* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Dubai မီထရို ကွန်ယက်သည် အစိမ်းရောင်လိုင်းနှင့် အနီရောင်လိုင်း နှစ်လိုင်းပါဝင်ပြီး စုစုပေါင်း လမ်းကြောင်းအရှည် ၇၄.၆ ကီလိုမီတာရှိကာ မောင်းသူမဲ့ ရထားများကို အသုံးပြု ပြေးဆွဲမည့် ကမ္ဘာ့အကြီးဆုံး အော်တိုမက်တစ် ကွန်ယက်စနစ် တစ်ခုဖြစ်သည်။ အစိမ်းရောင်လိုင်းသည် ဒူဘိုင်းမြို့ဟောင်းနှင့် ဒူဘိုင်းချောင်း အရှေ့ဘက်ခြမ်း ဒေသများကို ဆက်သွယ်ပေးထားမည့် လမ်းကြောင်းဖြစ်သည်။ မြေအောက်လမ်းပိုင်း ၇.၉ ကီလိုမီတာ အပါအဝင် စုစုပေါင်းအရှည် ၂၂.၅ ကီလိုမီတာ ရှိသည်။ မူလလျာထားသော စီမံကိန်းတွင် အစိမ်းရောင်လိုင်းသည် Oud Metha - Health Care City အထိသာ ဖြစ်ပြီး စုစုပေါင်းအရှည် ၁၇.၆ ကီလိုမီတာသာ ရှိသည်။

သို့သော် နောက်ပိုင်းတွင် Health care city မှ Jaddaf အထိ ၄.၉ ကီလိုမီတာကို ထပ်မံတိုးချဲ့ကာ Jaddaf မှာ လမ်းဆုံး ဘူတာဖြစ်သည်။ ထပ်မံတိုးချဲ့ထားသော Health Care City မှ Jaddaf အထိ ၄.၉ ကီလိုမီတာ အရှည်ရှိသော လမ်းပိုင်း အပါအဝင် အဆိုပါလိုင်းသည် မြေအောက် ဘူတာရုံ ၆ ခုနှင့် မြေပေါ်(မိုးပျံ) ဘူတာရုံ ၁၂ ခု ပါရှိသည်။

အနီရောင်လိုင်းသည် ဒူဘိုင်း အရှေ့မြောက်ဘက်ရှိ Rashidiya မှ အနောက်တောင်ဘက်ရှိ Jebel Ali Port အထိ ဆက်သွယ်ထားသည်။ ပျမ်းမျှ အရှည် ၅၂.၁ ကီလိုမီတာ ရှိသည်။ မြေအောက်ဘူတာရုံ ၄ ခု၊ မြေပြင် (at grade) ဘူတာရုံ ၁ ခုနှင့် မိုးပျံဘူတာရုံ ၂၄ ခုဖြင့် စုစုပေါင်း ဘူတာရုံ ၂၉ ခုပါဝင်မည် ဖြစ်သည်။ အစိမ်းရောင်လိုင်းနှင့် အနီရောင်လိုင်းတို့သည် Union Square နှင့် BurJuman Centre တို့တွင် ရထားလိုင်းကူး (transit) အဖြစ် ၂ ကြိမ်ဆုံတွေ့မည် ဖြစ်သည်။

ဒူဘိုင်း မီထရို ဆောက်လုပ်ရေးကို JT Metro JV ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်နေပြီး အစိမ်းရောင်လိုင်းနှင့် အနီရောင်လိုင်းတို့ သည် ဒူဘိုင်းမီထရိုကွန်ယက်၏ ပထမအဆင့် ဆောက်လုပ်ရေး လုပ်ငန်းများဖြစ်ကာ ၂၀၁၀ ခုနှစ် မတ်လတွင် လုပ်ငန်းများ ပြီးစီးနိုင်ရန် ခန့်မှန်းထားသည်။

ယခုပို့စ်တွင် အစိမ်းရောင်လိုင်းတွင် တည်ဆောက်နေသော Oud Metha – Health Care City – Jaddaf လမ်းပိုင်းနှင့် ပတ်သတ်၍ သိရှိရသည်များကို ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည်။ Jaddaf – Health Care City – Oud Metha လမ်းပိုင်းကို အပိုင်းလိုက် ခွဲ၍ တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ပြီး လက်ရှိတာဝန်ယူ ဆောက်လုပ်နေသော အပိုင်းမှာ PILE CAP နှင့် PIER COLUMN ဆောက်လုပ်ရေး လုပ်ငန်းများ ဖြစ်သည်။ PIER COLUM တစ်ခုချင်းစီ ပြီးစီးရန် ၁၀ ရက် လျာထားပြီး ဆောက်လုပ်နေခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။

ဂျူတီ ၂ ဆိုင်းနှင့် နေ့ရောညပါ ဆောက်လုပ်နေခြင်းဖြစ်ရာ အဆိုင်း တစ်ဆိုင်းချင်းစီကို အလုပ်သမား ၄၀ နှင့် အင်ဂျင်နီယာ ၄ ဦးစီမှ တာဝန်ယူ တည်ဆောက်နေသည်ဟု အဆိုပါ လုပ်ငန်းခွင်မှ တာဝန်ရှိ အင်ဂျင်နီယာတစ်ဦးက ရှင်းလင်းပြောကြားပါသည်။

PIER COLUMN တစ်ခုချင်းစီ၏ အမြင့် မှာ ၁၁ မီတာမှ ၁၇ မီတာအထိရှိ၍ အချင်းမှာ ၂ မီတာမှ ၂.၂ မီတာရှိသည်။ PILE CAP တစ်ခုချင်း၏ အချင်းမှာ ၂.၆ မီတာမှ ၂.၈ မီတာအထိရှိပြီး အမြင့်မှာ ၂ မီတာ ဖြစ်၏။ အသုံးပြုလျက် ရှိသော REBAR များမှာ T40 mmФ Main Rebar၊ T35 mmФ Middle Ring Rebar၊ T25mmФ Outer Ring Rebar တို့ဖြစ်သည်။

၎င်းတည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၀ ခုနှစ် မတ်လတွင် ပြီးစီးရန်လျာထားပါသည်။ အပြာရောင်လိုင်းနှင့် ပန်းရောင်လိုင်းဟု သတ်မှတ်ထားသည့် လိုင်းသစ်နှစ်လိုင်း ထပ်မံပါဝင်မည့် ဒူဘိုင်းမီထရို ကွန်ယက်၏ ဒုတိယအဆင့် တည်ဆောက်ရေး လုပ်ငန်းများကို ယခုနှစ်ထဲတွင် စတင်မည်ဟုလည်း သိရသည်။

Health Care City အနီးလမ်းပိုင်းရှိ PILE CAP နှင့် PIER COLUMN ဆောက်လုပ်ပြီးစီးပါက အခြားအဖွဲ့များမှ ကျန်ရှိသော လုပ်ငန်းများကို အပိုင်းလိုက် တာဝန်ယူ၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းခွင် အင်ဂျင်နီယာတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဒူဘိုင်းမြို့ အခြေစိုက် MyMetroworld သတင်းထောက်မှ ရေးသားပေးပို့ပါသည်။

Related posts
1. Metro train test-run in Dubai
2. Dubai metro project news
3. Dubai Metro Station Construction
4. အာရပ်ကမ္ဘာရဲ့ ပထမဆုံး မီထရို

Print ပရင့်ထုတ်ရန်
2 ထင်မြင်ချက်၊
  1. Anonymous January 17, 2009 at 5:59 AM  

    ဗဟုသုတတွေအတွက် ကျေးဇူးပါ

    ကြိုးစားအားထုတ်မူတွေအတွက် ကော်မန့်လာပေးတာပါ

  2. Anonymous February 12, 2009 at 10:21 AM  

    ဗဟုသုတအရမ်းရတဲ့ဘလော့ဂ်တစ်ခုကိုရေးပေးတဲ့အတွက် My metro world ကိုကျေးဇူးပါ...Reference လုပ်လို့ ရတဲ့ link လေးတွေထည့်ပေးလို့ ရရင်ပိုကောင်းမယ်လို့ ထင်ပါတယ်...

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.