ယ
နေ့ကာလတွင် တိုးပွားလာသော လူဦးရေနှင့်အတူ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးစသည့် အခွင့်အလမ်းများကြောင့် မြို့ကြီးများသို့ ပြောင်းရွှေ့အခြေချမှုများ ပိုမိုများပြားလာခဲ့ရာ မြို့ကြီးများ၏ မြို့ပြဧရိယာမှာလည်း တနေ့တခြား ပိုမိုကျယ်ပြန့်လာပါသည်။
အဆောက်အအုံများ၊ လမ်းများဖြင့် ပြည့်ကျပ်နေပြီးဖြစ်သော လက်ရှိမြို့ပြဧရိယာကို ထပ်မံချဲ့ထွင်ရန် အကန့်အသတ်ရှိသော မြို့ကြီးများအတွက် လည်းကောင်း၊ ကျယ်ပြန့်လာသည့် မြို့ပြဧရိယာအတွင်း ပိုမိုထိရောက်စွာ ဖြန့်ကျက်ချိတ်ဆက်ပေးနိုင်မည့် သယ်ယူပို့ဆောင်ရေး ကွန်ယက်အသစ်များ ထပ်မံဖော်ဆောင်ရန် လိုအပ်ချက်များကြောင့် လည်းကောင်း နောက်ထပ် ဆောက်လုပ်မည့် မြို့ပြ အခြေခံ အဆောက်အအုံသစ်များ၊ သယ်ယူပို့ဆောင်ရေး ကွန်ယက်များကို မြေအောက်တွင် ထားရှိရန် ကြံဆလာကြသည်။
ဤသို့ဖြင့် မြို့ပြ၏ အသက်သွေးကြောများသဖွယ် ဖြစ်နေသော သယ်ယူပို့ဆောင်ရေး ကွန်ယက်အတွက် ရထားလမ်းဥမင် (မြေအောက်ရထား)၊ ကားလမ်းဥမင် စီမံကိန်းများကို အကောင်အထည် ဖော်လာကြသည်။ မြေအောက် အဆောက်အအုံများကို အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောက်လုပ်လာသည်နှင့်အမျှ ၎င်းတို့ကြောင့် မြေပေါ်နှင့် ပတ်ဝန်းကျင် အဆောက်အအုံများပေါ် သက်ရောက်မှုများ၊ ထိခိုက်လာနိုင်မှုများကိုပါ ထည့်သွင်းစဉ်းစား တွက်ချက်ရန် လိုအပ်လာပါသည်။
မြေပေါ်အဆောက်အဦးများနှင့် လွတ်ကင်းသော ဒေသများတွင် ဥမင်ဖောက်လုပ်ခြင်းကြောင့် မြေမျက်နှာပြင်နှင့် သဘာဝပတ်ဝန်းကျင်ပေါ် ထိခိုက်မှုကို လျစ်လျူရှုထားနိုင်သော်လည်း မြို့ပြ အဆောက်အအုံများရှိရာ (ဥပမာ လူနေတိုက်တာများ၊ ရှေးဟောင်း အဆောက်အဦးများ) နေရာများ အောက်တွင် ဥမင်များဖောက်လုပ်မည် ဆိုပါက ဥမင်ဖောက်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို မလွှဲမသွေ ထည့်သွင်းတွက်ချက်ရမည် ဖြစ်ပေသည်။
ယေဘူယျအားဖြင့် မြို့ပြဒေသများတွင်ရှိသော မြေအမျိုးအစားများသည် မြေပျော့ (soft ground) များသာဖြစ်ရာ ထိုဒေသများတွင် ဥမင်ဖောက်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မြေမျက်နှာပြင်လွှာ နိမ့်ကျမှု (settlement) သည် မြေမာသည့် (rock) ဒေသများတွင် ဥမင်ဖောက်လုပ်ခြင်းကြောင့် ဖြစ်သော မြေမျက်နှာပြင် နိမ့်ကျမှုထက် ပိုမိုများပါသည်။ ဥမင်ဖောက်လုပ်မှုကြောင့် မြေမျက်နှာပြင် နိမ့်ကျမှုသည် လက်ခံနိုင်သော ပမာဏထက် ပိုမိုများပြားပါက အထက်တွင် ဆိုခဲ့သလို ပတ်ဝန်းကျင်ရှိ အဆောက်အအုံများအပေါ် ထိခိုက်လာနိုင်ပါသည် (အဆောက်အဦးများ တိမ်းစောင်းခြင်း၊ ကျွံကျခြင်း၊ နံရံနှင့် တိုင်များ ကွဲအက်ခြင်း စသည်)။
အပေါ်ယံ မြေမျက်နှာပြင် နိမ့်ကျမှုကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းများစွာ ရှိသော်လည်း ဥမင်ဖောက်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် မြေနိမ့်ကျမှုများကို အဓိကအားဖြင့် မြေအောက်ရေဖိအား လျော့နည်းသွားခြင်းနှင့် မြေသားဆုံးရှုံးခြင်းကြောင့်ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ ပထမတစ်မျိုးမှာ ဥမင် ဖောက်လုပ်နေစဉ်အတွင်း မြေအောက်ရေကို နှိမ့်ချရန်လိုအပ်ခြင်း (သို့) ဥမင်အတွင်းသို့ ရေစိမ့်ဝင်ခြင်းကြောင့် လိုအပ်သည့် မြေအောက်ရေ ဖိအားပမာဏ လျော့နည်းပြီး မြေသားထုအတွင်း effective stress ပမာဏ များပြားလာခြင်းကြောင့် ဖြစ်သည်။ fine-grained soils များတွင် အချိန်ကာလ ကြာလာသည်နှင့်အမျှ မြေကြီးအတွင်းမှ ရေများစိမ့်ထွက်သွားပြီး consolidation ဖြစ်စဉ်ကြောင့် လက်မအနည်းငယ်မျှ မြေမျက်နှာပြင် နိမ့်ကျမှုကို ဖြစ်စေနိုင်သည်။
မြေမျက်နှာပြင်နိမ့်ကျမှု ဖြစ်စေသည့် ဒုတိယအကြောင်းရင်းမှာ ဥမင်တူးဖော်စဉ် လိုအပ်သည့် ဥမင်အရွယ်အစားထက် ပိုမိုတူးဖော်မိခြင်းကြောင့်ဖြစ်သော Lost ground မြေသားဆုံးရှုံးမှု ဖြစ်ပြီး ဤအချက်သည် မြေနိမ့်ကျမှုဖြစ်စဉ်တွင် အဓိကကျသော အချက်ဖြစ်သည်။ ထိုအချက်သည် ဥမင်ဖောက်လုပ်သည့် နည်းစနစ်၊ နည်းလမ်းများအပေါ်တွင် တည်မှီနေသည်။ ယနေ့ခေတ် ဥမင်တူးစက်များသည် အဆိုပါမြေသားဆုံးရှုံးမှုကို ကောင်းစွာထိန်းချုပ်နိုင်နေပြီ ဖြစ်သော်လည်း လက်တွေ့အဆုံးအဖြတ်တွင် ဥမင်ဖောက်လုပ်သူ အင်/ယာများ၏ အတွေ့အကြုံ၊ လုပ်ငန်းကြီးကြပ်မှု အရည်အသွေး၊ ကျွမ်းကျင်မှုတို့ကသာ အရေးကြီးပါသည်။
ဥမင်ဖောက်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော မြေမျက်နှာပြင်နိမ့်ကျမှုကို တွက်ယူခြင်းများသည် ခန့်မှန်းတွက်ချက်ရုံမျှသာ ဖြစ်ပါသည်။ သဘာဝ၏ ပြောင်းလဲတတ်သော သဘောနှင့် ဥမင်အဆောက်အအုံ၏ ပြောင်းလဲနိုင်မှုများကြောင့် မြေနိမ့်ကျမှုကို တွက်ချက်ရာတွင် loaded beam တစ်ခု၏ settlement ကို တွက်ယူနိုင်သလောက်တော့ ယတိပြတ် ယုံကြည်နိုင်ဖွယ်ရာ မရှိပါ။ ဥမင်ဖောက်လုပ်ခြင်းတွင် ကျွန်ုပ်တို့သည် လေ့လာမှု (analysis) များမှ ရရှိသော အတွေ့အကြုံများနှင့် လက်တွေ့ကို အခြေခံသော empirical data များကို များစွာ အားကိုးရပါသည်။
ဤဆောင်းပါးတွင် ဥမင်ဖောက်လုပ်ခြင်းကြောင့် ဖြစ်ပေါ်သော မြေမျက်နှာပြင် နိမ့်ကျမှုကို analytical method၊ empirical method၊ numerical method များဖြင့် ခန့်မှန်းတွက်ချက်ထားပြီး လက်တွေ့ရလဒ်များဖြင့် နိုင်းယှဉ် ဖော်ပြထားပါသည်။
၁။ Plaxis software ကို အသုံးပြု၍ မြေနိမ့်ကျမှုကို တွက်ချက်ခြင်း
ပထမဦးစွာ Plaxis ဆော့ဖ်ဝဲကို အသုံးပြု၍ မြေမျက်နှာပြင် နိမ့်ကျမှုအား တွက်ချက်အဖြေရှာပုံကို တင်ပြပါမည်။ Plaxis model တည်ဆောက်ရန်အတွက် လိုအပ်သော မြေကြီးနှင့်ပတ်သက်သည့် geotechnical parameters များနှင့် soil profiles အချက်အလက်များကို စင်္ကာပူ မီထရို အဝိုင်းပတ်လမ်း (SMRT Circle line) တည်ဆောက်စဉ်က ပြုလုပ်ထားခဲ့သော borehole test များမှ ရယူထားပါသည်။ ရှေ့တွင် တင်ပြမည့် အခြားသော analytical, empirical နည်းလမ်းဖြင့် မြေနိမ့်ကျမှုများကို တွက်ချက်ရာတွင်လည်း ထိုအချက်အလက်များကိုပင် အသုံးပြုသွားမည် ဖြစ်ပါသည်။
မြေမျက်နှာပြင် နိမ့်ကျမှုကို လေ့လာမည့် စက်ဝိုင်းပုံ အမွှာဥမင်များမှာ အချင်း ၆.၈ မီတာစီ ရှိပြီး စင်္ကာပူမီထရို အဝိုင်းပတ်လမ်းတွင် ရှိသော Thomson ဘူတာနှင့် Farrer ဘူတာကြား ဆက်သွယ်ပေးထားသည်။ ဥမင်များတည်ရှိရာ မြေအမျိုးအစားမှာ Bukit Timah Granite ဖြစ်ပြီး အမွှာဥမင်နှစ်ခုမှာ မြေမျက်နှာပြင်မှ ၁၉.၅ မီတာနှင့် ၁၈.၅ မီတာ အနက်တွင် အသီးသီးတည်ရှိကြသည်။ ဇယား (၁) နှင့် (၂) တွင် ဥမင်ကွန်ကရစ်နံရံနှင့် ပတ်သက်သည့် အချက်အလက်များ၊ ဥမင်တည်ရှိရာ ဒေသ၏ မြေကြီးနှင့် ပတ်သက်သည့် အချက်အလက်များကို ဖော်ပြထားပါသည်။
ဇယား(၁)၊ ဥမင်ကွန်ကရစ်နံရံ အချက်အလက်များ
ဇယား(၂)၊ မြေသားဆိုင်ရာ အချက်အလက်များ
Plaxis model ကို Elastic-plastic non linear two dimension နည်းလမ်းဖြင့် တည်ဆောက်ကာ မြေကြီးထဲမှ ရေမစိမ့်ထွက်သော အခြေအနေ (undrained)နှင့် မြေကြီးထဲမှ ရေများစိမ့်ထွက်သွားသော အခြေအနေ (drained)၊ တနည်းအားဖြင့် ဥမင်ဖောက်လုပ်ပြီးကာစ အချိန် (short-term)နှင့် ဥမင်အားအသုံးပြုနေမည့် consolidation ဖြစ်သွားမည့်အချိန် (long-term) ဟူ၍ နှစ်မျိုးခွဲခြား တွက်ချက်ပါသည်။
