* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Column Type Stations

စာရေးသူ © Anonymous |




နိဒါန်း

Column Type Stations များနှင့် တစ်ခြား Stations များ ရဲ့ အဓိက ကွာခြားချက်များ ရှိပါသည်။ Column Type Stations ဆိုသည် မှာ မြေအောက် ဥမင်ဘူတာသုံးခုကို တစ်ခုတည်း ဖြစ်အောင် ပေါင်းစပ် ထားသော ဘူတာရုံ အမျိုးအစား ကိုခေါ်ပါသည်။ ဥမင်၏ အမိုးများမှာ construction အတွင်း ပိုင်း တွင် column တိုင်များကို အဆင့်ဆင့် ထောက်ပေးထားသော အသင့် ပြုလုပ်ထားသည့် အမိုး (သို့ မဟုတ်) ရက်မများဖြင့် ဖွဲ့စည်းထားပါသည်။

Column Type Stations (ဘူတာ) (ပုံ - ၁) များကို ပုံစံထုတ်လုပ်ရာတွင် မြေအောက် ဥမင်ဘူတာသုံးခု ကို အလျားတူညီစွာ ဆောက်လုပ်ထားသည်ဟု ယူဆပါသည်။ တခါတရံတွင် ခရီးသွားဦးရေ အရေအတွက်ပေါ်မူတည်၍ အချို့သော ဘူတာရုံများတွင် အလယ်ဥမင်ကို ကျယ်ဝန်းစွာ ဆောက်လုပ်ရန် မလိုအပ်ပါ။ အဘယ်ကြောင့် ဆိုသော် ဘေးဥမင်များ၏ အလယ်တွင် ရှိသော အလယ် ဥမင်သည် အခြေခံအားဖြင့် မြေပေါ်ထွက်ပေါက်များ တည်နေရာနှင့် ဆက်စပ်လျှက် ရှိနေသောကြောင့် ဖြစ်ပါသည်။

အလယ်ဥမင်နှင့် ဓာတ်လှေကားသွားမည့် ဥမင် ဆက်စပ်ရာတွင် ခရီးသွားစင်္ကြန် နေရာ၌ သီးခြား ပုံစံ (သို့) ပေါင်းစပ်ထားသောပုံစံဖြင့် ဖွဲ့စည်းထားသော ဖိအားဒဏ် ခံနိုင်သည့် အခန်းကို ဆောက်လုပ်ထား ပါသည်။ ဤနေရာတွင် အလယ်ဥမင်၏ ၀င်ရိုးသည် ဓာတ်လှေကားသွားမည့် ဥမင်၏ ၀င်ရိုးနှင့် တထပ်တည်း ကျရပါမည်။ တချို့သော အခြေအနေများတွင် ဘူတာရုံ၏ ထွက်ပေါက်သည် ကြားခံအခန်းမှတဆင့် ဓာတ်လှေကား သွားမည့် ဥမင်သို့သွားနိုင်ရန် ဆောက်လုပ်ရပါ သည်။ ဤနေရာတွင် ဓာတ်လှေ ကား သွားမည့်  ဥမင်သည် ဘူတာရုံ၏ ၀င်ရိုးအတိုင်း သတ်မှတ် ထားသော slope နှင့်ဆောက်လုပ်နိုင်ပါ သည်။ ကြားခံအခန်းရှိ construction lining ၏ အနိမ့်ပိုင်း level သည် interstation tunnel ၏ lining ထက် မြင့်ရပါမည်။

Column Type Stations (ဘူတာ) ဆောက်လုပ်ရာတွင် inter-base lining သည် cast-iron tube (သို့) ကွန်ကရစ် element များဖြင့် ဆောက်လုပ်ပါသည်။ ဘူတာရုံ ၏ ဆောက်လုပ်ရေးအပိုင်းတွင် cast-in-place ကွန်ကရစ်ကို အသုံးပြုနိုင်ပါသည်။

Column Type Stations (ဘူတာ) ၏ ဆောက်လုပ်မှုပုံစံ သည် ၎င်း၏ ဆောက်လုပ်မှုပုံစံ အယူအဆပေါ် မူတည်သည်။ ပထမ အဆင့်အနေဖြင့် ဘေးဘက် ဘူတာဥမင်များကို ဆောက်လုပ်ရမည် ဖြစ်ပါသည်။ ဒုတိယ အဆင့်အနေဖြင့် ပထမ အဆင့်ဖြင့် ဆက်စပ်လျှက်ရှိသော ဒုတိယဥမင်၏ ကျန်ရှိသော working face ကို ၃၀ - ၅၀ မီတာ အထိ ဆက်လက် လုပ်ဆောင်ရပါမည်။ ထို့အတူ ကျန်ရှိသော အလယ် ဘူတာရုံ အခန်းကို လက်တွေ့တွင် အဆင့် နှစ်ဆင့်ဖြင့် အမြဲတမ်း ဖောက်လုပ် ကြပါသည်။ ပထမ အဆင့်တွင် ၎င်း၏အပေါ်ပိုင်းအား စတင် ဖောက်လုပ်ပါသည်။ ၎င်းနောက်တွင် section တလျှောက်လုံး ရောက်သည် အထိ profile ကို ဖောက်လုပ်ပါသည်။ ၎င်းပုံစံသည် မြေအောက်ဘူတာ၏ ဘေးဥမင်များတွင် သက်ရောက်မည့် deformations ကို ကန့်သတ်ထားနိုင်ပါသည်။ ထို့အပြင် ဘေးဥမင်များမှ ဘူတာ၏ အလယ်ဥမင်နံရံများဆီသို့  ရွေလျားမှုကိုပါ လျော့ကျစေပါသည်။

