ရထားသွားရာ လမ်းတလျှောက်မှာ ဖြစ်ပေါ်လာတဲ့ Vibration နှင့် noise တွေကို ဘယ်လို လျှော့ချမလဲ ဆိုတဲ့အချက်ကို တည်ဆောက်ရေး အင်ဂျင်နီယာများ သာမက ရထားဒီဇိုင်းထုတ် အင်ဂျင်နီယာ များပါ အရေးထား စဉ်းစားရမှာ ဖြစ်ပါတယ်။
နေ့စဉ်နဲ့ အမျှ ရထားပေါင်းများစွာ ဖြတ်သန်းသွားလာနေတဲ့ ရထားလမ်း အနီးနားမှာ နေထိုင်တဲ့ လူထုအတွက် အဲဒီ့ vibration တွေက တော်တော်လေးကို ဒုက္ခပေးပါတယ်။ မြေအောက်ကနေ ရထားတစ်စီး ဖြတ်သွားတိုင်း မြေပေါ်ရှိ အဆောက်အအုံမှာ ထို ရထားကြောင့် ဖြစ်ပေါ်လာတဲ့ Vibration တွေကို ခံစားနေရမယ် ဆိုရင် နေထိုင်ရာမှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ အထပ်မြင့် အဆောက်အအုံတွေရှိတဲ့ အခါမှာ ပိုသိသာစေမှာ ဖြစ်ပါတယ်။ အဲဒီ vibartion တွေကို လျှော့ချနိုင်တဲ့ နည်းလမ်းပေါင်း များစွာထဲကနေ အခုပို့စ်မှာ ရာဘာတာယာများကို ရထားများတွင် တပ်ဆင် အသုံးပြုတာကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ရာဘာတာယာများကို ရထားများတွင် တပ်ဆင်အသုံးပြုခြင်းဖြင့် ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာတဲ့ တုန်ခါမှုများကို လျော့ကျစေမှာ ဖြစ်ပြီး ငြိမ့်ညောင်း ညင်သာတဲ့ စီးနင်းမှုကို ခံစားရမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ monorails များနှင့် မြေအောက်ရထားများမှာ ရာဘာတာယာများကို တပ်ဆင် အသုံးပြုလာကြပြီ ဖြစ်ပါတယ်။
အဆိုပါ ရာဘာတာယာများကို ရထားများတွင် တပ်ဆင်အသုံးပြုမှုကို ရှေးဦးအနေနှင့် ပြင်သစ်နိုင်ငံမှာ ၁၉၂၉ ခုနှစ် နှစ်ဦးပိုင်းက စတင်စမ်းသပ်ခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ်မှာတော့ တာယာထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Michelin မှ steel-belt များကို radial အလိုက် ထည့်သွင်းအသုံးပြုသော တာယာ အမျိုးအစားကို တီထွင်ခဲ့ပါတယ်။ ပြင်သစ်မီထရိုများမှာ အဆိုပါ တာယာများကို ၁၉၅၁ ခုနှစ်မှာ စတင်စမ်းသပ် အသုံးပြုခဲ့ကြပါတယ်။ ၁၉၅၆ ခုနှစ်မှ ယနေ့တိုင် ပြင်သစ်မီထရို လိုင်း (၁) မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။
ရာဘာတာယာများကို တပ်ဆင် အသုံးပြုခြင်းဖြင့် သာမန်သံဘီးများကို အသုံးပြုခြင်းထက် ရထားတည်ငြိမ်မှု၊ သံလမ်းနှင့် ရထားတွဲကပ်မှုတို့မှာ ယခင်ကထက် ၃ဆခန့်ပိုမိုကောင်းမွန်လာကြောင်း၊ ခရီးသည်များနှင့် အနီးနားရှိမြို့နေလူထုများအပေါ် သက်ရောက်လျက်ရှိတဲ့ တုန်ခါမှုများနှင့် ဆူညံသံများကို သိသိသာသာ လျှော့ကျစေကြောင်း ပြင်သစ် ပါရီ အင်ဂျင်နီယာများမှ ကောက်ချက်ချကြပါတယ်။ ရထားဘိုဂီများအတွင်းမှာ ရာဘာတာယာတပ်ဘီးများသာမက သံဘီးများနှင့် ရေပြင်ညီထိန်းကြောင်းရေး ရာဘာဘီးများပါဝင်ပါတယ်။ ရာဘာဘီးသုံး ပြင်သစ်မီထရို ရထားများဟာ ကွန်ကရစ်လမ်းပေါ်မှာ ရာဘာဘီး အကူအညီဖြင့် ရွေ့လျားနိုင်သော်လည်း