* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

New Station Construction

စာရေးသူ © MyMetro |

ဒီ

ပို့စ်မှာတော့ မော်စကိုမြို့ မီထရို Arbatsko- Pokrovskaya လိုင်းရဲ့ ထပ်မံတိုးချဲ့လိုင်း ဖြစ်တဲ့ Strogino-Mitinskaya လမ်းပိုင်းမှာ တည်ဆောက် နေတဲ့ Strogino မြေအောက် ဘူတာရုံ ဒီဇိုင်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် များကို တင်ပြသွားမှာပါ။ ဘူတာရုံ အမျိုးအစား ကတော့ အမိုးခုံးတစ်ခုတည်း ပါရှိတဲ့ မြေအောက် အနက်ပေ သိပ်မများတဲ့ ဘူတာရုံ (mono arched, shallow depth station) အမျိုးအစား ဖြစ်ပါတယ်။ ဘူတာရုံရဲ့ အလျားဟာ ၁၆၂ မီတာ ရှည်လျားပြီး ပလက်ဖောင်း အကျယ် ၁၂ မီတာ ရှိကာ အမြင့် ၅ မီတာရှိပါတယ်။

အဆိုပါဘူတာရုံကို လူနေထူထပ်တဲ့ မြို့လယ်နေရာမှာ တည်ဆောက်နေတာ ဖြစ်ပြီး မြေအောက် ဘူတာထဲသို့ ဆင်းဖို့ ၀င်ပေါက် နှစ်ပေါက်ပါရှိမှာ ဖြစ်ပါတယ်။ ဘူတာ ၀င်ပေါက်များဟာ Stroginskaya bulvar လမ်းမကြီးရဲ့ တဖက် တချက်စီမှာ တည်ရှိမှာ ဖြစ်ပါတယ်။ ဘူတာရုံရဲ့ အမိုးခုံးကို ထောင့်ချိုးကွက်များပါတဲ့ အခန်းများနဲ့ ဖွဲ့စည်းထားပြီး နှင်းဖြူရောင် (snow color) သုတ်လိမ်း ထားကာ၊ ကြမ်းပြင်ကိုလည်း မီးခိုးရောင်နဲ့ အဖြူရောင် ဂရက်နိုက် ကျောက်များနဲ့ အလှဆင်ထားမှာ ဖြစ်လို့ ဘူတာထဲကို ၀င်လာသူရဲ့ စိတ်ကို လန်းဆန်း တက်ကြွစေမှာ ဖြစ်ပြီး ထုထည်ကြီးမားသယောင် ခံစားရစေမှာ ဖြစ်ပါတယ်။

ဘူတာရုံကို အလင်းပေးမဲ့ မီးချောင်းများကိုတော့ အမိုးခုံး ထောင့်ချိုး အခန်းကွက်များမှာ တပ်ဆင်ထားကာ ပလက်ဖောင်းပေါ်ကို အလင်းရောင်များ ဖြာကျနေစေပါတယ်။ ပုံတွင်ကြည့်ပါ။ ဒီဘူတာရုံကို ဒီဇိုင်းဆွဲတဲ့ ဗိသုကာ ပညာရှင်များကတော့ A.Y.Orlov နဲ့ A.V.Nikrasov တို့ဖြစ်ပါတယ်။
































ယခုလက်ရှိအချိန်မှာ မြေအောက်ဘူတာရုံ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေပါတယ်။ Stroginskaya လမ်းမကြီးပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းက ဓာတ်ပုံများကို အထက်မှာ ဖော်ပြထားပါတယ်။ ဆောက်လုပ်ပုံ နည်းစနစ်ကတော့ ပထမ မြေကျင်းအဖြစ် တူးထုတ်ပြီးမှ ဒီဇိုင်းအတိုင်း ဆက်လက်ဆောက်လုပ်ကာ အပေါ်မှ မြေကြီးကို ပြန်လည်ဖုံးအုပ်မှာ ဖြစ်ပါတယ်။ အဓိက အပိုင်းကတော့ ဥမင်အမိုးခုံး တည်ဆောက်ရေးပါပဲ။ လိုအပ်တဲ့ frame works များကို ပုံစံတကျ ပြုလုပ်ပြီးမှ ၎င်းအပေါ်မှာ သံချီသံကွေးလုပ်ငန်းများ ဆင်ပြီး အမိုးခုံးကို ကွန်ကရစ် သွန်းလောင်းမှာ ဖြစ်ပါတယ်။ မြေကျင်းနံရံကို ထိန်းသိမ်းဖို အသင့်ပြုလုပ်ပြီး ကွန်ကရစ် ဘလောက် များကို အသုံးပြုထားပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင် ဓာတ်ပုံများကို ကြည့်ခြင်းဖြင့် ပိုမိုရှင်းလင်း သဘောပေါက် လိမ့်မယ်လို့ ယူဆပါတယ်။

