* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Transatlantic Tunnel

စာရေးသူ © မိုးပေါက် |

T

ransatlantic Tunnel ဟာ Theoretical tunnel တစ်ခု ဖြစ်ပါတယ်။ ဒီ tunnel ကို မြောက် အမေရိက တိုက်နဲ့ ဥရောပ တိုက်ကို ဆက်သွယ် ပေးနိုင်ဖို့ အတွက် ရည်ရွယ်ပြီး စဉ်းစားထားတဲ့ Tunnel ဖြစ်ပါတယ်။ Atlantic သမုဒ္ဒရာကို ဖြတ်ပြီး New York City နဲ့ Landon City ကို ဆက်သွယ်ပေးမယ့် Tunnel ဖြစ်ပါတယ်။ အဲ့ဒီကမှတဆင့် Channel Tunnel နဲ့ Europe Network ကို ဆက်သွယ်ဖို့ စဉ်းစားထားတဲ့ Tunnel တစ်ခု ဖြစ်ပါတယ်။

အခု ဒီ Tunnel ကို တည်ဆောက်နိုင်ဖို့အတွက် Jules Verne က ၁၈၉၅ ခုနှစ်မှာ စတင် စဉ်းစားခဲ့ပါတယ်။ ဦးစွာ စဉ်းစားခဲ့စဉ်က Tunnel လမ်းကြောင်းကို Greenland ကျွန်းတောင်ဘက်ပိုင်းမှတဆင့် အိုက်စလန်ကျွန်း၊ ထိုမှတဆင့် စကော့တလန်နဲ့ ပြင်သစ်ကို ဆက်သွယ်ဖို့ စဉ်းစားခဲ့ ကြပါတယ်။ ဒါပေမယ့် Greenland ကျွန်းရဲ့ Weather condition နဲ့ Ice sheet များကြောင့် ဆောက်လုပ်ဖို့နဲ့ Tunnel Maintenance ပြုလုပ်ဖို့ ရေရှည်မှာ ခက်ခဲမှာ ဖြစ်သောကြောင့် New York မြို့နဲ့ Landon မြို့ကို တိုက်ရိုက်ဖောက်လုပ်ဖို့ စဉ်းစား လာခဲ့ပါတယ်။

နောက်ဆုံး ဒီဇိုင်းပြုလုပ်ထားတဲ့ Tunnel ရဲ့အရှည်ဟာ မိုင် ၃၁၀၀ ရှိပြီးတော့ Tunnel အတွင်း သွားလာမယ့် Vac-Train (Theoretical type of Maglev Train) ရဲ့ Speed ဟာ 5000 Miles per hour (8000 kilometers per hour) နဲ့ပြေးဆွဲမှာဖြစ်ပါတယ်။ New York City နဲ့ Landon City ကို တစ်နာရီအတွင်း ရောက်ရှိနိုင်မှာဖြစ်ပါတယ်။
ဒီ Tunnel ကို စဥ်းစားတဲ့အခါမှာ ယခုလက်ရှိ အသုံးပြုနေသော England နဲ့ France ကြားမှာ ဖောက်လုပ်ထားတဲ့ Channel Tunnel ကို အခြေခံပြီးတော့ စဥ်းစားမှုများကို ပြုလုပ်ခဲ့ကြပါတယ်။

Tunnel ကို စတင် စဉ်းစားစဉ်က ပထမဦးစွာ သမုဒ္ဒရာ အောက်ပိုင်းကနေ ဖောက်လုပ်ဖို့ စဉ်းစားခဲ့ပါတယ်။ ဒီအချက်ဟာ ဖြစ်နိုင်ပေမယ့် ရေအနက် Pressure နဲ့ သမုဒ္ဒရာ ကြမ်းပြင် လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာမယ့် ငလျင်ဒဏ်များကို Tunnel ဟာ ခံနိုင်စွမ်း မရှိနိုင်တာမို့လို့ ဒီအချက်ကို ဖယ်ပြီး နောက်တစ်ခုကို စဉ်းစားခဲ့ကြပါတယ်။