လမ်းကြောင်း ထိန်းသိမ်းရေးအတွက် သမရိုးကျ သံလမ်းများကို အလယ်တွင်တပ်ဆင် အသုံးပြုကြတာကို တွေ့ရပါတယ်။ ပြင်သစ်မီထရို တစ်ခုလုံးကို ရာဘာတာယာ စနစ် မပြောင်းရခြင်း၏ အဓိကအကြောင်းအချက်မှာ ရေပြင်ညီ ထိန်းကြောင်းရေးအတွက် လိုအပ်တဲ့ infrastructure တွေကို ဆောက်လုပ်ရန်လိုအပ်ခြင်းကြောင့် ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံတွင် အောင်အောင်မြင်မြင် အသုံးပြုနိုင်ခြင်းကြောင့် ကမ္ဘာ့ မြေအောက်ရထား ကွန်ယက်စနစ် တော်တော်များများမှာ ရာဘာတာယာစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတာကို တွေ့ရှိရပါတယ်။
Monorails တွေမှာလည်း ရာဘာဘီးများနှင့် ရေပြင်ညီရာဘာဘီးများကို တပ်ဆင်အသုံးပြုကြတာကို တွေ့ရှိရပါတယ်။ ပထမဆုံး အနေနှင့် Seattle မြို့ရှိ Alweg monorail မှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ရာဘာတာယာတပ် ရထားများကို အသုံးပြုကြတဲ့ မြို့များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
၁။ ဟောင်ကောင် (SI, WI lines, စီမံကိန်း)
၂။ လိုင်လီ
၃။ လိုင်ယွန်
၎။ မာဆေးလ်
၅။ မက္ကစီကို စီးတီး
၆။ ပါရီ (လိုင်း ၁၊၄၊၆၊၁၁၊၁၄)
၇။ မွန်ထရီရယ်
၈။ မွန်တာရီ
၉။ ရန်း
၁၀။ ဆန်တီရာဂို ဒီ ချီလီ
၁၁။ စင်ကာပူ (LRT လိုင်း)
၁၂။ တိုင်ပေ
၁၃။ တိုကျို (ယူရီကာမိုမီ လိုင်း)
၁၄။ တူလုစ်
၁၅။ တူရင်
၁၆။ ယိုကိုဟားမား (ကာနာဇာဝါ seaside LRT)
အားသာချက်များ
ဆူညံသံထွက်ပေါ်မှုတွင် သံဘီးများထက် ပိုမိုလျှော့နည်းသည်ဟု ဆိုနိုင်ပါတယ်။ (အမြဲမမှန်၊ သို့သော် ထွက်ပေါ်လာသော ဆူညံသံခြင်းယှဉ်ရာ၌ သံဘီးထက်စာလျှင် ခံသာမှုရှိပြီး ငြိမ့်ညောသော စီးနင်းမှုကို ပေးစွမ်းနိုင်ပါတယ်။)
ကုန်းတက်များကို ပိုမိုမတ်စောက်နိုင်ပါတယ်။ (အတက်အဆင်းများတွင် စွမ်းဆောင်နိုင်မှု ပိုမိုကောင်းမွန်ပါတယ်။)
ဘီးချော်ခြင်းကို လျှော့ကျစေပါတယ်။ (အလိုအလျောက်စနစ်များ အတွက် အရေးကြီးပါတယ်။)
အားနည်းချက်များ
စွမ်းအင်ပိုမို အသုံးပြုရပါတယ်။
ရာဘာတာယာများ ဖြစ်သဖြင့် ပွတ်တိုက်မှုကြောင့် ပြုန်းတီးလွယ်ပါတယ်။ (တာယာအသစ်များ မကြာခဏ လဲလှယ်ရန်လိုအပ်ပါတယ်။)
မွန်ထရီရယ် အပြာလိုင်းရှိ Outremont ဘူတာမှ ရာဘာတာယာသုံးရထား ထွက်ခွာသွားပုံ
ပါရီမြို့လိုင်းနံပါတ်(၆) Pasteur ဘူတာမှ ရာဘာတာယာသုံးရထားထွက်ခွာသွားပုံ
(ရာဘာတာရာသုံးရထားထွက်ခွာချိန်မှာ ဖြစ်ပေါ်လာတဲ့ အသံကိုနားဆင်နိုင်ပါတယ်။)
Reference
Dufour, Marc: The principle behind the rubber-tired metro.
Krischer, Reinhard: Alweg-Bahn. Technik, Geschichte und Zukunft der legendären Einschienenbahn. Transpress 2003.
Wikipedia: Rubber-tyred metro.
http://mic-ro.com/metro/rubber-tyred.html

Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld