* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

(က - ၁) မြေအောက်ရထားပြေးဆွဲရာတွင်အသုံးပြုမည့် ဆက်သွယ်မှုပုံစံများ
မြေအောက်ရထား၏ ပြေးဆွဲမှုဆိုင်ရာ ထိန်းချုပ်မှုများအတွက် ဆက်သွယ်ရေး နည်းစနစ်များကို အသုံးပြုရပါမည်။ ၎င်းဆက်သွယ်ရေးဆိုင်ရာ နည်းစနစ်များ အကူအညီဖြင့် လမ်းပိုင်းဆိုင်ရာ ထိန်းချုပ်သူ (traffic controller) များသည် အခြားထိန်းချုပ်ရေး ပစ္စည်းများကို တပ်ဆင်ချိတ်ဆက်နိုင်ပြီး ဘူတာများ၊ ဘူတာ တခုနှင့်တခုကြား လမ်းကြောင်းများနှင့် အခြားသော အုပ်ချုပ်မှုဆိုင်ရာ နယ်မြေများစွာကို ဆက်သွယ် ချိတ်ဆက်နိုင်မည် ဖြစ်ပါသည်။ မြေအောက်ရထား လမ်းကြောင်းများတွင် အောက်ဖော်ပြပါ ဆက်သွယ်မှုများ ရှိနေရပါမည်။ ၎င်းတို့မှာ -
(၁) ရထားထိန်းချုပ်သူများဆိုင်ရာ ဆက်သွယ်မှု၊
(၂) ရထားပိုင်းဆိုင်ရာ ရေဒီယိုဆက်သွယ်မှု၊
(၃) ဥမင်(tunnel)ပိုင်းဆိုင်ရာ ဆက်သွယ်မှု၊
(၄) လျှပ်စစ်ထိန်းချုပ်မှုပိုင်းဆိုင်ရာ ဆက်သွယ်မှု၊
(၅) လျှပ်စစ်နှင့် စက်အစိတ်အပိုင်းများဆိုင်ရာ (electro mechanic) ဆက်သွယ်မှု၊
(၆) စက်လှေကားပိုင်းဆိုင်ရာ ဆက်သွယ်မှု၊
(၇) လမ်းခွဲများဆိုင်ရာ ဆက်သွယ်မှု၊
(၈) မြေအောက်ရထားအတွင်း သတင်းဖြန့်ဝေခြင်းဆိုင်ရာ ဆက်သွယ်မှု၊
(၉) နေရာအသီးသီးရှိ အမှုထမ်းများ အချင်းချင်းနှင့် Central Signalization Blocking မှ ဆက်သွယ်မှု၊
(၁၀) အော်တိုမက်တစ်၊ တယ်လီမက်ဂနစ် ဆိုင်ရာဆက်သွယ်မှု၊
(၁၁) နေရာအပိုင်းလိုက် ဆက်သွယ်မှု၊
(၁၂) အုပ်ချုပ်သူ Operator ၊ automatic telephone ၊ ဆက်သွယ်ရေး နည်းပညာပိုင်းဆိုင်ရာ ဆက်သွယ်မှုများ ဖြစ်ပါသည်။

ရထားထိန်းချုပ်သူများ အချင်းချင်း၊ ဘူတာတာဝန်ကျများ အချင်းအချင်း အပြန်အလှန် ပြောဆိုမှုများ၊ လျှပ်စစ်ဌာနရှိ တာဝန်ကျများ၊ ရထားတစီးလုံး ကြံ့ခိုင်မှုစစ်ဆေးသည့် နေရာများမှ တာဝန်ကျများနှင့် စက်ခေါင်းမှူး၊ ဒုစက်ခေါင်းမှူးများ၊ လျှပ်စစ်စက်ပြင်ဌာနမှ တာဝန်ရှိသူများ ၊ အထက်ဖော်ပြပါ crew များအားလုံးကြား အပြန်အလှန်သတင်း ဖြန့်ဝေနိုင်ရန်အတွက် လမ်းကြောင်းများအားလုံးတွင် ရထားထိန်းချုပ်သူများဆိုင်ရာ ဆက်သွယ်မှုစနစ် ကို တပ်ဆင်အသုံးပြုပါသည်။ လျှပ်စစ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုအတွက် ကြားခံနယ် (intermediate points)များကို လျှပ်စစ်ဆွဲအားဌာန (traction substation) များတွင် ထားရှိပါသည်။

လျှပ်စစ်နည်းပညာနှင့် စက်လှေကားပိုင်းဆိုင်ရာ ဆက်သွယ်မှုကို ထိန်းချုပ်သူတဦးမှ အခြားသော လမ်းကြောင်းများနှင့် ထိန်းချုပ်မှု ဖြစ်နိုင်ချေကို ကြည့်ပြီး တည်ဆောက်ထားပါသည်။ ဆက်သွယ်ရေး ကြားခံနယ်များကို ဥမင်ဆိုင်ရာ လေဝင်လေထွက်စနစ် နေရာများ၊ ရေစုပ်စက်များ၊ ဘူတာများအကြားရှိ လမ်းများ၊ စက်လှေကား နေရာချထားသည့် နေရာများတွင် နေရာချထားပါသည်။

နည်းပညာပိုင်းဆိုင်ရာ ဆက်သွယ်မှုတွင်မူ ဥမင်များအတွင်း သီးသန့်ခေါ်ဆိုမှု (selective call) များနှင့် ဆက်စပ်နေသော ကိရိယာ ကိုအသုံးပြုပါသည်။

ရထားပြေးဆွဲမှု လမ်းကြောင်းများ အားလုံးတွင် ရထားနှင့်ဆိုင်သော ရေဒီယို ဆက်သွယ်မှုများ တပ်ဆင်ထားပါသည်။ ၄င်းဆက်သွယ်မှုသည် ရထားထိန်းချုပ်သူ (train controllers) များကို ပြေးဆွဲရထားများမှ စက်ခေါင်း(locomotive) ပိုင်းရှိ စက်ခေါင်းမှူး နှင့် တွဲဖက် စက်ခေါင်းမှူးများ၊ ၎င်းစက်ခေါင်းမှူးများမှ တဖန် မည်သည့်နေရာမှ မဆို ရထားထိန်းချုပ်သူများကို ပြန်လည် ရွေးချယ်ခေါ်ယူနိုင်မည့် နည်းပညာများဖြင့် ရထားပြေးဆွဲမှုကို ထိန်းချုပ်ထားပေးပါသည်။ ရေဒီယို ဆက်သွယ်မှု အတွက်ကို ဆက်သွယ်မှုလှိုင်းများ (signal waves)၊ မြေပေါ်လမ်းပိုင်း ပြေးဆွဲမှုအတွက် သုံးစွဲသော ရေဒီယိုစတေရှင်များကို အသုံးပြုသည်။

မြေအောက်ရထားအတွင်း တာဝန်ထမ်းဆောင်လျှက်ရှိသော အမှုထမ်းများ အချင်းချင်းကြား ဆက်သွယ်မှု အတွက် အုပ်ချုပ်သူ operator ၊ automatic telephone ၊ နည်းပညာပိုင်းဆိုင်ရာ ဆက်သွယ်မှု ကို စတေရှင်များအတွင်း အော်တိုမက်တစ် တယ်လီဖုန်းများ၏ အကူအညီများဖြင့် ထားရှိပါသည်။ ၎င်းဆက်သွယ်မှု အတွက် လိုအပ်သော ဒေတာများကို အသုံးပြုပစည်းများ၏ အမည်စာရင်းများ ထားရှိခြင်းဖြင့် ကူညီထောက်ပံ့ပေးထားပါသည်။ ၎င်းစနစ်ရှိ တခုတည်းသော ကိရိယာကို အခြား အသုံးပြု ပစ္စည်းများနှင့် တွဲဖက်အသုံးပြုနိုင်ရန်မှာ အော်ပရေတာ-ကွန်ထရိုလာ ဆက်သွယ်မှုတွင် ဖြစ်နိုင်ပါသည်။

ဥမင်အတွင်းဆက်သွယ်မှုသည် ၀န်ထမ်းများအချင်းအချင်း ဆက်သွယ်မှုနှင့် အပြန်အလှန် အသုံးချမှုများအတွက် လိုအပ်ပါသည်။ ဘူတာရုံများတွင် ဥမင်ဆက်သွယ်ရေးအတွက် တယ်လီဖုန်းများကို ရထားခေါင်းပိုင်း စက်ခေါင်းတွဲ ရပ်နားရာဘက် အစွန်းမှ ခရီးသည်စင်္ကြန် (platform) များ၏အဆုံးနေရာနှင့် Central Signalization Blocking ရီလေး နေရာများတွင် တပ်ဆင်ထားပါသည်။

ဘူတာရုံများ၊ ရထားလှည့် (လမ်းကြောင်းတခုမှ အပြန် (သို့မဟုတ်) အခြားနေရာသို့ အသွား ရထားခေါင်း လှည့်သည့်နေရာ) များ၊ ရထားတွဲဖြုတ်နေရာများမှ ၀န်ထမ်းများအခြင်းခြင်း သတင်းအချက်အလက်များ ဖလှယ် နိုင်ရန်၊ ရထားတွင်းရှိ ခရီးသည်များနှင့် ဘူတာရုံများရှိ ခရီးသည်များအတွက် သတင်းဆက်သွယ်နိုင်ရန် loud speaker များကိုအသုံးပြုပါသည်။

စတေရှင်များ၏ ပလက်ဖောင်းများမှ ခရီးသည် များအတွက် သတင်းအချက်အလက်များ အတွက်မှု အသံကျယ် ကြားနိုင်သော ရေဒီယို မိုက်ကရိုဖုန်းများကို အသုံးပြုပါသည်။ လမ်းခွဲများ၊ လမ်းခွဲစခန်းများ၊ ဘူတာတာဝန်ကျများ၊ လျှပ်စစ်နည်းပညာရှင်များ နေရာများတွင် တယ်လီဖုန်းများရှိပါသည်။

ပြီးပြည့်စုံသော ဆက်သွယ်မှု (Complete Signalization) ဖြစ်ရန် ဖော်ပြပါနည်းလမ်းဖြင့် ဖွဲ့စည်းဆောင်ရွက်ပါသည်။ အင်ဂျင်နီယာ အဆောက်အဦးနေရာရှိ ထိန်းချုပ်သူ နေရာတွင် စတူဒီယိုကို နေရာချထားသည်။ ၄င်းစတူဒီယိုသို့ မီထရိုထိန်းချုပ်မှု လမ်းကြောင်းများ၊ အကွာအဝေးများ ထိန်းချုပ်မှု၊ မြေအောက်ရထား ထိန်းသိမ်းခြင်းအဖွဲ့များ၊ စက်ပြင်ဌာနနှင့် အခြားစက်ပစ္စည်း ထိမ်းသိမ်းမှုနေရာများကို ဆက်သွယ်ထားရှိပါသည်။

မြေအောက်ရထားတွင်း အနာဂါတ်ဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရန် တွက် ကေဗယ်ကြိုး ဆက်သွယ်မှုအတွက် လိုအပ်သော ပစ္စည်းများ လျှော့ချနိုင်ရန် ရည်ရွယ်ချက်ဖြင့် digital ကိန်းဂဏန်းများဖြင့် ဆက်သွယ်မှုကို လမ်းကြောင်းတလျှောက် ထားရှိရပါမည်။ digital ဂဏန်းများဖြင့် ဆက်သွယ်အသုံးချနိုင်ရေးသည် လိုအပ်သောဆက်သွယ်မှု လိုင်းခွဲများစွာ ရရှိရန် အထောက်အကူပြုပါသည်။ ၎င်းလိုင်းခွဲ (channels) များသည် teleoperation ၊ telesignalization ၊ ဆိုင်ရာ အချိတ်အဆက်များ အတွက်လည်း အသုံးပြုနိုင်ပါသည်။ ၎င်းဒီဂျီတယ်စနစ် ကို အသုံးချနိုင်ရန်အတွက် အခြေခံလိုအပ်ချက်မှာ ဘူတာအသီးသီး ရှိ digital လိုင်းခွဲများ ပိုင်းဖြတ်မှုပင်ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

Print ပရင့်ထုတ်ရန်
1 ထင်မြင်ချက်၊
  1. whanseven December 29, 2008 at 5:26 AM  

    အားလုံး စောင့်မျှော်နေကြတဲ့ ပို့စ်လေး တစ်ခုကတော့ ရောက်လာပီလို့ ထင်ပါတယ်ဗျာ .. ဆက်လက်ဖော်ပြမှု ကို စောင့်ကြို နေပါတယ်ဗျာ ..
    နောက်ဆုံးရေးသားချက်(မြေအောက်ရထားတွင်း အနာဂါတ်ဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရန် အတွက် ကေဗယ်ကြိုး ဆက်သွယ်မှုအတွက် လိုအပ်သော ပစ္စည်းများ လျှော့ချနိုင်ရန် ရည်ရွယ်ချက်ဖြင့် digital ကိန်းဂဏန်းများဖြင့် ဆက်သွယ်မှုကို လမ်းကြောင်းတလျှောက် ထားရှိရပါမည်။) ကိုစိတ်ဝင်စားပါတယ်ခင်ဗျား.. ဘယ်လို digital system များနဲ့ တည်ဆောက်သွားမလဲ ဆိုတာကိုစိတ်ဝင်စားပါတယ် ခင်ဗျား....

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.