* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

PLAXIS for Geotechnical applications

စာရေးသူ © MyMetro |

P

LAXIS ဆိုတာ Geotechnical engineering ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ Structural design ဆော့ဖ်ဝဲတစ်ခုပါ။ 2D soil models တွေ၊ 2D Tunnel Design၊ 2D Dynamics module၊ 3D Tunnel Design၊ 3D Foundation စတဲ့ Geotechnical ပုစ္ဆာတွေကို အလွယ်တကူ ဖြေရှင်းနိုင်စေဖို့ ရည်ရွယ်ပြုလုပ်ထားတဲ့ Finite element program လို့လည်း ဆိုနိုင်ပါတယ်။

Tunnel engineers တွေအတွက် 2D, 3D Tunnel program တွေကို အသုံးပြုပြီး Cut and cover, Mountain tunneling, shield tunneling, NATM အစရှိတဲ့ ဥမင်များကို မြေလွှာအမျိုးမျိုး၊ မြေအောက်ရေ အခြေအနေ အမျိုးမျိုးပေါ်မှာ ဒီဇိုင်းပြုလုပ် တွက်ချက်နိုင်ပါတယ်။

အသုံးပြုတဲ့အခါမှာလည်း ရိုးရှင်းလွယ်ကူတာကို တွေ့ရပါတယ်။ မိမိဒီဇိုင်းလုပ်လိုတဲ့ Graphic model အတွက် ဒေတာများကို CAD drawing procedures ပေါ်မှာ အလွယ်တကူ ရေးဆွဲနိုင်ပါတယ်။ PLAXIS မှာ Automatic mesh generation ကိုထည့်ထားတဲ့အတွက် မိမိတို့ ဆွဲထားတဲ့ Models တွေကို တခြားသော ဆော့ဖ်ဝဲတွေမှာလို့ Mesh လိုက်လုပ်ပေးရတာမျိုး မလိုအပ်ပါဘူး။ မိမိတို့ အသုံးပြုတဲ့ Soil data တွေ၊ material data တွေ၊ water data တွေကို အလွယ်တကူ ထည့်သွင်းပြီး Calculation အဆင့်ကို သွားရုံပါပဲ။ Manuals တွေနဲ့ Tutorials တွေကို ကြည့်ပြီး လုပ်ကြည့်ရုံနဲ့ သဘောပေါက်နိုင်ပါတယ်။

Displacements, stresses, strains, deformation, forces အစရှိတဲ့ Results တွေကို 2D, 3D graphic display တွေနဲ့အပြင် Plots၊ Tables တွေနဲ့ပါ ကြည့်ရှုနိုင်ပါတယ်။ Plots တွေ၊ Tables တွေကို တခြား window software တွေနဲ့ပါ export လုပ်သုံးစွဲနိုင်ပါတယ်။ Video presentation အတွက်လည်း 1024x786 pixels resolution နဲ့ ထုတ်ယူနိုင်တာကို တွေ့ရပါတယ်။

Geotechnical models တွေကို simulation လုပ်တဲ့အခါမှာ PLAXIS ဟာအတော်ကို ကောင်းမွန်တဲ့ ဆော့ဖ်ဝဲဖြစ်ပေမဲ့ တွက်ချက်မှုအပိုင်းမှာ အမှားအယွင်းမရှိဘူးလို့ အာမမခံထားပါဘူး။ ဒီဇိုင်းရဲ့ တိကျမှန်ကန်မှုကိုတော့ အသုံးပြုသူရဲ့ ကျွမ်းကျင်မှု၊ Soil models တွေနဲ့ ၎င်းတို့ရဲ့ သဘောသဘာဝတွေကို နားလည်မှု၊ Design parameters တွေ ရွေးချယ်ရာနဲ့ တွက်ချက်လို့ရတဲ့ အဖြေတွေကို မှန်မမှန် ဆန်းစစ်နိုင်တဲ့ အတွေ့အကြံ၊ အရည်အချင်းရှိဖို့ လိုအပ်ပါတယ်။ မိမိတို့ ရေးဆွဲလိုက်တဲ့ ဒီဇိုင်းကို မိမိတို့သာ တာဝန်ယူရမှာ ဖြစ်တယ်လို့ PLAXIS organisation က ဆိုပါတယ်။ PLAXIS program ဟာ နယ်သာလန်နိုင်ငံ အခြေစိုက် PLAXIS b.v ရဲ့ မူပိုင်ဖြစ်ပါတယ်။ နောက်ဆုံးထုတ် PLAXIS professional version 8x ရဲ့ဈေးက ယူရို ၆၀၀၀ နဲ့ 3D Tunnel software က ယူရို ၁၀၀၀၀ အထိဈေးရှိပါတယ်။ လုပ်ငန်းများနဲ့ ပညာရေးအတွက်ဆိုရင်တော့ သက်သာပါတယ်။ အသေးစိတ် အချက်အလက်တွေကို PLAXIS website မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
ဒီပို့စ်ရဲ့ ရည်ရွယ်ချက်က PLAXIS ဆော့ဖ်ဝဲကို ကျွန်တော်တို့ မြန်မာ Tunnel engineers တွေဆီ မိတ်ဆက်ပေးဖို့နဲ့ ပညာရေးအတွက် အသုံးပြုလိုသူများကို အခမဲ့ ဖြန့်ဝေပေးနိုင်ဖို့ ဖြစ်ပါတယ်။
တကယ်တော့ ဥမင်ဖောက်လုပ်ရေး အစရှိတဲ့ Geotechnical engineering field မှာ လက်တွေ့ အသုံးချလို့ရတဲ့ ပရော်ဖက်ရှင်နယ် ဆော့ဖ်ဝဲဖြစ်ပါတယ်။ Copyright ပြဿနာများကြောင့် upload မတင်ထားတော့ပါဘူး။ လိုအပ်သူများအနေနဲ့ အီးမေးလ်က ဖြစ်စေ၊ ကောမန့်မှ ဖြစ်စေ တောင်းယူနိုင်ပါတယ်။

Print ပရင့်ထုတ်ရန်
10 ထင်မြင်ချက်၊
  1. Anonymous June 13, 2008 at 3:59 PM  

    Plaxis software ကိုစိတ်ဝင်စားပါတယ်။ အပြင်မှာဘယ်လိုမှလေ့လာဖို့ အခွင့် အရေးမရှိပါဘူး။ ဈေးကြီးလို့ ပါ။ ဖြစ်နိုင်ရင် ကိုmetro တို့ လက်တွေ့ လုပ်ထားတဲ့ အလုပ်တွေ(အလွယ်ဆုံး)နဲ့ ယှဉ်ပြီးလေ့လာရရင် ပိုစိတ်ဝင်စားစရာကောင်းမည် ဟုထင်ပါသည်။

  2. MyMetro June 13, 2008 at 5:48 PM  

    ကိုလေး... ကျွန်တော့်အီးမေးလ်ကို မီနူးဘားမှာ ဆက်သွယ်ရန်ဆိုတဲ့ အထဲမှာရေးထားပါတယ်။ အထဲကနေ လေ့လာဖို့ အခက်အခဲရှိသူများ၊ ဆော့ဖ်ဝဲ လိုအပ်သူများကိုလည်း အခမဲ့ပေးဝေနိုင်ဖို့ ပညာဒါန ပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ လက်တွေ့နမူနာ အလုပ်တွေကိုလည်း နောက်ပိုင်းမှာ တင်ပြပေးသွားပါမယ်။

    ကျေးဇူးတင်ပါတယ်။

  3. Thura Naing June 28, 2008 at 8:16 PM  
    This comment has been removed by the author.
  4. Thura Naing June 28, 2008 at 8:23 PM  

    PLAXIS ဆော့ဖ်ဝဲလေးလိုချင်လို့ပါ သုံးတော့မသုံးတတ်သေးပါဘူး
    အတန်းထဲမှာ ဆရာက အရမ်းမွှန်းနေလို့ သုံးကြည့်ချင်လို့ပါ … သုံးပုံသုံးနည်းနဲ့တကယ့်လုပ်ငန်းခွင်မှာ
    အသုံးပြုရပုံလေးတွေကို ရှင်းပြပေးပါလားဗျာ
    ကျနော့် အီးမေးက kothuranaing@gmail.com ဖြစ်ပါတယ်
    ဖြစ်နိုင်ရင် လှမ်းပို့ပေးပါလား (သို့) တနေရာရာမှာ upload တင်ပြီး လင့်ပို့ပေးပါလား

  5. MyMetro June 28, 2008 at 9:02 PM  

    ကိုသူရနိုင်.... Plaxis ကို upload တင်ပြီးတာနဲ့ လင့်တွေ အီးမေးလ်နဲ့ ပို့ပေးလိုက်ပါ့မယ်။

  6. Anonymous January 19, 2009 at 10:01 AM  

    hi, bro!

    thanks for ur sharing.

  7. Sithu April 15, 2009 at 6:29 PM  

    PLAXIS ဆော့ဖ်ဝဲလေးလိုချင်လို့ပါ .
    ကျနော့် အီးမေးက kosithuag@gmail.com ဖြစ်ပါတယ်
    ဖြစ်နိုင်ရင် လှမ်းပို့ပေးပါလား (သို့) တနေရာရာမှာ upload တင်ပြီး လင့်ပို့ပေးပါလား
    ကျေးဇူးတင်ပါတယ်။

  8. Unknown January 2, 2010 at 2:56 PM  

    မြန်မာအင်ဂျင်နီယာဖိုရမ်းမှာ အစ်ကိုတင်ထားတာတွေရလို့ ၀င်ကြည့်တာပါ။ (Metro, Tunnel) နဲ့ပတ်သက်ပြီး လိုက်ရှာနေတာကြာပါပြီ။ အစ်ကိုတင်ထားတာတွေ့မှပဲ ကျွန်တော်လိုချင်တဲ့ sofware ဆိုတာသိရတော့တယ်။ Under Ground Structure Design လုပ်ကြည့်ချင်လို့ ပါ။ PLAXIS ဆော့ဝဲလေးလိုချင်လို့ပါ။ ကျေးဇူးပြုပြီးကူညီပေးပါလား။

    လေးစားလျက်။
    aungkhaing135@gmail.com

  9. Anonymous January 14, 2010 at 8:29 AM  

    hello! I would like to get softcopy for plaxis software.I just want to learn it .if possible,my email is nyimoe75@gmail.com
    thanks

  10. Anonymous December 17, 2013 at 1:36 PM  

    အစ်ကို ခင်ဗျား ... ,ကျွန်တော်လည်း PLAXIS ဆော့ဝဲ နှင့် အသုံးပြုပုံလေးလိုချင် ပါသည်။
    ကျေးဇူးတင် စွာဖြင့် vampirereturn44@gmail.com

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.