* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

S

EM Design (Sequential Excavation Method) ဆိုတာ NATM (New Austrian Tunneling Method) နဲ့ သဘော တရားခြင်း အတူတူပါပဲ။ မြေပျော့တဲ့ နေရာတွေ၊ အထူးသဖြင့် ရေ၀ပ်နေတဲ့ မြေအမျိုးအစား မကောင်းတဲ့ နေရာမျိုးတွေမှာ ဒီနည်းလမ်းကို အသုံးပြုပါတယ်။ NATM ကို Sprayed Method လို့လဲ ခေါ်ပါတယ်။ ဥမင်ဖောက်နေတဲ့ မျက်နှာပြင်မှာ ဖောက်လုပ်ပြီးပြီးချင်း ဥမင်မြေသားနံရံကို သံဇကာ ယက်ကာပြီး ကွန်ကရစ်ရည် မှုတ်ထုတ်ကာ ယာယီထိန်းသိမ်းတဲ့ နည်းဖြစ်ပါတယ်။ မြေသားကို ကျပ်သိပ် သွားအောင်၊ မူလပုံစံ Stability ကို ထိန်းပေးလိုက်တဲ့ သဘောပါ။ ဒီလို NATM ကို ဘယ်မှာ သုံးသလဲဆိုရင် SEM နည်းနဲ့ ဆောက်လုပ်တဲ့ ဥမင်တွေမှာ အသုံးပြုပါတယ်။

SEM နည်းဟာ ဥမင်ဧရိယာ တစ်ခုလုံးကို တပြိုင်နက်တည်း မတူးပဲနဲ့ အပိုင်း လိုက်ခွဲပြီး တူးဖော် တဲ့နည်း ဖြစ်ပါတယ်။ သာမန် နဂို Stability ရှိနေတဲ့ မြေနေရာမှာ ဥမင် တူးဖော်လိုက်တဲ့ အခါမှာ သူ့ရဲ့ မူလတည်နေမှု ပုံသဏ္ဍာန် ပျက်ယွင်းသွားပါတယ်။ ဒီအပေါ်ကို ဥမင်ရဲ့ အထက်မှာရှိနေတဲ့ မြေသားထုရဲ့ အားက သက်ရောက်လိုက်တဲ့ အခါမှာ Stability ပျက်ပြီး ဥမင်ပြိုကျ ပျက်စီးသွားပါတယ်။ ခံနိုင်ဝန်အား ကောင်းတဲ့ ကျောက်သားမျိုး တွေမှာ ဘယ်လို အခုအခံမှ မသုံးပဲ တိုက်ရိုက် တူးဖော်နိုင်သလို၊ မြေပျော့တဲ့ Soft ground တွေမှာကျတော့ တူးဖော်ဖို့ နည်းလမ်းများကို စဉ်းစားရ ပါတော့တယ်။ မြေအောက်ရေ ရှိနေတဲ့ နေရာတွေမှာ ဥမင်ဟာ အချိန်မရွေး ပြိုကျနိုင်ပါတယ်။ ဒါကြောင့် ဒီလို မြေအမျိုးအစားတွေမှာ ဥမင်ကို ဧရိယာပြည့် တစ်ခုလုံး တိုက်ရိုက် မတူးဖော်ဘဲ Pilot tunnel များ သို့မဟုတ် Section များခွဲပြီး ဦးစွာ တူးဖော်ပါတယ်။ တူးဖော်မှု နည်းစနစ်များဟာ မြေအခြေအနေပေါ်ကို မူတည်ပြီး အမျိုးမျိုး ပြောင်းလဲသွားပါတယ်။

မြေအောက် ဥမင်တူးဖော်ရေး လုပ်ငန်းများမှာ မြေအောက် ဘူတာရုံများဟာ ဧရိယာ အကြီးမားဆုံး ဖြစ်ပါတယ်။ ဆောက်လုပ်မယ့် ဒီဇိုင်းပေါ်မူတည်ပြီး Construction stage အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အချို့သော ဒီဇိုင်းများမှာ ဥမင် အမိုးခုံးကို အရင်ဆုံး တူးဖော် တည်ဆောက်ပြီးမှ ကျန်အစိတ် အပိုင်းများကို တဆင့်ခြင်း တည်ဆောက် သွားပါတယ်။ တစ်ခါတစ်ရံမှာ မြေအောက် foundation နဲ့ walls များကို တည်ဆောက်ပြီးမှ အမိုးခုံးနဲ့ အလယ်မှ မြေသားများကို ပြန်တူးထုတ် တာလည်း ရှိပါတယ်။ ဆောက်လုပ်ခြင်း လုပ်ငန်းစဉ်များဟာ ဒီဇိုင်းကို အဆုံးအဖြတ် ပေးမယ့်သူရဲ့ စီမံမှုအတိုင်း ဖြစ်ပါတယ်။

မည်သည့်နည်းကို အသုံးပြုသည် ဖြစ်စေ၊ ဥမင် တူးဖော်သည့် အချိန်နှင့် ဥမင်နံရံ Linings များ မတပ်ဆင် ရသေးမှီ အချိန်အတွင်း ဥမင် မြေသားနံရံကို ထိန်းထားပေးမယ့် ယာယီနံရံ သို့မဟုတ် Temporary protection ( shotcreting, anchoring or timbering) တစ်ခုခု ပြုလုပ် ပေးထားဖို့ လိုပါတယ်။ ဒါဟာ ဥမင် ဖောက်လုပ်ရေး လုပ်ငန်းစဉ်မှာ အလွန်အရေးကြီးတဲ့ လုပ်ငန်း တစ်ခုပါပဲ။ Anchoring နဲ့ Timbering တို့ဟာ ကုန်ကျစရိတ် ကြီးမား သလို မြေအောက်ထဲမှာ လုပ်ကိုင်ရတာ ဖြစ်တဲ့ အတွက် ကန့်သတ်ချက် ကိုယ်စီရှိပါတယ်။ Sprayed concrete or shotcrete ကတော့ စရိတ်သက်သာ၊ ပိုမိုအကျိုးဖြစ်ထွန်းပြီး ကျဉ်းမြောင်းတဲ့ မြေအောက် ဧရိယာထဲမှာ လွတ်လပ်စွာ လျင်လျင်မြန်မြန် လုပ်ဆောင် နိုင်တာကြောင့် အခုနောက်ပိုင်း Soft ground construction တွေမှာ အသုံးများ လာကြတာ တွေ့ရပါတယ်။

SEM နည်းကို အရွယ်အစား ကြီးမားတဲ့ ဥမင်များ ဖောက်လုပ်ရာမှာ အသုံးများတာ ဖြစ်လို့ လုပ်ငန်းစဉ်များကလည်း ရှုပ်ထွေးပါတယ်။ ဖောက်လုပ်မည့် ဥမင်အလျား တလျှောက် ဥမင်ငယ်များ၊ အပိုင်းငယ်များ ဖြင့် တူးဖော်သွားရသည့် အတွက် လုပ်ငန်းငယ်များကြား အစီစဉ်တကျ ဖြစ်ရေး၊ တိကျမှုရှိရေးမှာလည်း အရေးကြီးပါတယ်။ သို့မှသာ မူလရည်ရွယ်တဲ့ ဥမင်ပုံစံကို တိတိကျကျ ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ SEM နည်းကို အသုံးပြုတဲ့ အခါမှာ သတိပြုရမယ့် အချက်များ ရှိပါတယ်။ ၎င်းတို့ကတော့ -
၁။ အီလစ်ပုံသဏ္ဍာန် (သို့) ကြက်ဥသဏ္ဍာန် ဖြတ်ပိုင်းပုံ ရှိတဲ့ ဥမင်ရဲ့ ဘေးအပိုင်းများကို ဦးစွာတူးဖော်ပြီး Stress concentration ကို လျော့နည်းစေရမည်။
၂။ Lining ring များကို ဥမင်အချင်းထက် ၁.၅ ဆ ပိုကြီးထားပြီး ဥမင်ဘေးပတ်လည်ရှိ မြေသားများ၏ နိမ့်ကျလာမှုကို ကာကွယ်ပေးရန်။
၃။ ဘေးပတ်လည်ရှိ မြေသားနံရံများကို ထိန်းသိမ်းရန် Shotcrete သို့မဟုတ် flashcrete lining များကို အချိန်ကိုက် ပြုလုပ်ပေးနိုင်ရမည်။
၎။ ဦးစွာတူးဖော်တဲ့ ဥမင်ငယ်များ Excavation section များဟာ မြေတူးလုပ်ငန်းများ၊ မြေသယ်လုပ်ငန်းများနှင့် မြေသားနံရံ ထိန်းသိမ်းခြင်း လုပ်ငန်းများ စသည်တို့ကို လုပ်ဆောင် နိုင်လောက်အောင် ဧရိယာ ရှိရမည်။
၅။ ဆောက်လုပ်နေစဉ်အတွင် မြေသား၏ ဖြစ်ပျက် လှုပ်ရှားပုံနှင့် ဒီဇိုင်းကို လေ့လာနေပြီး စိတ်ချရသော stability ကို ရရှိရန် ဒီဇိုင်းအား Modify ပြုလုပ်နေရမည်။
၆။ လုပ်ငန်းခွင်တွင် ကြုံတွေ့ရသော မြေအခြေအနေပေါ် မူတည်ပြီး သင့်တော်သလို ပြုပြင် လုပ်ဆောင်နိုင်စွမ်း ရှိရမည်။
၇။ အတွေ့အကြုံ ကြွယ်ဝသော ဆောက်လုပ်ရေး စီမံခန့်ခွဲမှု၊ လုပ်ငန်းခွင် ကြီးကြပ်မှုနှင့် အရည်အသွေး အမြဲတစေ ထိန်းသိမ်းနေမှု တို့သာ ဥမင်ဖောက်လုပ်ရေး လုပ်ငန်း၏ လုံခြုံစိတ်ချရမှုနှင့် အကျိုးဖြစ်ထွန်းမှုကို အာမခံနိုင်သည်။
ဤအချက်များဟာ ဆောက်လုပ်ပြီးခဲ့သော ဥမင်လုပ်ငန်း အတွေ့အကြုံများကနေ ထုတ်နှုတ်ထားတဲ့ SEM Design ဆွဲရာမှာ ထည့်သွင်းစဉ်းစား တွက်ချက်ရမယ့် အခြေခံအချက်များ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ပတ်သက်ပြီး ဆက်လက်ပြီး လေ့လာ ဆွေးနွေးကြဖို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်။

Related Posts
သြစတြီးယား ဥမင်နည်းပညာသစ်

Print ပရင့်ထုတ်ရန်
1 ထင်မြင်ချက်၊
  1. Anonymous December 29, 2007 at 6:22 AM  

    လာဖတ်သွားပါတယ်ခင်ဗျာ။

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.