* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

တရုတ်နိုင်ငံ အရှေ့ဘက် ဇီဂျီအန် (Zhejiang) ပြည်နယ်မြို့တော် ဟန်ဂျိုး (Hangzhou) တွင် အကောင်အထည် ဖော်လျက်ရှိသော မြေအောက် ရထားလမ်း စီမံကိန်း၏ ဆောက်လုပ်ဆဲ ဥမင်တစ်ခု ပြီးခဲ့သည့် စနေနေ့က ပြိုကျခဲ့မှုကြောင့် လူ ၇ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိကာ ပျောက်ဆုံး နေသူများအား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေကြောင်း ရှင်ဟွာ (Xinhua) သတင်းဌာနမှ ထုတ်ပြန်ကြေငြာသည်။

စနေနေ့ ဒေသစံတော်ချိန် နေ့လည် ၃ နာရီ ၂၀ မိနစ်၌ အဆိုပါ ဆောက်လုပ်ဆဲ ဥမင်၏ အပေါ်ရှိ မော်တော်ကားလမ်းပိုင်းတစ်ခှု ဥမင်အတွင်း ပြိုကျရာမှ ၇၅ မီတာ အရှည်၊ ၅၀ မီတာအကျယ်နှင့် ၁၅ မီတာခန့် အနက်ရှိသော ကျင်းချိုင့်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ထိုအထဲတွင် မော်တော်ယာဉ် ၁၃ စီးပိတ်မိနေခဲ့သည်ဟု ဆိုသည်။ အလားတူ ၎င်းချိုင့်ထဲတွင် ပိတ်မိနေခဲ့သော ဘတ်စကားတစ်စီး အတွင်းရှိ ခရီးသည် ၂၇ ဦးမှာလည်း ယာဉ်မောင်း၏ တံခါးဖွင့်ပေးမှုကြောင့် လွတ်မြောက်ခဲ့ရသည်။

ပြိုကျသွားသော ဥမင်ချိုင့်အတွင်းသို့ ဆောက်လုပ်ရေး လုပ်ငန်းအနီးရှိ မြစ်အတွင်းမှ ရေများလည်း စီးဝင်လာပြီး ရေအနက်မှာ ၄ မီတာမှ ၅ မီတာ အထိရှိနေပြီဟု ဆိုသည်။ ကယ်ဆယ်ရေး အဖွဲ့ဝင် ၅၀၀ ခန့်ကလည်း ချိုင့်အတွင်း ပိတ်မိနေဆဲဖြစ်သော ဆောက်လုပ်ရေး လုပ်သား ၁၄ ဦးကို ဆက်လက် ရှာဖွေနေပြီး ၎င်းတို့ကို အသက်ရှင်လျက် တွေ့နိုင်ဖို့ အခွင့်အလမ်း နည်းနေပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေး အဖွဲ့၏ ကျွမ်းကျင်သူ Yang Zhongjie က ပြောကြားသည်။ မြစ်ရေ ဝင်လာသည့်အတွက် ဥမင်အတွင်း ရှိသည့် ရွှံ့နွံအနက်မှာ ၇ မီတာခန့်အထိ ရှိနေနိုင်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိအချိန်တွင် ပြိုကျသွားသော ဥမင်ချိုင့်အတွင်း ပိတ်မိနေသော ယာဉ်များကို ဆယ်ထုတ်နေပြီး ဥမင်အတွင်း ဝင်လာသည့် ရေများကိုလည်း စုပ်ထုတ်နေရသည်။ ဥမင်ပြိုကျမှုနှင့် ပတ်သက်၍ အာဏာပိုင်များ ဘက်မှ ထုတ်ပြန် ကြေငြာချက် တစုံတရာ မရှိသေးဘဲ ပြိုကျခဲ့ရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးဆဲ ဖြစ်သည်ဟုသာ သိရသည်။

ဟန်ဂျိုးမြို့ မြေအောက်ရထားလမ်း ကွန်ရက်၏ ပထမအဆင့် ဆောက်လုပ်ရေး လုပ်ငန်းများကို ယခင်နှစ် မတ်လက စတင်ခဲ့ပြီး ရထားလိုင်း အမှတ် ၁၊ အမှတ် ၂ နှင့် အမှတ် ၄ လိုင်း တည်ဆောက်ရေး လုပ်ငန်းများ ပါဝင်သည်။ ယခု ဖြစ်ပွားခဲ့သော ဥမင်ပြိုကျမှုသည် အမှတ် ၁ လိုင်းတွင်ဖြစ်ပြီး မြို့တော်၏ အရှေ့တောင်ဘက်ပိုင်း Xiaoshan ခရိုင်၊ Fengqing လမ်းပေါ်တွင် တည်ရှိသည်။

အဆိုပါ ရထားလိုင်းသည် ၆၈.၇၉ ကီလိုမီတာ ရှည်လျားကာ မြို့တော်၏ အရှေ့မြောက်ဘက်နှင့် တောင်ဘက်ခြမ်းကို ဆက်သွယ်ပေးထားပြီး တရုတ်ယွမ်ငွေ ၃၄.၉၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅.၁ ဘီလီယံ) ကုန်ကျမည် ဖြစ်ကာ ၂၀၁၁ ခုနှစ်တွင် ပြီးစီးရန် လျာထားသည်။

