမင်တူးဖော်နေစဉ် ပတ်လည်ရှိမြေသား တည်ငြိမ်မှု (Stability) ရရှိစေရန်၊ မြေပြိုကျမှု မဖြစ်စေအောင် ထိန်းသိမ်းထားနိုင်ရန်နှင့် ဥမင်ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ်အတွင် လုပ်ငန်းခွင် လုံခြုံမှု ရှိစေရန်တို့ ဖြစ်သည်။ လုပ်ငန်းခွင်ရှိရာ မြေသား၏ ခံနိုင်ရည်အား ကောင်းသည်နှင့်အမျှ ကနဦး မြေသား ပင့်ထောက်ခြင်းလုပ်ငန်း လုပ်ဆောင်ရသည့် ပမာဏ လျော့နည်းသွားမည် ဖြစ်သည်။ ကနဦး မြေသား ပင့်ထောက်ခြင်း လုပ်ငန်းများ ပြီးစီးပါက နောက်ထပ် ထပ်ဆောင်း ပင့်ထောက်မှုများ လုပ်ဆောင်ရန် မလိုအပ်တော့ပေ။

ဤနေရာတွင် ကနဦး မြေသားပင့်ထောက်ခြင်းသည် အပြီးသတ် ပင့်ထောက်မှု တာဝန်ကိုပါ လုပ်ဆောင်ပေသည်။ သို့သော် ဥမင်နံရံကို Cast-in-place ဖြင့်တပ်ဆင်ပါက ၎င်းလုပ်ငန်းသည် အပြီးသတ် ပင့်ထောက်မှုလုပ်ငန်း (Final support)ပင် ဖြစ်သည်။ ထိုအခါ ကနဦးလုပ်ငန်းနှင့် အပြီးသတ် ပင့်ထောက်မှု လုပ်ငန်းများသည် အတူပေါင်းစပ်သွားပြီး ပေါင်းစပ် ပင့်ထောက်မှုစနစ်တစ်ခုအဖြစ် ထမ်းဆောင်သည်။

မှတ်သားရန် အချက်မှာ အပြီးသတ်ပင့်ထောက်ခြင်း လုပ်ငန်းအတွက် ကနဦး ပင့်ထောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ၎င်း၏ ကြာရှည်ခံနိုင်ရည်ကိုလည် အလေးအနက် ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။ အကြောင်းမှာ အဆိုပါ လုပ်ငန်းများသည် လတ်တလော ကာလတွင် ပုံမှန်ဖြစ်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ တိုက်စားခံရခြင်းကြောင့် ပျက်စီးယိုယွင်းခြင်း (Corrosion) နှင့် ပုံပျက်ယွင်းမှု (Deformation)တို့ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။

ကနဦးမြေသား အားဖြည့်လုပ်ငန်း (Initial ground reinforcement)
ကနဦးမြေသား အားဖြည့်လုပ်ငန်းတွင် untensioned rock dowels တနည်းအားဖြင့် (ဆွဲအား မပါသော ကျောက်သားသပ်များ)နှင့် tensioned rock bolts များပါဝင်သည်။ ၎င်းတို့သည် မြေသား အားဖြည့်လုပ်ငန်း လုပ်ဆောင်ရာတွင် အကောင်းဆုံးနည်းလမ်းများ ဖြစ်ပြီး မြေသား၏ သက်ရောက်ဝန်အားကို စုစည်းပေးကာ ထိုအားဖြင့် မြေသားထုအား ပြန်လည်ထောက်မပေးသော စနစ်ဖြစ်သည်။ ဤနည်းသည် စရိတ်စက အသက်သာဆုံးသော နည်းလည်း ဖြစ်သည်။ မြေသားထုအတွင်း တပ်ဆင်ထားသော အားဖြည့် အစိတ်အပိုင်း အားလုံးတို့သည် အဆိုပါ မြေသား၏ အစိတ်အပိုင်းတစ်ရပ် သဖွယ်ဖြစ်လာပြီး ကွန်ကရစ်နံရံသားနှင့် steel sets များ ရွေ့လျားခြင်းမှလည်း ကာကွယ်ပေးနိုင်ကာ မြေသား၏ အပြင်ဘက် ပင့်ထောက်မှု ဖြစ်လာစေမည် ဖြစ်သည်။ မြေသား အားဖြည့်လုပ်ငန်းတွင် rock bolt အမျိုးအစား သုံးမျိုးရှိသည်။ ၎င်းတို့မှာ-
  • Mechanically Anchored (rock bolts)
  • Grouted bars (dowels)
  • Friction dowels
Friction dowels များကို ၎င်းတို့၏ ကြာရှည်ခံနိုင်မှုပေါ် ကြည့်ပြီး ယာယီအားဖြည့်လုပ်ငန်းများတွင်သာ အသုံးပြုကြသည်။ အထက်ပါ Rock bolts များနှင့် dowels များ၏ နည်းပညာဆိုင်ရာ အချက်အလက်များကို ဇယားတွင် ဖော်ပြထားသည်။

