* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

မြေအောက်ကမ္ဘာများ(၂)

စာရေးသူ © zyh |

မြေအောက်ကမ္ဘာအများစုကို မြေအောက် သယ်ယူပို့ဆောင်ရေးစနစ်များနှင့် ချိတ်ဆက် အသုံးပြုထားတာကို တွေ့ရပြီး အရောင်းဆိုင်များ နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများအတွက်ကို ရည်ရွယ်တာကို တွေ့ရပါတယ်။ ရှုပ်ထွေးတဲ့ မြို့ပြရေစီးကြောင်းတွေထဲက တစ်ချို့ကိုမြေအောက်ကို ပို့ပြီး မျက်စိအမြင်လှစေဖို့ရာ အတွက် တည်ဆောက်သလို အမှတ်တရအနေနှင့်ရော နိုင်ငံခြားသား ခရီးသည်များကို စွဲဆောင်နိုင်စေရန် အတွက်ပါ ရည်ရွယ်တည်ဆောက်ကြတာကို တွေ့ရှိရပါတယ်။

ဘယ်နိုင်ငံတွေမှာ ဘယ်လိုရှိတယ်ဆိုတာကို ဆက်လက် ဖတ်ရှုစေလိုပါတယ်။

ပြင်သစ်

ပဲရစ်(Paris) မြို့ရှိ Forum des Halles အဆောက်အအုံမှာ အရောင်းစင်တာနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ နေရာများပါဝင်ပြီး ပဲရစ်စ်အမြန် မက်ထရို RER ပြေးဆွဲနေတဲ့ မြေအောက် ဘူတာရုံ Chatelet-Les-Halles နဲ့ချိတ်ဆက်ထားပါတယ်။


ဟောင်ကောင်

ဟောင်ကောင်ရှိ အချို့သော MTR မက်ထရို နှင့် KCR မက်ထရို ဘူတာများကို ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် အဓိက အရောင်းဈေးဆိုင်တန်းများကို ဆက်သွယ်ထားကာ မြေအောက် ကွန်ယက်များ အဖြစ် တိုးချဲ့ထားပါတယ်။ မှတ်သားဖွယ်ရာ ဥပမာအနေနှင့် Central-Hong Kong ဘူတာများ၊ MTR Tsim Sha Tsui - KCR East Rail East Tsim Sha Tsui ဘူတာနှင့် MTR Kowloon Tong - KCR Kowloon Tong ဘူတာများဖြစ်ပါတယ်။

အိန္ဒိယ

နယူးဒေလီ(New Delhi) မြို့မှာတော့ ပါလီကာဈေး (Palika Bazaar) လို့ခေါ်တဲ့ မြေအောက် အရောင်း စင်တာ တစ်ခု ရှိပြီး နယူးဒေလီရဲ့ အဓိက စီးပွားရေးစင်တာ ကွန်နောက် (Connaught Place) ရဲ့ အလယ်မှာ ရှိပါတယ်။ ဆိုင်ခန်းပေါင်း (၃၉၀)ကျော် ပါဝင်ပြီး ၀င်ပေါက်ကြီး (၇) ခုပါဝင်ပါတယ်။ လူပေါင်း (၁၅၀၀၀) ခန့်အစဉ်သွားလာ လှုပ်ရှားလျက်ရှိပြီး ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်ရာနေရာ တစ်ခုလည်း ဖြစ်ပါတယ်။

အီရန်











ကိရှ် (Kish) မြို့မှာ ဖုန်းကွယ်နေတဲ့ ပုလဲ (Hidden Pearl) ခေါ် မြေအောက်ကမ္ဘာကို မြေအောက်အနက် မီတာ (၂၀) မှာ ချိတ်ဆက်ထားတဲ့ လမ်းများနှင့် ဖောက်လုပ်ထားပါတယ်။ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာ ကရှိခဲ့တဲ့ Payab မြေအောက် ရေမြောင်းများကို ၎င်းမြေအောက် ကမ္ဘာမှာ အနုပညာလက်ရာ မြောက်စွာ ထည့်သွင်း တည်ဆောက်ထားပါတယ်။ ဈေးဆိုင်များနှင့် စားသောက်ဆိုင် များကိုပါ ဆောက်လုပ်ရန် လျာထားခဲ့ပါတယ်။ အီရန်လူမျိုးများရဲ့ ဆိုရိုးစကား “Hearing can never compare to seeing” အတိုင်း ယုံကြည်တယ် ဆိုရင်တော့ www.kishhiddenpearl.com မှာတင်ထားတဲ့ ဗီဒီယိုတွေကို ခံစား ကြည့်စေလိုပါတယ်။

