ယ
နေ့ကမ္ဘာပေါ်၌ လူဦးရေ တစ်သန်းနှင့် အထက်နေထိုင်သော မြို့ကြီးပေါင်း ၄၀၀ ကျော်ရှိပြီးဖြစ်သလို ထိုကဲ့သိုသော မြို့ကြီးများ အရေအတွက် သည်လည်း အပြိုင်းအရိုင်းနှင့် လျင်မြန်စွာ တိုးတက်လာနေပြီ ဖြစ်ပါသည်။ ကုလသမဂ္ဂမှ ထုတ်ပြန်သော စာရင်းဇယား များအရ ကမ္ဘာ့လူဦးရေမှာ ၁၉၇၅ ခုနှစ်တွင် သန်းလေးထောင်ခန့်သာ ရှိရာမှ ၁၉၈၇ ခုနှစ်တွင် သန်းငါးထောင်၊ ၁၉၉၉ ခုနှစ်တွင် သန်း ခြောက်ထောင်အထိ တိုးတက်လာခဲ့ပြီး ထိုနှုန်းအတိုင်းသာ နှစ်စဉ်တိုးလာပါက ၂၀၂၉ ခုနှစ်အရောက်တွင် ကမ္ဘာ့လူဦးရေမှာ ၇.၅ ဘီလီယံ အထိ ရောက်ရှိလာမည် ဖြစ်သည်။
ထို့အတူ ကမ္ဘာ့မြို့ကြီးများ၏ လူဦးရေသည်လည်း အလွန် လျင်မြန်သော နှုန်းဖြင့် တိုးတက်လာခဲ့ပြီး မြို့ပြ ဧရိယာမှာလည်း တကမ္ဘာလုံး အတိုင်းအတာဖြင့် မရပ်မနား ကျယ်ပြန့် လာနေသည်ကို တွေ့ရပါသည်။ ၁၈၃၀ ခုနှစ်များက မြို့ကြီးများတွင် နေထိုင်သူဦးရေမှာ စုစုပေါင်း လူဦးရေ၏ ၃ ရာခိုင်နှုန်းကျော်သာ ရှိရာမှ ၁၉၆၀ ခုနှစ်တွင် မြို့နေလူဦးရေ ၃၄ ရာခိုင်နှုန်း၊ ၁၉၉၅ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ ခန့်မှန်းချက်များအရ ၂၀၁၅ ခုနှစ်တွင် လူဦးရေ၏ ၅၅ ရာခိုင်နှုန်းမှာ မြို့ပေါ်တွင် နေထိုင်ကြမည် ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် မြို့နေလူဦးရေမှာ ၅၇.၆ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်သည်။
မြို့နေလူဦးရေ တိုးပွားလာမှုနှင့်အတူ မြို့ပြဧရိယာ လိုအပ်ချက်ကလည်း ပိုမိုမြင့်မားလာပါသည်။ ဥပမာအားဖြင့် ၁၉၄၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်း မက္ကဆီကိုမြို့၏ ဧရိယာမှာ ၁၃၀ မှ ၁၂၅၀ စတုရန်းကီလိုမီတာ အထိ ကျယ်ပြန့်လာခဲ့သည်။ မော်စကိုမြို့၏ ဧရိယာမှာလည်း ၃၂၆ မှ ၉၉၄ စတုရန်း ကီလိုမီတာအထိ ကျယ်ပြန့်လာသည်။ သို့ဖြစ်၍ မြို့ပြဧရိယာ ကျယ်ပြန့်လာမှုကို ထိန်းချုပ်နိုင်ရန် ခေတ်မီမြို့ကြီးများ အနေဖြင့် မြေအောက် အဆောက်အအုံ (Underground facilities) များကို အကောင်အထည်ဖော် ဆောက်လုပ်လာခဲ့ခြင်းလည်း ဖြစ်ပါသည်။ ဤသည်မှာ မြို့ပြဖွံ့ဖြိုး ကြီးထွားမှုပုံစံသည် အလျားလိုက် ပြန့်ကားနေရာမှ ဒေါင်လိုက် ပုံသဏ္ဍာန်သို့ ပြောင်းလဲလာခြင်းလည်းဖြစ်၏
ယနေ့မျက်မှောက်ကာလ မြို့ပြအိုးအိမ် စီမံကိန်းများ ရေးဆွဲခြင်း၊ ဆောက်လုပ်ခြင်းတို့ ပြုလုပ်ရာတွင် အထူးသဖြင့် လူဦးရေ သန်းကျော် နေထိုင်သော မီဂါပိုလစ် (Mega polis) မြို့ကြီးများတွင် မြေအောက် ဧရိယာကို အသုံးချနိုင်မှု၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် သဘာဝ အရင်းအမြစ်များကို ထုတ်ယူသုံးစွဲမှု ကာကွယ်ရေးဆိုင်ရာ အချက်များ၊ လက်ရှိမြို့ ဧရိယာအတွင်း အဆောက်အအုံများ ထပ်မံ ဆောက်လုပ်နိုင်မှု အလားအလာများ၊ မြို့ပြသယ်ယူ ပို့ဆောင်ရေးနှင့် အင်ဂျင်နီယာ စနစ်များ ပြောင်းလဲ တိုးတက်လာမှု၊ လူနေ/ မနေသော အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် အခြားသော မြို့ပြဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်နိုင်မှု စသည့် အချက်များအပေါ်တွင် အဓိကထား စဉ်းစားလာကြသည်။