(၁) တပ်ဆင်ခြင်း။ Rock bolts သို့မဟုတ် Dowels များကို တပ်ဆင်ပါက မည်သည့် အမျိုးအစားဖြစ်စေ မြေသား/ကျောက်သားထဲတွင် ဦးစွာ သတ်မှတ်ထားသော အချင်းနှင့် အလျားရှိသည့် တွင်းများကို တူးဖော်ရမည် ဖြစ်သည်။ မိုင်းခွဲတူးဖော်သောနည်းတွင် မိုင်းခွဲရန် တွင်းများတူးဖော်သည့် Jumbo တူးစက်ကို Rock bolt တွင်းများ တူးဖော်ရာတွင် အသုံးပြုသည်။ Rock bolt တွင်းများ၏ အချင်းသည် အရွယ်အစား အမျိုးမျိုးကွဲပြားနိုင်သည်။

တူးဖော်ရာတွင် အသုံးပြုသည့် drill steel များနှင့် ကျောက်အမျိုးအစားပေါ် မူတည်ပြီး တွင်းများတူးရာတွင် သွေဖယ်မှု (လွဲချော်မှု) ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။ Expansion anchor ဟုခေါ်သည့် သပ်အဖျားတွင် ဖြန့်ကားနိုင်သော သပ်များ၊ ကွန်ကရစ် မှုတ်သွင်းသည့် Grouted bolt နှင့် Swellex bolt များတပ်ဆင်ရာတွင် သွေဖယ်မှုမှာ အရေးပါသော ပြဿနာ တစ်ရပ်မဟုတ်သော်လည်း Split sets များကဲ့သို့ တွင်း၏ အကျယ်(အချင်း) တိကျမှု လိုအပ်သည့် သပ်များ တပ်ဆင်ရာတွင်မူ တွင်းကျယ်လာသည်နှင့်အမျှ လိုအပ်သော friction resistance လျော့နည်းသွားမည် ဖြစ်၍ တိကျမှု လိုအပ်သည်။

Mechanically anchored rock bolt များ တပ်ဆင်ရာတွင်မူ တွင်းတူးပြီးသည်နှင့် သပ်တံကို တွင်းထဲသို့ တခါတည်း ထည့်သွင်းပြီး မူလီခေါင်းကို torque wrench ကို အသုံးပြုကြပ်ရမည် ဖြစ်သည်။ ထို့နောက် ၎င်းသပ်တံအတွင်း tension အားရရှိရန် direct-pull jack ကို အသုံးပြုရမည် ဖြစ်သည်။ torque wrench ကို အသုံးပြု၍ မရပေ။ ဘိလပ်မြေကို အသုံးပြုသည့် Grouted rock bolt တွင်မူ တွင်းထဲသို့ သပ်တံကို ထည့်သွင်းပြီးနောက်မှ ဘိလပ်မြေပျော်ရည်ကို တွင်းထဲသို့ မှုတ်သွင်းခြင်း ဖြစ်သည်။


