* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Reliability of Metropolitan

စာရေးသူ © Khunthixa |

M

etro အတွင်းတွင် ပြေးဆွဲနေသော ရထားများအတွက် reliability ဖြစ်ခြင်း ၊ safety ဖြစ်ခြင်းများသည် အဓိကအားဖြင့် ရထားဘီးသည် အရေးပါသော အစိတ်အပိုင်း တစ်ခုတွင် ပါဝင်သည်။ ရထားများ၏ ခရီးသည်တင်ဆောင်နိုင်မှု loading ပေါ်မူတည်၍လည်းကောင်း၊ ရထားစထွက်ချိန်တွင် traction motors များ၏ ရုန်းအားမှဖြစ်ပေါ်လာသော draft force များကြောင့်လည်းကောင်း၊ ရထားခုတ်မောင်းစဉ် သံလမ်းနှင့် ရထားဘီးများအကြားတွင် ရှိတတ်သော မာကြောသည့် အမှိုက်သရိုက် (သဲမှုန့်၊ သံမှုန့်၊ သံတိုသံစ၊ ကျောက်စရစ်ခဲ) များကြောင့်လည်းကောင်း၊ accident တစ်ခုခုကြောင့် ရုတ်တရက် break ဖမ်းစဉ်နှင့် station အဝင်များတွင် break ဖမ်းစဉ်အခါများကြောင့် လည်းကောင်း ရထားဘီးတွင် ပွတ်စားခြင်း၊ ချိုင့်ခွက်များဖြစ်ပေါ်ခြင်း၊ ရထားဘီး အနားစောင်းများသည် (curve rail များတွင် ကွေ့ဖန်များလာသောအခါ ) သံလမ်းနှင့် ပွတ်တိုက်မှု များလာပြီး အနားစောင်းများ ပါးလာသည်။ အထက်ပါ အကြောင်းအရာ များကြောင့် ရထားဘီးချော်ခြင်း၊ speed များပါက တိမ်းမှောက်ခြင်းများ အထိပင် ဖြစ်ပေါ်စေနိုင်ပါသည်။

၎င်း process တွင် ရထားဘီး၏ မျက်နှာပြင် သံလမ်းနှင့် အစဉ် ထိတွေ့ နေသော အပိုင်း (rolling parts) နှင့် ရထားဘီး အနားစောင်း (wheel trims) များ၏ ကြံ့ခိုင်မှု ပေါ်တွင် မူတည်သည်။ ဒီနေရာမှာ ယခင်က ရထားများ စတင် ပေါ်တဲ့ အချိန် တုန်းက ရထားဘီး များကို solid type ပုံစံ မျိုးအသုံး ပြုခဲ့ ကြသည်။ Solid type ဆိုသည်မှာ ရထားဘီး နှစ်ဘီး axle နှင့် တွဲလျှက် ရထားဘီး တစ်ခုလုံး မှာလည်း solid type ဖြစ်သည်။ ဘီးနှင့် axle ကို အသေ တပ်ဆင် ထားသည်။ သို့သော် ထိုကဲ့သို့ solid type wheels များကို ရေရှည် သုံးစွဲ လာကြသော အခါ ရထားဘီး များအား ပြန်လည် ပြုပြင် သောအခါ solid type wheels များသည် ပြန်လည် ပြုပြင် စရိတ် ကြီးမားခြင်း၊ ပြုပြင်ရာတွင် အချိန် ကြာမြင့်ခြင်း တို့ကြောင့် နောက်ပိုင်းတွင် ရထားဘီး များကို အပြင် အပေါ် ယံ(rolling parts) တလျှောက် အခွံစွပ်၍ အသုံးပြု လာကြသည်။ (ဥပမာ အားဖြင့် လှည်းဘီးတွင် သံခွေ- ခွေ သကဲ့သို့ လည်းကောင်း၊ ကားတာယာ ကဲ့သို့ လည်းကောင်း ဖြစ်သည်။) ထိုကဲ့သို့ အပေါ်ယံ အခွံကို ရထားဘီး တွင်စွပ်၍ တပ်ဆင် ခြင်းဖြင့် ရထားဘီးများ ပြန်လည် ပြုပြင် ရာတွင် ၎င်းအပေါ်မှ စွပ်ထားသော အခွံ ကိုသာ ဖြုတ်၍ ပြုပြင် မွန်းမံပြီး ပြန်လည် တပ်ဆင်ခြင်း၊ အသင့် ရှိပြီးသော အခွံ ကိုတပ်ဆင် ခြင်းဖြင့် ကုန်ကျ စရိတ် သက်သာ သည့်အပြင်၊ အချိန်ကုန်လည်း သက်သာ စေသည်။ ယခင် solid type wheels များသည် ဘီး တစ်ခုလုံး သံထည်ချည်း ဖြစ်သောကြောင့် ပြန်လည် ပြုပြင် ရာတွင် ပွန်းစား ထားသော Rolling parts နေရာနှင့် wheel trims များကို ခုတ်စားခြင်း ပြုလုပ်ပြီး mold ပြန်လောင်းကာ ယခင် ရထားဘီး standard အတိုင်း grinding machines, milling machines များဖြင့် ပြန်လည် ပုံဖော် ခုတ်စား ရမည်။ ထို့ ကြောင့် solid type ကို အသုံးပြုခြင်း ထက် ဘီးအခွံကို စွပ်၍ အသုံးပြု ခြင်းက အချိန်ကုန်၊ ငွေကုန်၊ ပင်ပန်းမှု သက်သာ စေသည်။ ထိုဘီး အခွံကို wheel wear ဟုပင် အလွယ် ခေါ်ဝေါ် သုံးစွဲ ကြသည်။