Column Type Stations (ဘူတာ) အမိုးအစားသည် မာကျောခိုင်ခံ့သော မြေများတွင် ဆောက်လုပ်မှု များပါသည်။

မြေအောက်အလယ် ဥမင်၏ ဖြတ်ပိုင်းပုံနှင့် ပန္နက် ပုံစံ

(ပုံ-၁) - Column Type Stations (ဘူတာ) ၏ ပန္နက် ပုံစံ

1) မြေအောက် အလယ် ဘူတာ ဥမင်
2) မြေအောက် ဘူတာ၏ ဘေး ဥမင်
3) Interstation tunnel
4) ဓာတ်လှေကား ဥမင်
5) ဖိအား ဒဏ် ခံနိုင်သည့်  အခန်း
6) Columns
7) Camber arch (or) bulkhead



အခန်း (၁)
မြေအောက်ရထား လမ်းကြောင်းများ၏ Plan နှင့် Profile လိုအပ်ချက်

မြေအောက်ရထား လမ်းကြောင်းများသည် အများအားဖြင့် အဖြောင့်လမ်းကြောင်းများ ဖြစ်ကြပြီး လမ်းကြောင်း အကွေးများလည်း ရှိပါသည်။ ပုံမှန်အားဖြင့် အဓိက လမ်းကြောင်း တွင် Radius ၆၀၀ မီတာ ထက် မငယ်ရပါ။ အကူလမ်းကြောင်း တွင် ၅၀၀ မီတာ၊ အရံလမ်းကြောင်းတွင် ၇၅ မီတာ ရှိပါသည်။ ခက်ခဲသော အခြေအနေများတွင် လမ်းကြောင်း အကွေးများ၌ Radius ကို လျှော့ယူရန် ခွင့်ပြုထားပါသည်။ သို့သော် အဓိက လမ်းကြောင်းတွင် Radius ၃၀၀ မီတာ ထက်မငယ်ရပါ။ အကူလမ်းကြောင်းတွင် ၁၀၀ မီတာ ၊ အရံ လမ်းကြောင်းတွင် ၆၀ မီတာ ရှိရပါမည်။

မြေအောက်ရထား လမ်းကြောင်းများ၏ slope သည် ၃% ထက်မငယ်ရပါ။ ခြွင်းချက် အနေဖြင့် မြေပြန့်များတွင် ၎င်း slope အတိုင်း ယူနိုင်ပါသည်။ ရေနှုတ်မြောင်း၏ slope သည် ၂ % ထက်မငယ်ရပါ ။ မြေအောက်ရထား လမ်းကြောင်းများ၏ အမြင့်ဆုံး slope သည် မြေအောက် ဥမင်များတွင် ၄၀ %၊ မြေပေါ် ပိုင်း များ တွင် ၃၅ % ထက် မပိုရပါ။ မြေအောက် ဥမင်၏ အလျား ၁၅၀၀ မီတာ ထိ ရှည်လျား သော ဥမင် များတွင် ၎င်း slope အား ၄၅ % အထိ တိုးမြှင့်ယူနိုင်ပါသည်။

မြေအောက်ဥမင် ဘူတာများတွင် လမ်းဖြောင့်များ၌ နံရံဘေး တဘက်တချက်စီ၏ slope သည် ၃% ရှိရပါမည်။ ခက်ခဲသော အခြေအနေများတွင် ၅% ထိ ယူနိုင်ပါသည်။ လမ်းကြောင်း အကွေးများ၏ radius သည် ၈၀၀ မီတာထက် ငယ်ရပါမည်။ ပြန့်ပြူးသော မြေပြင်ဧရိယာရှိသည့် မြေအောက် ဘူတာများတွင် ရေနူတ်မြောင်းများ ထားရှိရန် စီစဉ်ထားရပါမည်။

Longitudinal profile တလျှောက်ရှိ element နှစ်ခုကို ဆက်စပ်ရာတွင် ဘေးနံရံနှစ်ဘက်၏ slope သည် ၅% ထက်ပိုရပါမည်။ ၎င်းနောက် transitional (အကူးအပြောင်း) element ၏ slope သည် ၅% ထက်မပိုရပါ။

Related links
Column Type Stations အပိုင်း(၂)

Print ပရင့်ထုတ်ရန်
4 ထင်မြင်ချက်၊
  1. စိုးထက် - Soe Htet ! February 14, 2008 at 5:02 PM  

    ဖတ်တာက မပြီးသေး သလိုပဲ ... ဆက်ရေးပါအုံး ... ကျွန်တော်က အင်ဂျင်နီယာ မဟုတ်တော့ တစ်ချို့ နည်းပညာ စကားလုံးတွေ မှန်းပြီး ပဲ နားလည် လိုက်တယ် ... ကျေးဇူးဗျို့ :D

  2. kim February 16, 2008 at 6:49 AM  

    နမူနာ မီထရိုပုံတွေနဲ့ဆိုရင် ပိုကောင်းမယ် ထင်ပါတယ်.. ။ just a suggestion ပါ။

  3. Anonymous June 24, 2008 at 8:18 PM  

    ကျွန်တော် နောက်ထပ် posts လေးတွေ ထပ်တင်ထားပါတယ် .. လိုတိုး ပိုလျော့ လေးတွေနဲ့ ထင်မြင်ချက်လေးတွေ ရေးပေးကြပါဦး ဗျာ...

  4. Wai Min November 18, 2011 at 4:19 AM  

    ရထားလမ်းရဲ့ radius ကိုဘယ်လို ယူဆပြီးတိုင်းတာရပါသလဲ..ပုံလေးနဲ့ ဖြစ်ဖြစ်ရှင်းပြပါလား...ကျေးဇူးတင်ပါတယ်

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.