(၂) ဆွဲအားထည့်သွင်းခြင်း (tensioning)။ သပ်တံ (anchor) များကို သမရိုးကျအတိုင်း ဆွဲအား မပါဘဲ တပ်ဆင်ပြီးမှ torque wrench သို့မဟုတ် hydraulic jack များကို အသုံးပြု၍ ဆွဲအားကို ထည့်သွင်းခြင်း ဖြစ်သည်။ သို့အတွက် သပ်တံ သို့မဟုတ် grouted bolt များတွင် လုံလောက်သော ခံနိုင်အား ရှိနေရမည် ဖြစ်သည်။ စေးပျစ်သော အရည်တမျိုးမျိုးကို အသုံးပြုသည့် grouted bolt များတွင် လိုအပ်သော ခံနိုင်အား (strength) ကို အမြန်ရရှိနိုင်ပြီး ဘိလပ်မြေ အသုံးပြုသော grouted bolt များတွင်မူ ဘိလပ်မြေနှင့် သပ်တံတို့ တွဲကပ်အား ရရှိသည် အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။ ထို့အတွက် ဘိလပ်မြေကို အလျင်အမြန်ခဲစေသော accelerator များ အသုံးပြုကြသည်။

(၃) ပစ္စည်းကိရိယာ။ Rock bolt များတွင် ပုံမှန်အားဖြင့် ပုံများတွင် ပြထားသည့် အတိုင်း အောက်ခံအပြားများ ပါရှိပြီး သပ်တံ အဆုံးတွင် တပ်ဆင်မည့် မူလီနှင့် ဝါရှာများလည်း ပါရှိသည်။ အောက်ခံပြားသည် သပ်တံတွင် ရှိနေသော ဆွဲအားကို ခုခံသည့် တာဝန်ကို ထမ်းဆောင်ပြီး တွဲဖက်တပ်ဆင်မည့် သံဇကာကွက်နှင့် သိုင်းကြိုးအစရှိသည်တို့ကိုပါ ချိတ်တွယ်ပေးထားနိုင်သည်။ ထို သံဇကာကွက်နှင့် သိုင်းကြိုးများသည် ဥမင်အတွင်းသား မျက်နှာပြင် အားဖြည့်ရန်နှင့် ကာကွယ်မှုပေးနိုင်ရန် Shotcrete လုပ်ရာတွင် မြှုပ်နှံရန်အတွက် ဖြစ်သည်။ အောက်ခံပလိတ်ပြားများသည် ယေဘူယျအားဖြင့် လေးထောင့်၊ အဝိုင်းနှင့် တြိဂံပုံသဏ္ဍာန်များ ဖြစ်ကြသည်။ Shotcrete လုပ်ဆောင်ရခြင်းမှာ ဥမင်မျက်နှာပြင်နှင့် Rock bolt များအကြားရှိ ကျောက်သား အပိုင်းအစလေးများအား တွဲကပ်မှု ရရှိစေရန်ဖြစ်သည်။