အပြည်ပြည်ဆိုင်ရာ ဥမင်နှင့် မြေအောက် အဆောက်အအုံ နည်းပညာဆိုင်ရာ အဖွဲ့ကြီး (ITA-AITES)၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ ပါမောက္ခ စီ၊ ပီလစ်ဇာ က ၂၁ ရာစု၏ ပထမ ဆယ်စုနှစ်အတွင်း မြေအောက်ကမ္ဘာကို အသုံးချမှုများ ပိုမိုတိုးတက်လာလိမ့်မည်ဟု အောက်ပါ အဓိက အချက်သုံးချက်ဖြင့် ရှုမြင်သုံးသပ်ထားပါသည်။
မြေအောက် အဆောက်အအုံများသည် သဘာဝ ပတ်ဝန်းကျင်နှင့် ရှုခင်းများကို ထိန်းသိမ်းရာ ရောက်သည့်အပြင် အဆောက်အဦးများဖြင့် ပြည့်ကျပ်နေပြီး ဖြစ်သော ဒေသများတွင် နောက်ထပ် အဆောက်အဦးများကို မြေအောက်သို့ တိုးဝင် တည်ဆောက်ခြင်းဖြင့် မြေဧရိယာ လိုအပ်မှုကိုလည်း လျှော့ချနိုင်မည် ဖြစ်ပါသည်။ ဤသို့ဖြင့် မြေအောက် ကဏ္ဍကို ကောင်းစွာ အသုံးပြုနေပြီး ဖြစ်သော မြို့ကြီးများ နည်းတူ၊ ဖွံ့ဖြိုးနေဆဲဖြစ်သော မြို့ကြီးများတွင်လည်း မြို့ပြ မြေအောက်အိုးအိမ် စီမံချက်များကို ရေးဆွဲ အကောင်အထည် ဖော်လာကြသည်။
မြန်မာနိုင်ငံတွင်လည်း လူဦးရေ သန်းကျော် နေထိုင်ပြီး မြို့ပြဖွံ့ဖြိုး တိုးတက်လာနေပြီဖြစ်သော မြို့ကြီးများ၌ ကမ္ဘာ့မြို့ကြီးများနည်းတူ အထက်ဖော်ပြပါ မြို့ပြဆိုင်ရာ ပြဿနာများကို အနှေးနှင့် အမြန်ဆိုသလို ရင်ဆိုင်လာရတော့မည် ဖြစ်သည်။
ဤသို့ဖြင့် ကျွန်တော်တို့သည် ကမ္ဘာ့ပေါ်ရှိ မြို့ပြအိုးအိမ်ဆိုင်ရာ ပြောင်းလဲတိုးတက်မှုများ၊ ဥမင်နှင့် မြေအောက်ကဏ္ဍ နည်းပညာရပ်များကို လေ့လာသင်ယူရင်း လာမည့် ဆယ်စုနှစ်များအတွင်း ဖြစ်ပေါ်လာမည့် မိမိတို့မြို့ကြီးများ၏ မြို့ပြဆိုင်ရာ ပုံသဏ္ဍာန်များအတွက် ကြိုတင်ကြံဆ ပြင်ဆင်ထားရန် လိုအပ်လာပါသည်။
သို့သော် နိုင်ငံအနေဖြင့် ဤနည်းပညာရပ် နယ်ပယ်၌ ပညာရှင်၊ နည်းပညာနှင့် စက်မှုစွမ်းအား အရင်းအမြစ်များ လိုအပ်နေသေးသည် ဖြစ်ရာ လတ်တလော အကောင်အထည် မဖော်နိုင်သေးသော ကာလများတွင် မိမိတို့၏ သင်ယူလေ့လာမှုများ မမေ့မပျောက်စေရန် လည်းကောင်း၊ ပြောင်းလဲ တိုးတက်နေသော ကမ္ဘာ့ဥမင်နှင့် မြေအောက် အဆောက်အအုံ နည်းပညာကို မျက်ခြေမပျက်စေရန် လည်းကောင်း၊ နောင်ထွက်ပေါ်လာမည့် မျိုးဆက်သစ် အင်ဂျင်နီယာများအတွက် အထောက်အကူ ပြုနိုင်စေရန် လည်းကောင်း၊ အသိပညာများ၊ နည်းပညာများ မျှဝေဖလှယ်နိုင်ရန်မှာ လက်ရှိကာလ၏ လိုအပ်ချက်သဖွယ် ဖြစ်လာပြီး ၎င်းအချက်များသည် နည်းပညာ၊ အတတ်ပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် စဉ်ဆက်မပြတ် ပညာသင်ကြားရေးတို့တွင် အရေးကြီးသော အချက်များ အဖြစ်လည်း မှတ်ယူမိပါသည်။
