ပ
ဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြပွဲ “Underground City-2008” ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲတွင် မြေအောက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် အသုံးချမှုဆိုင်ရာ အကြောင်းအရာများကို တင်ဆက်ပြသသွားမည် ဖြစ်သည်။
ရုရှားဥမင်အစည်းအရုံး (Russian Tunneling Association)၏ အဆိုပြုချက်အရ မော်စကိုမြို့ပြ အိုးအိမ်စီမံကိန်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်မွမ်းမံရေး ကော်မတီမှ ကမကထပြုကာ “Developing features of underground space and urbanization in large cities” ခေါင်းစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်တစ်ရပ်ကို ထည့်သွင်း ကျင်းပသွားမည်ဟုလည်း သိရသည်။ ထို့ပြင် ပြပွဲအစီအစဉ်များ၌ “Integration of pilot technologies in the underground space development” ပြိုင်ပွဲ၊ “Trenchless Technologies” ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲ၊ မြေအောက် ဆောက်လုပ်ရေးတွင် ဗိသုကာဆိုင်ရာ ဖြေရှင်းနည်းသစ်များ အသုံးပြုပုံများကို “Underground city” ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြခြင်း၊ မြို့တွင်းကားလမ်းဥမင်များ တည်ဆောက်ပုံကို ဗီဒီယိုပြကွက်များဖြင့် ပြသခြင်း အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်းနှင့် ပြပွဲတွင် ဝင်ရောက် ပြသလိုသူများ၊ လေ့လာကြည့်ရှုလိုသူများအနေဖြင့် အသေးစိတ် သိလိုသည့် အချက်များကို City Build ဝဘ်ဆိုက်မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည်။
ပြပွဲတွင်ပါဝင်မည့် ကဏ္ဍများ
International Exhibition Centre CROCUS EXPO
ပရင့်ထုတ်ရန်
ပြပွဲတွင်ပါဝင်မည့် ကဏ္ဍများ
- Investment projects
- Underground structure construction projects implemented in Moscow, Russian cities and worldwide
- Design development of underground facilities
- Construction technologies applicable to underground city facilities and tunnels
- New subway lines to be in conjunction with underground city facilities (Moscow City, etc.)
- Trenchless technologies
- Present-day construction materials
- Finishing materials
- Engineering systems applied for the purposes of underground construction
- Monitoring, geotechnical and geodesic measurements
- Underground construction machinery and equipment
- Mine surveying and geodesy
- Research support
- Personnel training
- Lift-and-carry units
International Exhibition Centre CROCUS EXPO
Post a Comment
::: Thanks for Your Comment :::
စကားလုံး၊ စကားစုလေးတွေမှာ space လေးတွေ ခြားပြီး ရိုက်ထည့်ပေးရင် ပိုကောင်းပါတယ်။
@The MyMetroworld