(၄) စမ်းသပ်ခြင်း။ Testing rock bolt များသည် ဆောက်လုပ်ရေး လုပ်ငန်းစဉ်တွင် အရေးကြီးသော အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ Rock bolt များကို လုံလောက်စွာ တပ်ဆင်ထားခြင်း မရှိပါက ၎င်းတို့သည် စွမ်းအားပြည့် လုပ်ဆောင်နိုင်မည် မဟုတ်ချေ။ Rock bolt များတပ်ဆင်ရာတွင် မှားယွင်းနိုင်သော အကြောင်းရင်းများမှာ-
  • Rock bolt စနစ်အမျိုးအစား ရွေးချယ်မှု မှားယွင်းခြင်း၊
  • တွင်းများ နေရာထားရှိမှု မှားယွင်းခြင်း၊
  • တွင်း၏ အလျား (အရှည်) မှားယွင်းခြင်း၊
  • တွင်း၏ အကျယ် (အချင်း) မှားယွင်းခြင်း၊
  • တွင်းအား သန့်ရှင်းမှု ကောင်းစွာ မလုပ်ခြင်း၊
  • Grouting ပြုလုပ်ရာတွင် လိုအပ်ခြင်း၊
  • Grouting တွဲကပ်မှု အလျားလိုအပ်ခြင်း၊
  • အသုံးပြုသော သပ်တံတွင် သံချေးတက်ခြင်း သို့မဟုတ် အနာအဆာရှိနေခြင်း၊
  • မူလီနှင့် နတ်များ၊ အောက်ခံခုံ (bearing plate) များတပ်ဆင်ရာတွင် alignment လွဲခြင်း၊
  • Grouting agent များ၏ သက်တမ်းကုန်ဆုံးနေခြင်း၊
  • မသင့်တော်သော Grout mixture များ အသုံးပြုခြင်း၊
  • Breather tube များ ပျက်စီးနေခြင်း၊
  • Borehole sealing လုပ်ရာတွင် လိုအပ်ခြင်း၊
  • သပ်တံ အဆုံးတွင် တပ်ဆင်သည့် ပစ္စည်းကိရိယာများတွင် ချောဆီလိုအပ်ခြင်း၊
  • တပ်ဆင်ပုံ အစီအစဉ် မှားယွင်းခြင်း၊
  • လုံလောက်သော စမ်းသပ်မှု အစီအမံများ မရှိခြင်း၊
  • Rock bolt စနစ်၏ လုပ်ဆောင်ပုံကို စောင့်ကြပ် စစ်ဆေးမှု မရှိခြင်း စသည်တို့ ဖြစ်သည်။
အထက်ပါ ပြဿနာများကို ထုတ်လုပ်သူများ၏ အညွှန်းများနှင့် စီမံကြီးကြပ်မှုများအတိုင်း ပြုလုပ်ခြင်းဖြင့် ရှောင်ကွင်းနိုင်သည်။ Rock bolts များနှင့် dowels များကို စမ်းသပ်ရာတွင် အသုံးအများဆုံး နည်းလမ်းမှာ pull-out test ဖြစ်သည်။ Rock bolt ၏အဆုံးတွင် hydraulic jack ကိုတွဲကပ် တပ်ဆင်ပြီး သတ်မှတ်ထားသော ဝန်အား သို့မဟုတ် အရွေ့(displacement) ကို သက်ရောက်စေသော နည်းဖြစ်သည်။ စမ်းသပ်မှုများကို အများအားဖြင့် ဥမင်လုပ်ငန်းစတင်စဉ်တွင် လုပ်ဆောင်လေ့ရှိပြီး တပ်ဆင်ပုံ အစီအစဉ်များ၊ နည်းလမ်းနှင့် တပ်ဆင်မည့်သူ၏ ကျွမ်းကျင်မှုတို့ တိကျရန် လိုအပ်မည်ဖြစ်သည်။ စမ်းသပ်ရာတွင် ပြဿနာ တစုံတရာပေါ်လာပါက ပြောင်းလဲတပ်ဆင်ရန် လိုအပ်မည်ဖြစ်ပြီး စိတ်ချရသည်အထိ ပိုမိုတိကျသော စမ်းသပ်မှုများ ပြုလုပ်ရမည် ဖြစ်သည်။

သို့သော် Pull-out test ကို dowel ၏ အလျားတစ်ခုလုံးကို မလုပ်ဘဲ pull-out test ကိုခံနိုင်မည့် အလျားအထိအသာ စမ်းသပ်ပြုလုပ်သည်။ ဥပမာအားဖြင့် dowel အား pull-out test ပြုလုပ်မည့် အလျား ပမာဏအထိသာ grouting ပြုလုပ်ပြီး စမ်းသပ်ခြင်းဖြစ်သည်။ ထို့ထက် ပို၍ သေချာသော စမ်းသပ်နည်းမှာ pull-out test ပြုလုပ်ထားသော dowel အား ပြန်လည်ထုတ်ယူပြီး စစ်ဆေးနည်းဖြစ်သည်။ သို့သော ထိုနည်းသည် ကုန်ကျစရိတ် များသောကြောင့် မြေအခြေအနေ မတိကျသောအခါတွင်သာ အသုံးပြုလေ့ရှိသည်။ အခြားသော စမ်းသပ်နည်းလမ်းမှာ Mechanically anchored rock bolt များ၏ ခံနိုင်အား(strength) ကို torque wrench ဖြင့် စမ်းသပ်သော နည်းလမ်းဖြစ်သည်။ load cells များကို tensioned rock bolt ၏ အဆုံးတွင် တပ်ဆင်ပြီး သပ်တံတလျှောက် stress များကို ပို့လွှတ်ကာ ပြန်လည်ရောက်ရှိလာသော stress wave များကို ကြည့်ရှုစစ်ဆေးခြင်း ဖြစ်သည်။ stress reflection နည်းသည်နှင့်အမျှ rock bolt တပ်ဆင်ပုံ ကောင်းမွန်သည်ဟု မှတ်ယူနိုင်သည်။