အထက်ပါ အကြောင်းအရာများကြောင့် Metro အတွင်းတွင် ပြေးဆွဲနေသော ရထားများကို အခါအားလျော်စွာ short inspection, detail inspection, maintenance နှင့် အကြီးစား ပြင်ဆင်မှုများကို ပြုလုပ်သွားရမည်ဖြစ်သည်။ short inspection များကို Engineer များနှင့် Mechanic များမှ ခဏအတွင်း စစ်ဆေးနိုင်သည်။ Detail inspection များကိုတော့ Engineer များ၊ Mechanic များနှင့် skill workers များဖြင့် အသေးစိတ် စစ်ဆေး ရမည်ဖြစ်သည်။ ထိုကဲ့ သို့ အသေးစိတ် စစ်ဆေး၍ ရရှိသော result များပေါ်မူတည်၍ ဤရထားဘီးကို ဆက်လက် အသုံးပြုသင့်၊ မပြုသင့်ကို ဆုံးဖြတ်သတ်မှတ် ရမည်ဖြစ်သည်။ ဆက်လက်၍ အသုံးမပြု သင့်တော့သော Rail wheels များကို ပြုပြင် ပြင်ဆင်ခြင်း၊ လုံးဝ အသုံးပြု၍ မရတော့သော ဘီးများကို အရည် ကျို၍ wheels အသစ်များ ပြန်လည် ထုတ်လုပ် ခြင်းများကို ပြုလုပ် သွားမည်ဖြစ်သည်။

Technical Service for Rail Wheels

Technical service or Repair inspection

ဝင်ရန် (သို့) ပြုပြင်ရန်

Period for inspection or Repair inspection ဝင်ရန် (သို့) ပြုပြင်ရန် ကာလ အပိုင်းအခြား

ရထားဘီး များအား အသေးစား စစ်ဆေးမှု ပြုလုပ်ခြင်း(ရထား ရပ်နေစဉ် အတွင်း)

ရထား ခုတ်မောင်းပြီး နာရီ (၂၀) ခန့် အကြာ

ရထားဘီး rolling part ကို စစ်ဆေးခြင်း

၃၀±၅ x၁၀km ခုတ်မောင်း ပြီးအကြာ။

ရထားဘီးနှင့် ချိတ်ဆက်ထားသော၊ လည်ပတ်နိုင်သော အစိတ်အပိုင်းများ(turning parts of rail wheel) အား စစ်ဆေးခြင်း

လိုအပ်လျှင်

ရထားဘီး ဝင်ရိုး တဖက် တချက် တွင်ရှိသော Box နှင့် ရထားဘီး ဝင်ရိုးအား short inspection ပြုလုပ်ခြင်းနှင့် ဝင်ရိုးအား ultrasound ဖြင့် စစ်ဆေးခြင်း