ရထားလိုင်းပေါင်း ၈ လိုင်း ပါဝင်ပြီး စုစုပေါင်း ရထားလမ်းအရှည် ၂၇၈ ကီလိုမီတာ ရှိမည့် ဟန်ဂျိုးမြို့ မီထရို စီမံကိန်းကို ၂၀၅၀ ခုနှစ် အပြီး တည်ဆောက်ရန် တရုတ်ယွမ် ဘီလီယံ ၁၀၀ ရင်းနှီးမြှုပ်နှံ ထားကြောင်းလည်း သိရှိရသည်။


အခြားသော အင်တာနက် သတင်းတစ်ပုဒ်အရ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာသော စီးပွားရေးကြောင့် အခြေခံ အဆောက်အအုံများနှင့် လူနေအိမ်ရာများကို အများအပြား အကောင်အထည် ဖော်လာကြသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများတွင် အကျင့်ပျက် ခြစားမှုများ၊ ဆောက်လုပ်ရေး စံချိန်စံညွှန်း အားနည်းမှုများ၊ အသုံးပြုသည့် ဆောက်လုပ်ရေး ကုန်ကြမ်း ပစ္စည်းများ အရည်အသွေး မပြည့်မီမှုများနှင့် ဖြစ်ကတတ်ဆန်း ဆောက်လုပ်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။ သယ်ယူပို့ဆောင်ရေး ကွန်ယက်များကို အရှိန်အဟုန်ဖြင့် အဆင့်မြှင့်တင်နေသော တရုတ်နိုင်ငံတွင် ယခုကဲ့သို့ ဥမင်ပြိုကျမှုမှာ ပထမဆုံး အကြိမ်မဟုတ်ဘဲ အလားတူ ဥမင်ပြိုကျမှုများ ဘေကျင်းနှင့် ရှန်ဟိုင်း ရထားလမ်းဥမင်များ တည်ဆောက်စဉ်ကလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Sources:
1. China subway tunnel collapse
2. China tunnel death toll rises to seven
3. Hangzhou Metro

Print ပရင့်ထုတ်ရန်
11 ထင်မြင်ချက်၊
  1. Anonymous November 18, 2008 at 4:04 AM  

    သူများတွေ ဖောက်တာတော့ ပြိုကျကုန်ပီ ကိုယ်ဖောက်တဲ့အခါမှာ ဒါမျိုးတွေ မဖြစ်အောင် သတိထားရမယ်...

  2. Anonymous November 18, 2008 at 4:08 AM  

    အဲဒါကို သေချာ သိမ်းထား အဲဒီအထဲကနေ ကိုယ်ဖောက်တဲ့အခါ ဘာတွေ ရှောင်ရမယ် ဘယ်လိုသတိထားရမလဲဆိုတာ
    ပညာယူရတယ်

    နောက်ဆက်တွဲ ဆက်ဖြစ်တာလေးတွေပါ မျှဝေပေးပါ

    ကျေးဇူးဗျို့

  3. Anonymous November 18, 2008 at 4:17 AM  

    ဖြစ်နိုင်တာက
    မြေသားရဲ့ ခံနိုင်မှုစွမ်းရည် နဲတာကြောင့်လည်းပါတယ်။
    အပေါ်က လမ်းကကျွံကြလာတာဆိုတော့ လမ်းရဲ့ အထူက သတ်မှတ်ထားတဲ့
    အထူမလုံလောက်လို့ ဖြစ်တာလဲတပိုင်းပါမယ်ထင်တယ်။
    အောက်ကဥမင် ရဲ့ အထက်မှာရှိတဲ့ လုံလောက်တဲ့ ကျောက်အသား (မြေသား)အထူမကျန်တော့လို့ဖြစ်မယ်။

    ဒါနဲ့ ဟိုးတခါက တင်တဲ့ လန်ဒန်မှာဖြစ်တဲ့ ကိစ္စရဲ့ နောက်ဆက်တွဲတွေရော ဆက်မတင်ဖြစ်ဘူးထင်တယ်။
    ဖြစ်နိုင်ရင် တင်ပေးစေချင်ပါတယ်။

    အဲဒီလို အပျက်တွေထဲက နောက်ဘယ်လိုလုပ်တားဆီးကာကွယ်နိုင်မလဲဆိုတာ သိမှာ။ ဒီလိုမျိုးတွေကို စနစ်တကျ သီးသန့်စာအုပ်တွေအနေနဲ့ သိမ်းထားရမှာ။

    tunnel failure in the world ဆိုတဲ့ စာအုပ်တွေ မရှိသေးဘူးလား
    dam မှာတော့ dam failure in the world ဆိုတဲ့ စာအုပ်ရှိတယ်။ပြန်ရှာရမယ်။ အရင်တုန်းက ဖတ်ဖူးတာ။

