အဝိုင်းပတ်လိုင်း၊ လမ်းပိုင်း-၄ (Circle line – Stage 4) ကို Taisei cooperation မှ တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်ပြီး Thomsom station, Bukit Brown station, Botanic Gardens station, Farrer Road station စတဲ့ မြေအောက် ဘူတာလေးခုနဲ့ အခြားလမ်းပိုင်း (stage) များနဲ့ ချိတ်ဆက်တဲ့ ဥမင်လမ်းပိုင်းများ ပါဝင်ပါတယ်။ လမ်းပိုင်း တည်ဆောက်ကာလ ၂၀၀၄ ခုနှစ် ဇွန်လမှ ၂၀၀၈ ခုနှစ် စက်တင်ဘာလအထိ လေးနှစ်နဲ့ သုံးလ ကြာမြင့်ခဲ့ပါတယ်။ ဥမင်ဖောက်လုပ်ရာမှာ အသုံးပြုတဲ့ စက်ကတော့ Slurry TBM ဖြစ်ပြီး အချင်း ၆.၆၃ မီတာရှိပါတယ်။
မြေအောက် ဘူတာများကိုတော့ Cut & Cover tunneling method ကို အသုံးပြု ဖောက်လုပ်တာ တွေ့ရပါတယ်။ ဥမင်များကို ဖောက်လုပ်ခဲ့စဉ်က မြေအောက် ဘူမိအနေအထား အမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရလို့ ဥမင်ဖောက်လုပ်သူတွေအတွက် စိန်ခေါ်မှု အကြီးအကျယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဥမင်တူးဖော်ရေး လုပ်ငန်းခွင်၊ lining block တပ်ဆင်နေပုံ။
lining block များ ဥမင်တူးဖော် တပ်ဆင်ရာသို့ သယ်ဆောင်ပုံ။
ဥမင်အတွင်း၊ ကြမ်းခင်းပိုင်း တပ်ဆင်အပြီး မြင်ရပုံ။
TBM Breakthrough. ဥမင်တူးဖော်ခြင်း ပြီးဆုံးသည့်အဆင့်။ ဥမင်လုပ်ငန်း၏ အောင်ပွဲ အခမ်းအနားတစ်ခုလည်း ဖြစ်သည်။
နောက်ဆုံးပိတ် lining ring နှင့် TBM ပြန်ဖြုတ်ခြင်း။


TBM တပ်ဆင်နေပုံ။ Bukit Brown Station အရှေ့ဘက်ခြမ်း ဥမင်အဝင်။
Backup car behind TBM
TBM ကို shaft ထဲသို့ ချနေစဉ်။ 

Cutting wheel. Shield မျက်နှာပြင်ရှိ မြေသားကို ဖြတ်မည့် ဘီးများ။ Conventional reaming technology။
ဥမင်အတွင်း ရထားသံလမ်းခင်းခြင်းလုပ်ငန်း။
ရထားသံလမ်းနှင့် ဇလီဖားတုံးကြားတွင် တုန်ခါမှုဒဏ်ခံ ပေါ်လီမာ ထည့်သွင်းတပ်ဆင်ထားပုံ။ ယခု အဝိုင်းပတ်လိုင်းဟာ Dhoby Ghaut station ကနေ စတင်ပြီး HarbourFront station မှာ အဆုံးသတ်မှာဖြစ်ကာ စုစုပေါင်း လိုင်းအရှည် ၃၃.၃ ကီလိုမီတာနဲ့ ဘူတာရုံပေါင်း ၂၉ ခုပါဝင်မှာ ဖြစ်ပါတယ်။ မြေအောက်မှာ လုံးလုံးလျားလျားတည်ရှိမယ့် လိုင်းဖြစ်ပါတယ်။ လာမယ့် ၂၀၁၀ ခုနှစ်မှာ တည်ဆောက်ရေး လုပ်ငန်းများ အားလုံး ပြီးစီးနိုင်ဖို့ ခန့်မှန်းထားပြီး စင်္ကာပူ သယ်ယူပို့ဆောင်ရေး ကွန်ယက်ထဲကို ဝင်ရောက်ချိတ်ဆက်မှာ ဖြစ်ပါတယ်။
Construction Methods
1. Top-Down Construction (applicable only to Dhoby Ghaut, Museum, Convention Centre, Millenia, Nicoll Highway, Lorong Chuan and Holland stations)
2. Construction of Contiguous Bored Pile Wall
3. Construction of Secant Pile Wall
4. Construction of Diaphram Wall (front page, back page)
5. Construction of Sheet Pile Wall (front page, back page)
အဝိုင်းပတ်လိုင်း ပြီးစီးသွားပါက မြင်ရမည့်ပုံများ
1. Land Transport Authority
2. UrbanRail.Net
Related Post
1.Metro Tunneling In Singapore
Credit to Danpauk
အကိုရေ.. စင်ကာပူ ရထားလမ်းဓါတ်ပုံတွေ လာလေ့လာတယ်နော်။ အဲဒါကြီးဖွင့်ရင် ဓါတ်ပုံသွားရိုက်ဖို့ နေရာတွေ ကြိုကြည့်ထားတယ် ....:P
အစ်ကိုကြီး..ဒီrealဓာတ်ပုံတွေ ဘယ်ကရတာပါလဲ။ ညီမတို့ project လုပ်ဖို့သွားရိုက်တော့ ရိုက်ခွင့်မရှိလို့ ပြန်ခဲ့ရတယ်။ Mrt station ထဲမှာ ဓာတ်ပုံရိုက်တော့လဲ rules and regulation တွေကြောင့် ရဲစခန်းတောင် ရောက်ခဲ့ရတယ်....အစ်ကိုကြီးဆီမှာ ဒီလိုတန်ဖိုးရှိတဲ့ပုံတွေရှိသေးရင် ဘလော့ဂ်မှာ တင်ပေးပါဦး အစ်ကိုကြီး....
ဟုတ်ကဲ့..လိုချင်ပါတယ် အစ်ကိုကြီး..ပေးလို့ရရင် mail နဲ့ ပို့ပေးလို့ဖြစ်နိုင်မလား...အစ်ကိုကြီးအားတဲ့ အချိန်မှပါ......
အစ်ကိုကြီးဆီမှာ ဒီလိုတန်ဖိုးရှိတဲ့ပုံတွေရှိသေးရင် အစ်ကိုကြီး ရဲ့ဘလော့ဂ်မှာ ထက်တင်ပေးပါဦး အစ်ကိုကြီး. လေ့လာချင်လိုပါ ကျေးဇူးတင်ပါ တယ်