နောက်တစ်မျိုး စဉ်းစားမိတာက Tunnel အတွက် မြေပေါ်မှာ လိုအပ်တဲ့ Tunnel Sections တွေကို ကြိုတင် ပြုလုပ်ပြီးတော့ သမုဒ္ဒရာ ကြမ်းပြင်ကို ချပြီး အပိုင်းလိုက် ဆက်ကာ ပြုလုပ်ဖို့စဉ်းစားခဲ့ ကြပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ပထမစဉ်းစာတဲ့ အချက်တဲ့ ကောင်းမွန်ပေမယ့် သမုဒ္ဒရာ အောက်ပိုင်းမှာ ဖြစ်တဲ့ အတွက်ကြောင့် အနက် များတဲ့အတွက် Pressure ဒဏ်ကို ခံနိုင်ဖို့ လုံးဝမလွယ်ကူကြောင်း တွေ့ရှိခဲ့ကြပါတယ်။ နောက်ဆုံး စဉ်းစားမိကြတဲ့ အချက်ကတော့ tunnel ကို ရေအောက်မှာလည်း မထား ရေမျက်နှာပြင်မှာလည်း မထားဘဲနဲ့ ပြုလုပ်ဖို့ စဉ်းစားမိကြပါတယ်။ Tunnel ကို ရေမျက်နှာပြင်အောက် မီတာ ၅၀ အကွာမှာ ထားရှိခြင်း (Submerged Floating Tunnel ) အားဖြင့် ပိုပြီး ကောင်းမွန်မယ်လို့ စဉ်းစားလာကြပါတယ်။

ဒီလို ပြုလုပ်တဲ့ အခါမှာ Suspension Bridge များကို အခြေခံ စဉ်းစားခဲ့ကြပါတယ်။ Submerged Floating Tunnel ပုံစံစဉ်းစားပြီး Tunnel Section များကို Section အလိုက် Stable ဖြစ်စေဖို့အတွက် Cable ကြိုးများနဲ့ သမုဒ္ဒရာကြမ်းပြင်ကနေ Anchor ပြုလုပ်ထားမှာ ဖြစ်ပါတယ်။ Tunnel shape ကို Cylinder Shape စဉ်းစားထားပြီး Tunnel Lining ပတ်လည်အားလုံးကို Stainless Steel များနဲ့ ပြုလုပ်ထားပြီး အတွင်းပိုင်းမှာလည်း Super Reinforced Concrete များကိုထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ Heavy Waves များ၊ Ships များသွားလာမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ Current Load များ၊ သမုဒ္ဒရာ အောက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ Pressure များကို ခံနိုင်ရည်ရှိမယ်လို့ Design Engineers များက ယုံကြည်နေပါတယ်။

Tunnel အတွင်းပိုင်းမှာ Level ၃ခုနဲ့ ဒီဇိုင်း ပြုလုပ်ထားပါတယ်။ အပေါ်ပိုင်းနဲ့ အောက်ပိုင်းမှာ Tunnel အတွက် လိုအပ်သော Electrical Power ပေးနိုင်ဖို့အတွက် Service Tubes များ၊ Communication System များ၊ Repairment များပြုလုပ်နိုင်ဖို့အတွက် စဉ်းစားထားပါတယ်။ ဒါ့အပြင် tunnel အောက်ပိုင်းမှာ Main Tunnel အတွင်းမှ လေများကို Vacuum ပြုလုပ်နိုင်ဖို့အတွက် Vacuum Pump များကိုထားရှိပါတယ်။

Tunnel အတွင်း Vacuum ပြုလုပ်ရတာကတော့ Maglev Train များကို Speed 8000 kilometers per hour ရရှိနိုင်ဖို့အတွက် ဖြစ်ပါတယ်။ လေထုအတွင်းသွားလာတဲ့ Maglev Train နဲ့ လေဟာနယ် အတွင်းသွားလာတဲ့ Maglev Train များရဲ့ Speed ဟာ များစွာကွာဟတာကို ပညာရှင်ကြီးက အခြေခံစဉ်းစားပြီးတော့ ဒီအချက်ကို Tunnel အတွင်းမှာ အသုံးပြုဖို့ စဥ်းစားခဲ့တာဖြစ်ပါတယ်။