လက်ရှိ မိမိတို့ လုပ်ဆောင်နိုင်သည့် အတိုင်းအတာအတွင်း အထက်ပါ အချက်များကို အကောင်အထည်ဖော်ရန်မှာ ကြားခံမီဒီယာတစ်ခုဖြစ်သော ဘလော့ဂ် (weblog) ကို အသုံးပြုခြင်းပင် ဖြစ်ပါသည်။ ဤကဲ့သို့ ရှည်လျားစွာ နိဒါန်းချီလာရသည်မှာ ကျွန်ုပ်တို့ကဲ့ နည်းပညာနယ်ပယ်မှ လူအများ ဘလော့ဂ်နှင့် စတင်ပတ်သက်လာခြင်း၏ အကြောင်းအရင်းများကို စေ့ငှစွာဖော်ပြလို၍ဖြစ်ပြီး အခြားနယ်ပယ်များတွင်လည်း ဘလော့ဂ်လုပ်ရခြင်း၏ အရင်းခံအချက်သည် ကျွန်တော်၏ ထင်မြင်ချက်များကဲ့သို့ ရည်ရွယ်ချက်အားဖြင့် များစွာ ကွာဟမှု မရှိနိုင်ပေ။
ဝဘ်ဆိုက် တည်ဆောက်ခြင်းဆိုင်ရာ နည်းပညာများ အထူးကျွမ်းကျင် တတ်မြောက်စရာမလိုသော၊ အချိန်နှင့် ငွေကြေး များစွာစိုက်ထုတ်စရာမလိုသော အလွယ်တကူ ဝင်ရောက်ရေးသားနိုင်သော ဘလော့ဂ်ပေါ်တွင် ကျွန်တော်တို့သည်-
အမေရိကန်၊ အင်္ဂလန် အစရှိသော ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများတွင်လည်း အလားတူ မြေအောက် အဆောက်အအုံနှင့် ဥမင်ဆိုင်ရာ ဘလော့ဂ်များ၊ ဝဘ်ဆိုက်များ ရေးသား လွှင့်တင်ထားကြပြီး နည်းပညာနှင့် သတင်းအချက်အလက်များ ဖလှယ်ကြသည်ကို လေ့လာမှတ်သား ရပါသည်။
ဥပမာအနေဖြင့် လန်ဒန်မြို့ အခြေစိုက် London Underground ဘလော့ဂ်သည် လန်ဒန်မြေအောက်ရထားနှင့် ပတ်သက်သော သတင်းများ၊ ထုတ်ပြန်ချက်များ၊ underground အတွင်းဖြစ်ရပ်များနှင့် လတ်တလော အဖြစ်အပျက်များကို အချိန်နဲ့တပြေးညီ တင်ပြရေးသားနေသော ဘလော့ဂ်တစ်ခုဖြစ်ပါသည်။ နေ့စဉ်နဲ့ အမျှ လူပေါင်းများစွာ ဝင်ရောက်ဖတ်ရှုနေကြပြီး အားကိုးအားထားပြုစရာ ဘလော့ဂ်ကောင်း တစ်ခုဖြစ်သည်ကိုလည်း တွေ့ရ၏။ သို့ကလို အခြားသော ဥမင်နဲ့ မီထရိုပိုလီတန်ဆိုင်ရာ ဘလော့ဂ်များစွာကိုလည်း အင်တာနက်တဝန်း ရှာဖွေတွေ့ရှိနိုင်သည်။
ဘလော့ဂ်၏ အခြားအသုံးဝင်ပုံများစွာ (ကောင်းကျိုး၊ ဆိုးကျိုးများ)ကို နယ်ပယ်အသီးသီးမှ ပညာရှင်အမျိုးမျိုးတို့က အဓိပ္ပာယ် ဖွင့်ဆိုပြီးဖြစ်သည့်အတွက် ကျွန်တော့်အနေဖြင့် ထပ်မံ မတင်ပြလိုတော့ပေ။
အခြေခံအချက်များ အနေဖြင့် ပညာရပ်ဆိုင်ရာ သင်ယူ လေ့လာခြင်း အဆင့်တွင် ဘလော့ဂ်ကို အသုံးပြုပြီး ကျွန်တော်တို့သည့် မိမိတို့၏ သင်ခန်းစာများ၊ ပညာရပ် စာတမ်း၊ ဆောင်းပါးများကို ရေးသားဝေငှခြင်း၊ ထင်မြင်ချက်များကို ဆွေးနွေးခြင်း၊ အမှားများကို ထောက်ပြ ဖြေရှင်းခြင်း စသည်တို့ကို ပြုလုပ်နိုင်သည့်အတွက် သင်ကြားမှု၊ သင်ယူမှု စွမ်းရည်ကို မြှင့်တင်ရာလည်း ရောက်ပါသည်။ သာမန်ဖတ်မှတ် လေ့လာရုံ အဆင့်မှသည် မိမိတို့ နားလည် သဘောပေါက်သည့်အတိုင်း ပြန်လည် ရေးသားခြင်းဖြစ်၍ မိမိကိုယ်တိုင်လည်း ပိုမိုမှတ်မိသွားကာ ထိုဘာသာရပ်နှင့် ပတ်သက်၍ တခြားလိုအပ်နေသေးသည်များ၊ သိသင့်သည်များကိုလည်း တခြားသူများက ပြန်လည်ဖြည့်စွက် ပြုပြင်ပေးနိုင်သောကြောင့် ဘာသာရပ်အပေါ် ရှင်းလင်းကြေညက် သွားသည်အထိ အကျိုးကျေးဇူးရပါ၏။
