မြန်နှုန်းမြင့်ရထား ဆိုသည်မှာ သာမန်လမ်းကြောင်းများတွင် ပြေးဆွဲသော ရထားများထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်အောင် ပြေးဆွဲနိုင်သည့် ခရီးသည်တင် ရထားများပင် ဖြစ်ပါသည်။ စံသတ်မှတ်ချက်များအရ အသုံးပြုသောလမ်းကြောင်း (Railways Tracks) များပေါ် မူတည်၍ အမေရိကန်နိုင်ငံရှိ ပြည်နယ်အုပ်ချုပ်မှု လမ်းကြောင်းများတွင် တနာရီ ၁၄၅ ကီလိုမီတာ၊(မိုင်၉၀) နှင့်အထက်၊ ဥရောပနိုင်ငံများတွင် တနာရီ ၂၀၀ ကီလိုမီတာ (၁၂၄ မိုင်) ပြေးဆွဲနိုင်သော ရထားများ ပါဝင်ပါသည်။ သို့သော်လည်း စံသတ်မှတ်ချက်တခု အနေနှင့်မဟုတ်ဘဲ ဒေသတွင်း လိုအပ်ချက်များအရ အခြားရထားများသည်လည်း လိုအပ်နေမည်သာ ဖြစ်ပါသည်။
မြန်နှုန်းမြင့်ရထားများအား ဒီဇိုင်းရေးဆွဲ ထုတ်လုပ်မှုသည် အခြားသော ကုန်စည်ပို့ဆောင်မှု အမျိုးအစားနှင့်ဆိုင်သော ရထားပြေးဆွဲမှုများအတွက်လည်း လက်ဆင့်ကမ်းပေးနိုင်စွမ်း ရှိပါသည်။ ဆိုလိုသည်မှာ ပြင်သစ်နိုင်ငံရှိ စာပို့ရထား သယ်ယူပို့ဆောင်ရေး လုပ်ငန်း လာပို့စတီ (La Poste) တွင်အခြားသော ကုန်တင်ပို့ဆောင်ရေး TGV အမျိုးအစား မြန်နှုန်းမြင့်ရထားများကိုလည်း လည်းပိုင်ဆိုင်ထားခြင်းပင်ဖြစ်ပါသည်။
သမိုင်းကြောင်းများ
(၂၀)ရာစု အစောပိုင်းမှစ၍ မော်တော်ကား သယ်ယူပို့ဆောင်ရေးသည် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၏ အဓိကကျသော အစိတ်အပိုင်းတရပ် ဖြစ်လာသော်လည်း ရထားသယ်ယူပို့ဆောင်မှုသည် အခြေခံကျသော ခရီးသည်အများစုကို တင်ဆောင်နိုင်သော ပထမဆုံး သယ်ယူပို့ဆောင်မှုပုံစံ ဖြစ်ပါသည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် ၁၉၃၃ ခုနှစ်မှစ၍ ရေနွေးငွေ့ ပိုက်လိုင်းသုံးရထားများ (streamlined trains) များကို အသုံးပြု၍ ပျှမ်းမျှအမြန်နှုန်း တနာရီ (၁၃၀) ကီလိုမီတာနှင့် အမြန်ဆုံးအလျင် တနာရီ (၁၆၀) ကီလိုမီတာအထက်အထိ ပြေးဆွဲနိုင်ခဲ့ပါသည်။ ထိုဝန်ဆောင်မှုများသည် ထိပ်တန်းလေယာဉ် သယ်ဆောင်မှုများကိုပင် စိန်ခေါ်ယှဉ်ပြိုင်နိုင်ခဲ့ကြပါသည်။ အရှိန်အဟုန် ကောင်းဆဲမှာပင် ဒုတိယကမ္ဘာစစ်ကြောင့် ရပ်တန့်ခဲ့ရသည်။ ၁၉၅၇ ခုနှစ်တွင် ဂျပန်နိုင်ငံ အိုဓတ်ယု(Odakyu) လျှပ်စစ်ရထားကုမ္ပဏီမှ စတင်ပြီး အက်စ်အက်စ်အီး ၃၀၀၀ (SSE 3000) အမျိုးအစား ရိုမန်ဆည်းဆာ ရထားများကိုစတင် အသုံးပြုခဲ့ပါသည်။ အခြား ကန့်သတ်ချက်များစွာ ရှိခဲ့သော်လည်း ဂျပန်အင်ဂျင်နီယာများ၏ စွမ်းဆောင်မှုများဖြင့် အန္တရာယ်ကင်းစွာ တနာရီ ၁၄၅ ကီလိုမီတာနှုန်းအထိ ပြေးဆွဲနိုင်သော ကမ္ဘာ့စံချိန်တင် ရထားများ ဖြစ်ခဲ့ပါသည်။