၉၀±၁၀ x၁၀km

ပုံမှန် အသေးစိတ် စစ်ဆေးခြင်းများ

လိုအပ်လျှင်

ရထားဘီး အနားစောင်း (trim) များအား စစ်ဆေးခြင်း

၃၅၀±၂၀ x၁၀km

ရထားဘီး၏ ကိုယ်ထည် (solid) တစ်ခုလုံးအား စစ်ဆေးခြင်း

၄၈၀±၂၀ x၁၀km

အထက်ပါ Technical service များသည် international standard များတွင် inspection ပြုလုပ် သည့်အတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။

ရထားဘီးနှင့် ချိတ်ဆက်ထားသော လည်ပတ်နိုင်သော အစိတ်အပိုင်းများ (turning parts of wheel) အား စစ်ဆေးခြင်းသည် ရထားဘီးတွင် သံလမ်းနှင့် ထိစပ်နေသော အပိုင်းတလျှောက် ရှိမျက်နှာပြင်တွင် သတ်မှတ်ခွင့် ပြုထားသော Geometrical feature (parameter) စံချိန် စံညွှန်း ညီညွတ် မှုမရှိပါက ၎င်းစစ်ဆေး မှုကို အကောင်အထည် ဖော် ဆောင်ရွက် ရမည် ဖြစ်သည်။

ပုံမှန်အသေးစိတ် စစ်ဆေးခြင်းမှာ ကီလိုမီတာ ၁၀၀၀၀၀(၁၀၀x၁၀km) ခုတ်မောင်း ပြီးနောက် ရထားဘီးကို ရထားမှ ဖြတ်ယူကာ Machines အကူအညီဖြင့် စစ်ဆေးခြင်း(သို့) ရထားဘီးများအား အသုံးမပြုဘဲ သိမ်းဆည်းထားပြီး ၁၂ လ အကြာတွင် ပြန်လည် ထုတ်ယူ၍ စစ်ဆေးခြင်း များကို ပြုလုပ် သွားရမည်။ ပုံမှန် အသေးစိတ် စစ်ဆေးခြင်း များကို အောက်ပါ အတိုင်း ပြုလုပ် သွားရမည် ဖြစ်သည်။

ရထားတွဲများမှ ဖြတ်ယူလာသော ရထားဘီးများကို သန့်စင်မှု မပြုလုပ်မီ Material strength ကျမှု ရှိမရှိ၊ ဘီးနှင့် ဝင်ရိုး ထိစပ်နေသော စံချိန် စံညွှန်း ကွာဟမှု ရှိမရှိ၊ ထို့အပြင် အက်ကြောင်းများ၊ ရထားဘီး(axial box) နှင့် reduction gear box တို့မှ ထွက်လာသော၊ လွင့်စင်လာသော Lubricant အစအနများ ရှိမရှိ ကိုဦးစွာ စစ်ဆေး ရမည် ဖြစ်သည်။ ရထားဘီး အတွဲများ (ရထားဘီးသည် ဝင်ရိုးနှင့် ဆက်လျှက် ဘီးတစ်စုံ ဖြစ်သည်။ ရထားဘီး တစ်စုံတွင် 2 wheels ပါရှိသည်။) ကို alkali solution များ၊ washing solution များ၊ ရေပူကို အသုံးပြု၍ ဆေးကြော သန့်စင်စက် များဖြင့် ဆေးကြော ရပါသည်။ ရထားဘီး အတွဲများကို ဆေးကြော သန့်စင်ပြီး ပါက အပြစ်အနာ အဆာ စစ်ဆေးသော Machine များတွင် အတွင်းပိုင်း မမြင်နိုင်သော အပိုင်းများတွင် အက်ကွဲကြောင်းမျာ ရှိမရှိ၊ အပြစ် အနာအဆာများ ရှိမရှိကို ultrasound နည်းဖြင့် စစ်ဆေး မှုများ ပြုလုပ် ရပါမည်။ သို့မှသာ Mechanical damage များကို လျော့နည်း စေမည် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် အတွင်းပိုင်း(Material အတွင်းပိုင်း) ပျက်စီးမှု များသည် မျက်စိဖြင့် မမြင်နိုင် သောကြောင့် ထိုကဲ့သို့ အတွင်းပိုင်း အနာအဆာ များရှိ နေပါက operating time အတွင်းတွင် pinion များ ကျိုးပဲ့ခြင်း ဖြစ်ပေါ်ကာ reduction gear ကို ပျက်စီးစေခြင်း၊ နှင့် အခြား ဆိုးကျိုး များကို ဖြစ်ပေါ် စေနိုင်သည်။ ထို့နောက်တွင် -

Ø ရထားဘီး နဲ့တွဲလျက် reduction gear pinion များကို စစ်ဆေးခြင်း၊

Ø Reduction gear casing ကို စစ်ဆေးခြင်း၊

Ø Axial box များရှိ suspension cylinder များ၊ springs များကို စစ်ဆေးခြင်း၊

Pinion wheels များ၏ မျက်နှာပြင်များ၊ pinion အသွား များတွင် crack များ ရှိမရှိ၊ ပွတ်စား ခြင်းများ ရှိမရှိ၊ အကျိုး အပဲ့ သံတိုသံစ များရှိမရှိ၊ pinion teeth ၏ cone surface part များ ပျက်စီး နေခြင်း ရှိမရှိ များကို စစ်ဆေးခြင်း တို့ကို ပြုလုပ် စစ်ဆေး ရမည် ဖြစ်သည်။ Wheel axel ကို ultrasound နည်းဖြင့် အတွင်း ပိုင်းတွင် အပြစ် အနာအဆာ များရှိမရှိ၊ အက်ကြောင်းများ ရှိမရှိကို စစ်ဆေးရမည် ဖြစ်သည်။ ထိုကဲ့သို့ စစ်ဆေးရာတွင် အတွင်းပိုင်းတွင် အပြစ် အနာ အဆာများ တွေ့ရှိပါက အပြင်ပိုင်းမှ အမှတ် အသားများ ပြုလုပ်ထား ရမည် ဖြစ်သည်။

ရထားဘီး၏ standard geometrical features များကို တိုင်းတာ ရာတွင်-

Ø ရထားဘီး၏ rolling part နှင့် wheel rig ကို တိုင်းတာခြင်း

Ø Reduction gear casing နှင့် axle box casing များကို စစ်ဆေးခြင်း တို့ ဖြစ်သည်။

ပုံမှန် အသေးစိတ် စစ်ဆေးခြင်း (သို့) Full inspection ဝင်ခြင်း များကို -

Ø ရထား ခုတ်မောင်းမှု Running time ပြည့် သောအခါ တွင်လည်းကောင်း

Ø Forming (သို့) repairing ပြုလုပ် ပြီးသော အခါတွင် လည်းကောင်း

Ø Wheel rig များအား reforming ပြုလုပ် ပြီးသော အခါတွင် လည်းကောင်း

Repairing ပြုလုပ် ပြီးသော ရထားဘီး ပေါ်မှ မသေချာ၊ မသဲကွဲသော အမှတ် အသားများ၊ ပြန်လည် အက်ကွဲမည့် အရိပ် လက္ခဏာ များကို စနစ်တကျ တိတိကျကျ စစ်ဆေး ရမည် ဖြစ်သည်။ ထို့အပြင် လမ်းချော်ခြင်း၊ accident damage တစ်ခုခု ဖြစ်ပြီးသော အခါတွင် လည်းကောင်း၊ ရထားဘီးတွင် 1mm (မီလီမီတာ) ထက်ရှည်သော အနာအဆာ တွေ့ရှိလျှင် သော်လည်းကောင်း ထပ်မံ စစ်ဆေး ရမည် ဖြစ်သည်။

ရထား ခုတ်မောင်း နေစဉ် အန္တရာယ် ကင်းရှင်းမှု ဖြစ်ပေါ်စေရန် အောက်ပါ အကြောင်း အရာများက များစွာ အထောက်အကူ ဖြစ်စေသည်။

Ø ရထားဘီး၏ rolling part တလျှောက်တွင် အပြစ် အနာ အဆာ ဖြစ်ပေါ်မှု ပမာဏ

Ø Wheel trim များ၏ အထူ(thickness) ပမာဏ အတိုင်းအတာ များပေါ်တွင် များစွာ မှုတည် နေသည်။ ၎င်းကဲ့သို့ ဖြစ်ပေါ်လာသော ပမာဏ များကို control parameter အနေဖြင့် တွက်ချက် ထည့်သွင်း စဉ်းစားသည်။ ထိုကဲ့သို့ control parameters များကို ရရှိရန် research များမှ ရယူ ရမည် ဖြစ်သည်။

