* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Engineers are Ingenious

စာရေးသူ © MyMetro |



မှတ်မှတ်ရရ ၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစပြီး အင်တာနက် စာမျက်နှာများထဲ တိုးဝင်ခဲ့တဲ့ ဒီဘလော့ဂ်လေးဟာ တစ်နှစ်ဆိုတဲ့ အချိန်ကာလ တစ်ခုကို ဖြတ်သန်းခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၀၄/၀၅ ခုနှစ်မှ ယနေ့အထိ ကြိုးပမ်း အားထုတ်မှုတို့ရဲ့ အသီးအပွင့်များကို ဘလော့ဂ်ထက် အက္ခရာ တင်နိုင်ခဲ့သည့် အတွက်လည်း ဝမ်းသာပီတိလည်း ဖြစ်မိပါတယ်။

ဤဘလော့ဂ်ကို ဖန်တီးခဲ့ရာမှာ

“ Tunneling နဲ့ Metropolitan အင်ဂျင်နီယာ နယ်ပယ်၌ လေ့လာ သင်ကြား နေသူများအတွက် တဖက်တလမ်းမှ အထောက်အကူ ဖြစ်စေရန်၊ မိမိတို့ လေ့လာ တွေ့ရှိသည်များကို ပြန်လည်ဝေမျှ ပေးနိုင်စေရန်နှင့် အနာဂတ် မြန်မာဥမင် အင်ဂျင်နီယာများ အတွက် အားထား လေ့လာရမည့် ဘလော့ဂ်တစ်ခု ဖြစ်စေရန် ”

ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ရေးသားခဲ့ပြီး စိတ်ပါဝင်စားသူများကိုလည်း ပါဝင်ရေးသားဖို့ တိုက်တွန်း ဖိတ်ခေါ်ခဲ့ပါတယ်။ ယနေ့ တစ်နှစ်ပြည့် အခါသမယမှာတော့ MyMetroworld Contributors များရဲ့ အားထုတ်မှုတို့နဲ့ ပို့စ်များကို မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ကာ Blog anniversary ကိုပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

New generation of Metropolitan လို့ အမည်ပေးခဲ့တဲ့အတိုင်း လက်ရှိ ဥမင်နဲ့ မီထရိုပိုလီတန် ဘာသာရပ်များကို သင်ကြားနေတဲ့ အင်ဂျင်နီယာများဟာ မြန်မာနိုင်ငံ ဥမင်အင်ဂျင်နီယာ နယ်ပယ်မှာ မျိုးဆက်သစ် အင်ဂျင်နီယာများ ဖြစ်လာကြမှာပါ။ တနည်းအားဖြင့် မရှိမဖြစ် လိုအပ်လာတဲ့ လူသား အရင်းအမြစ်တွေပါပဲ။ နောင်တချိန် မိမိတို့နိုင်ငံမှာ မလွဲမသွေ အကောင်အထည် ဖော်လာရမယ့် ဥမင်နဲ့ မြေအောက် အဆောက်အဦးများ ဆိုင်ရာ လုပ်ငန်းများဟာ ယခု Tunnel Engineer များအတွက် အဓိက စိန်ခေါ်မှုကြီးတွေ ဖြစ်လာမှာပါ။ အဲဒီအခါမှာ မိမိတို့ အပတ်တကုတ် သင်ကြားသင်ယူခဲ့ရတဲ့ ဒီနည်းပညာရပ်များနဲ့ နိုင်ငံရဲ့ လူနေမှုဘဝကို မြှင့်တင်နိုင်ရပါမယ်။

မိမိတို့နိုင်ငံနဲ့ အလှမ်းဝေးနေဆဲဖြစ်တဲ့ ဒီ tunneling နဲ့ underground space နည်းပညာကဏ္ဍဟာ အခြား ပတ်ဝန်းကျင် နိုင်ငံများနဲ့ ယှဉ်ရင်တောင် ဘယ်လောက်ထိ အဆက်ပြတ် ကျန်ခဲ့ပြီလဲဆိုတာ လက်ရှိသင်ယူနေတဲ့ သူတွေ အသိဆုံးဖြစ်မှာပါ။ ဒီတော့ တန်ဖိုးကြီးစွာ ရင်းနှီးပြီး သူများနိုင်ငံမှာ လာသင်ထားရတဲ့ ဒီနည်းပညာများကို ဆက်လက်ပြီး တိုးတက်နေအောင်၊ မမေ့မလျော့အောင် စဉ်ဆက်မပြတ် လေ့လာနေကြဖို့လည်း လိုပါတယ်။ မိမိတို့ကနေတဆင့် နောင်လာမယ့် မျိုးဆက်များကိုလည်း ဒီပညာတွေကို ကိုယ့်နိုင်ငံတွင်းမှာပဲ သင်ယူနိုင်အောင် လက်ဆင့်ကမ်းပေးရပါမယ်။ ယနေ့ ပစ္စက္ခ မိမိတို့နိုင်ငံရဲ့ အနေအထား၊ မိမိတို့ရဲ့ အနေအထား အပေါ်မှာ မှန်ကန်စွာ သုံးသပ်ပြီး စိတ်မပျက်၊ အားမလျှော့ကြပဲ အခြေအနေပေးတုန်း၊ အခွင့်သာတုန်းမှာ ကြိုးစားကြဖို့ ပြောချင်ပါတယ်။