ကမ္ဘာ့ပထမဆုံး မြန်နှုန်းမြင့်ရထားများကို ဂျပန်နိုင်ငံတွင် ၁၉၅၉ ခုနှစ်မှစတင် တည်ဆောက်ခဲ့ပြီး ၁၉၆၄ ခုနှစ်၊ အောက်တိုဘာတွင် စတင်အသုံးပြုခဲ့သည့် တိုကိုင်းဒိုး ရှင်ကန်ဆန် (Tokaido Shinkansen) ရထားများ ဖြစ်ပါသည်။ ပထမဆုံး ရှင်ကန်ဆန် ဇီးရိုးစီးရီးများကို ဂျပန်နိုင်ငံ ကာဝါဆာကီ စက်ရုံကြီးများတွင် တည်ဆောက်ခဲ့ပြီး တိုကျို-နာဂိုယာ-ကျိုတို-အိုဆာကာ လမ်းကြောင်းတလျှောက် အမြန်နှုန်း တနာရီ ၂၀၀ ကီလိုမီတာ (၁၂၅ မိုင်နှုန်း) ဖြင့် ပြေးဆွဲခဲ့ပါသည်။
အခြေခံအကြောင်းအရင်းများ
ဂျပန်နှင့်ပြင်သစ် နှစ်နိုင်ငံလုံးတွင် မြန်နှုန်းမြင့်ရထားများကို သုံးစွဲလာရခြင်း၏ တွန်းအားတရပ်မှာ ခရီးသည် သယ်ယူပို့ဆောင်မှုနှုန်း မြင့်မားလာခြင်းကြောင့်ဖြစ်သည်။ ၁၉၅၀ နှစ်လယ်ကာလများတွင် မြင့်မားလာသော စက်မှုစွမ်းအားများကို အသုံးပြု၍ ဂျပန်နိုင်ငံ တိုကိုင်းဒိုး လမ်းမကြီးပေါ်တွင် တိုကိုင်းဒိုး-ရှင်ကန်ဆန် ရထားစီမံကိန်းကို တိုကျိုနှင့် အိုဆာကာ ကြားတွင် ၁၉၅၉ ခုနှစ်တွင် စတင်ခဲ့ပါသည်။ တိုကိုင်းဒိုး-ရှင်ကန်ဆန်ကို ဂျပန်နိုင်ငံတွင် အိုလံပစ်ပွဲတော် ကျင်းပသော ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၌ ဖွင့်လှစ်ခဲ့ပါသည်။ ပြင်သစ်နိုင်ငံတွင်မူ ၁၉၇၀ ခုနှစ်တွင် စီမံကိန်း စတင်ခဲ့သော ပဲရစ်နှင့်လိုင်ယွန်ကြား ပင်မလမ်းကြီးကို အသစ်ပြန်လည် ဆောက်လုပ်ခဲ့ပါသည်။ အထက်ပါ ဖြစ်စဉ်နှစ်ရပ်လုံးကို သုံးသပ်ကြည့်ပါက သာမန်ရထားများထက် အဆပေါင်းများစွာ ပြေးဆွဲနိုင်သော ရထားများကို အထူးအသုံးပြုရန် ခွဲထုတ်လိုခြင်းဖြစ်သည်။ လမ်းကြောင်းနှစ်ခုလုံးတွင် (၃) နာရီအတွင်း မြို့ကြီးများသို့ ပို့ဆောင်ပေးနိုင်ပြီး သယ်ဆောင်မှု အခေါက်ရေများကို ပြဇာတ်ဆန်ဆန် လျော့ချပေးနိုင်ခြင်း ဖြစ်ပါသည်။ ထိုအရာများသည် စီးပွားရေးလုပ်ငန်းများ တိုးတက်လာခြင်း (သို့) မြန်နူန်းမြင့် ရထားများ စတင်အသုံးပြုမှုဖြင့် ၎င်းနိုင်ငံများအတွင်း ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်အောင်မြင်လာခြင်း (Commercial success) ပင်ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် ဒုတိယကမ္ဘာစစ်အပြီး လောင်စာဆီ ဈေးနှုန်းများ ချိုသာလာခြင်း၊ အလိုအလျှောက် အသုံးပြုနိုင်သော စက်မှုနည်းပညာများ ဖွံဖြိုးလာခြင်းနှင့် အဝေးပြေးလမ်းများနှင့် လေယာဉ်ကွင်း သယ်ယူပို့ဆောင်ပေးမှုများကို အစိုးရ ထောက်ပံ့ပေးခြင်းတို့မှလည်း မြန်နှုန်းမြင့်ရထားများ တိုးတက်လာမှုကို အထောက်အကူ ပြုစေခဲ့ပါသည်။ ဥရောပနှင့် ဂျပန်နိုင်ငံများတွင် မြန်နှုန်းမြင့် ရထားများအပေါ် အလေးထား ဆောင်ရွက်မှုများမှာ ကမ္ဘာစစ်ကြီးများ အပြီးတွင် သိသိသာသာ တိုးတက်လာခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင်မှု ထိုကဲ့သို့အလေးထား ဆောင်ရွက်မှုများကြောင့် အလွန်ကြီးမားသော အဝေးပြေး လမ်းများနှင့် လေယာဉ်ကွင်းများကို တည်ဆောင်နိုင်သည်အထိပင် ဖြစ်ပါသည်။ ၎င်းနိုင်ငံတွင် မြို့တွင်း သယ်ယူပို့ဆောင်မှုများအား လုံးဝ လျစ်လျူရှုထားသည့်အထိ ဖြစ်ခဲ့ပါသည်။ အမေရိကန်နိုင်ငံရှိ အဝေးပြေး ရထားလမ်းကြောင်းများသည် အခြားဥရောပနှင့် ဂျပန်ကို စိန်ခေါ်ယှဉ်ပြိုင်နိုင်သည့်အထိ အစိုးရမှ ထိန်းသိမ်း လုပ်ဆောင်ခဲ့ပါသည်။ အကြောင်းမှာ ထိုအချိန်က အခြားနိုင်ငံများထက် လူဦးရေထူထပ်မှု သိပ်မရှိခြင်းကြောင့်ဖြစ်ပါသည်။
လောင်စာဆီဈေးနှုန်းနှင့် လူဦးရေ ထူထပ်မှုများကြောင့် ရထားဖြင့် ခရီးသွားလာမှုသည် ကားနှင့်သွားလာခြင်းကို စိန်ခေါ်လာနိုင်ပါသည်။ အကြောင်းမှာ ရထားတွင်အသုံးပြုသော လောင်စာဆီ (gasoline engine) သည် ကားထက် လျော့နည်းသောကြောင့် ဖြစ်ပါသည်။ တခါတရံတွင်လည်း များပြားစွာ အသုံးပြုရခြင်းများ ရှိတတ်ပါသည်။ မြန်နှုန်းမြင့်ရထား အနည်းငယ်သာ လောင်စာဆီစွမ်းအင် အသုံးပြုရပြီး ကျန်သည့်လျှပ်စစ်ရထားများတွင်မူ လျှပ်စစ်စွမ်းအင် ပမာဏကိုသာ ပြည့်မီအောင် ဖြည့်တင်းပေးရပါသည်။ မြန်နှုန်းမြင့် လျှပ်စစ်ရထားလမ်း ကွန်ယက်များမှာ ဂျပန်နှင့် ပြင်သစ်တွင်သာရှိပြီး နျူကလီးယားစွမ်းအင်မှ လျှပ်စစ်ဓါတ်အားကို ရယူပါသည်။ ကျောက်မီးသွေးမှ လောင်စာရယူပြီး ပြေးဆွဲလျှင်လည်း ဂျင်နရေတာပါဝါမှ လျပ်စစ်ဓါတ်အား လုံလောက်စွာရရှိခြင်းကြောင့် အခြားသော ယာဉ်များထက် သာလွန်သော ခရီးသည်အရေအတွက် လျင်မြန်မှုများနှင့် ပြေးဆွဲနိုင်ပါသည်။ မြန်နှုန်းမြင့် ရထားကဲ့သို့သော ရထားလမ်းပိုင်းဆိုင်ရာ ကွန်ယက်များအတွက် လိုအပ်သော စက်မှုကုန်ကြမ်းများသည် အခြား၊ အခြားသော လေယာဉ်တင် (aircraft) များနှင့် မော်တော်ယာဉ် အသုံးပြု ပစ္စည်းများကဲ့သို့အခြေခံ အဆောက်အအုံ အရည်အသွေးချင်း ယှဉ်နိုင်စွမ်းရှိရပါမည်။ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန်၊ စပိန်၊ ပြင်သစ် စသောနိုင်ငံများနှင့် ဂျပန်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ အောင်မြင်ရခြင်း အဓိက အချက်မှာ မြို့တွင်းလူဦးရေ သိပ်သည်းမှုများကြောင့်လည်း ဖြစ်ပါသည်။ အမေရိကန်နိုင်ငံတွင် မြန်နှုန်းမြင့် လမ်းကြောင်းများကို အခြားဥရောပနိုင်ငံများနှင့် မတူဘဲ ဒုတိယကမ္ဘာစစ်အကြိုကာလ ကတည်းကပင် အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။ အကြောင်းမှာ အမေရိကန် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ဖွံဖြိုးတိုးတက်မူ အားကောင်းခြင်းကြောင့်လည်း ဖြစ်ပါသည်။ မြန်နှုန်းမြင့်ရထားများ၏ ဆောက်လုပ်မူဆိုင်ရာ အခြေခံအဆောက်အအုံ (infrastructure)ကို တွက်ချက်ခြင်းမပြုပါက ၎င်းရထားများသည် သာမန်မြန်နှုန်းရှိ အလယ်အလတ်တန်းစား ရထားများထက် ပိုမိုပြီး အကျိုးအမြတ် ရရှိနိုင်ပါသည်။ အကြောင်းမှာ များပြားစွာသုံးစွဲရသော အမူထမ်း၊ ပညာရှင်များ မလိုအပ်ခြင်းနှင့် လက်မှတ်မှရသော ဝင်ငွေများသည် ခရီးအကွာအဝေးပေါ်တွင် မူတည်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အသုံးပြုသော စရိတ်စက အားလုံးအတွက် ရရှိသောဝင်ငွေအချိုးသည် မြန်နှုန်းမြင့်ရထားများတွင် ပိုမိုကောင်းမွန်ပါသည်။
မြန်နှုန်းမြင့်ရထား အသုံးပြုလျက်ရှိသော နိုင်ငံများ
ပုံမှန်အမြင့်မားဆုံး အသုံးပြုသော အမြန်နှုန်း တနာရီ ၂၀၀ ကီလိုမီတာ (၁၂၄ မိုင်) နှုန်းဖြင့် ပြေးဆွဲလျက်ရှိသော ရထားများကို အသုံးပြုလျက်ရှိသော နိုင်ငံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
တည်ဆောက်ဆဲ မြန်နှုန်းမြှင့်ရထားလမ်း စီမံကိန်းများ
အိုင်ယာလန်နိုင်ငံ၏ အမြင့်မားဆုံးသော သယ်ယူပို့ဆောင်မှုစနစ်မှာ ဒပ်ဘလင် (Dublin) မှ ကော့ခ် (Cork) ထိပြေးဆွဲပေးသော အင်တာစီးတီး (Intercity) ဆားဗစ်ဖြစ်ပါသည်။ စွမ်းအားမြင့်ကားများနှင့် လမ်းကြောင်းများတလျှောက် ပို့ဆောင်မှုနှုန်း မြင့်မားစေရန် တနာရီ ၂၀၀ ကီလိုမီတာ၊ (၁၂၅) မိုင်ထိ တိုးချဲ့ပြေးဆွဲရန် အစီအစဉ်ချ လုပ်ဆောင်မှုများ ရှိခဲ့ပါသည်။ ဒပ်ဘလင်မှ ဘဲလ်ဖတ်စ် (Belfast) လမ်းကြောင်းတလျှောက်တွင် ၂၀၂၀ ခုနှစ် နောက်ပိုင်း အောက်ပါအဆင့်မြှင့်တင်မှု လုပ်ငန်းများ အကောင်အထည်ဖော်ရန် စီစဉ်ထားပါသည်။