ရထားဘီးများ၏ rolling parts များမှ အပြစ်အနာ အဆာများ၊ wheel trim အထူအပါး များကို measuring machines များဖြင့် တိုင်းတာ ရရှိမည် ဖြစ်သည်။ ထိုကဲ့သို့ control parameter များကို Metro line နှစ်ခုတွင် ပြေးဆွဲ နေသော ရထား line နှစ်ခု နှင့် ရထား သိုလှောင် ပြင်ဆင်ရုံ (၂) ခုမှ ရယူသည်။ ၎င်းရထားလိုင်း ၂ ခုမှာ (straight line) ပြေးဆွဲ နေသော ရထားလိုင်း နှင့် အဝိုင်းပတ်(circle line) ပြေးဆွဲသော လိုင်းဖြစ်သည်။ ထို့အပြင် ၎င်းရထားလိုင်း နှစ်ခုအား ရွေးချယ်၍ research ပြုလုပ် ရခြင်းမှာ ရထား Bogies များတွင် ရထားဘီး နှင့် Bogies ချိတ်ဆက် ရာတွင် type နှစ်မျိုးဖြင့် ချိတ်ဆက် ထားသောကြောင့် ဖြစ်သည်။ ၎င်း type နှစ်မျိုးမှာ suspension type နှစ်မျိုး ဖြစ်သည်။ Leaf suspension နှင့် spring suspension အမျိုးအစား နှစ်မျိုး ဖြစ်သည်။ Control parameters များကို measuring machines ဖြင့် တိုင်းတာ ရရှိသည်။

Measuring machine တွင် ရထားဘီး၏ rolling parts ကို တိုင်းတာရန် vertical needle(ရထားဘီး rolling part တလျှောက် အပြစ် အနာ အဆာ များကို sensor မှ တိုင်းတာသည်)။ ရထားဘီး၏ wheel trim thickness ကို တိုင်းတာရန် horizontal needle, ရထားဘီးကို တိုင်းတာစဉ် အံဝင် ခွင်ကျ ဖြစ်စေရန် နှင့် fix ဖြစ်နေ စေရန် အတွက် roller နှင့် angle ထိမ်းပေးသော block တို့ ပါဝင်သည်။

ရထားဘီး၏ Reliability ကို estimate ပြုလုပ် ရာတွင် ပထမ ဦးဆုံး အနေဖြင့် wheel rolling part မှရရှိသော control parameters များကို calculate ပြုလုပ် နိုင်ရန် reliability exponent (သို့) reliability numbers များအဖြစ် ပြောင်းလဲ ရမည်။

တိုင်းတာ ရရှိ လာသော control parameter များကို realization parameter table တွင် ထည့်သွင်း၍ ဇယား၏ row,column အရေအတွက် များကို formula များ အသုံးပြု၍ ရှာဖွေ ရမည် ဖြစ်သည်။ ဇယားမှ ရရှိလာသော control parameters များကို probability theories များအရ random variable များအဖြစ် သတ်မှတ် တွက်ချက် ရမည် ဖြစ်သည်။

တွက်ချက်ရာတွင် -

Ø Normal distribution law (Gauss’s law)

Ø Mathematical expectation value mx*

Ø Root mean square value σx* များကို ထည့်သွင်း စဉ်းစား တွက်ချက်သည်။


ရထားဘီး၏ Reliability ကို တွက်ချက်ရန် ရယူရမည့် control parameters များကို standard technical condition များ၊ standard sizes များပေါ် မူတည်၍ ရယူ ရမည် ဖြစ်သည်။

Control parameters များကို -

Ø ရထားဘီး၏ rolling part

Ø Wheel rig thickness

Ø Wheel slider

Ø Thickness wear (ရထားဘီး အစွပ်၏ အထူ အပါး)

Ø ရထားဘီး(၂) ဘီး၏ inner side နှစ်ခု အကွာ အဝေး နှင့်

Ø Wheel diameter တို့ မှ တိုင်းတာ ရယူသည်။

တိုင်းတာ၍ ရရှိလာသော control parameters များကို install instruction (သတ်မှတ် ထားသော စံချိန် စံညွှန်း) များနှင့် compare လုပ်ရမည်။ ထိုသို့ compare ပြုလုပ် ရာမှ ရရှိ လာသော Results ကို ပြန်လည် သုံးသပ်၍ ဆက်လက်၍ အသုံးပြုရန် သင့်မသင့် ဆုံးဖြတ် ရမည် ဖြစ်သည်။

