ဒီ
အကြောင်းနဲ့ ပတ်သက်ပြီးတော့ ရှေ့ပိုင်းမှာ ဆွေးနွေး တင်ပြပြီး ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်ကို အခုမှ ကျွန်တော့်စာတမ်းကြီးကြပ်သူဆရာ မှတဆင့် ရရှိတဲ့ အတွက် ဝေမျှပေးလိုက်ပါတယ်။ ဒီဗီဒီယိုမှာတော့ လက်ရှိ အကြီးဆုံးဖြစ်နေတဲ့ TBM ဥမင်တူးစက်ကြီး (အချင်း ၁၅.၄၃ မီတာ) ရဲ့ အလုပ်လုပ်ပုံများကို အသေးစိတ်ဖော်ပြပေးထားပါတယ်။ Shield Method နှင့် စာတမ်း ပြုလုပ်နေသူများ လေ့လာဖို့အတွက် အသုံးတဲ့မယ်လို့ မျှော်လင့်ပါတယ်။
Crossing Yangtze In Shanghai ဆိုတဲ့ ပို့စ်မှာ ဒီအကြောင်းနဲ့ ပတ်သတ်လို့ အသေးစိတ် ပြန်လည် ဖတ်ရှု့နိုင်ပါတယ်။ ရှန်ဟဲမြို့ ပူဒေါင်(Pudong) ဘက်ကမ်းကနေ ချုံမင်(Chongming) ကျွန်းအထိ ဆက်သွယ်မယ့် လမ်းကြောင်း Complex တစ်ခုလုံးဟာ Bridge-Tunnel အမျိုးအစား ဖြစ်ပါတယ်။ ပူဒေါင် ဘက်ကမ်းကနေ ချန်ဇင်း(Changxing) ကျွန်းအထိကို ချန်ဇင် မြစ်အောက် ကြမ်းပြင်ကနေ ဖြတ်ပြီး ဥမင်ကြီးနှစ်ခုနဲ့ ဆက်သွယ်ပေးမှာ ဖြစ်ပြီးတော့ အဲဒီ ချန်ဇင်းကျွန်းကမှ ချုံမင်ကျွန်းမကြီးဆီကို တံတားနဲ့ ဆက်သွယ်ပေးမှာဖြစ်ပါတယ်။ ထိုကျွန်းများမှာ နေထိုင်တဲ့ လူဦးရေ ၆ သိန်းကျော်ကို ရှန်ဟဲ မီထရိုပိုလီတန် ဧရိယာကြီးနဲ့ ဆက်စပ်ပေးမှာ ဖြစ်ပါတယ်။
ဥမင် အမျိုးအစားကတော့ နှစ်လွှာ(နှစ်ထပ်) ဥမင်အမျိုးအစားများ ဖြစ်ပါတယ်။ အပေါ်ထပ်မှာ သုံးလမ်းသွား ကားလမ်းအဖြစ် ထားရှိမှာ ဖြစ်ပြီး အောက်ထပ်ကတော့ ဥမင်ကြံခိုင်ရေးနဲ့ အခြားလုံခြုံရေးဆိုင်ရာ လုပ်ငန်းများ အတွက် အသုံးပြုမှာ ဖြစ်ကာ နောင်တစ်ချိန်မှာ မြေအောက်ရထားလမ်းအပိုင်း အဖြစ် အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ဥမင်တူးစက်ကြီးရဲ့ အလုပ်လုပ်ပုံ ဗီဒီယိုကို အောက်မှာလေ့လာ ကြည့်ရှုနိုင်ပါတယ်။
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld