* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

ကျွန်တော်တို့ဟာ မီးရထား တက္ကသိုလ်မှာ ပညာသင်ကြားခဲ့တာ အခုဆိုရင် ဒုတိယမြောက် အသုတ်အဖြစ် အဆင့်မြင့် ပညာရပ်များကို သင်ကြား တတ်မြောက်ခဲ့ ကြပါပြီ။ ကျွန်တော် တို့တွေ လေ့လာ သင်ယူခဲ့တဲ့ ပညာရပ်များဟာ အဓိကအားဖြင့် မီထရို ပိုလီတန် ဘာသာရပ်ကို အထူးပြု သင်ယူ ခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီနှစ်အတွင်းမှာပဲ ကျွန်တော်တို့ သင်ယူနေတဲ့ ဥမင်နှင့် မီထရို ပိုလီတန် အင်ဂျင်နီယာ ဌာနဟာ မြေအောက် အဆောက်အအုံ အင်ဂျင်နီယာဌာနလို့ အမည် ပြောင်းလဲခဲ့ပြီး ဥမင်နှင့် မီထရိုပိုလီတန် တည်ဆောက်ရေး လုပ်ငန်းများကို သာမက အခြားသော မြေအောက် တည်ဆောက်ရေး ပညာရပ်များကိုပါ တိုးချဲ့၍ ပညာရပ်များကို ဆက်လက် ပို့ချပေးနေပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ ယခုနှစ် စာတမ်းများ ပြုစုဖို့အတွက် ခေါင်းစဉ်များကို ရွေးချယ်ရာမှာ မီထရိုပိုလီတန် တည်ဆောက်ရေးနှင့် ပတ်သတ်သော စာတမ်း ခေါင်းစဉ်များအပြင် အခြားသော ဥမင်ဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်သော စာတမ်း ခေါင်းစဉ်များပြုစုဖို့အတွက် ရွေးချယ်ခွင့် ရရှိခဲ့ပါတယ်။



မနှစ်က စာတမ်းများကို ပြုလုပ်သွားကြတဲ့ နောင်တော်များ အားလုံးဟာ မီထရို ပိုလီတန် တည်ဆောက်ရေးနှင့် ပတ်သတ်သော စာတမ်းများကို ဖတ်ကြား တင်သွင်းခဲ့ကြပါတယ်။ ဒီနှစ်ပြုလုပ်ခဲ့တဲ့ စာတမ်းများမှာတော့ မီထရိုပိုလီတန်နှင့် ဆိုင်သော ဥမင်တည်ဆောက်ရေး စာတမ်းများအပြင် မီးရထားဥမင် စာတမ်းနှင့် မော်တော်ကားလမ်း ဥမင်စာတမ်းများကို ပြုစု တင်ပြခွင့် ရရှိခဲ့ပါတယ်။ စာတမ်းကြီးကြပ်သူ ဆရာ၊ ဆရာမများဟာ များသောအားဖြင့် လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံ ရှိသူများ ဖြစ်ကြပါတယ်။ အကြမ်းအားဖြင့် သိရတာက ဆရာ၊ ဆရာမများဟာ လုပ်ငန်းခွင်နှင့် စာတွေ့သင်ကြားပို့ချမှုများကို အလှည့်ကျ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် အတွေ့အကြုံရှိကြသူများ ပီသစွာဖြင့် စာတွေ့နှင့် လက်တွေ့ကို မိမိတို့တပည့်များ လုပ်ဆောင်ရမည့် အပိုင်းများနှင့် လိုအပ်သောအပိုင်းများကို ထောင့်စေ့အောင် ပြုလုပ်ပေးခဲ့ ကြပါတယ်။



ဒါ့အပြင် နောက်တစ်ခု လေ့လာမိတာက ပြင်ပ တည်ဆောက်ရေး ကုမ္ပဏီများ နှင့် အစိုးရဆိုင်ရာ တည်ဆောက်ရေး အဖွဲ့အစည်းများဟာ လုပ်ငန်းခွင်မှာ တွေ့ကြုံနေရတဲ့ အခက်အခဲများကို သက်ဆိုင်ရာ တက္ကသိုလ်ကျောင်းများတွင် လာရောက်ဆွေးနွေးပြီး အကြံပြုချက်ရယူခြင်း၊ မှတ်တမ်းများ ပြုလုပ်ထားခြင်းတို့ ပူးပေါင်း လုပ်ဆောင်ကြတာကို တွေ့ရပါတယ်။ ဒီလိုဆွေးနွေး ဆောင်ရွက်ကြတာကို စာတမ်းဖတ်ပွဲ အသွင်တစ်ခုလို လုပ်ဆောင်ကြပြီး စိတ်ပါဝင်စားသူ ကျောင်းသားများလည်း တက်ရောက် နားထောင် နိုင်ကြပါတယ်။ ဒီလိုပြုလုပ်တာဟာ ကောင်းသော အစဉ်အလာကောင်း တစ်ခုဖြစ်ပါတယ်။ အတုယူ သင့်ပါတယ်။ ကျောင်းများအတွက်လည်း အကျိုးရှိပြီး စာတွေ့လက်တွေ့ ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် လိုအပ်ချက်များ၊ ချို့ယွင်းချက်များကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် နည်းပညာဆိုင်ရာ ပြပွဲများ၊ နှီးနှောဖလှယ်ပွဲများကိုလည်း ကျောင်းများမှ ဦးဆောင်၍ ပြုလုပ်ကြတာကိုလည်း အားတက်ဖွယ်ရာ တွေ့မြင်ကြရပါတယ်။



ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ စာတမ်းများကို ပြုစုကြရာမှာ ကျွန်တော်တို့နိုင်ငံနဲ့ သင့်လျော်မယ့် အခြေအနေများကို ခန့်မှန်း တွက်ချက်ကာ ကြီးကြပ်သူ ဆရာများနှင့် ညှိနှိုင်းပြီး အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြစ်အောင် ပြုလုပ်ခဲ့ကြပါတယ်။ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်တဲ့ အခြေခံ အချက်အလက်များကို စဉ်းစားတဲ့အခါ လူနေထူထပ်ပြီး သွားလာရေး ပြဿနာများ စတင် ကြုံတွေ့နေရပြီဖြစ်တဲ့ ရန်ကုန်မြို့ကို အခြေခံပြီး အများဆုံး ပြုလုပ်ခဲ့ကြပါတယ်။




ဒီနှစ်ပြုလုပ်တဲ့ စာတမ်းများကို တင်ပြရမယ်ဆိုရင် မီထရို တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်တဲ့ ခေါင်းစဉ် (၁၁)ခု ဖတ်ကြား တင်ပြခဲ့ပါတယ်။ အဲ့ဒီ ခေါင်းစဉ်များကို ထပ်ပြီးခွဲရမယ်ဆိုရင် မီထရိုဘူတာ တည်ဆောက်ရေးနှင့် ပတ်သက်တဲ့ ခေါင်းစဉ် (၅)ခု၊ မီထရလိုင်း လမ်းကြောင်းများ ဖောက်လုပ်ရေးနှင့် ပတ်သက်တဲ့ ခေါင်းစဉ် (၆) ခုကို ပြုစုခဲ့ကြပါတယ်။



ဒါ့အပြင် မီးရထားလမ်းဥမင်နှင့် ပတ်သက်ပြီး ခေါင်းစဉ် တစ်ခုကို ပြုစုနိုင် ခဲ့ပါတယ်။ တောင်ဖြတ် မီးရထားလမ်းဥမင် အမျိုးအစားဖြစ်ပြီးတော့ ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် လားရှိုးလမ်း အပိုင်းကို အခြေခံထားပြီး ခန့်မှန်း ပြုစုထားပါတယ်။

ကျန်တဲ့ ခေါင်းစဉ်သုံးခုကတော့ မော်တော်ကား လမ်းဥမင်များဖြစ်ပြီး ခေါင်းစဉ် နှစ်ခုမှာ ရန်ကုန်မြို့တွင်း လူနေထူထပ်ပြီး မော်တော်ကား အသွားအလာ ရှုပ်ထွေးသော လမ်းဆုံများ၊ လမ်းခွများ၊ အဆောက်အအုံ ထူထပ်သော (လှည်းတန်းလမ်းဆုံ နှင့် မြေနီကုန်းလမ်းဆုံ) နေရာများကို အခြေခံပြီး စာတမ်းပြုစု ထားပါတယ်။ နောက်ခေါင်းစဉ် တစ်ခုကတော့ ရန်ကုန်မြစ်ဖြတ် မော်တော်ကားလမ်း ဥမင် တည်ဆောက်တဲ့ စာတမ်း တစ်ခုဖြစ်ပါတယ်။



ကျွန်တော်တို့ ပြုလုပ်ခဲ့တဲ့ ခေါင်းစဉ်များကို အောက်မှာ လေ့လာ ဖတ်ရှုနိုင်ဖို့အတွက် တင်ပြ ပေးထားပါတယ်။

မီထရို ဘူတာ ဆောက်လုပ်ရေးနှင့် ပတ်သက်၍ ပြုစုခဲ့သော စာတမ်း ခေါင်းစဉ်များမှာ -

1. Research on questions of technological construction of column type station of metropolitan
2. Choosing constructive decisions of metropolitan station in shallow depth soil
3. Research on questions of technological construction of column type station of metropolitan
4. Research on questions of technological construction of pier type stations of metropolitan
5. Technology analysis of station construction of metropolitan in shallow depth.

(မှတ်ချက်။ 1 နှင့် 3 မှာ ခေါင်းစဉ်တူသော်လည်း Engineering Data နှင့် ဒီဇိုင်းများ မတူညီကြပါ။)



မီထရိုလိုင်း လမ်းကြောင်းများ တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ပြုစုခဲ့သော စာတမ်းခေါင်းစဉ်များမှာ -

1. Technological analysis of interstation tunnel construction of metropolitan in shallow depth
2. Research of construction techniques and methods of technological construction of interstation tunnels of metropolitan for soft and unstable soil
3. Research on construction methods of tunneling in plastic and clay soil
4. Project of interstation tunnel construction of metropolitan in shallow depth with vibroprotective design for truck superstructure
5. Analysis of technological construction of interstation tunnels of metropolitan in plastic and clay soil
6. Analysis of technological construction of interstation tunnels of metropolitan in plastic and clay soil.




မီးရထားလမ်း ဥမင် ဖောက်လုပ်သည့် စာတမ်းခေါင်းစဉ်မှာ-

1. Technological analysis of railway-tunnel construction in mountainous conditions



မော်တော်ကားလမ်းဥမင်နှင့် ပတ်သက်ပြီး ပြုစုခဲ့သော စာတမ်းခေါင်းစဉ်များမှာ-

1. Research on structure and technological construction of several arches of transportation tunnels making strengthening works in unstable soil
2. Research on structure and technological construction of transportation tunnels of large-scaled cross-section in weak water-saturated soil
3. Research on structure and technological construction of transportation tunnels with cut and cover method




ဒီခေါင်းစဉ်များနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စာတမ်းပြုစုသူ သူငယ်ချင်းများကလည်း စိတ်ပါဝင်စားသူများ လေ့လာနိုင်အောင် ဘာသာပြန်ဆိုပြီးတော့ တည်ဆောက်ရေးဆိုင်ရာ ပညာရပ်များကို ကျန်ရှိနေတဲ့ အချိန်လေးမှာ မျှဝေပေးကြမယ် မျှော်လင့်ပါတယ်။



ကျွန်တော့် အရင်ပိုစ့်မှာ တစ်ခါရေးခဲ့ပြီးပါပြီ။ ကျွန်တော်တို့ဟာ မိမိတို့ ရရှိထားသော ပညာရပ်များကို လက်တွေ့ နယ်ပယ်မှာ အသုံးပြုနိုင်ခွင့် ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ။ နောက်လာမယ့် မျိုးဆက်များ ဒီပညာရပ်များကို ဆက်လက် လေ့လာတဲ့အခါမှာ အလွယ်တကူနဲ့ ရှေ့ဆက်ပြီး တက်လှမ်းနိုင်အောင် လှေကားထစ်လေး တစ်ခု အဖြစ် ပါဝင်ကြဖို့ပါပဲ။ နောက်ကျ ကျန်ရစ်နေတဲ့ နည်းပညာပိုင်းဆိုင်ရာကို အမှီလိုက်ဖို့ရာမှာ ဒီလိုပဲ သင်ယူ နားလည်ခဲ့တာတွေကို လက်ဆင့်ကမ်းခြင်းဖြင့် မဝေးတော့တဲ့ အနာဂါတ်မှာ အခြားနိုင်ငံများကို ရင်ဘောင်တန်း ရပ်တည်နိုင်မယ်လို့ မျှော်လင့်ရင်း ပို့စ်ကို အဆုံးသတ် လိုက်ပါတယ်။

Print ပရင့်ထုတ်ရန်
1 ထင်မြင်ချက်၊
  1. MyMetro June 29, 2008 at 9:27 AM  

    ဒီလိုလေး ရေးပေးတာ တကယ်ကောင်းပါတယ်။ ကျန်တဲ့ contributors များလဲ ကျန်ရှိတဲ့ အချိန်လေးမှာ ကိုယ်သိခဲ့တဲ့ အကြောင်းလေးတွေ ဝေမျှပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.