Plaxis ဆော့ဖ်ဝဲတွင် မြေကြီးထုထည်ဆုံးရှုံးမှု (volume loss) ကိုအခြေခံ၍ ဥမင်ကြောင့် ဖြစ်သော settlement ကို တွက်ချက်ပေးပါသည်။ ဥမင်အရွယ်အစား ၆.၆ မီတာ အချင်းရှိ ဥမင်များအတွက် မြေကြီးထုထည် ဆုံးရှုံးမှု ပမာဏ VL မှာ marine clay မြေအမျိုးအစားတွင် [1] အရ ဥမင်တူးဖော်သည့် နည်းလမ်းပေါ် မူတည်၍ ၂ % မှ ၃.၅% ထိ ရှိနိုင်သည်။ ဥမင်တည်ရှိရာနေရာ၏ မြေအမျိုးအစား Bukit Timah Granite အတွက် မြေကြီးထုထည် ဆုံးရှုံးမှု ပမာဏ VL မှာ ၁ % ဖြစ်ပြီး borehold test ပါ အချက်အလက်များကို အခြေခံ၍ အမွှာဥမင်နှစ်ခုအတွက် Plaxis model ကို ဒီဇိုင်းပြုလုပ်ပါသည်။ အောက်ဖော်ပြပါပုံတွင် အမွှာဥမင်နှစ်ခု၏ deformed mesh ကို plaxis ဆော့ဖ်ဝဲဖြင့် တွက်ချက်ရယူထားပုံကို ဖော်ပြထားပါသည်။
ပုံ(၂)တွင် Plaxis analysis ဖြင့် အမွှာဥမင်နှစ်ခုကြောင့် ဖြစ်ပေါ်လာသော မြေမျက်နှာပြင် နိမ့်ကျမှု settlement profile ကို ဖော်ပြထားပါသည်။ အပြာရောင်လိုင်းမှာ undrained analysis မှရသော profile ဖြစ်ပြီး အနီလိုင်းမှာ drained analysis မှရသော profile ဖြစ်သည်။ Drained analysis သည် မြေကြီးထဲမှ ရေများထွက်သွားပြီးသည့် အခြေအနေအတွက် settlement profile ဖြစ်ပြီး မြေနိမ့်ကျမှု ၁၄ မီလီမီတာထိ ရောက်ရှိသည်ကို တွေ့ရသည်။
၂။ Gaussian curve ဖြင့် မြေနိမ့်ကျမှုကို တွက်ချက်ခြင်း
ဤနည်းလမ်းသည် empirical method ဖြစ်ပြီး တွက်ချက်ခြင်း၏ အခြေခံသဘောမှာ ဥမင်တူးဖော်စဉ် ဖြစ်ပေါ်လာသော မြေသားဆုံးရှုံးမှု၏ ထုထည် (volume of ground loss)သည် မြေမျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်လာမည့် မြေနိမ့်ကျမှု၏ ထုထည် (volume of settlement)နှင့် ဆက်နွှယ်မှုရှိသည်ဟူ၍ ယူဆထားခြင်းဖြစ်သည် [2]။ မြေပျော့သော နေရာတွင် တူးဖော်သည့် ဥမင်တစ်ခုတည်းအတွက် ယေဘူယျအားဖြင့် volume of ground loss သည် မြေမျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်လာမည့် မြေနိမ့်ကျမှု၏ ထုထည် (volume of settlement)နှင့် တူညီပါသည်။ သို့ရာတွင် ထိုနှစ်ခုကြား ဆက်နွှယ်မှုများမှာ ဒီထက်ပို၍ ရှုပ်ထွေးနိုင်သည်။ တွက်ချက်မှုတွင်လည်း မြေပွခြင်း၊ ကျုံ့ခြင်းကြောင့် ဖြစ်သော ထုထည် အပြောင်းအလဲများကို ထည့်သွင်း မစဉ်းစားပါ။
မြေသားဆုံးရှုံးမှု (Ground loss) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မြေနိမ့်ကျမှု (settlement trough) သည် မြေပြင်ပေါ်နှင့် ၎င်းဥမင်အနီးအနားရှိ တံတားများ၏ ပိုင်တိုင်အုတ်မြစ်များ၊ အဆောက်အအုံများ စသည်တို့ကိုပါ အလားတူ နိမ့်ကျသွားအောင် သက်ရောက်နိုင်သည့် အလားအလာရှိပါသည်။ ဥမင်၏ ဦးတည်ရာမျဉ်းကို ကန့်လန့်ဖြတ် မြေမျက်နှာပြင် နိမ့်ကျမှု (settlement trough)၏ ပုံသဏ္ဍာန်နှင့် ပမာဏသည် ဥမင်တူးဖော်သည့် နည်းစနစ်၊ ဥမင်တည်ရာ အနက်၊ ဥမင်၏ အချင်းနှင့် မြေအနေအထားတို့၏ function တစ်ခုဖြစ်သည်။ ၎င်းကို သင်္ချာနည်းဖြင့် အောက်ပါအတိုင်း ဖော်ပြနိုင်ပါသည်။
ဤတွင်- VL = ဥမင်တူးဖော်စဉ် မြေသားဆုံးရှုံးမှု ထုထည် (volume of ground loss)၊
D = ဥမင်၏ အချင်း၊
l = settlement trough အလယ်မှ တဖက်အခုံးထိပ်ထိ အကွာအဝေး (ပုံ-၃ တွင်ရှု)၊
K = မြေအမျိုးအစားပေါ်မူတည်၍ သတ်မှတ်ထားသော တန်ဖိုး (ယခုမြေအမျိုးအစားအတွက် ၀.၄ ဖြင့်ယူသည်။ K တန်ဖိုးသည် ရွှံ့မြေများတွင် မာကြောမှုကို မူတည်၍ ၀.၇ မှ ၀.၄ အထိရှိပြီး သဲဆန်သောမြေများတွင် ၀.၂၅ ရှိသည်)
z0 = ဥမင်၏ အလယ်အမှတ်မှ မြေမျက်နှာပြင်ထိ အကွာအဝေး(အနက်)။
အမွှာဥမင်များ၊ အပြိုင်တည်ရှိနေသော ဥမင်များအတွက် မြေမျက်နှာပြင် နိမ့်ကျမှု profile ကိုရှာရာတွင် ဥမင်တစ်ခုချင်းစီအတွက် ရရှိသော settlement curve များကို superposition နည်းဖြင့်ပေါင်း၍ တွက်ချက်နိုင်သည် [3]။ ဥမင်နှစ်ခုကြား အကွာအဝေး ပိုများလေလေ ၎င်းတို့၏အထက် မြေမျက်နှာပြင် နိမ့်ကျမှု ပိုနည်းလေလေဖြစ်သည်။ ဥမင်နှစ်ခုလုံး၏ အချင်းနှင့် မြေသားဆုံးရှုံးမှု ပမာဏ တူညီပါက မြေမျက်နှာပြင်နိမ့်ကျမှုကို အောက်ပါပုံသေနည်းဖြင့် တွက်ချက်ယူနိုင်ပါသည်။