တောင်အမေရိကရှိ အာဂျင်တီးနားနိုင်ငံ၏ တီအေဗွီ (TAV) စီးရီးရထားများအား ပထမတန်း မြန်နှုန်းမြင့်ရထားများ (အလွန်မြန်ဆန်သောနှုန်း တနာရီ ၃၂၀ ကီလိုမီတာထိ) အဖြစ် အဆင့်မြှင့်တင်ရန်အတွက် ၂၀၀၈ ခုနှစ်၊ မတ်လမှ စ၍ စီမံကိန်းစတင်ခဲ့ပြီး ပထမအဆင့်ကို ၂၀၁၀ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားသည်။ ၎င်းစီမံကိန်းသည် မြို့တော်ကြီးများဖြစ်သော ဗြူနို့စ်အေးရီးစ်(Buenos Aries) နှင့် ရိုဆာရီရို ( Rosario) ကြား အကွာအဝေး ၂၈၆ ကီလိုမီတာ (၁၇၆ မိုင်)၊ ကော်ဒိုဘာ (Cordoba)ထိ အကွာအဝေး ၇၁၀ ကီလိုမီတာ (၄၄၁)မိုင်၊ ထိုမှတဆင့် ကော်ဒိုဘာမှ မာဒယ်ပလာတာထိ ခရီးအကွာအဝေး စုစုပေါင်း ၁၁၂၀ ကီလိုမီတာ (၆၉၅) မိုင်ကို ဆက်သွယ်ပေးနိုင်မည် ဖြစ်သည်။
ခရိုအေးရှားနိုင်ငံတွင်မူ ဇာဂရက်(Zagreb) နှင့် ရီဂျက်ကာ (Rijeka) ကြား မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်မှုစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ပြီးဆုံးမည်ဟု သိရှိရပါသည်။
တူရကီနိုင်ငံတွင် မြို့တော်ကြီးများဖြစ်သော အန်ကာရာ (Ankara) နှင့် အဓိကဆက်သွယ်ရေးမြို့တော်ဖြစ်သော အစ္စတန်ဘူလ် (Istanbul) မြို့တော်များကြား မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်မူကို ၂၀၀၇ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် စတင်ခဲ့ပါသည်။
ထရီနီဒက်နှင့်တိုဘာကို နိုင်ငံတွင် ၎င်းနိုင်ငံ၏ မြိုတော်များဖြစ်သော Port of Spain နှင့် ဆန်ဖာနန်ဒို (Sen Fernando) ကြား မြန်နှုန်းမြင့်ရထား ဆက်သွယ်ပြေးဆွဲမှုကို ၂၀၀၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် စတင်နိုင်မည်ဟု ခန့်မှန်းထားပါသည်။
ကနေဒါနိုင်ငံတွင်လည်း အွန်တေရီယို (Ontario)နှင့် ကွီဘက် (Quebec)သို့ ဝင်ဆာ (Windsor)၊ အွန်တေရီယိုမှ မွန်ထရီယယ်လ် (Montréal)၊ ကွီးဘက်သို့ မြန်နှုန်းမြင့်ရထားများ ပြေးဆွဲနိုင်ရန် စီစဉ်လျှက်ရှိပါသည်။
ကမ္ဘာအရပ်ရပ်တွင် လက်ရှိအသုံးပြုနေသော ကျည်ဆံရထားများ
Related Posts
1. ရထားနဲ့လေယာဉ်ကို နှိုင်းယှဉ်ကြည့်ခြင်း
2. Maglev လျှပ်စစ်သံလိုက်ရထား
ရည်ညွှန်းကိုးကား
Wikipedia
ပရင့်ထုတ်ရန်

- အာဂျင်တီးနား (စီမံကိန်းအဆင့်)
- သြစတြီးလီးယား (ပုံမှန် တနာရီ ကီလိုမီတာ ၂၀၀ နှုန်း)
- သြစတြေးလျ (ပုံမှန် တနာရီ ကီလိုမီတာ ၂၀၀ နှုန်း၊ ယခု ၂၀၀၈ ခုနှစ်တွင် တနာရီ ၂၃၀ ကီလိုမီတာထိ ရည်မှန်းထား)
- ဘယ်လ်ဂျီယံ
- တရုတ်
- ချက်ရီပါတ်ဘလစ် (ပန်ဒိုလီဒို၊ တနာရီ ၂၃၇ ကီလိုမီတာနှုန်းကို ၂၀၀၄ ခုနှစ်တွင်စတင်အသုံးပြုခဲ့)
- ဖင်လန်
- ပြင်သစ်
- ဂျာမနီ (ကိုလုံးမှ ဖရန့်ဖတ်သို့ တနာရီ ၃၀၀ကီလိုမီတာ/၁၈၆ မိုင်)
- အီတလီ
- ဂျပန်
- နော်ဝေး
- ပေါ်တူဂီ
- ရုရှား (စိန့်ပီတာစဘတ်နှင့် မော်စကိုကြား စီမံကိန်းရေးဆွဲပြီး မကြာမီ အကောင်အထည် ဖော်တော့မည်ဟုသိရ)
- တောင်ကိုရီးယား
- စလိုဗက်ကီးယား
- စပိန် (ပုံမှန် တနာရီ ၂၀၀ ကီလိုမီတာ)
- ဆွီဒင် (လက်ရှိ တနာရီ ၂၀၀ ကီလိုမီတာ ပြေးဆွဲသော ရထားများကို အသုံးပြုလျက်ရှိ၊ ကြံ့ကြာမူများရှိပါက ၂၀၅ ကီလိုမီတာနှုန်းကို အသုံးပြုပါသည်။ တနာရီ ၂၅၀ ကီလိုမီတာ ရထားများကို ပြေးဆွဲနိုင်ရန် စီစဉ်ထား)
- ဆွစ်ဇာလန်
- တူရကီ
- ထိုင်ဝမ်
- ဗြိတိန်
- အမေရိကန်ပြည်ထောင်စု
တည်ဆောက်ဆဲ မြန်နှုန်းမြှင့်ရထားလမ်း စီမံကိန်းများ
အိုင်ယာလန်နိုင်ငံ၏ အမြင့်မားဆုံးသော သယ်ယူပို့ဆောင်မှုစနစ်မှာ ဒပ်ဘလင် (Dublin) မှ ကော့ခ် (Cork) ထိပြေးဆွဲပေးသော အင်တာစီးတီး (Intercity) ဆားဗစ်ဖြစ်ပါသည်။ စွမ်းအားမြင့်ကားများနှင့် လမ်းကြောင်းများတလျှောက် ပို့ဆောင်မှုနှုန်း မြင့်မားစေရန် တနာရီ ၂၀၀ ကီလိုမီတာ၊ (၁၂၅) မိုင်ထိ တိုးချဲ့ပြေးဆွဲရန် အစီအစဉ်ချ လုပ်ဆောင်မှုများ ရှိခဲ့ပါသည်။ ဒပ်ဘလင်မှ ဘဲလ်ဖတ်စ် (Belfast) လမ်းကြောင်းတလျှောက်တွင် ၂၀၂၀ ခုနှစ် နောက်ပိုင်း အောက်ပါအဆင့်မြှင့်တင်မှု လုပ်ငန်းများ အကောင်အထည်ဖော်ရန် စီစဉ်ထားပါသည်။
- လမ်းကြောင်းများကို တွဲ၊ စက်ခေါင်းအသစ်များဖြင့် အရည်အသွေး (၁ နာရီ ၂၀၀ ကီလိုမီတာ (၁၂၅ မိုင်) နှုန်းထိမြင့်တင်ခြင်း
- လမ်းကြောင်းများတလျှောက် ရထားအသစ်များဖြင့် တနာရီ ၂၄၀ ကီလိုမီတာ (၁၄၀)မိုင် နှုန်းထိ ပြေးဆွဲနိုင်ရန် အရည်အသွေးမြှင့်တင်ခြင်း