ဒီလို Super High Speed ကို အသုံးပြုတဲ့အခါမှာ ရထားအတွင်းမှာ ခရီးသယ်များ သက်တောင့်သက်သာ Stability ကျကျ လိုက်ပါနိုင်အောင် ရထားကို Design ဆွဲဖို့ပါစဥ်းစားထားကြပါတယ်။

Tunnel ကို တည်ဆောက်တဲ့အခါမှာ သမုဒ္ဒရာအတွင်း တည်ဆောက်ရမှာဖြစ်တဲ့အတွက် ဦးစွာ မြေပေါ်မှာ Watertight Section တစ်ခုစီကို ကြိုတင်ပုံသွင်းပြီးတော့ Pontoon Boat ကြီးများနဲ့ Tunnel Section များကို သမုဒ္ဒရာထဲသို့ သယ်ဆောင်မှာ ဖြစ်ပါတယ်။ ထို့နောက် Pressure နဲ့ ရေထဲသို့ နှစ်ပြီး Tunnel Section တစ်ခုနဲ့ တစ်ခုကို ဆက်မှာဖြစ်ပါတယ်။ Tunnel Section အားလုံးပေါင်း ၅၄၀၀၀ ရှိပါမယ်။

ဒါ့အပြင် Tunnel အတွင်းဖြစ်လာနိုင်တဲ့ Fire safety နဲ့ Terrorist Attack အတွက်လည်း ထည့်သွင်း စဉ်းစားထားပါတယ်။ Tunnel ဟာ ရေထဲမှာ ဖြစ်တဲ့အတွက် size ကိုပြုလုပ်တဲ့အခါမှာ မြေအောက် Tunnel များကဲ့သို့ High Level Security ကိုမရနိုင်ပါဘူး။ သို့သော်လည်း လာမယ့် နှစ် ၃၀ အတွင်းမှာ ဖြစ်ပေါ်လာမယ့် Scientists များရဲ့ တီထွင်မှုများနဲ့ Brand new materials များပေါ်ပေါက်လာမှု၊ အရည်အသွေးကောင်းမွန်ပြီး ဈေးသက်သာမယ့် Steel များရရှိမှု ၊ ကမ္ဘာကြီး ငြိမ်းချမ်းလာမှုနှင့်အတူ Terrorist Attack များ လျော့နည်း လာနိုင်မှုများကြောင့် Tunnel Safety အတွက် ပိုမိုကောင်းမွန်လာမယ်လို့ မျှော်လင့် ထားကြပါတယ်။

ဒီ tunnel ကို စတင်စဉ်းစားခဲ့စဉ်က Jules Verne ကို စိတ်ကူးနဲ့ ရူးသွပ်သူလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့မှာဆိုရင် Latest Techniques များနဲ့အတူ အရာအားလုံးဟာ အမှန်တကယ်ကို ဖြစ်လာပါပြီ။ မကြာသေးခင် နှစ်အနည်းငယ်က Engineers များနဲ့ Scientists များဟာ ဒီ Tunnel အတွက် ဖြစ်လာမယ့်ပုံစံ ဒီဇိုင်းကို Detail ကျကျ ဆွေးနွေး တင်ပြလာခဲ့ပါတယ်။

