Column Type Stations အပိုင်း(၁) ကိုဖတ်ရန်
အခန်း (၂)
မြေအောက်ဘူတာရုံ၏ အတိုင်းအတာများကို တွက်ချက်ခြင်း
မြေအောက်ဘူတာရုံ၏ အတိုင်းအတာများကို တွက်ချက်ခြင်း
ပထမဦးစွာ ရွေးချယ်ထားသော ဘူတာရုံများ၏ အမျိုးအစားများနှင့် ၎င်းတို့၏ plan ပိုင်းဆိုင်ရာ သက်မှတ်ချက်များ (Parameters) ကို စတင်တွက်ချက်ရပါမည်။
ရထားတွဲ အရေအတွက် (nв) ကိုတွက်ချက်ခြင်းPn - လမ်းကြောင်းတခုတွင် တစ်နာရီအတွင်း ခရီးသွားနှုန်း၊ (၎င်းတို့ကို အခြေခံ ဆန်းစစ်ချက်များမှ တွက်ချက်ယူပါသည်)။ လက်တွေ့ ဒီဇိုင်းလုပ်ငန်းများတွင် အမြင့်ဆုံး အရေအတွက်ကို ခရီးသည် ၄၀၀၀၀ - ၈၅၀၀၀ (လူဦးရေ/နာရီ) ဟုယူပါသည်။
N - လမ်းကြောင်းတခုတွင် လမ်းကြောင်းများ၏ ဖြတ်သန်း သွားလာနိုင်မှု ပမာဏ၊ သွားလာနိုင်သည့် ရထား အရေအတွက် တစ်နာရီလျှင် ၂၀ စီး(ရထားအရေအတွက်/နာရီ)။ သို့သော် ယနေ့အချိန်တွင် တိုးလာသော လူဦးရေအရ ရထား အရေအတွက်သည် တစ်နာရီလျှင် ၂၄ စီး(ရထားအရေအတွက်/နာရီ))
nл - ရထားတွဲ တစ်တွဲ၏ သယ်ဆောင်နိုင် စွမ်းရည်၊ ၎င်းတို့ ၏ စက်မှုပိုင်းဆိုင်ရာ သွင်ပြင် လက္ခဏာ အပေါ်တွင် မူတည်ပါသည်။ ဥပမာ - ရထားတွဲ series “И” တွင် ရထားတွဲအတွင်း အလေးချိန် ηв နှင့် လူဦးရေ အရေအတွက်ကို အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည်။

- ၄.၅ (လူဦးရေ/ဧရိယာ ၁ မီတာ) - ၁၆၄ - ၁၇၀ ယောက်
- ၉.၀ (လူဦးရေ/ဧရိယာ ၁ မီတာ) - ၃၂၄ - ၃၅၃ ယောက်
မီထရို ဘူတာတစ်ခုအတွက် ဒီဇိုင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရထားခေါင်းတွဲအတွက် nл သည် လူဦးရေ ၃၂၀ ယောက်နှင့် ကြားတွဲများအတွက် nл သည် လူဦးရေ ၃၅၀ ယောက် ရှိပါသည်။
ဘူတာရုံရှိ ခရီးသည်ရပ်နား စင်္ကြံများ၏ အလျားကို တွက်ချက်ခြင်း
L - ရထားတွဲတစ်တွဲ၏ အလျား (ရထားတွဲနှစ်ခု၏ အလယ်ဗဟို အဆက်ကြားအထိ)။ ထိုအလျားသည် ၎င်းရထားတွဲများ၏ စက်မှုပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာ အပေါ်တွင် မူတည်ပါသည်။ ရထားတွဲ Series “И” တွင် ၎င်းအလျားသည် ၁၉.၂ မီတာ ရှိပါသည်။
a - ရထားတွဲများ တပ်ဆင်ရာတွင် မတိကျမှု (လိုတိုးပိုလျှော့) များအတွက် ခွင့်ပြုထားသော အကွာအဝေး၊ ၎င်းအကွာအဝေးသည် အများဆုံး ၃ - ၅ မီတာ အထိ ခွင့်ပြုထားပါသည်။
စင်္ကြံများ၏ အလျား (Lp) ကို တွက်ချက်ရာတွင် ပထမဆုံး နှင့် နောက်ဆုံး ရထားတွဲ တံခါးပေါက် များ၏ အစွန်းအနားများအကြား အကွာအဝေးကို တွက်ချက်ပါသည်။
စင်္ကြံရှိ ခရီးသွားများ အရေအတွက် Nпл ကို တွက်ချက်ခြင်း
အခြေခံအားဖြင့် လေ့လာရရှိထားသော ခရီးသွားဦးရေများအပေါ် မူတည်၍ တွက်ချက်ပါသည်။ သာမန် မီထရိုဘူတာရုံများတွင် စင်္ကြံတစ်ဖက်အတွက် ခရီးသွား ဦးရေနှုန်းမှာ-
၎င်းတွင်-
Pв နှင့် Pn - စုစုပေါင်း ခရီးသွားဦးရေထဲမှ ဘူတာတစ်ခုအတွက် အချိုးကျ အဆင်း/အတက် ခရီးသွားဦးရေ (ရာခိုင်နှုန်း)၊
မီထရိုအကူးအပြောင်း ဘူတာရုံ (Interchange stations) များတွင် စင်္ကြံတစ်ဖက် အတွက် ခရီးသွား ဦးရေနှုန်းမှာ-
မီထရိုအကူးအပြောင်း ဘူတာရုံ (Interchange stations) များတွင် စင်္ကြံတစ်ဖက် အတွက် ခရီးသွား ဦးရေနှုန်းမှာ-
မီထရိုဘူတာရုံ စင်္ကြံတစ်ခုလုံး၏ အကျယ်အ၀န်း (Востр) ကိုတွက်ချက်ခြင်း
bk - စင်္ကြံအဆုံး မှ အန္တရာယ် ကင်းရှင်း စေရန် အထောက်အဖြစ် အသုံးပြုထားသော Columns များအထိ အကွာအဝေး။ အနည်းဆုံး အကွာအဝေး သည် ၁.၆ မီတာ ရှိပါသည်။
d - စင်္ကြံတွင် အသုံးပြုထားသော Column တိုင် အတန်းများ အရေအတွက် အပေါ်မူတည်၍ တွက်ချက်သော တန်ဖိုး၊
d - စင်္ကြံတွင် အသုံးပြုထားသော Column တိုင် အတန်းများ အရေအတွက် အပေါ်မူတည်၍ တွက်ချက်သော တန်ဖိုး၊
- ၁ မီတာ - Column တိုင် တစ်တန်းအတွက်၊
- ၂ မီတာ - Column တိုင် နှစ်တန်းအတွက်၊