Print ပရင့်ထုတ်ရန်
2 ထင်မြင်ချက်၊
  1. chitsuelay May 11, 2009 at 3:30 PM  

    ဒီ station ၇ဲ့ depth က တိမ်သလိုပဲနော်။ ပြီးတော့ floor levels တွေလဲအများကြီးမပါဘူးနော်။ တူးထုတ်၇တဲ့ မြေကြီးပမာဏ လဲ မများတော့ဘူးပေါ့။ Singapore မှာတော့ မြေအောက် ဘူတာရုံတွေက အနည်းဆုံး ၂ထပ်ရှိပြီး များသောအားဖြင့် 20m လောက်နက်တယ်။ မြေကြီးတူးတဲ့ အခါမှာလဲ strut level 5ခုလောက်နဲ့ ထောက်ပြီးတူး၇တယ်။

    Singapore ၇ဲ့ အပေါ်ပိုင်း မြေလွှာတွေဟာ soft ဖြစ်တဲ့ အတွက်Tunnel တွေ ဖောက်တဲ့ အခါ stiff ဖြစ်တဲ့ မြေလွှာထဲကနေ ဖောက်၇တဲ့အတွက် 20m အနက်လောက်ကနေ ဖောက်လေ့ရှိပါတယ်။ အဲဒါဆိုတော့ station တွေကလဲ tunnel နဲ့ အနက်တူတူလောက်မှာပဲ ရှိပါတယ်။

    အခုဒီ Strogino station ကျတော့သိပ်မနက်ရတာက tunnel alignment ကလဲသိပ်မနက်လို့လား ။ဒါမှမဟုတ် တခြားအကြောင်းတွေမျာရှိသေးလား ဆိုတာ သိပါ၇စေ။

  2. MyMetro May 11, 2009 at 4:30 PM  

    အဲဒီဘူတာက အခုအသုံးပြုနေပါပီ။ ဥမင်ဖောက်တဲ့အခါ၊ မြေအောက်ဘူတာတွေ ဆောက်တဲ့အခါ တတ်နိုင်သမျှ အနက်တိမ်အောင် ရွေးကြရပါတယ်။ ဒါမှ ကုန်ကျစရိတ် သက်သာမယ်။ ခရီးသွားတွေအနေနဲ့ မြေအောက်အနက်ကြီးကို ဆင်းစရာ မလိုလို့ အချိန်ကုန်သက်သာမယ်၊ လေဝင်လေထွက် စနစ်အတွက် ကုန်ကျမှု သက်သာမယ် စတဲ့ အကျိုးတွေ ရှိပါတယ်။ အနက် ၇ မီတာကနေ ၂၀ မီတာအထိကို shallow tunnel လို့ သတ်မှတ်ထားတယ်။ ၂၀ မီတာအထက်ကို deep tunnel လို့ခေါ်တယ်။ စင်္ကာပူက ဘူတာတွေက အများအားဖြင့် မီတာ ၂၀ လောက်ပဲ နက်တယ်ဆိုတော့ သိပ်မနက်သေးပါဘူးလို့ ပြောလို့ရပါတယ်။ ဥရောပနိုင်ငံတချို့မှာဆို မီတာ ၇၀-၈၀ ထိနက်တဲ့ ဘူတာတွေ၊ ဥမင်တွေ ရှိပါတယ်။ ဟိုးတုန်းက စစ်ဘေးဒဏ်၊ ဗုံးဒဏ်ခံနိုင်ဖို့၊ ပြည်သူတွေအတွက် စစ်ဖြစ်တဲ့အခါ ဗုံးခိုကျင်းသဖွယ် ရည်ရွယ်ပီးဖောက်ခဲ့တာပါ။ ဖောက်လုပ်တဲ့ ဥမင်၊ ဘူတာရဲ့ အတိမ်အနက်ဟာ သူရှိနေတဲ့ မြေကြီးရဲ့ လက္ခဏာတွေ (မြေအမျိုးအစား၊ မြေအောက်ရေ)နဲ့ သက်ဆိုင်ပါတယ်။ floors တွေ များတာ၊ နည်းတာဆိုတာ ကိုယ်ဆောက်တဲ့ ဘူတာရဲ့ အမျိုးအစား၊ (ဥပမာ transit station တွေ၊ တခြား အဆောက်အအုံတွေနဲ့ ပေါင်းစပ်ထားတဲ့ complex structures) အဆောက်အအုံဒီဇိုင်း ပုံစံတွေပေါ်မှာပဲ မူတည်ပါတယ်လို့ ပြောချင်ပါတယ်။ အခု ဘူတာကျတော့ လိုင်းတစ်လိုင်းတည်းမှာ ရှိတဲ့ ကြားဘူတာပါပဲ။ သူ့အတွက် ဘူတာ ပလက်ဖောင်းရယ်၊ အဝင်အထွက် အလယ်ခန်းမရယ် ရှိရင် ရပီလေ။ နောက်တစ်ချက်က မြို့လယ်အဆောက်အအုံများတဲ့ ဧရိယာတွေမှာဆို အဆောက်အအုံတွေရဲ့ foundation pile တွေလွတ်အောင် ဥမင်ကို ထားရမှာမို့ နက်နက်တူးဖို့လိုပီး၊ မြို့ပြင်ဧရိယာတွေမှာဆို ရှောင်စရာတွေ သိပ်မရှိလို့ ခပ်တိမ်တိမ်ဖောက်လို့ ရတယ်လေ။

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.