* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Bridge-tunnel

စာရေးသူ © မိုးပေါက် |

ဒီပို့စ်မှာ ဖော်ပြမှာကတော့ Bridge- tunnel များအကြောင်း ဖြစ်ပါတယ်။ Bridge-tunnel ဆိုတာကတော့ အထူးသဖြင့် ရေပြင် ကျယ်သော နေရာများတွင် ယာဉ်များဖြင့် သယ်ယူ ပို့ဆောင် သွားလာမှု ပြုလုပ်နိုင်ရန် အတွက် တံတားနှင့် ရေအောက် ဥမင်များကို တွဲဖက် တည်ဆောက် ထားသော Structure ကို ပေါင်းစပ် ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒီလို တံတားနှင့် ရေအောက် ဥမင် ပေါင်းစပ် အသုံးပြုရာမှာ တံတားနှင့် ရေအောက် ဥမင် နှစ်ခု ဆက်စပ်တဲ့ နေရာကို ကျွန်းတုများ ဖန်တီး ပေးရန် လိုအပ်ပါတယ်။

ရေအတား အဆီးများကို ဖြတ်သန်း ရာမှာ ရေအောက် ဥမင်များ တည်ဆောက်ခြင်းဟာ တံတားများ ထက်စာရင် တည်ဆောက်တဲ့ စရိတ် ပိုပြီးတော့ ကုန်ကျပါတယ်။ သို့သော်လည်း ရေကြောင်း ဆိုင်ရာ အချက် အလက်များကို ထည့်သွင်း စဉ်းစားဖို့ လိုအပ်တဲ့ နေရာများနဲ့ တံတားများရဲ့ အမြင့်ဆိုင်ရာ ကန့်သတ်ချက်များ၊ Drawbridge များတွင် သင်္ဘောကြီးများ ဖြတ်သန်းရာမှာ Span ကန့်သတ်ချက်များ ရှိခြင်းကြောင့် ရေအောက် ဥမင်များကို တည်ဆောက်ပြီး သွားလာမှုဆိုင်ရာ ပြဿနာကို ဖြေရှင်းဖို့ လိုအပ် လာပါတယ်။ ဥပမာအားဖြင့်- ဗာဂျီးနီးယား ပြည်နယ်ရှိ ပို့စ်မောက် (Portsmouth) နဲ့ နော်ဖော့ခ် (Norfolk) ကို ဆက်သွယ်ထားတဲ့ Elizabeth River Tunnels များပဲဖြစ်ပါတယ်။






ဒါ့အပြင် ရေပြင် အကွာအဝေး ရှည်လျားတဲ့ နေရာတွေမှာဆိုရင် ရေအောက်ဥမင်နဲ့ တံတားများကို တွဲဖက် အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်များကို လျော့ချနိုင်ပြီး ဥမင်များအတွင်း လေဝင်လေထွက် ပြုလုပ်ရာမှာလည်း သီးသန့် ဖောက်လုပ်ထားသည့် ရှည်လျားသော ဥမင်များမှာထက် ပိုမို လွယ်ကူတာကို တွေ့ရှိရပါတယ်။ ဒီအချက်များအပေါ်မူတည်ပြီးတော့ စရိတ်သက်သာတဲ့ Drawbridge များကို မပြုလုပ်တော့ဘဲ နောက်ပိုင်းမှာ Bridge-Tunnel များကို ပြုလုပ်လာကြတာကို လေ့လာတွေ့ရှိရပါတယ်။



Hampton Roads Bridge-Tunnel ၊ Monitor-Merrimac Memorial Bridge-Tunnel ၊ Chesapeake Bay Bridge-Tunnel များ တည်ဆောက်ထားတဲ့နေရာများဟာ ရေပြင်အကျယ် အကွာအဝေးလွန်စွာများတဲ့ အပိုင်းများမှာ တည်ဆောက်ထားရှိပြီး တံတားများနဲ့ ဥမင်ကို အလယ်မှာ လူလုပ် ကျွန်းတုများနဲ့ ဆက်စပ် ပေးထားပါတယ်။ ပုံမှန်အားဖြင့် တံတားများတွင် Drawbridges များ ကို အသုံးပြုနိုင်သော်လည်း ထားရှိနိုင်သော်လည်း စစ်ရေယာဉ်ကြီးများ (အထူးသဖြင့် လေယာဉ်တင် သင်္ဘောကြီးများ) ဖြတ်သန်းနေတဲ့ အတွက် သွားလာရ လွယ်ကူစေရန် အတွက် ရေအောက် ဥမင်များကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။