ဂျပန်










ဂျပန်ရှိ မြေအောက်ကမ္ဘာများထဲက (chikagai) အကြီးဆုံး (၅) ခုကတော့ အရောင်း ဈေးဆိုင်တန်းများ ဖြစ်ပါတယ်။

တည်ရှိရာနေရာ၊ ခေါ်ဝေါ်ပုံနှင့် အကျယ်အ၀န်းကို အစဉ်လိုက် ဖော်ပြလိုက်ပါတယ်။

၁။ အိုဆာကာရှိ Crysta Nagahori ….အကျယ်အ၀န်း (၈၁၇၆၅) စတုရန်းမီတာ
၂။ တိုကျိုရှိ Yaesu Chikagai ….အကျယ်အ၀န်း (၇၃၂၅၃) စတုရန်းမီတာ
၃။ ကာဝါဆာကီရှိ Kawasaki Azalea ….အကျယ်အ၀န်း (၅၆၇၀၄) စတုရန်းမီတာ
၎။ နာဂိုယာရှိ Central Park Chikagai ….အကျယ်အ၀န်း (၅၆၃၇၀) စတုရန်းမီတာ
၅။ အိုဆာကာရှိ Diamor Osaka ….အကျယ်အ၀န်း (၄၂၉၇၇) စတုရန်းမီတာ




Diamor Osaka




အိုဆာကာမြို့ရှိ မြေအောက်ကမ္ဘာ ကွန်ယက်မှာ ကြီးမားကျယ်ပြန့်ပြီး အူးမီဒါ (Umeda)၊ နမ်ဘ (Namba) နှင့် ရှီဆိုင်ဘာရှီ (Shisaibashi) ခရိုင်တွေမှာ ဖောက်လုပ် ထားပါတယ်။ လက်လီ အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ မြေအောက်ရထားလမ်းများနှင့် ဘူတာများပါဝင်ပါတယ်။

တိုကျိုမြို့မှာ မြေအောက်ရထားလိုင်းပေါင်း (၁၃) လိုင်းရှိပြီး ဘူတာများကြားမှာလည်း ဆက်သွယ်ရေး လမ်းများနှင့် ဆက်သွယ် ထားပါတယ်။ ရှင်ဂျုကူ (Shinjuku) နှင့် ရှီဘူရာ (shinbuya) ဘူတာများ မှာတော့ အရောင်းဈေးဆိုင်တန်းများ ရှိပါတယ်။ တိုကျိုမြေအောက် ဥမင်ကွန်ယက်တွေက မြို့တော်ရဲ့ megalopolis အသွင်အပြင်ကို ဆောင်ပါတယ်။

ရုရှား

မော်စကိုမြို့ရှိ အော့ခွတ်နီး ရာဒ် (Okhotnyi Ryad) မက်ထရိုဘူတာမှာ အထပ်(၄)ထပ် ပါဝင်တဲ့ မြေအောက် အရောင်း ဈေးဆိုင်တန်းတစ်ခု ရှိပါတယ်။