ဒီ project အတွက် ကုန်ကျစရိတ်ဟာ ကမ္ဘာ့သမိုင်းမှာ Construction အတွက် အရမ်းကို များပြားတဲ့စရိတ် ဖြစ်ပါတယ်။ Steel တန် သန်းပေါင်းများစွာနဲ့ တည်ဆောက်ရေး အကူပစ္စည်းများစွာ သုံးစွဲရမှာဖြစ်ပါတယ်။ လက်ရှိဈေးများနဲ့ တွက်ချက်မှုအရ ၁၂ ထရီလီယန် ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။ သို့သော် Business Center ကြီး နှစ်ခုဖြစ်တဲ့ America နဲ့ Europe တို့ဟာ အချိန်ကုန် လူသက်သာမယ့် ဒီဆက်သွယ်ရေး ကွန်ရက် Project ကို စိတ်ပါဝင်စားမယ်လို့ မျှော်လင့်ကြောင်း ပညာရှင်များက သုံးသပ်ကြပါတယ်။ ဒီ Tunnel Construction ဟာ Engineers များနဲ့ Scientists များအတွက်လည်း နည်းပညာ စိန်ခေါ်မှုကြီး တစ်ခုဖြစ်ပါတယ်။

Europe နဲ့ American တို့ဟာ ဒီ Project ကို လုပ်ဆောင်ကြမှာလား ဆိုတာကတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါကြောင်း ဗဟုသုတ အလို့ငှာ တင်ပြ လိုက်ရပါတယ်။

Transatlantic Tunnel အတွက် စဉ်းစားပုံ အဆင့်ဆင့် ကို Video မှာ ကြည့်ရှုနိုင်ပါတယ်။



Print ပရင့်ထုတ်ရန်
8 ထင်မြင်ချက်၊
  1. Mhaw Sayar January 29, 2008 at 8:13 AM  

    အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာမှ မကြံစည်ပဲ ထိုင်နေတာနဲ့ စာရင်တော့ ကြီးကြီးကျယ်ကျယ် စတင်ကြံစည်လိုက်ခြင်းက အောင်မြင်မှုတစ်ခုဆီကို ဦးတည်သွားစေနိုင်တာပဲ မဟုတ်လားဗျာ။

    ဒီ Project ကြီးမှာဆိုလဲ ဖြစ်လာနိုင်တဲ့ ပြဿနာတွေ ကအများကြီးပဲဗျ။ လေထုမဟုတ်တဲ့ ဟာလာဟင်းလင်း ရေထုထဲမှာ ဖြစ်တဲ့ အတွက် အကြမ်းဖက်တိုက်ခိုက်ဖို့ အတွက် ပစ်မှတ်က အထူးတလယ် ရှာဖွေ ရွေးချယ်နေစရာ မလိုပဲ ကွက်ကွက်ကွင်းကွင်းလို့ ပြောလို့ရသလို ရေကြောင်းသွားလာရေး လမ်းကြောင်းဇုန်တွေ အတွက်လဲ ထပ်မံ စဉ်းစားဖို့ လိုဦးမှာပါ။