ပုံ (၂.၂) မီထရိုဘူတာရုံ စင်္ကြံတစ်ခုလုံး၏ အကျယ်အ၀န်း (Востр) ကိုတွက်ချက်ခြင်း
အခြေအနေ အမျိုးမျိုးအတွက် (Востр) သည် မြေတိမ်ပိုင်းတွင် တည်ဆောက်ထားသော မြေအောက် ဘူတာရုံများ (Shallow stations) ၌ ၁၀- မီတာ ထက် မနည်းရပါ။ မြေနက်ပိုင်းတွင် တည်ဆောက်ထားသော မြေအောက် ဘူတာရုံများ (deep stations) ၌ ၁၂ - မီတာ ထက် မနည်းရပါ။
မီထရိုဘူတာရုံ စင်္ကြံ၏ ၀င်ထွက်ပေါက် မရှိသောအပိုင်း (Lгл)ကိုတွက်ချက်ခြင်း
ရထားတစ်စီးနှင့် တစ်စီးကြား အချိန် အကွာအဝေးတွင် မီထရိုဘူတာရုံ စင်္ကြံ၏ ၀င်ထွက်ပေါက် မရှိသော အပိုင်း၌ ခရီးသည်များ ၀င်/ထွက်ချိန် လုံလောက်စွာ ရရှိနိုင်ရပါမည်။
အလယ်အခန်း တိုတောင်းသော ဥမင်အမိုးအခုံး သုံးခုပါသည့် မြေအောက် ဘူတာရုံများတွင် စေ့စပ်သေချာစွာ စစ်ဆေး လုပ်ဆောင်ရန် လိုအပ်ပါသည်။
၎င်းတွင်-
kз - ၀င်ထွက်ပေါက် မရှိသော အပိုင်း၏ အလျားကို တွက်ချက်ရာ၌ ပြောင်းလဲနိုင်သည့် ပုံမှန်အတိုင်း မဖြစ်မှုများအတွက် တန်ဖိုး၊ (၀.၅၀ - ၀.၇၅) အဖြစ် ယူပါသည်။
စင်္ကြံတဘက် အစွန်းမှ ၀င်ထွက်ပေါက် မရှိသောအပိုင်းအထိ ယေဘုယျ အလျားသည် စုစုပေါင်း စင်္ကြံတစ်ခုလုံး အလျား၏ သုံးပုံတစ်ပုံ ပမာဏထက် မပိုရပါ။
ဓာတ်လှေကား အရေအတွက် (Nэ) ကိုတွက်ချက်ခြင်း

၈၂၀၀ - ဓာတ်လှေကားတွင် စီးနင်းနိုင်သော လူဦးရေ (လူဦးရေ/နာရီ)။
Nnl - စင်္ကြံတွင် ရှိနိုင်သော ခရီးသည်ဦးရေ ၊ ၎င်းအရေအတွက်သည် ဘူတာရုံ အမျိုးအစား အပေါ်မူတည်၍ ပုံသေနည်း (၂.၄) နှင့် (၂.၅) အတိုင်း တွက်ချက်ရပါသည်။
kn - ခရီးသွားလာမှု များပြားသော အချိန်ပိုင်းများတွင် ဖြစ်ပေါ်လာနိုင်သည့် ခရီးသည် အတိုးအလျှော့အတွက် သတ်မှတ်ထားသော ကိန်းသေ၊ ၎င်းတန်ဖိုးကို (၁.၂ - ၁.၄) ဟု ယူပါသည်။
အခြေအနေ အမျိုးမျိုးအတွက် (Nэ) သည် (၃) ထက် မနည်းရပါ။

ရိုးရိုးလှေကား၏ အကျယ်အ၀န်း (Bл)အား တွက်ချက်ခြင်း
- ၃၅၀၀ (လူဦးရေ/နာရီ) - အဆင်း အတွက်၊
- ၃၀၀၀ (လူဦးရေ/နာရီ) - အတက် အတွက်၊
- ၃၂၀၀ (လူဦးရေ/နာရီ) - တစ်ချိန်တည်းတွင် အတက်အဆင်း ပြုလုပ်နိုင်စွမ်းရည်။
ရိုးရိုးလှေကားများကိုသာ အသုံးပြုထားသော မြေအောက် ဘူတာရုံများတွင် လှေကားများ၏ အကျယ်အ၀န်းသည် ၆.၅ မီတာထက် မနည်းရပါ။
ခရီးသည်များ သွားလာရာ လမ်းတလျှောက် ဓာတ်လှေကားဥမင်၏ အမြင့်သည် ၂.၅ မီတာရှိရမည်။ အစဦး တွက်ချက်မှုများအရ ၂.၁ မီတာကို အသုံးပြုပါသည်။
အကူးအပြောင်း ဘူတာရုံများအတွက် လိုအပ်သော အတိုင်းအတာများကို တွက်ချက်ခြင်း
ခရီးသည်များ လမ်းကြောင်း အကူးအပြောင်း (Transit) ပြုလုပ်မည့်နေရာ၏ ဆောက်လုပ်မှု ပုံစံအပေါ်မူတည်၍ လှေကား၏ အကျယ်အ၀န်း (သို့မဟုတ်) ဓာတ်လှေကားအစင်း အရေအတွက်ကို တွက်ချက်ရပါသည်။ အခြေခံအားဖြင့် အကူးအပြောင်းနေရာတွင် သွားလာကြမည့် ခရီးသွားဦးရေနှုန်း အပေါ်မူတည်၍ တွက်ချက်ပါသည်။
လမ်းကြောင်း အကူးအပြောင်းနေရာရှိ လှေကား၏ အကျယ်အ၀န်း (Bл) ကို အောက်တွင် ပြထားသည့်အတိုင်း တွက်ချက်ပါသည်။
လမ်းကြောင်း အကူးအပြောင်း နေရာရှိ ဓာတ်လှေကား အစင်း အရေအတွက် (Nэс) ကို အောက်တွင် ပြထားသည့်အတိုင်း တွက်ချက်ပါသည်။

ခရီးသည်များ သွားလာရာ လမ်းတလျှောက် ဓာတ်လှေကားဥမင်၏ အမြင့်သည် ၂.၅ မီတာရှိရမည်။ အစဦး တွက်ချက်မှုများအရ ၂.၁ မီတာကို အသုံးပြုပါသည်။
အကူးအပြောင်း ဘူတာရုံများအတွက် လိုအပ်သော အတိုင်းအတာများကို တွက်ချက်ခြင်း
ခရီးသည်များ လမ်းကြောင်း အကူးအပြောင်း (Transit) ပြုလုပ်မည့်နေရာ၏ ဆောက်လုပ်မှု ပုံစံအပေါ်မူတည်၍ လှေကား၏ အကျယ်အ၀န်း (သို့မဟုတ်) ဓာတ်လှေကားအစင်း အရေအတွက်ကို တွက်ချက်ရပါသည်။ အခြေခံအားဖြင့် အကူးအပြောင်းနေရာတွင် သွားလာကြမည့် ခရီးသွားဦးရေနှုန်း အပေါ်မူတည်၍ တွက်ချက်ပါသည်။
ဆက်လက်ဖော်ပြပါမည်-
Related links
Column Type Stations(1)
kokee ရေ... လေ့လာသူတွေ လွယ်ကူအောင် အားထည့်ပြီး ရှင်းပြပေးထားတာကို ကျေးဇူးတင်ပါတယ်ဗျာ။ နောက်ထပ်လည်း အပြီးသတ်ဆက်ရေးပေးပါအုံး။ Column type station အပိုင်း အပြီးဖြတ်လိုက်ကြတာပေါ့။
Regards