ပုံ(၅) တွင် ဥမင်တူးဖော်မှုကြောင့် ဖြစ်ပေါ်လာသော မြေမျက်နှာပြင် နိမ့်ကျမှုကို ဥမင်တစ်ခုချင်းစီအလိုက် curve များနှင့် superposition နည်းကိုအသုံးပြု၍ ဥမင်နှစ်ခုအတွက်ဖြစ်သော curve တို့ကို နှိုင်းယှဉ် ဖော်ပြထားပါသည်။ ထိုသို့ ဥမင်တူးဖော်မှုကြောင့် ဖြစ်သော မြေနိမ့်ကျမှု curve များကို empirical နည်းဖြင့် လေ့လာမှုများအရ ဥမင်တစ်ခုတည်းတွင် ဖြစ်ပေါ်သော မြေနိမ့်ကျမှု curve သည် ဥမင်အထက် အလယ်ဝင်ရိုးလိုင်းမှ ပုံမှန်အားဖြင့် ခေါက်ချိုးညီဖြစ်သည်ကို တွေ့ရသည်။ အပြိုင်ဖောက်လုပ်ထားသည့် အမွှာဥမင်များတွင်မူ ဥမင်များ၏ တည်နေရာ အနိမ့်အမြင့်တူညီပါက settlement curve မှာ ခေါက်ချိုးညီဖြစ်သော်လည်း ဥမင်တည်ရာအနက် မတူသည့်ခါတွင် ခေါက်ချိုးညီမှု ပျက်ယွင်းသွားသည်ကို တွေ့ရပါသည်။
ဤလေ့လာချက်တွင် အတွင်းဘက်ဥမင် (ဝဲဘက်ဥမင်) မှာ အပြင်ဘက် (ယာဘက်) ဥမင်ထက် ၁ မီတာ ပိုမိုနက်ရာ အထက်တွင် ဆိုခဲ့ပါအတိုင်း ၎င်းတို့၏ settlement curve တွင်လည်း ခေါက်ချိုးညီမှု မရှိပေ။ တွက်ချက်ရရှိသော ရလဒ်များသည် ကွင်းဆင်းတိုင်းတာမှု (field data) များနှင့် ကောင်းစွာကိုက်ညီမှု ရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် Gaussian curve၊ superposition method တို့ဖြင့် ဥမင်တူးဖော်မှုကြောင့် ဖြစ်ပေါ်လာမည့် မြေမျက်နှာပြင်နိမ့်ကျမှုများကို ကောင်းစွာ ခန့်မှန်းတွက်ချက်နိုင်ကြောင်း တွေ့ရှိနိုင်ပါသည်။
၎။ ဥမင်တူးဖော်စဉ် မြေထုရွေ့လျားမှုကို ခန့်မှန်းတွက်ချက်နိုင်သည့် Analytical solution များ
ဥမင်တူးဖော်မှုကြောင့် အပေါ်ယံမြေမျက်နှာပြင်တွင် ဖြစ်ပေါ်လာနိုင်သည့် မြေထုရွေ့လျားမှုများ (ဝါ) အလျားလိုက်နှင့် ဒေါင်လိုက် ရွေ့လျားမှုများကို analytical method ဖြင့် ဖော်ထုတ်တွက်ချက်နိုင်ပါသည်။ ထင်ရှားသော ဖြေရှင်းနည်းတစ်ခုမှာ Verruijt နှင့် Booker (1996) [4] တို့တင်ပြခဲ့သော မြေအနက်တိမ်သော ဥမင်များကြောင့် ဖြစ်ပေါ်လာသည့် မြေထုရွေ့လျားမှုများကို တွက်ချက်နည်းဖြစ်သည်။
အလျားလိုက်ရွေ့လျားမှု (horizontal displacement)
ဒေါင်လိုက်ရွေ့လျားမှု (vertical displacement or settlement)
အထက်ပါ အီကွေးရှင်းများတွင် ပါဝင်သော သင်္ကေတတို့မှာ a - ဥမင်၏ အချင်းဝက်၊ x - ရေပြင်ညီဝင်ရိုးအတိုင်း အကွာအဝေး၊ z - ဒေါင်လိုက်ဝင်ရိုးအတိုင်း အကွာအဝေး၊ H - ဥမင်၏ အလယ်ဗဟိုမှ မြေမျက်နှာပြင်ထိအနက် စသည်တို့ ဖြစ်သည်။ ε မှာ ဥမင်အနားပတ်လည်ရှိ မြေသားဆုံးရှုံးမှုကိန်း (uniform radial ground loss) ε = u0/a ဖြစ်သည်။ u0 သည် ဥမင်အနားပတ်လည် ရွေ့လျားမှု (uniform radial displacement) ဖြစ်သည်။
Loganathan နှင့် Poulos (1998) [5] တို့၏ လေ့လာမှုစာတမ်းတွင် အီကွေးရှင်း(၃)နှင့် (၄)ရှိ ε တန်ဖိုးကို မြေကြီးထဲမှ ရေများမထွက်သေးသည့် အခြေအနေ undrained condition ကို ထည့်သွင်းစဉ်းစားကာ modified လုပ်ထားသော equivalent ground loss အဖြစ်တင်ပြထားသည်။
ဤတွင် g = ဥမင်အမိုးခုံးထိပ် ကွန်ကရစ်နံရံနှင့် မြေကြီးကြား နေရာလွတ် (gap parameter) ဖြစ်ပြီး 2u0 နှင့် ညီမျှသည်။