မိခင်ဘာသာစကားဖြင့် ရှင်းလင်း ရေးသားကြသောကြောင့် ဤဘာသာရပ်နှင့် စိမ်းသောသူများပင် တထိုင်တည်းနှင့် နားလည်သွားစေနိုင်ပြီး နောက်ထပ် မသိသေးသော အကြောင်းအရာများကို ပိုမိုစူးစမ်း လေ့လာလိုစိတ်လည်း ဖြစ်ပေါ်လာစေသည်။ တဖန် အခြားသော နည်းပညာဆိုင်ရာ ဘလော့ဂ်များနှင့် လင့်ခ်များ ချိတ်ဆက် ထားသောကြောင့်လည်း နည်းပညာဆိုင်ရာ ပြောင်းလဲမှုများ၊ အသစ်ဖြစ်ပေါ်တိုးတက်မှုများကို အချိန်နဲ့တပြေးညီ သိရှိမှတ်သားနိုင်ပေသည်။
ဤကဲ့သို့ သင်ယူလေ့လာမှုများသည် နောင်တချိန် ကျွန်တော်တို့နိုင်ငံအတွင်း တည်ဆောက်ရေး လုပ်ငန်းများ လက်တွေ့ အကောင်အထည်ဖော်တဲ့အခါ ကောင်းစွာ အသုံးဝင်လာမည်ဖြစ်ပြီး ယခုကဲ့သို့ ဘလော့ဂ်ပေါ်မှ ဆွေးနွေးမှုများသည် နောင်ဖြစ်ပေါ်လာမည့် စီမံကိန်း စားပွဲဝိုင်းများအတွက် အခြေခံအုတ်မြစ်သဖွယ်ဖြစ်သည်ဟု ယူဆပါသည်။
ထို့ပြင် လက်တွေ့ လုပ်ငန်းခွင်များမှ ပေါ်ပေါက်လာသော ပြဿနာများ၊ ရရှိလာသော အတွေ့အကြုံများ၊ တွေ့ရှိချက်များကိုလည်း ဘလော့ဂ်ပေါ်မှတဆင့် သင်ယူလေ့လာနေသူများထံ ပြန်လည် ဝေငှပေးနိုင်မည် ဖြစ်ရာ စာတွေ့နှင့် လက်တွေ့ ပေါင်းစပ်နိုင်သည့်အတွက် ပညာရှားမှီးသူများအဖို့ လွန်စွာ အကျိုးများစေနိုင်ပါသည်။ လုပ်ငန်းခွင်ထဲ ရောက်နေသူများသည်လည်း ဘလော့ဂ်ပေါ်မှတဆင့် ပညာရပ်နယ်ပယ်မှ အသစ်တွေ့ရှိချက်များ၊ နည်းပညာများနှင့် အစဉ်မပျက် ထိတွေ့နေစေမည်ဖြစ်သည်။ ဤအချက်သည် ကျွန်တော်တို့၏ နည်းပညာ တိုးတက်ဖွံ့ဖြိုးမှုကို ဘလော့ဂ်မှ အခမဲ့ အထောက်အကူပြုနေခြင်း (သို့မဟုတ်) အိုင်တီခေတ်၏ စွမ်းပကားဟူ၍ မှတ်ယူနိုင်ပါသည်။ ဘလော့ဂင်းသည် မိမိ၏ ဖတ်မှတ်လေ့လာလိုစိတ်၊ သိလိုစိတ်များကို နှိုးဆွပေးပြီး မိမိသိရှိသမျှကိုလည်း ပြန်လည်လက်ဆင့်ကမ်း မျှဝေလိုစိတ်ကို ဖြစ်ပေါ်လာစေသောကြောင့် ငြီးငွေ့ဖွယ် ကောင်းသော အစဉ်အလာ စာသင်ခန်းထဲမှ သင်ကြားမှု ပုံစံကို တော်လှန်ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။
နိဂုံးချုပ် အနေဖြင့် ဆိုရသော် ကမ္ဘာ့နိုင်ငံ အများအပြားတွင် ဥမင်နှင့် မြေအောက် အဆောက်အအုံ နည်းပညာ ကဏ္ဍသည် ရာစုနှစ်တစ်ခုစာမျှ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ဖြစ်သော်လည်း ကျွန်တော်တို့ နိုင်ငံတွင်မူ အစိမ်းသက်သက်မျှသာ ရှိသေးသည်ဟု ရှုမြင်သုံးသပ်မိပါသည်။ မြေအောက်ကဏ္ဍကို ကောင်းစွာ အသုံးချနိုင်မှု မရှိသေးသည့်အပြင် ကြုံတွေ့လာရတော့မည့် မြို့ပြဆိုင်ရာ ပြဿနာများကိုလည်း ကိုယ်ပိုင်အစွမ်းဖြင့် ဖြေရှင်းနိုင်စွမ်း မရှိသေးချေ။ နိုင်ငံအတွင်း၌ ရေအားလျှပ်စစ်ဆိုင်ရာ ရေယူ/ရေထုတ် ဥမင်များနှင့် ၁.၈ ကီလိုမီတာနီးပါးရှိသော ပုံညာတောင် မီးရထားလမ်းဥမင်တို့ကို ဖောက်လုပ်ခဲ့သည့် အတွေ့အကြုံများ ရှိသည့်တိုင်အောင် ပညာရပ်နယ်ပယ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှု အားနည်းနေပါသေးသည်။
မြန်မာနိုင်ငံ၌ ဥမင်နှင့် မြေအောက် အဆောက်အအုံ ဆောက်လုပ်ခြင်းဆိုင်ရာ နည်းပညာများ ယခုထက်မက ပိုမိုပြန့်ပွား ထွန်းကားလာပြီး မြေအောက်ကဏ္ဍကို အကျိုးရှိစွာ အသုံးချနိုင်ရန် တနည်းအားဖြင့် ဤပညာရပ်နယ်ပယ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သိမ်းပိုက်နိုင်ရန်အတွက် ပညာရှင်များ၊ အင်ဂျင်နီယာများ၊ ကုမ္ပဏီများ၊ စီမံကိန်း ရေးဆွဲသူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရနဲ့ဌာနဆိုင်ရာ အဖွဲ့အစည်းများအကြား အချင်းချင်း အပြန်အလှန် ယုံကြည်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြပြီး ယခုထက် ပိုမိုကောင်းမွန်အောင် တီထွင်ကြံဆနိုင်ကြရန် လိုအပ်ပါသည်။ ဤအချက်များကသာ အောင်မြင်မှုဆီသို့ ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်မိပါကြောင်း “အကောင်းမြင်၍ တွဲလက်ညီ၊ အနာဂတ်ကို တည်ဆောက်မည်” ဆောင်ပုဒ်ဖြင့် ဘလော့ဂင်းလုပ်ရင်း ဤအဆိုကို တင်သွင်းလိုက်ပါသည်။

- လူဦးရေထူထပ်သော မြို့ကြီးများ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာရန်နှင့် လူနေမှုအဆင့်အတန်း မြင့်တင်ရန် လိုအပ်လာခြင်း (မြန်ဆန်ထိရောက်သော သယ်ယူပို့ဆောင်ရေးစနစ်၊ ရေဆိုး စွန့်ထုတ်/သန့်စင်စနစ်များ မွမ်းမံရန် လိုအပ်မှု စသည်)။
- မြို့လယ်ပိုင်းနှင့် ရေရှားသော မြို့နယ်များကို သောက်သုံးရေပမာဏ ပိုမိုပို့ဆောင်ပေးနိုင်ရန်နှင့် ၎င်းရေကို ရယူနိုင်ရန်နေရာများ လိုအပ်လာခြင်း။
- ရထားနှင့် ကားကို အဓိက အသုံးပြုသော မြို့များတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ပိုမိုလုပ်ဆောင်ရန် လိုအပ်လာသည်နှင့်အမျှ သယ်ယူပို့ဆောင်ရေး စနစ်ကိုလည်း အဆင့်မြှင့်တင်ရန် လိုအပ်လာခြင်း စသည်တို့ ဖြစ်သည်။
မြေအောက် အဆောက်အအုံများသည် သဘာဝ ပတ်ဝန်းကျင်နှင့် ရှုခင်းများကို ထိန်းသိမ်းရာ ရောက်သည့်အပြင် အဆောက်အဦးများဖြင့် ပြည့်ကျပ်နေပြီး ဖြစ်သော ဒေသများတွင် နောက်ထပ် အဆောက်အဦးများကို မြေအောက်သို့ တိုးဝင် တည်ဆောက်ခြင်းဖြင့် မြေဧရိယာ လိုအပ်မှုကိုလည်း လျှော့ချနိုင်မည် ဖြစ်ပါသည်။ ဤသို့ဖြင့် မြေအောက် ကဏ္ဍကို ကောင်းစွာ အသုံးပြုနေပြီး ဖြစ်သော မြို့ကြီးများ နည်းတူ၊ ဖွံ့ဖြိုးနေဆဲဖြစ်သော မြို့ကြီးများတွင်လည်း မြို့ပြ မြေအောက်အိုးအိမ် စီမံချက်များကို ရေးဆွဲ အကောင်အထည် ဖော်လာကြသည်။
မြန်မာနိုင်ငံတွင်လည်း လူဦးရေ သန်းကျော် နေထိုင်ပြီး မြို့ပြဖွံ့ဖြိုး တိုးတက်လာနေပြီဖြစ်သော မြို့ကြီးများ၌ ကမ္ဘာ့မြို့ကြီးများနည်းတူ အထက်ဖော်ပြပါ မြို့ပြဆိုင်ရာ ပြဿနာများကို အနှေးနှင့် အမြန်ဆိုသလို ရင်ဆိုင်လာရတော့မည် ဖြစ်သည်။
ဤသို့ဖြင့် ကျွန်တော်တို့သည် ကမ္ဘာ့ပေါ်ရှိ မြို့ပြအိုးအိမ်ဆိုင်ရာ ပြောင်းလဲတိုးတက်မှုများ၊ ဥမင်နှင့် မြေအောက်ကဏ္ဍ နည်းပညာရပ်များကို လေ့လာသင်ယူရင်း လာမည့် ဆယ်စုနှစ်များအတွင်း ဖြစ်ပေါ်လာမည့် မိမိတို့မြို့ကြီးများ၏ မြို့ပြဆိုင်ရာ ပုံသဏ္ဍာန်များအတွက် ကြိုတင်ကြံဆ ပြင်ဆင်ထားရန် လိုအပ်လာပါသည်။