Shotcrete အသုံးပြုခြင်း
Shotcrete ၏ ဘက်စုံအသုံးဝင်ခြင်း၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီစွာ အသုံးပြုနိုင်ခြင်းနှင့် ဈေးသက်သာခြင်းတို့ကြောင့် ယနေ့ခေတ် ဥမင်နှင့် တွင်း (shaft) များတည်ဆောက်ရာတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီဖြစ်သည်။ လတ်တလော ဖောက်လုပ်ထားသော ဥမင် မျက်နှာပြင်များတွင် ချက်ချင်း အသုံးပြုနိုင်ခြင်း၊ ဥမင်နှင့် တွင်း(shaft)တို့ ဆက်စပ်နေရာများ၊ ဥမင်ချဲ့ထွင်သော နေရာများ၊ ဥမင်လမ်းကြောင်း အဆက်နေရာများတို့တွင် တွဲစပ်အနေဖြင့် အသုံးပြုနိုင်ခြင်းနှင့် မြေအခြေအနေကိုလိုက်၍ သင့်တော်သော အရောအနှော၊ အထူတို့ကို အမျိုးမျိုးအသုံးပြု၍ ရခြင်းတို့သည် Shotcrete ၏ အားသာချက်များ ဖြစ်သည်။

သို့သော် Shotcrete မှာ ပင်ကိုယ်အားဖြင့် ကြွပ်ဆက်သော သဘောရှိသောကြောင့် မြေသားပင့်ထောက်မှုအတွက် အသုံးပြုရာတွင် tension ဒဏ်၊ မာကြောမှုနှင့် ပျော့ပျောင်းမှု (flexibility) ရရှိရန်အတွက် အားဖြည့်မှု (reinforcement) များထည့်သွင်းရန် လိုအပ်ပေမည်။ သို့အတွက် သံဇကာကွက် သို့မဟုတ် ဝါယာဖိုင်ဘာမျှင်များကို reinforcement အဖြစ် တပ်ဆင် အသုံးပြုကြသည်။ ယခုနောက်ပိုင်းတွင် steel fiber များကို ဘိလပ်မြေ၊ ကျောက်တို့နှင့် ရောနှော၍ reinforcement အနေဖြင့် အသုံးပြုလာကြသည်။ Steel fiber reinforced shotcrete (SFRS) ကို ၁၉၇၂ ခုနှစ်များက မြောက်အမေရိကတွင် ဖောက်လုပ်ခဲ့သော ဥမင်များတွင် ပထမဆုံး အသုံးပြုခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် မာကျောမှုနှင့် ကွေးညွှတ်မှု ခံနိုင်အားများ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီး shotcrete အလွှာများ၏ ဒဏ်ခံနိုင်မှု (fatigue) နှင့် ရိုက်ခတ်မှု ခံနိုင်အား (impact resistance) များလည်း ပိုမိုကောင်းမွန်လာသည်။