မြေထုရွေ့လျားမှုများကို တွက်ချက်ရာတွင် အထက်ပါ အီကွေးရှင်းများသည် ဥမင်အနားပတ်လည်ရှိ မြေသား အညီအမျှဆုံးရှုံးမှု (uniform radial displacement) အပေါ်တွင်သာ အခြေခံထားခြင်းဖြစ်ပြီး boundary condition များမှာလည်း ဥမင်အထက် မြေမျက်နှာပြင်ပေါ် ရေပြင်ညီ ဝင်ရိုးတလျှောက်တွင် စဉ်းစားထားခြင်း ဖြစ်သည်။ သို့ရာတွင် လက်တွေ့ အခြေအနေ၌ မြေသားဆုံးရှုံးမှုမှာ ဥမင် အနားပတ်လည်တွင် အညီအမျှမဖြစ်ဘဲ ဥမင်အမိုးခုံးထိပ်၌ ဆုံးရှုံးမှုပိုများ၍ ဘဲဥပုံသဏ္ဍာန် ပုံ(၆-ဘီ) သာ ဖြစ်ပါသည်။ ထို့ကြောင့် Park (2004) [6] က ဥမင်၏အလယ်ဗဟိုကို အခြေခံသော ဘဲဥပုံသဏ္ဍာန် oval-shaped displacement အတွက် မြေသားဆုံးရှုံးမှုတန်ဖိုး elastic solution တစ်ခုကို တင်ပြခဲ့သည်။
ဤတွင် ဖြစ်ပြီး z0 မှာ မြေမျက်နှာပြင်မှ ဥမင်အလယ်ဗဟိုထိ အနက်ဖြစ်သည်။
အောက်ဖော်ပြပါ ပုံ(၈)တွင် Verruijt နှင့် Booker (1996) [4]၊ Loganathan နှင့် Poulos (1998) [5]၊ Park (2004) [6] တို့၏ analytical solution များကို အသုံးပြု၍ အမွှာဥမင်နှစ်ခု တူးဖော်မှုကြောင့် ဖြစ်ပေါ်လာသော မြေမျက်နှာပြင် နိမ့်ကျမှု settlement profile များကို တွက်ချက် နှိုင်းယှဉ်ပြထားပါသည်။
၅။ Reciprocal Theorem ကိုအသုံးပြု၍ မြေမျက်နှာပြင် နိမ့်ကျမှုကို တွက်ချက်ခြင်း
အထက်တွင် ဖော်ပြခဲ့ပြီးသော analytical solutions များနှင့် နှိုင်းယှဉ်ချိန်ဆနိုင်ရန်အတွက် Reciprocal Theorem ကိုအသုံးပြု၍ မြေမျက်နှာပြင် နိမ့်ကျမှုကို ဖော်ထုတ်တွက်ချက်နိုင်ပုံကို ဆက်လက် တင်ပြသွားပါမည်။ ထိုသို့တွက်ချက်ရန်အတွက် ထင်ရှားသည့် analytical နည်းများဖြစ်သည့် elastic half-space အတွင်း အလျားလိုက်နှင့် ဒေါင်လိုက်အားများ သက်ရောက်မှုများကြောင့် မြေသားထု အရွေ့များ ဖြစ်ပေါ်လာခြင်းကို အခြေခံ၍ အသုံးပြုထားပါသည်။ မြေမျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်မည့် အလျားလိုက်နှင့် ဒေါင်လိုက် မြေသားအရွေ့များကို တွက်ရန်လိုအပ်သည့် ဒေတာ အချက်အလက်များသည် ဥမင် အနားပတ်လည်တွင် ဖြစ်ပေါ်နေသည့် မြေသားအရွေ့များ၏ function များပင် ဖြစ်ပါသည်။
မြေမျက်နှာပြင် တနေရာ၌ရှိသော ဒေါင်လိုက်အားတစ်ခုကြောင့် ဥမင်နံရံပတ်လည်တွင် radial အတိုင်း သက်ရောက်နေမည့် ဖိအား(stress) ကို Flamin (1892) [7] ၏ နည်းအရ အောက်ပါအတိုင်း တွက်ချက်ရယူနိုင်ပါသည်။
ဥမင်ဝင်ရိုးအတိုင်း သက်ရောက်နေမည့် normal stress နှင့် ထောင့် θ ကိုမူတည်၍ ဝင်ရိုးကို ထောင့်မှန်အတိုင်း သက်ရောက်နေမည့် normal stress များမှာ အောက်ပါအတိုင်းဖြစ်သည်။
Normal stress များကြောင့် ဥမင်အနားပတ်လည်ဖြစ်ပေါ်မည့် radial displacement များကို အောက်ပါအတိုင်း ရရှိပါသည်။
ထို Normal stress များကြောင့် ဖြစ်သော radial displacements များကို ပေါင်းခြင်းဖြင့် မြေပေါ်သက်ရောက်အားကြောင့် ဥမင်အနားပတ်လည်တွင် ဖြစ်ပေါ်လာမည့် အရွေ့ displacement ကို ရရှိပါသည်။
ဆက်လက်၍ ဥမင်အတွင်း အားသက်ရောက်မှုကြောင့် ဒေါင်လိုက် z - ဝင်ရိုးအတိုင်း ဖြစ်ပေါ်လာမည့် displacement ကိုရှာပါမည်။ ဆလင်ဒါပုံ အဝိုင်းတွင် uniform pressure ဖိအားသက်ရောက်မှုကြောင့် ဖြစ်ပေါ်သော radial displacement ကို အောက်ပါ ပုံသေနည်းဖြင့် ရှာနိုင်သည်။ [8]
ဥမင်အတွင်း F - အားသက်ရောက်မှုကြောင့် ဥမင်အနားပတ်လည်တွင် ဖြစ်ပေါ်လာမည့် radial displacement တန်ဖိုးကို ∆ အဖြစ် သတ်မှတ်ပါမည်။ အီကွေးရှင်း (၁၃)နှင့် ∆ အကြားဆက်နွှယ်ချက်အား Reciprocal Theorem ကိုအသုံးပြုတွက်ချက်ခြင်းဖြင့် ထိုအား၏ တန်ဖိုးကို အောက်ပါအတိုင်း ရရှိပါသည်။
ဤသို့ဖြင့် ရရှိလာသော အီကွေးရှင်း(၁၂) နှင့် (၁၄) တို့ကို အသုံးပြု၍ ဥမင်၏ အရွယ်အစား၊ ဥမင်ရှိရာမြေ၏ Poisson’s coefficient၊ ဥမင်အနက်ပေနှင့် radial displacement တို့ပေါ် မူတည်သည့် မြေမျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်မည့် ဒေါင်လိုက် မြေထုရွေ့လျားမှု (ဝါ) မြေနိမ့်ကျမှု (settlement) ကို Reciprocal Theorem အသုံးပြုကာ အောက်ပါအတိုင်း တွက်ယူနိုင်ပါသည်။