တောင်အမေရိကရှိ အာဂျင်တီးနားနိုင်ငံ၏ တီအေဗွီ (TAV) စီးရီးရထားများအား ပထမတန်း မြန်နှုန်းမြင့်ရထားများ (အလွန်မြန်ဆန်သောနှုန်း တနာရီ ၃၂၀ ကီလိုမီတာထိ) အဖြစ် အဆင့်မြှင့်တင်ရန်အတွက် ၂၀၀၈ ခုနှစ်၊ မတ်လမှ စ၍ စီမံကိန်းစတင်ခဲ့ပြီး ပထမအဆင့်ကို ၂၀၁၀ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားသည်။ ၎င်းစီမံကိန်းသည် မြို့တော်ကြီးများဖြစ်သော ဗြူနို့စ်အေးရီးစ်(Buenos Aries) နှင့် ရိုဆာရီရို ( Rosario) ကြား အကွာအဝေး ၂၈၆ ကီလိုမီတာ (၁၇၆ မိုင်)၊ ကော်ဒိုဘာ (Cordoba)ထိ အကွာအဝေး ၇၁၀ ကီလိုမီတာ (၄၄၁)မိုင်၊ ထိုမှတဆင့် ကော်ဒိုဘာမှ မာဒယ်ပလာတာထိ ခရီးအကွာအဝေး စုစုပေါင်း ၁၁၂၀ ကီလိုမီတာ (၆၉၅) မိုင်ကို ဆက်သွယ်ပေးနိုင်မည် ဖြစ်သည်။
ခရိုအေးရှားနိုင်ငံတွင်မူ ဇာဂရက်(Zagreb) နှင့် ရီဂျက်ကာ (Rijeka) ကြား မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်မှုစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ပြီးဆုံးမည်ဟု သိရှိရပါသည်။
တူရကီနိုင်ငံတွင် မြို့တော်ကြီးများဖြစ်သော အန်ကာရာ (Ankara) နှင့် အဓိကဆက်သွယ်ရေးမြို့တော်ဖြစ်သော အစ္စတန်ဘူလ် (Istanbul) မြို့တော်များကြား မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်မူကို ၂၀၀၇ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် စတင်ခဲ့ပါသည်။
ထရီနီဒက်နှင့်တိုဘာကို နိုင်ငံတွင် ၎င်းနိုင်ငံ၏ မြိုတော်များဖြစ်သော Port of Spain နှင့် ဆန်ဖာနန်ဒို (Sen Fernando) ကြား မြန်နှုန်းမြင့်ရထား ဆက်သွယ်ပြေးဆွဲမှုကို ၂၀၀၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် စတင်နိုင်မည်ဟု ခန့်မှန်းထားပါသည်။
ကနေဒါနိုင်ငံတွင်လည်း အွန်တေရီယို (Ontario)နှင့် ကွီဘက် (Quebec)သို့ ဝင်ဆာ (Windsor)၊ အွန်တေရီယိုမှ မွန်ထရီယယ်လ် (Montréal)၊ ကွီးဘက်သို့ မြန်နှုန်းမြင့်ရထားများ ပြေးဆွဲနိုင်ရန် စီစဉ်လျှက်ရှိပါသည်။
ကမ္ဘာအရပ်ရပ်တွင် လက်ရှိအသုံးပြုနေသော ကျည်ဆံရထားများ
Related Posts
1. ရထားနဲ့လေယာဉ်ကို နှိုင်းယှဉ်ကြည့်ခြင်း
2. Maglev လျှပ်စစ်သံလိုက်ရထား
ရည်ညွှန်းကိုးကား
Wikipedia
အခုလို စာမူတွေ ရေးသားပေးပို့တဲ့ အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ညီလေးရေ။ မြန်နှုန်းမြင့် ရထားတွေနဲ့ ပတ်သက်တဲ့ အခြား ထည့်သွင်းစဉ်းစားရမယ့် အချက်လေးတွေ ဖြစ်တဲ့ စွမ်းအင်သုံးစွဲမှုတွေ၊ လုံခြုံစိတ်ချရမှုနဲ့ တခြားယာဉ်အမျိုးအစားတွေနဲ့ နှိုင်းယှဉ်မှုလေးတွေပါ ထပ်မံရေးသားပေးဖို့ တိုက်တွန်းပါတယ်။