Reliability ဖြစ်ခြင်း၊ Safety ဖြစ်ခြင်း၊ Level ကိုများသောအားဖြင့် ၉၀ % သို့မဟုတ်၊ ၉၀% ထက်ပိုလွန်၍ ရယူရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အပြည့်အ၀ Safety ဖြစ်ခြင်းက ပိုမိုသာလွန် ကောင်းမွန်ကြောင်းကို စာဖတ်သူတို့လည်း ကောင်းစွာ သဘောပေါက် နားလည်မည်ဖြစ်သည်။ အထက်တွင် ဖော်ပြထားသည့်အတိုင်း Control parameters များကို ရထားလိုင်း (Radial line နှင့် အ၀ိုင်းပတ်လိုင်း) နှစ်လိုင်းမှ ရယူခြင်းမှာ Radial line တွင်ပြေးဆွဲသော ရထားလိုင်းသည် အဖြောင့်အတိုင်း ပြေးဆွဲရသဖြင့် Wheel rolling parts တလျှောက်တွင် အပြစ်အနာအဆာ ဖြစ်ပေါ်မှု ပိုမိုများပြားပြီး Wheel rig ပါးသွားခြင်းမှာ အနည်းငယ်သာ ဖြစ်ပေါ်သည်။ အ၀ိုင်းပတ် လိုင်းတွင် ပြေးဆွဲသော ရထားတွင် Wheel rolling parts နှင့် wheel rig တွင် အပြစ်အနာအဆာ ဖြစ်ပေါ်မှု ပိုမိုများပြားနိုင်သည်။ ထို့အပြင် ရထားဘီးတွင် ၀န်တင်ဆောင်မှု Loading များပါက အပြစ်အနာအဆာ များကို ပိုမိုဖြစ်ပေါ်စေနိုင်သည်။ ထိုကဲ့သို့ Loading များခြင်း၊ Curve way များတွင် ခုတ်မောင်းမှုမှ အပြစ်အနာအဆာများ ဖြစ်ပေါ်မှုကို ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် ရထား Bogies နှင့် Rail wheel ကို ချိတ်ဆက်ရာတွင် အသုံးပြုသော Suspension type များ၊ ရထားတွဲ တစ်တွဲနှင့် တတွဲ ချိတ်ဆက်ပေးသော Joint type များ၊ Vibration လျော့ချပေးသော Damper type များ၊ ရထားဘီး Bogies နှင့် Frame ချိတ်ဆက်ထားသော type များပေါ်တွင် မူတည်သည်။ Bogies နှင့် Rail wheel ချိတ်ဆက်ထားသော Suspension type အမျိုးမျိုးရှိသည့်အနက် Spring type suspension (spindle type suspension) ကို ပိုမို၍ အသုံးများကြသည်။ Spindle type suspension သည် ရထားဘီးနှင့် ချိတ်ဆက်ရာတွင် ဘီး တစ်ဖက်တစ်ချက်၌ spring အထိုင်ရှိပြီး အခြားတစ်ဖက်တွင် Damper တစ်ခုတပ်ဆင်ထားသည်။ Damper တပ်ဆင်ထားခြင်းမှာ Spring vibration ကို လျော့ချပေးရန် ဖြစ်သည်။ ထိုကဲ့သို Suspension type မျိုးတပ်ဆင်ထားသော ရထားတွဲတွင် လိုက်ပါစီးနင်းသော ခရီးသည်များ အတွက် Leaf type suspension တပ်ဆင်ထားသော ရထားတွဲကို စီးနင်းသော ခရီးသည်ထက် Motion sickness ပိုမိုလျော့နည်းနိုင်သည်။

သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှု၏ အဓိက အရေးကြီးဆုံး အချက်မှာ လိုက်ပါစီးနင်းသော ခရီးသည်များအတွက် လိုရာခရီးကို ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် သက်တောင့်သက်သာ ရှောက်ရှိနိုင်ရေးပင် ဖြစ်ရာ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေး ၀န်ဆောင်မှုကိုလည်း ယခုထက်ပို၍ အဆင့်မြင့်တင်နိုင်ရန် ဤဆောင်းပါးက များစွာ အထောက်အကူပြုလိမ့်မည်ဟု မျှော်လင့်မိပါသည်။

Print ပရင့်ထုတ်ရန်
0 ထင်မြင်ချက်၊

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.