ယခုလက်ရှိ Shotcrete ၏ ဖြစ်ပေါ်တိုးတက်မှုများမှာ admixtures များထည့်သွင်း အသုံးပြုလာခြင်းဖြစ်သည်။ အထူးသဖြင့် မိုက်ခရိုဆီလီကာ (microsilica) များ ထည့်သွင်း အသုံးပြုလာပြီး ၎င်းသည် shotcrete ပက်ဖျန်းစဉ် ပြန်ကန်လွင့်စင်ထွက်မှုကို ကောင်းစွာလျှော့ချပေးပြီး သိပ်သည်းဆ၊ မာကျောမှုအားနှင့် ရေလုံမှု(ရေစိမ့်ဝင်မှု) တို့ကို ပိုမိုကောင်းမွန်လာစေသည်။


(၁) အသုံးပြုပုံများ။ Shotcrete ကို ဥမင်များနှင့် တွင်း(shaft) များတူးဖော်စတွင် ကနဦး မြေသားပင့်ထောက်မှု လုပ်ငန်းအဖြစ် အသုံးပြုကြသည်။ တူးဖော်ထားသော ကျောက်သား(မြေသား) မျက်နှာပြင်ပေါ်သို့ ၂ လက်မမှ ၄ လက်မအထူ ရှိသော အလွှာရအောင် မှုတ်ဖျန်းခြင်း ဖြစ်ပြီး ၎င်း၏ setting time မှာ ထည့်သွင်း အသုံးပြုထားသော accelerator များပေါ်တွင် မူတည်၍ မိနစ် အနည်းငယ်မှသည် နာရီအနည်းငယ်အထိ ကြာမြင့်တတ်သည်။ မိုင်းဖောက်ခွဲ၍ တူးဖော်သော ဥမင်လုပ်ငန်းများတွင် shotcrete ဖြင့် မညီညာသော ဥမင်မျက်နှာပြင်များ၊ ဖောက်ခွဲရာတွင် ပိုသွားသော နေရာများကို ချောမွတ်စေခြင်း၊ ဖြည့်သွင်းခြင်းများ ပြုလုပ်နိုင်သည်။ ထို့ပြင် မညီညာသော မျက်နှာပြင်များတွင် ဖြစ်ပေါ်လေ့ရှိသည့် shear ကြောင့် မြေပြိုကျမှုများ၊ အလွှာလိုက် ရွေ့လျားမှုများ၊ မျက်နှာပြင်ရှိ ကျောက်သားများ ပွကာ ဖွာထွက်ကျခြင်းများကိုလည်း တားဆီးပေးသည်။ ထို့အတူ ကျောက်သား မျက်နှာပြင်တွင် ရှိသော ရေငွေ့ပါဝင်နှုန်းကြောင့် ဖြစ်ပေါ်သော မြေသားပွခြင်း၊ ကျုံ့ခြင်းများကိုလည်း တားဆီးပေးသည်။ Shotcrete သည် မြေအမျိုးအစား မကောင်းသည့် နေရာမျိုးတွင် rock bolts (သို့) dowels များ၊ ရံဖန်ရံခါ steel ribs များ၊ lattice girders များပါ ပေါင်းစပ် ထည့်သွင်းအသုံးပြုရသည့် SEM ဥမင်ဖောက်လုပ်နည်းဖြင့် ဆောက်လုပ်သည့် အခါမျိုးတွင် မရှိမဖြစ် အသုံးဝင်သော ပစ္စည်းဖြစ်သည်။


မြေသား၏ မာကြောမှု အဆင့်များအလိုက် မြေသားပင့်ထောက်ခြင်းပုံစံများ

အကိုးအကား
Construction of Tunnel and Shaft. EM 1110-2-2901, 30 May 97, Sec. 5-4. Initial Ground Support.

Related Posts
SEM design ရဲ့ အဓိက သော့ချက်များ
Technology of Tunnel face Stabilization

Print ပရင့်ထုတ်ရန်
2 ထင်မြင်ချက်၊
  1. Anonymous August 18, 2008 at 3:27 PM  

    အလွန်တရာ ပြည့်စုံကောင်းမွန်ပါသည်။

    အစော

  2. Anonymous October 1, 2008 at 3:23 PM  

    very good post.
    thanks

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.