စင်ကာပူ

MRT (Mass Rapit Transit) ဘူတာတွေထဲကမှ မြေအောက်မှာရှိတဲ့ အဓိက ဘူတာတစ်ချို့မှာ ကြီးမားကျယ်ပြန့်တဲ့ မြေအောက်ကမ္ဘာ ကွန်ယက်ကို တည်ဆောက်ထားတာ တွေ့ရပါတယ်။ မြေအောက်ဘူတာတွေထဲမှာ အကြီးဆုံး (၂၉၅၀၀ စတုရန်းမီတာ) နှင့် အနက်ဆုံး(၂၁ဒဿမ၃ မီတာ) ဖြစ်တဲ့ Raffles Place MRT ဘူတာမှာ ရှုပ်ထွေးတဲ့ Raffles Place ရှိအဆောက်အအုံ (၁၉) ခုနှင့် ဆက်သွယ်ထားတဲ့ မြေအောက်ကမ္ဘာတစ်ခုကို ဆောက်လုပ်ထားပါတယ်။ မြေအောက်ကွန်ယက်ကို တိုးချဲ့ရာမှာ ပထမအဆင့် အနေနှင့် ၎င်းမြေအောက်ဘူတာနှင့် One Raffles Quay ကို ချိတ်ဆက်ဖို့ ဖြစ်ပြီး Marina Bay အထိတိုးချဲ့ဖို့ အတွက်ဖြစ်ပါတယ်။ မြို့လယ်ဧရိယာ တစ်ခုလုံးမှာ မြေအောက် လူသွားလမ်းကွန်ယက် ဖောက်လုပ်ရန် အထိ ရည်ရွယ်ထားတာကို တွေ့ရပါတယ်။

အကျယ်အ၀န်း (၆၀၀၀၀) စတုရန်းပေရှိ CityLink အရောင်းဈေးဆိုင်တန်းကို မာရီနာစင်တာ (Marina Centre) ဧရိယာရှိ City Hall MRT မြေအောက်ဘူတာ ၊ Esplanade ပြဇာတ်ရုံတို့နှင့် ဆက်သွယ်ထားပါတယ်။ Esplanade MRT ဘူတာနှင့်လည်း (၂၀၁၀)ခုနှစ် အ၀ိုင်းပတ် MRT လိုင်းပြီးချိန်မှာ ဆက်လက် ချိတ်ဆက်သွားမှာဖြစ်ပါတယ်။

Orchard Road မှာရှိတဲ့ shopping belt ကိုတော့ မြေအောက် ချိတ်ဆက်လမ်းကြောင်းများနှင့် ဆက်သွယ်ထားပါတယ်။အထူးသဖြင့် Orchard ၊ Somerset ၊ Dhoby Ghaut MRT ဘူတာများ တ၀ိုက်မှာ ချိတ်ဆက် ထားတာဖြစ်ပါတယ်။ (၄) ကီလိုမီတာ ရှည်တဲ့ ၎င်းလမ်းတစ်လျှောက် နှစ်ဘက်လုံးမှာ ရှိတဲ့အဆောက်အအုံတွေ အားလုံးကို မြေအောက်ကွန်ယက်အဖြစ် ချိတ်ဆက်သွားဖို့ လျာထားတာကို တွေ့ရပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Print ပရင့်ထုတ်ရန်
3 ထင်မြင်ချက်၊
  1. နတ္ထိ May 24, 2007 at 7:06 PM  

    ဒေလီ ပါလိကဈေးက အစုတ်ကြီး။ Demolition Man ရုပ်ရှင်ထဲက မြေအောက်ကမ္ဘာထက်တော့ ကောင်းပါတယ်။ မကြာမကြာတော့ ရောက်ဖြစ်တယ်။ ခပ်လန့်လန့်ပဲ။ ဒါပေမယ့် သူ့ အပေါ်မှာ ဘာ အဆောက်အဦမှ မရှိဘူး။ မြက်ခင်းကြီး။

  2. zyh May 25, 2007 at 1:18 AM  

    Connaught Place စီးပွားရေးစင်တာ(ဇုံ) အလယ်မှာရှိတာကို ဆိုလိုတာပါ။ ကြောက်တော့ မကြောက်ပါနဲ့။ ပြိုကျလည်း အသိသာကြီးပါ။ ဟီး.. ကိုယ်တိုင်ရောက်ဖူးတဲ့သူ ပြောတော့လည်း မျက်လုံးထဲ ပိုပေါ်တာပေါ့ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ..

  3. Anonymous May 26, 2007 at 9:35 AM  

    zyh... ဆုံလင်စွာရေးပေးတာ ကျေးဇူးပဲ ။ အီရန်က hidden pearl ကို အရမ်းခိုက်သွားတယ် ။

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.