နောက်တစ်ခုကတော့ ဆွီဒင်နိုင်ငံနဲ့ ဒိန်းမတ်နိုင်ငံကို ဆက်သွယ်ထားသော Oresund Bridge-Tunnel ဖြစ်ပါတယ်။ ဒီလို ဆက်သွယ်တဲ့ နေရာမှာ တံတားရဲ့အရှည်က ၇.၈ ကီလိုမီတာ (၄.၈မိုင်) ရှိပြီး တံတားနဲ့ ရေအောက် ဥမင်ကို ဆက်ပေးမယ့် လူလုပ်ကျွန်းတုဟာ အလယ်မှာ တည်ရှိပါတယ်။ ရေအောက် ဥမင်ကတော့ ၄ ကီလိုမီတာ (၂.၅မိုင်) ရှိပြီး ဒိန်းမတ် နိုင်ငံဘက် အခြမ်းမှာ တည်ရှိပါတယ်။ ဒိန်းမတ်ဘက် အခြမ်းမှာ ကိုပင်ဟေဂင် လေဆိပ်နဲ့ နီးတာကြောင့် တံတားဆောက်ဖို့ မဖြစ်နိုင်ပါဘူး။



Tokyo Bay Aqua-Line ဟာလည်း တံတားနဲ့ ရေအောက် ဥမင် ပေါင်းစပ်ထားတာ ဖြစ်ပြီးတော့ ဂျပန်နိုင်ငံ တိုကျို ပင်လယ်ကွေ့မှာ တည်ဆောက်ထားပါတယ်။ အဲ့ဒီ Bridge-tunnel ဟာ ကာဝါစာကီမြို့နဲ့ ကီစာရာဇူးမြို့ များကို ဆက်သွယ် ပေးထားပါတယ်။ Bridge-tunnel ရဲ့စုစုပေါင်း အရှည်ဟာ ၁၄ ကီလိုမီတာ ရှိပြီးတော့ တံတားဟာ ၄.၄ ကီလိုမီတာ အရှည်ရှိပြီး ရေအောက် ဥမင်ကတော့ ၉.၆ ကီလိုမီတာ ရှည်ပါတယ်။ ရေအောက် ဥမင်ဟာ ပင်လယ်ကွေ့ အောက်မှာ တည်ရှိပြီး ကမ္ဘာ့ ရေအောက် ကားလမ်း ဥမင်များအနက် အရှည်ဆုံး ဖြစ်ပါတယ်။


ဒီ Bridge-Tunnel များ တည်ဆောက်ရာမှာ တံတားများနဲ့ ရေအောက်ဥမင်များကို ပေါင်းစပ် အသုံးပြုရတဲ့ အတွက် ဆောက်လုပ်ရမယ့် လုပ်ငန်းစဉ်များဟာ အလွန်ရှုပ်ထွေးလှပါတယ်။ အန္တရာယ်လည်း အလွန် ကြီးမားပြီး ကုန်ကျစရိတ် အားဖြင့်လည်း များပြား လှပါတယ်။ ကျွန်းတုများကို ပြုလုပ်ရာမှာလည်း ရေလယ်မှာ တည်ဆောက်ရတဲ့အတွက် ရေရှည်တည်တံ့အောင် ပြုလုပ်ဖို့အတွက် စဉ်းစား လုပ်ဆောင်ကြရာမှာလည်း အခက်အခဲများစွာနဲ့ ကြုံတွေ့ကြရပါတယ်။ သို့သော်လည်း လိုအပ်ချက်အရ တောင်းဆိုလာကြတဲ့အခါမှာ နည်းပညာ တိုးတက်လာမှုနဲ့အတူ စဉ်းစား တီထွင် လုပ်ဆောင် လာခဲ့ကြတာဟာ အတုယူဖွယ်ရာ ဖြစ်ပါတယ်။



တည်ဆောက်ပြီး Bridge-Tunnel များကို လေ့လာနိုင်ဖို့ အတွက် အောက်မှာ လင့်ခ်များနဲ့တကွ ဖော်ပြ ပေးထားပါတယ်။

United States

Hampton Roads Bridge-Tunnel completed in 1957
Chesapeake Bay Bridge-Tunnel completed in 1964
Monitor-Merrimac Memorial Bridge-Tunnel completed in 1992

Canada

Louis Hippolyte Lafontaine Bridge-Tunnel completed in 1967

Japan

Tokyo Bay Aqua-Line completed in 1997

Sweden and Denmark

Oresund Bridge completed in 2000
Johanneshovsbron and Söderledstunneln are directly connected to each other but have different names.


Print ပရင့်ထုတ်ရန်
3 ထင်မြင်ချက်၊
  1. Emily February 17, 2008 at 3:44 PM  

    မိုက်တယ်ကွာ။ နာလဲ ဆောက်မယ် အဲဒီလိုမျိုး။ =)

  2. Anonymous February 18, 2008 at 10:41 PM  

    အလွန်ကို အံ့သြဖွယ်ရာ ကောင်းတဲ့ ပရောဂျက်ကြီးတွေပါ။ ဗဟုသုတ ဖြန့်ဝေပေးတဲ့ ကိုမိုးပေါက်ကို ကျေးဇူးတင်ပါတယ်။

  3. Anonymous February 20, 2008 at 3:16 PM  

    လာဖတ်သွားပါတယ်.ကိုမိုးပေါက်ရှင့်

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.