ပုံ(၁၁) တွင် အမွှာဥမင်နှစ်ခုအတွက် Reciprocal Theorem အသုံးပြုတွက်ချက်ထားသော မြေမျက်နှာပြင် နိမ့်ကျမှု profile များကို ဖော်ပြထားပါသည်။
၆။ လုပ်ငန်းခွင် ကွင်းဆင်းတိုင်းတာချက်မှ ရရှိသော အမွှာဥမင်နှစ်ခုအတွက် settlement profile များ
အထက်ပါ အခန်းများတွင် တင်ပြခဲ့ပြီးသော Plaxis analysis, empirical method, analytical method နှင့် Reciprocal Theorem အသုံးပြု တွက်ချက်နည်းများမှ ရရှိလာသော မြေမျက်နှာပြင် နိမ့်ကျမှု settlement profile များ၏ အဖြေများ မှန်ကန်တိကျမှုကို နှိုင်းယှဉ် လေ့လာနိုင်ရန်အတွက် လုပ်ငန်းခွင် ကွင်းဆင်း တိုင်းတာချက်များမှ ရရှိသော settlement profile များကို အောက်ဖော်ပြပါ ပုံ(၁၂) တွင် တင်ပြထားပါသည်။
၇။ Settlement profile များကို နှိုင်းယှဉ်လေ့လာခြင်း
ပုံ(၁၃) တွင် တွက်ချက်မှု နည်းလမ်းပေါင်းစုံဖြင့် ရရှိလာသော ဥမင်နှစ်ခုအတွက် settlement profile များကို ကွင်းဆင်းတိုင်းတာချက်များနှင့်တကွ တစုတစည်းတည်း ဖော်ပြထားပါသည်။
နှိုင်းယှဉ်လေ့လာချက်များအရ Plaxis ဆော့ဖ်ဝဲကို အသုံးပြုတွက်ချက်ထားသော undrained profile သည် Verruijt နှင့် Booker (1996)၏ analytical နည်းဖြင့် တွက်ချက်မှုမှရသော profile နှင့် ထပ်တူညီနီးပါး ကိုက်ညီသည်ကို တွေ့ရသည်။ Reciprocal Theorem ဖြင့် တွက်ချက်ထားသော profile သည် Loganathan နှင့် Poulos (1998) နည်းဖြင့်ရသော profile ထက်အနည်းငယ်မျှ လျော့နည်းပါသည်။ Gaussian curve ဖြင့် ရရှိသော settlement profile သည် အားလုံးထဲတွင် အများဆုံးဖြစ်ပြီး ပိုမိုယုံကြည် စိတ်ချရသော settlement တန်ဖိုးကို ရရှိခြင်းနှင့် လက်တွေ့နှင့် နီးစပ်သော profile ကိုရရှိသောကြောင့် လက်ရှိ ဥမင်ဖောက်လုပ်ရန် မြေနိမ့်ကျနိုင်မှု ခန့်မှန်းရာတွင် အသုံးပြုနေသော နည်းလည်းဖြစ်ပါသည်။
တွက်နည်းအားလုံးဖြင့် ရရှိလာသော အဖြေများသည် ကွင်းဆင်းတိုင်းတာချက်မှ ရသော တန်ဖိုးနှင့် များစွာ မကွာဟသဖြင့် မြေမျက်နှာပြင်နိမ့်ကျမှုကို ခန့်မှန်းတွက်ချက်ရာတွင် အသုံးပြု၍ ရပါသည်။ သို့ရာတွင် မြေအခြေအနေ ရှုပ်ထွေးနေသည့်အခါ (သို့) မြေအမျိုးအစား မတူသည့် နေရာမျိုးတွင် ဥမင် ဖောက်လုပ်သည့်အခါ သဘာဝနှင့် အနီးစပ်ဆုံး ဖြစ်နိုင်မည့် အဖြေမှန်ကို ရရှိရန်အတွက် Plaxis ကဲ့သို့ software များ၏ အကူအညီယူကာ numerical နည်းဖြင့် တွက်ချက်ခြင်းသည်သာ အသင့်တော်ဆုံး ဖြစ်ပါသည်။
၈။ နိဂုံး
ဤဆောင်းပါးတွင် ရေးသားဖော်ပြပြီးခဲ့သော ဥမင်တူးဖော်မှုကြောင့် မြေမျက်နှာပြင် နိမ့်ကျမှု ခန့်မှန်းတွက်ချက်ခြင်း နည်းလမ်းများကို လေ့လာခြင်းဖြင့် အောက်ပါအတိုင်း ကောက်ချက်ချနိုင်ပါသည်။
(က) ဥမင်များဖောက်လုပ်ရန် ဒီဇိုင်းရေးဆွဲသည့်အခါ မြေအောက် တူးဖော်မှုများကြောင့် မြေမျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်လာနိုင်သည့် နိမ့်ကျမှု (settlement)ကို ခန့်မှန်းတွက်ချက်ရန် အရေးကြီးသည်။
(ခ) မြေနိမ့်ကျမှု ဖြစ်ပေါ်စေသည့် အကြောင်းရင်းများကိုလည်း သိရှိထားရန် လိုအပ်သည်။
(ဂ) ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံများ ကဲ့သို့သော အဆောက်အဦးများ အောက်တွင် ဥမင်များ ဖောက်လုပ်သည့်အခါ သီအိုရီပိုင်းအရ ခန့်မှန်းတွက်ချက်မှုများအပြင် ပတ်ဝန်းကျင်နှင့် ကိုက်ညီမည့် လုပ်ငန်းခွင် instrument inspection လည်း လိုအပ်မည်ဖြစ်သည်။
ရည်ညွှန်းကိုးကား