  4. Anonymous November 20, 2008 at 3:51 AM  

    ကိုမက်ထရိုခင်ဗျာ..ယခုဥမင်ပြိုကျရခြင်းအကြောင်းနောက်ဆက်တွဲ သိရင်လဲ တင်ပေးဦးဗျာ..။ ကျွန်တော့်အထင်တော့ ပေါက်ဖော်တွေ ဒီဇိုင်းတွက်တာကလဲလွဲ၊ သုံးတဲ့ပစ္စည်းတွေကလည်း အရည်အသွေးမပြည့်လို့ထင်တာပဲ။ ဒါ့အပြင် တရုတ်တွေအနေနဲ့ instrumentation ကိုအလေးမထားလို့ ဒီလောက်အထိဖြစ်ရတာလို့  ထင်ပါတယ်။ Instrumentation ကိုသေသေချာချာလုပ်ထားရင် ဒီလောက်အထိ ထိခိုက်မှုတွေရှိချင်မှရှိမယ်ထင်တယ်။ တတ်လို့  တော့မဟုတ်ပါဘူး..သိတာလေးနဲ့ ဝင်ပွားကြည့်တာပါ...

  5. MyMetro November 20, 2008 at 5:08 AM  

    ဒီသတင်းနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲတွေ သိရရင် တင်ပေးပါ့မယ်ခင်ဗျာ။ အခုလောလောဆယ် သတင်းနဲ့ ဓာတ်ပုံတွေအရတော့.... ဥမင်တည်ရာအနီးနားမှာလဲ မြစ်ရှိနေတယ်၊ ဥမင်ကိုလည်း cut & cover method နဲ့ဆောက်ထားတာကို တွေ့ရပါတယ်။ ကျွန်တော်ထင်တာကတော့ မြစ်ရေ seepage flow က ဥမင်အကာနံရံ Diaphragm wall အောက်ခြေကို လှိုက်စားမယ်။ အပေါ်က ကားလမ်းရှိတော့ အဲဒီဝိတ်က အောက်ကို အိကျပြီး settlement ဖြစ်မယ်။ အဲဒီတော့ ကတ္တရာကားလမ်းက stability ပျက်ပြီး ဥမင်ထဲကို ပဲ့ကျပီး၊ ဥမင်ပါ ပြိုသွားတာ ဖြစ်နိုင်ပါတယ်။ ပုံတွေမှာ မြင်ရတာ diaphragm wall ကိုထိန်းတဲ့ ကန့်လန့်ဒေါက် struts တွေပြုတ်ထွက်ကုန်တာ တွေ့ရတော့ အပေါ်က မြေသားပဲ့ကျတာမဟုတ်ဘဲ အောက်ခြေက လှိုက်စားပြီးအိကျသွားလို့ ပြိုရတာလို့ မြင်မိပါတယ်။ ဒီဇိုင်း၊ ပစ္စည်း၊ ဘူမိမြေအခြေအနေ တွက်ဆတာ မှားယွင်းတာလဲ ဖြစ်နိုင်ပါတယ်။ တကယ့် အခြေအနေမှန်ကို သိရရင် ကျွန်တော်မျှဝေပါ့မယ်။ အခုလို ဝင်ရောက် ဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  6. Anonymous November 20, 2008 at 5:40 PM  

    နောက်ဆက်တွဲကို စိတ်ဝင်စားတယ်

  7. MyMetro November 21, 2008 at 10:31 PM  

    Death toll rises to 10 in east China subway tunnel collapse
    http://news.xinhuanet.com/english/2008-11/21/content_10391727.htm

    The State Council Work Safety Committee said in a report issued on Wednesday that poor government surveillance and poor construction safety management were to blame for the accident.

    "Not implementing proper safety measures, not attending to hidden problems decisively, properly and on time, poor safety training, substandard labor management, messy on-site control and the local government's lax supervision" have been found, a circular posted on the State Administration of Work Safety website said.
    http://www.chinadaily.net/china/2008-11/20/content_7221570.htm

  8. MyMetro November 22, 2008 at 8:20 PM  

    Death toll rises to 12 in east China subway tunnel collapse

    http://news.xinhuanet.com/english/2008-11/22/content_10397101.htm

  9. MyMetro November 24, 2008 at 12:33 AM  

    Death toll rises to 17 in east China subway tunnel collapse

    HANGZHOU, Nov. 23 (Xinhua) -- Rescuers found five more bodies of the construction workers believed missing in the subway tunnel collapse in east China's Zhejiang Province, driving up the death toll to 17, with another four people still missing.

    The State Council Work Safety Committee said in a report issued last Wednesday that inadequate local government surveillance and poor construction safety management were to blame for the accident.

    Zhou Zhiping, company spokesman in charge of the compensation, said families of the dead would be compensated a minimum of 200,000 yuan (about 28,570 U.S. dollars) per person, with an additional 150,000 yuan (21,428 U.S. dollars) per person from the insurance company.

  10. MyMetro November 24, 2008 at 12:39 AM  

    More discussion about subway tunnel collapse on

    http://globalvoicesonline.org/2008/11/23/china-deadly-subway-tunnel-collapse-who-to-blame/

  11. Anonymous November 26, 2008 at 6:33 AM  

    i cannot read in English.plz translate .

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.