Engineers are ingenious ဆိုတဲ့ စကားနဲ့အညီ ကိုယ့်ရဲ့ ပရောဖက်ရှင်နယ်ကို ကိုယ်တန်ဖိုးထားပြီး ရပ်တည်ချက် ခိုင်မာနေရပါမယ်။ လတ်တလော အကျိုးကို မျှော်ကိုးပြီး နှစ်ရှည်လများ သင်ယူခဲ့တဲ့ ပညာတွေကို အချည်းနှီး မဖြစ်ပါစေနဲ့။ မိမိတို့ရဲ့ နည်းပညာအစွမ်းနဲ့ နိုင်ငံတော်ရဲ့ လစ်ဟာနေတဲ့ အုတ်တစ်ချပ်ကို ဖြည့်ဆည်းပြီး အင်ဂျင်နီယာ ပီသစွာ ရပ်တည်ကြပါစို့လို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။

အချိန်ပေး၍ လာရောက်လည်ပတ် ဖတ်ရှုသော စာဖတ်ပရိသတ်များအား The MyMetroworld ၏ Contributors များအားလုံးမှ ကျေးဇူး အထူးတင်ရှိပါကြောင်း....။

Print ပရင့်ထုတ်ရန်
9 ထင်မြင်ချက်၊
  1. Anonymous February 14, 2008 at 12:04 PM  

    မက်ထရိုကမ္ဘာကြီး ပိုမိုကြီးပွားတိုးတက် စည်ကားပါစေသားး)

  2. Anonymous February 14, 2008 at 12:42 PM  

    သူက နောက်ဆုံးပိတ်အိတ်နဲ့လွယ်တာလား.. ဟိဟိ..
    14 Feb 2008 23:59:59 နဲ့တင်ထားတာလား.. =)

    ဒီထက်မက ဆက်လက် ဘလော့ခ်နိုင်ပါစေလို့ ဆုတောင်းပါတယ်..

  3. စိုးထက် - Soe Htet ! February 14, 2008 at 4:47 PM  

    ကိုမီထရိုကြီးရေ ... ကျွန်တော်လည်း ကြော်ငြာ ပေးထား တယ် စီဘောက်ခ်စ်မှာ ... အောင်မြင်ပါစေ ဗျာ ... အားလုံး ညီညီ ညွတ်ညွတ် နဲ့ အဆင်ပြေ ကြပါစေ :D

  4. Andy Myint February 14, 2008 at 6:16 PM  

    Anniversary ကို လာ အားပေးသွားပါတယ်။ ဒီဘလောက်က Technical Blog ဆိုပေမယ့် Objective ကို အပြည့်အ၀ လိုက်နာ အကောင်အထည် ဖော်ထားတာ ချီးကျူးစရာပါ။ Engineering အကြောင်းတွေ သေချာ မဖတ်ပေမယ့် ဗဟုသုတ ရနိုင်တဲ့ ရထားတွေ အကြောင်း၊ ရထားလမ်းတွေ အကြောင်း၊ ဥမင်တွေ အကြောင်းတော့ ကြိုက်လို့ အသေအချာ ဖတ်ဖြစ်ပါတယ်။ ဆက်လည်း ရေးနိုင်ပါစေ၊ တတ်ထားတဲ့ ပညာတွေလည်း အသုံးချနိုင်ပါစေဗျာ။

  5. Anonymous February 14, 2008 at 8:06 PM  

    နောက်ဆုံးအပိုဒ်ကလေး ကိုအတော်လေး ကြိုက်မိပါတယ်။
    စိတ်ကူးထဲက အတိုင်း အကောင်အထည်ဖော်ရင်း ဘလော့ဂ်လေးကို စောင့်ရှောက်နိုင်ပါစေ

    မွန်းသက်ပန် (ဆေး-၁)

  6. Mhaw Sayar February 15, 2008 at 12:00 AM  

    ၁ နှစ်ပြည့် ရတုမှသည် နောင်နှစ်ပေါင်းများစွာတိုင် ဆက်လက် အောင်မြင် တိုးတက်ကြီးပွား၊ ပညာများ ဖြန့်ဝေ နိုင်ပါစေဗျာ။ ( တစ်ကယ့်ကို အလေးအနက်နဲ့ ဆုတောင်းပေးသွားပါတယ်ခင်ဗျား။)

    mAGIC

  7. kim February 16, 2008 at 7:02 AM  

    ကျွန်တော့်ကို anniversary party မှာမခေါ် တာတော့ အစ်ကို့ကို မကျေနပ်ဘူး .. :(

  8. ဘလူးဖီးနစ် - bluephoenix February 17, 2008 at 5:32 AM  

    brother တို့ရေ မင်းတို့လုပ်ထားတာတွေကို အားရမိပါတယ်။ ကိုယ်လဲ မင်းတို့ လို လုပ်ချင်ပေမယ့် ဒီမှဘက်မှာက ရေးမယ့်သူရှားတယ်။ ကိုယ်တစ်ယောက်တည်း ဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါဘူး။ မင်းတို့ရဲ့ စည်းလုံးညီညွတ်တဲ့ စွမ်းအားကို လေးစားပါတယ်။ နောင်လဲ ခုလိုပဲ စည်းစည်းလုံးလုံး နဲ့ ဆက်ပြီး လုပ်ဆောင်နိုင်ပါစေလို့ ကိုယ်ဆုတောင်းလိုက်ပါတယ်။

  9. လွမ်းဧကရီ February 17, 2008 at 7:56 AM  

    ကျနော်ကတော့ Tunnel Technology ထက် Tunnel Design & Drawing ကိုဘဲ ပိုစိတ်ဝင်စားတယ်... Engineer တွေထားရမဲ့ စိတ်ထားလေးကို ရေးထားတဲ့အတိုင်း အင်ဂျင်နီယာပီသစွာ ရပ်တည်နေပါတယ်...

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.