သို့သော် နိုင်ငံအနေဖြင့် ဤနည်းပညာရပ် နယ်ပယ်၌ ပညာရှင်၊ နည်းပညာနှင့် စက်မှုစွမ်းအား အရင်းအမြစ်များ လိုအပ်နေသေးသည် ဖြစ်ရာ လတ်တလော အကောင်အထည် မဖော်နိုင်သေးသော ကာလများတွင် မိမိတို့၏ သင်ယူလေ့လာမှုများ မမေ့မပျောက်စေရန် လည်းကောင်း၊ ပြောင်းလဲ တိုးတက်နေသော ကမ္ဘာ့ဥမင်နှင့် မြေအောက် အဆောက်အအုံ နည်းပညာကို မျက်ခြေမပျက်စေရန် လည်းကောင်း၊ နောင်ထွက်ပေါ်လာမည့် မျိုးဆက်သစ် အင်ဂျင်နီယာများအတွက် အထောက်အကူ ပြုနိုင်စေရန် လည်းကောင်း၊ အသိပညာများ၊ နည်းပညာများ မျှဝေဖလှယ်နိုင်ရန်မှာ လက်ရှိကာလ၏ လိုအပ်ချက်သဖွယ် ဖြစ်လာပြီး ၎င်းအချက်များသည် နည်းပညာ၊ အတတ်ပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် စဉ်ဆက်မပြတ် ပညာသင်ကြားရေးတို့တွင် အရေးကြီးသော အချက်များ အဖြစ်လည်း မှတ်ယူမိပါသည်။
လက်ရှိ မိမိတို့ လုပ်ဆောင်နိုင်သည့် အတိုင်းအတာအတွင်း အထက်ပါ အချက်များကို အကောင်အထည်ဖော်ရန်မှာ ကြားခံမီဒီယာတစ်ခုဖြစ်သော ဘလော့ဂ် (weblog) ကို အသုံးပြုခြင်းပင် ဖြစ်ပါသည်။ ဤကဲ့သို့ ရှည်လျားစွာ နိဒါန်းချီလာရသည်မှာ ကျွန်ုပ်တို့ကဲ့ နည်းပညာနယ်ပယ်မှ လူအများ ဘလော့ဂ်နှင့် စတင်ပတ်သက်လာခြင်း၏ အကြောင်းအရင်းများကို စေ့ငှစွာဖော်ပြလို၍ဖြစ်ပြီး အခြားနယ်ပယ်များတွင်လည်း ဘလော့ဂ်လုပ်ရခြင်း၏ အရင်းခံအချက်သည် ကျွန်တော်၏ ထင်မြင်ချက်များကဲ့သို့ ရည်ရွယ်ချက်အားဖြင့် များစွာ ကွာဟမှု မရှိနိုင်ပေ။
ဝဘ်ဆိုက် တည်ဆောက်ခြင်းဆိုင်ရာ နည်းပညာများ အထူးကျွမ်းကျင် တတ်မြောက်စရာမလိုသော၊ အချိန်နှင့် ငွေကြေး များစွာစိုက်ထုတ်စရာမလိုသော အလွယ်တကူ ဝင်ရောက်ရေးသားနိုင်သော ဘလော့ဂ်ပေါ်တွင် ကျွန်တော်တို့သည်-
- မိမိတို့သင်ကြားခဲ့ရသော သင်ခန်းစာများကို ပြန်လည်ဝေငှခြင်း၊
- လေ့လာမိသမျှ နည်းပညာဆိုင်ရာ ဆောင်းပါးများ ရေးသားခြင်း၊
- နည်းပညာဆိုင်ရာ စာအုပ်စာတမ်း၊ အသုံးချဆော့ဖ်ဝဲများ ဝေငှခြင်း၊
- အငြင်းပွားဖွယ်ရာ နည်းပညာဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခြင်း၊ ငြင်းခုံခြင်း (သို့မဟုတ်) ပူးပေါင်းညှိနှိုင်း အဖြေရှာခြင်း၊
- ကမ္ဘာ့ နည်းပညာတိုးတက် ဖြစ်ပေါ်မှုများ၊ လက်ရှိ တည်ဆောက်ရေး လုပ်ငန်းများ၏ သတင်းများကို လေ့လာသူများအကြား ဖြန့်ဝေပေးခြင်း
အမေရိကန်၊ အင်္ဂလန် အစရှိသော ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများတွင်လည်း အလားတူ မြေအောက် အဆောက်အအုံနှင့် ဥမင်ဆိုင်ရာ ဘလော့ဂ်များ၊ ဝဘ်ဆိုက်များ ရေးသား လွှင့်တင်ထားကြပြီး နည်းပညာနှင့် သတင်းအချက်အလက်များ ဖလှယ်ကြသည်ကို လေ့လာမှတ်သား ရပါသည်။