    ဒီပို့စ်အတွက် ကျေးဇူးဗျို့။

    ဆက်လက်ပြီး အကျိုးပြုပို့စ်တွေ မြောက်များစွာ ရေးသားနိုင်ပါစေဗျာ။

  2. Anonymous January 29, 2008 at 10:25 AM  

    Discovery Channel မှာ Extreme Engieering နဲ့ပတ်သတ်တဲ့ အစီအစဉ်လာဘူးတယ်။ ဘာတွေပါလည်းဆိုရင် Tokyo sky city တို့ ၊အာရှနဲ့ မြောက်အမေရိကကို ဆက်မဲ့တံတား တို့ ၊နောက်ပြီးတော့ အစ်ကို အခုပြောတဲ့ Transatlantic Tunnel တို့ပေါ့။ Extreme Engineering လို့ခေါင်းစဉ်တပ်ထားတဲ့အတိုင်းပဲ Engineering ပညာပိုင်းရဲ့အလွန် သိပ္ပံပညာပိုင်းဆိုင်ရာတွက်ချက်မှုတွေလည်း အများကြီးလိုမယ့် ပရော့ဂျက်မျိုးတွေပေါ့။ ဒီအထဲမှာမှ Transatlantic Tunnel ကတော့ Challenging အဖြစ်ဆုံးပဲ။ ဘာဖြစ်လို့လည်းဆိုရင် အခုလက်ရှိနည်းပညာပိုင်းအရ ဖြစ်နိုင်ချေ ထက် မဖြစ်နိုင်ချေကပိုများနေလို့ပဲ။ ကုန်ကျစရိတ်ကလည်း တစ်ခြား Extreme Engineering projects တွေထက်စာရင်အဆပေါင်းများစွာ မြင့်မားတယ်။ စဉ်းစားကြည့်လေ.. မိုင် ၃၀၀၀ လောက်ရှည်တယ်၊ Atlantic သမုဒ္ဒရာထဲက Floating-Tunnel အမျိုးအစား၊ ပြီးရင် Tunnel ထဲမှာ ပြေးစွဲမယ့် 5000mph နဲ့သွားမယ့် Maglev Train တွေ...ပြီးတော့ new york ကနေ london ကို 54 မိနစ်ထဲနဲ့ရောက်နိုင်တယ်။ ကျန်သေးတယ်တခြားအချက်တွေ..... သူဖြတ်ဆောက်မယ့်နေရာက Earthquake area, တစ်နှစ်ကို 1 meter လောက်ပြန့်ထွက်နေတဲ့ eurasian plateအပေါ်မှာ ဆိုတော့ဒီအပိုင်းတွေကိုလည်း အများကြီးထည့်သွင်းစဉ်းစားရမယ်။

    *နောက်အခုဟာက Europe and America စကားပြောရမယ့်အပိုင်း.... EU နဲ့ US ညှိလို့ကအဆင်ပြေပါ့မလား..
    *supersonic scramjet powered flight တွေပေါ်လာဖို့နောက်နှစ် ၃၀ လောက်ပဲစောင့်ရမှာ။ အဲ့ဒီ့ Plane တွေနဲ့ဆို NewYork to London 40 mins ပဲကြာမှာ..။ Will they risk the challenge and cost for the tunnel?
    *ပြီးတော့ Safety ပိုင်း , =) ကျနော်ကဒါမပါဖြစ်ဗျ...။ စဉ်းစားကြည့်လေ- Atlantic Ocean ကြီးအလယ်၊ ကမ္ဘာ့တိုက်ကြီး ၂ လုံးကြား တစ်ခုခုဖြစ်မယ်လို့တွေးလိုက်တိုင်းကျောချမ်းစရာ...။ (အနည်းဆုံးလူတွေ လေယဉ်ပျံတွေစပေါ်တုန်းကလိုပဲ Fear တွေတော့ရှိကြဦးမှာလေ..)

    ဘာပဲဖြစ်ဖြစ်ကျနော်တို့ Generation မှာမဖြစ်နိုင်တဲ့ ပရော့ဂျက်တစ်ခုလို့တော့ထင်တယ်။ Anyway, thanks for this interesting post.. Cheers! =)

  3. Anonymous January 29, 2008 at 1:35 PM  

    စိတ်ဝင်တစား လာဖတ်တဲ့ အတွက် ကျေးဇူးပါ။

  4. Anonymous January 29, 2008 at 7:02 PM  

    ကိုမိုးပေါက်.. ဘယ်လိုလည်းဗျ။ ကျနော်ကအရှည်ကြီးဆွေးနွေးပေးထားတာနော်။ ကျေးဇူးတင်ပါတယ် တစ်ခွန်းထဲလားဗျာ..ခင်ဗျားကလည်း..။ =P

  5. Anonymous February 1, 2008 at 11:15 AM  

    စိတ်မရှိပါနဲ့ဗျာ...။ကျွန်တော်လည်း အလုပ်ရှုပ်နေလို့ပါ။ အများကြီး ဆွေးနွေးထားတာကို မြင်လို့ ကျေးဇူးတင်တယ်လို့ အရင်ပြောလိုက်တာပါ။ စိတ်ဝင်တစားဆွေးနွေးထားတာ ကောင်းပါတယ်။
    ဒီ Project ကြီးက ဖြစ်မဖြစ်ကတော့ သေချာမပြောနိုင်ပါဘူး။ ခက်ခဲတာမှန်ပါတယ်။ ငွေ၊ လုပ်အား၊ အချိန် ပေးဆပ်ရရုံသာမက ပြုလုပ်ရမယ့် နည်းလမ်းကလည်း အရမ်းကို ခက်ခဲပြီး အန္တရာယ်လည်း အလွန်များပါတယ်။ နည်းပညာတိုးတက်မှုအဟုန်နဲ့ ဒီထက် ပိုပြီးဖြေရှင်းလို့ ကောင်းတဲ့ Technique တွေ အများကြီး ပေါ်လာဦးမှာပါ။ Eurotunnel (Channel Tunnel) ကို ၁၈၀၂ ခုနစ် ၊ နပိုလီယံ လက်ထက်ကတည်းက ဒီဇိုင်းလုပ်ပြီးတော့ စ စဉ်းစားခဲ့တာပဲမလား။ ကြားထဲမှာ အခက်အခဲတွေ ရှိခဲ့တာပဲလေ။ ၁၉၉၄ ရောက်တော့မှ အားလုံး အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ရာစုနှစ် ၂ ခု လောက်ကို ကြာခဲ့တာပဲလေ။ အချိန် တစ်ခုတော့ စောင့်ရမှာပဲ။ သေချာတာကတော့ ကျွန်တော်တို့မျိုးဆက် ဒီ Construction ကို မမှီတော့တာပါပဲ။ အဲ့ဒီတော့ စီးခွင့်ကြုံမှာလည်း မဟုတ်တော့ ကျောမချမ်းပါနဲ့ဗျာ... =) အားလုံးအတွက် ဗဟုသုတလေး တစ်ခု အဖြစ် ဖြန့်ဝေပေးရတဲ့ အခွင့်အရေးလေး ရတယ်၊ ဖတ်သူတွေလည်း စိတ်ဝင်တစားရှိတယ် ဆိုရင်ပဲ ကျေနပ်ပါတယ်ဗျာ။ Channel Tunnel အကြောင်း ရေးထားတာလည်း ရှိပါတယ် ။ ဖတ်ချင်ရင်တော့ နာမည်ကို Clip လုပ်လိုက်ပါ။

  6. စိုးထက် - Soe Htet ! February 3, 2008 at 1:36 PM  

    လာဖတ်တာဗျ .. မှတ်ချက် က မရေး ဖြစ်လို့ ကျွန်တော်တို့တော့ မမှီ တော့ဘူး ... မှရင်တော့ သွားစီး ကြည့်မလို့ :D

  7. MyMetro February 4, 2008 at 12:41 AM  

    ရန်ကုန်မှာ ဒလနဲ့ ရန်ကုန်ကူးရင် အဲလို ရေအောက်က လုပ်မယ်လေ။ အဲဒါတော့ မှီမယ်ထင်တာပဲ။ ကိုစိုးထက်ကြီးလဲ လာစီးလို့ရတာပေါ့။ မမှီတော့လည်း ကိုစိုးထက် သမီးလေးတို့ ခေတ်ဆိုရင် စီးလိုရပြီ။

  8. Water Lion November 17, 2015 at 7:24 PM  

    Đến với giao nhận 247 chúng tôi việc mua hàng từ nước ngoài ship về Việt Nam vô cùng dễ dàng và đơn giản. Chẳng hạn nếu bạn muốn mua hàng bên Nhật Bản thì có thể sử dụng dịch vụ ship hàng từ Nhật Bản về Việt Nam của chúng tôi.Ngoài ra nếu bạn muốn order hàng Nhật thì chúng tôi luôn luôn sẵn sàng hổ trợ giúp bạn. Không chỉ là chuyển hàng từ nước ngoài về Việt Nam, chúng tôi còn có Dịch vụ vận chuyển gửi hàng từ Việt Nam đi Nhật để phục vụ nhu cầu gửi hàng đi Nhật. Ngoài ra chúng tôi còn có trang fado nhằm phục vụ nhu cầu mua hàng ở nước ngoài cho quý khách hàng.

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.