1. Civil design criteria for road and rail transit systems, Rail and Engineering Groups, Singapore, 2009.
2. Peck, R.B. 1969. Deep excavations and tunneling in soft ground. Pages 225-290 of: Proc. of the 7th int. Conference on Soil Mechanics and Foundation Engineering. State of the art volume. Sociedad Mexicnan de Mecanica de Suelos, A. C.
3. Wang, J.G., Kong, S.L., Leung, C.F. (2003). Twin Tunnels-Induced Ground Settlement in Soft Soils. Geotechnical Engineering in Urban Construction, Tsinghua University Press, pp.241-244.
4. Verruijt, A., Booker, J.R., 1996. Surface settlements due to deformation of a tunnel in an elastic half plane. Geotechnique 46 (4), 753–756.
5. Loganathan, N., Poulos, H.G., 1998. Analytical prediction for tunnelling-induced ground movements in clays. J. Geotech. Geoenviron. Eng. ASCE 124 (9), 846–856.
6. Peck, R.B. 1969. Deep excavations and tunneling in soft ground. Pages 225-290 of: Proc. of the 7th int. Conference on Soil Mechanics and Foundation Engineering. State of the art volume. Sociedad Mexicnan de Mecanica de Suelos, A. C.
7. Verruijt, A., 1994-2005. Soil Dynamics – Elastostatics of a half space, Pages 138-139.
8. Timoshenko.S., Goodier.J.N., 1951. Theory of Elasticity – 83. The Reciprocal Theroem, Pages 239-241.
ပရင့်ထုတ်ရန်

ပုံ(၅)၊ Gaussian curve, superposition နည်းဖြင့် ဥမင်များကြောင့် ဖြစ်သော မြေမျက်နှာပြင် နိမ့်ကျမှုကို တွက်ချက်နှိုင်းယှဉ်ထားပုံ

ပုံ(၁၁)၊ Reciprocal Theorem အသုံးပြုတွက်ချက်ထားသော အမွှာဥမင်နှစ်ခု၏ မြေမျက်နှာပြင် နိမ့်ကျမှု profile များ
၆။ လုပ်ငန်းခွင် ကွင်းဆင်းတိုင်းတာချက်မှ ရရှိသော အမွှာဥမင်နှစ်ခုအတွက် settlement profile များ
အထက်ပါ အခန်းများတွင် တင်ပြခဲ့ပြီးသော Plaxis analysis, empirical method, analytical method နှင့် Reciprocal Theorem အသုံးပြု တွက်ချက်နည်းများမှ ရရှိလာသော မြေမျက်နှာပြင် နိမ့်ကျမှု settlement profile များ၏ အဖြေများ မှန်ကန်တိကျမှုကို နှိုင်းယှဉ် လေ့လာနိုင်ရန်အတွက် လုပ်ငန်းခွင် ကွင်းဆင်း တိုင်းတာချက်များမှ ရရှိသော settlement profile များကို အောက်ဖော်ပြပါ ပုံ(၁၂) တွင် တင်ပြထားပါသည်။
ပုံ(၁၂)၊ စင်္ကာပူ MRT၊ အဝိုင်းပတ်လမ်း၊ Thomson နှင့် Farrer ဘူတာများကြား အမှတ် ch 73+100 တွင်တိုင်းထားသော settlement profiles များ
၇။ Settlement profile များကို နှိုင်းယှဉ်လေ့လာခြင်း
ပုံ(၁၃) တွင် တွက်ချက်မှု နည်းလမ်းပေါင်းစုံဖြင့် ရရှိလာသော ဥမင်နှစ်ခုအတွက် settlement profile များကို ကွင်းဆင်းတိုင်းတာချက်များနှင့်တကွ တစုတစည်းတည်း ဖော်ပြထားပါသည်။
နှိုင်းယှဉ်လေ့လာချက်များအရ Plaxis ဆော့ဖ်ဝဲကို အသုံးပြုတွက်ချက်ထားသော undrained profile သည် Verruijt နှင့် Booker (1996)၏ analytical နည်းဖြင့် တွက်ချက်မှုမှရသော profile နှင့် ထပ်တူညီနီးပါး ကိုက်ညီသည်ကို တွေ့ရသည်။ Reciprocal Theorem ဖြင့် တွက်ချက်ထားသော profile သည် Loganathan နှင့် Poulos (1998) နည်းဖြင့်ရသော profile ထက်အနည်းငယ်မျှ လျော့နည်းပါသည်။ Gaussian curve ဖြင့် ရရှိသော settlement profile သည် အားလုံးထဲတွင် အများဆုံးဖြစ်ပြီး ပိုမိုယုံကြည် စိတ်ချရသော settlement တန်ဖိုးကို ရရှိခြင်းနှင့် လက်တွေ့နှင့် နီးစပ်သော profile ကိုရရှိသောကြောင့် လက်ရှိ ဥမင်ဖောက်လုပ်ရန် မြေနိမ့်ကျနိုင်မှု ခန့်မှန်းရာတွင် အသုံးပြုနေသော နည်းလည်းဖြစ်ပါသည်။
တွက်နည်းအားလုံးဖြင့် ရရှိလာသော အဖြေများသည် ကွင်းဆင်းတိုင်းတာချက်မှ ရသော တန်ဖိုးနှင့် များစွာ မကွာဟသဖြင့် မြေမျက်နှာပြင်နိမ့်ကျမှုကို ခန့်မှန်းတွက်ချက်ရာတွင် အသုံးပြု၍ ရပါသည်။ သို့ရာတွင် မြေအခြေအနေ ရှုပ်ထွေးနေသည့်အခါ (သို့) မြေအမျိုးအစား မတူသည့် နေရာမျိုးတွင် ဥမင် ဖောက်လုပ်သည့်အခါ သဘာဝနှင့် အနီးစပ်ဆုံး ဖြစ်နိုင်မည့် အဖြေမှန်ကို ရရှိရန်အတွက် Plaxis ကဲ့သို့ software များ၏ အကူအညီယူကာ numerical နည်းဖြင့် တွက်ချက်ခြင်းသည်သာ အသင့်တော်ဆုံး ဖြစ်ပါသည်။
၈။ နိဂုံး
ဤဆောင်းပါးတွင် ရေးသားဖော်ပြပြီးခဲ့သော ဥမင်တူးဖော်မှုကြောင့် မြေမျက်နှာပြင် နိမ့်ကျမှု ခန့်မှန်းတွက်ချက်ခြင်း နည်းလမ်းများကို လေ့လာခြင်းဖြင့် အောက်ပါအတိုင်း ကောက်ချက်ချနိုင်ပါသည်။
(က) ဥမင်များဖောက်လုပ်ရန် ဒီဇိုင်းရေးဆွဲသည့်အခါ မြေအောက် တူးဖော်မှုများကြောင့် မြေမျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်လာနိုင်သည့် နိမ့်ကျမှု (settlement)ကို ခန့်မှန်းတွက်ချက်ရန် အရေးကြီးသည်။
(ခ) မြေနိမ့်ကျမှု ဖြစ်ပေါ်စေသည့် အကြောင်းရင်းများကိုလည်း သိရှိထားရန် လိုအပ်သည်။
(ဂ) ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံများ ကဲ့သို့သော အဆောက်အဦးများ အောက်တွင် ဥမင်များ ဖောက်လုပ်သည့်အခါ သီအိုရီပိုင်းအရ ခန့်မှန်းတွက်ချက်မှုများအပြင် ပတ်ဝန်းကျင်နှင့် ကိုက်ညီမည့် လုပ်ငန်းခွင် instrument inspection လည်း လိုအပ်မည်ဖြစ်သည်။
ရည်ညွှန်းကိုးကား
1. Civil design criteria for road and rail transit systems, Rail and Engineering Groups, Singapore, 2009.
2. Peck, R.B. 1969. Deep excavations and tunneling in soft ground. Pages 225-290 of: Proc. of the 7th int. Conference on Soil Mechanics and Foundation Engineering. State of the art volume. Sociedad Mexicnan de Mecanica de Suelos, A. C.
3. Wang, J.G., Kong, S.L., Leung, C.F. (2003). Twin Tunnels-Induced Ground Settlement in Soft Soils. Geotechnical Engineering in Urban Construction, Tsinghua University Press, pp.241-244.
4. Verruijt, A., Booker, J.R., 1996. Surface settlements due to deformation of a tunnel in an elastic half plane. Geotechnique 46 (4), 753–756.
5. Loganathan, N., Poulos, H.G., 1998. Analytical prediction for tunnelling-induced ground movements in clays. J. Geotech. Geoenviron. Eng. ASCE 124 (9), 846–856.
6. Peck, R.B. 1969. Deep excavations and tunneling in soft ground. Pages 225-290 of: Proc. of the 7th int. Conference on Soil Mechanics and Foundation Engineering. State of the art volume. Sociedad Mexicnan de Mecanica de Suelos, A. C.
7. Verruijt, A., 1994-2005. Soil Dynamics – Elastostatics of a half space, Pages 138-139.
8. Timoshenko.S., Goodier.J.N., 1951. Theory of Elasticity – 83. The Reciprocal Theroem, Pages 239-241.
How can u achieve the c value 250 kPa for GV and GIV rock.
GV materials is almost completely weatheraed rock.
Is it can assume c value 250 kPa?
Do you have any equation or any relation to get c value 250 kPa for GV and GIV granite rock?
ပုံတွေကြည့်မရဘူုးဖစ်နေတယ်ဘယ်လိုကြည့်ရမှာလည်းဟင်
Photoကြည့်ချင်ပါတယ်ခင်ဗျ