ဥပမာအနေဖြင့် လန်ဒန်မြို့ အခြေစိုက် London Underground ဘလော့ဂ်သည် လန်ဒန်မြေအောက်ရထားနှင့် ပတ်သက်သော သတင်းများ၊ ထုတ်ပြန်ချက်များ၊ underground အတွင်းဖြစ်ရပ်များနှင့် လတ်တလော အဖြစ်အပျက်များကို အချိန်နဲ့တပြေးညီ တင်ပြရေးသားနေသော ဘလော့ဂ်တစ်ခုဖြစ်ပါသည်။ နေ့စဉ်နဲ့ အမျှ လူပေါင်းများစွာ ဝင်ရောက်ဖတ်ရှုနေကြပြီး အားကိုးအားထားပြုစရာ ဘလော့ဂ်ကောင်း တစ်ခုဖြစ်သည်ကိုလည်း တွေ့ရ၏။ သို့ကလို အခြားသော ဥမင်နဲ့ မီထရိုပိုလီတန်ဆိုင်ရာ ဘလော့ဂ်များစွာကိုလည်း အင်တာနက်တဝန်း ရှာဖွေတွေ့ရှိနိုင်သည်။
ဘလော့ဂ်၏ အခြားအသုံးဝင်ပုံများစွာ (ကောင်းကျိုး၊ ဆိုးကျိုးများ)ကို နယ်ပယ်အသီးသီးမှ ပညာရှင်အမျိုးမျိုးတို့က အဓိပ္ပာယ် ဖွင့်ဆိုပြီးဖြစ်သည့်အတွက် ကျွန်တော့်အနေဖြင့် ထပ်မံ မတင်ပြလိုတော့ပေ။
အခြေခံအချက်များ အနေဖြင့် ပညာရပ်ဆိုင်ရာ သင်ယူ လေ့လာခြင်း အဆင့်တွင် ဘလော့ဂ်ကို အသုံးပြုပြီး ကျွန်တော်တို့သည့် မိမိတို့၏ သင်ခန်းစာများ၊ ပညာရပ် စာတမ်း၊ ဆောင်းပါးများကို ရေးသားဝေငှခြင်း၊ ထင်မြင်ချက်များကို ဆွေးနွေးခြင်း၊ အမှားများကို ထောက်ပြ ဖြေရှင်းခြင်း စသည်တို့ကို ပြုလုပ်နိုင်သည့်အတွက် သင်ကြားမှု၊ သင်ယူမှု စွမ်းရည်ကို မြှင့်တင်ရာလည်း ရောက်ပါသည်။ သာမန်ဖတ်မှတ် လေ့လာရုံ အဆင့်မှသည် မိမိတို့ နားလည် သဘောပေါက်သည့်အတိုင်း ပြန်လည် ရေးသားခြင်းဖြစ်၍ မိမိကိုယ်တိုင်လည်း ပိုမိုမှတ်မိသွားကာ ထိုဘာသာရပ်နှင့် ပတ်သက်၍ တခြားလိုအပ်နေသေးသည်များ၊ သိသင့်သည်များကိုလည်း တခြားသူများက ပြန်လည်ဖြည့်စွက် ပြုပြင်ပေးနိုင်သောကြောင့် ဘာသာရပ်အပေါ် ရှင်းလင်းကြေညက် သွားသည်အထိ အကျိုးကျေးဇူးရပါ၏။
မိခင်ဘာသာစကားဖြင့် ရှင်းလင်း ရေးသားကြသောကြောင့် ဤဘာသာရပ်နှင့် စိမ်းသောသူများပင် တထိုင်တည်းနှင့် နားလည်သွားစေနိုင်ပြီး နောက်ထပ် မသိသေးသော အကြောင်းအရာများကို ပိုမိုစူးစမ်း လေ့လာလိုစိတ်လည်း ဖြစ်ပေါ်လာစေသည်။ တဖန် အခြားသော နည်းပညာဆိုင်ရာ ဘလော့ဂ်များနှင့် လင့်ခ်များ ချိတ်ဆက် ထားသောကြောင့်လည်း နည်းပညာဆိုင်ရာ ပြောင်းလဲမှုများ၊ အသစ်ဖြစ်ပေါ်တိုးတက်မှုများကို အချိန်နဲ့တပြေးညီ သိရှိမှတ်သားနိုင်ပေသည်။
ဤကဲ့သို့ သင်ယူလေ့လာမှုများသည် နောင်တချိန် ကျွန်တော်တို့နိုင်ငံအတွင်း တည်ဆောက်ရေး လုပ်ငန်းများ လက်တွေ့ အကောင်အထည်ဖော်တဲ့အခါ ကောင်းစွာ အသုံးဝင်လာမည်ဖြစ်ပြီး ယခုကဲ့သို့ ဘလော့ဂ်ပေါ်မှ ဆွေးနွေးမှုများသည် နောင်ဖြစ်ပေါ်လာမည့် စီမံကိန်း စားပွဲဝိုင်းများအတွက် အခြေခံအုတ်မြစ်သဖွယ်ဖြစ်သည်ဟု ယူဆပါသည်။
ထို့ပြင် လက်တွေ့ လုပ်ငန်းခွင်များမှ ပေါ်ပေါက်လာသော ပြဿနာများ၊ ရရှိလာသော အတွေ့အကြုံများ၊ တွေ့ရှိချက်များကိုလည်း ဘလော့ဂ်ပေါ်မှတဆင့် သင်ယူလေ့လာနေသူများထံ ပြန်လည် ဝေငှပေးနိုင်မည် ဖြစ်ရာ စာတွေ့နှင့် လက်တွေ့ ပေါင်းစပ်နိုင်သည့်အတွက် ပညာရှားမှီးသူများအဖို့ လွန်စွာ အကျိုးများစေနိုင်ပါသည်။ လုပ်ငန်းခွင်ထဲ ရောက်နေသူများသည်လည်း ဘလော့ဂ်ပေါ်မှတဆင့် ပညာရပ်နယ်ပယ်မှ အသစ်တွေ့ရှိချက်များ၊ နည်းပညာများနှင့် အစဉ်မပျက် ထိတွေ့နေစေမည်ဖြစ်သည်။ ဤအချက်သည် ကျွန်တော်တို့၏ နည်းပညာ တိုးတက်ဖွံ့ဖြိုးမှုကို ဘလော့ဂ်မှ အခမဲ့ အထောက်အကူပြုနေခြင်း (သို့မဟုတ်) အိုင်တီခေတ်၏ စွမ်းပကားဟူ၍ မှတ်ယူနိုင်ပါသည်။ ဘလော့ဂင်းသည် မိမိ၏ ဖတ်မှတ်လေ့လာလိုစိတ်၊ သိလိုစိတ်များကို နှိုးဆွပေးပြီး မိမိသိရှိသမျှကိုလည်း ပြန်လည်လက်ဆင့်ကမ်း မျှဝေလိုစိတ်ကို ဖြစ်ပေါ်လာစေသောကြောင့် ငြီးငွေ့ဖွယ် ကောင်းသော အစဉ်အလာ စာသင်ခန်းထဲမှ သင်ကြားမှု ပုံစံကို တော်လှန်ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။
နိဂုံးချုပ် အနေဖြင့် ဆိုရသော် ကမ္ဘာ့နိုင်ငံ အများအပြားတွင် ဥမင်နှင့် မြေအောက် အဆောက်အအုံ နည်းပညာ ကဏ္ဍသည် ရာစုနှစ်တစ်ခုစာမျှ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ဖြစ်သော်လည်း ကျွန်တော်တို့ နိုင်ငံတွင်မူ အစိမ်းသက်သက်မျှသာ ရှိသေးသည်ဟု ရှုမြင်သုံးသပ်မိပါသည်။ မြေအောက်ကဏ္ဍကို ကောင်းစွာ အသုံးချနိုင်မှု မရှိသေးသည့်အပြင် ကြုံတွေ့လာရတော့မည့် မြို့ပြဆိုင်ရာ ပြဿနာများကိုလည်း ကိုယ်ပိုင်အစွမ်းဖြင့် ဖြေရှင်းနိုင်စွမ်း မရှိသေးချေ။ နိုင်ငံအတွင်း၌ ရေအားလျှပ်စစ်ဆိုင်ရာ ရေယူ/ရေထုတ် ဥမင်များနှင့် ၁.၈ ကီလိုမီတာနီးပါးရှိသော ပုံညာတောင် မီးရထားလမ်းဥမင်တို့ကို ဖောက်လုပ်ခဲ့သည့် အတွေ့အကြုံများ ရှိသည့်တိုင်အောင် ပညာရပ်နယ်ပယ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှု အားနည်းနေပါသေးသည်။
မြန်မာနိုင်ငံ၌ ဥမင်နှင့် မြေအောက် အဆောက်အအုံ ဆောက်လုပ်ခြင်းဆိုင်ရာ နည်းပညာများ ယခုထက်မက ပိုမိုပြန့်ပွား ထွန်းကားလာပြီး မြေအောက်ကဏ္ဍကို အကျိုးရှိစွာ အသုံးချနိုင်ရန် တနည်းအားဖြင့် ဤပညာရပ်နယ်ပယ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သိမ်းပိုက်နိုင်ရန်အတွက် ပညာရှင်များ၊ အင်ဂျင်နီယာများ၊ ကုမ္ပဏီများ၊ စီမံကိန်း ရေးဆွဲသူများ၊ ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရနဲ့ဌာနဆိုင်ရာ အဖွဲ့အစည်းများအကြား အချင်းချင်း အပြန်အလှန် ယုံကြည်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြပြီး ယခုထက် ပိုမိုကောင်းမွန်အောင် တီထွင်ကြံဆနိုင်ကြရန် လိုအပ်ပါသည်။ ဤအချက်များကသာ အောင်မြင်မှုဆီသို့ ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်မိပါကြောင်း “အကောင်းမြင်၍ တွဲလက်ညီ၊ အနာဂတ်ကို တည်ဆောက်မည်” ဆောင်ပုဒ်ဖြင့် ဘလော့ဂင်းလုပ်ရင်း ဤအဆိုကို တင်သွင်းလိုက်ပါသည်။
အကိုးအကား
В. П. Абрамчук, С. Н. Власов, В. М. Мостков - Подземные сооружения – М.: ТА Инжиниринг, 2005 – 464 с.
Related Posts
Congratulation for New Generation of Metropolitan
Engineers are Ingenious
ပရင့်ထုတ်ရန်
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld