* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Tunnel Boring Machine (TBM)

စာရေးသူ © kthuyein |


TBM (Tunnel Boring machine) ဆိုသည်မှာ ဥမင်တူးစက် ပင်ဖြစ်ပါသည်။ ၎င်း၏ ပုံသဏ္ဍာန်မှာ များသောအားဖြင့် cylinder ပုံသဏ္ဍာန်ရှိပြီး အခြားပုံသဏ္ဍာန်များ (ဥပမာ- ဘဲဥပုံ၊ ထောင့်မှန်စတုဂံပုံ၊ စတုရန်းပုံ) လည်းရှိပါသည်။

ထို့အပြင် TBM မျက်နှာပြင်တစ်ခုထဲ မဟုတ်ပဲ စက်ဝိုင်းပုံ နှစ်ခု၊ သုံးခု ဆက်စပ်ထားသော Multi circular Face Shield နှင့် Triple circular Face Shield များလည်းရှိပြီး ၎င်း TBM များကိုမူ မြေအောက် Station များတည်ဆောက်ရာတွင် အဓိက အသုံးပြုပါသည်။ TBM တွင် အဓိကပါဝင်သော စက်ပစ္စည်း အစိတ်ပိုင်းများမှာ rotating cutting wheel, chamber (TBM ပုံစံ အမျိုးအစား ပေါ်မူတည်၍ ပုံစံ၊ အရွယ်အစား ပြောင်းလဲပါသည်)၊ တူးဖော်ပြီး မြေစာများကို သယ်ထုတ်သော စနစ်၊ TBM ကို ရှေ့သို့တွန်းရွှေ့ပေးသော hydraulic jacks များ၊ ဥမင် အတွင်းသား နံရံများ (Lining) ကို တတ်ဆင်သော erector, လေ၀င်လေထွက် ပိုက်လိုင်းများ ပါရှိပါသည်။ အခြားသော စနစ်များမှာ Lining segment block များကို ဥမင်တူးဖော်ရာ လုပ်ငန်းခွင်သို့ သယ်ပို့ပေးသော စနစ်နှင့် လျှပ်စစ်ဆက်သွယ်မှု စနစ်များ ဖြစ်ပါသည်။
Multi circular Face Shield
(Construction of the Kyobashi Tunnel on the Keiyo)

Triple circular Face Shield
(Construction of Osaka Business Park station on Osaka)

ဥမင် တူးဖော်မည့် မြေအမျိုးအစားပေါ် မူတည်၍ Rotating cutting wheel ပုံစံများ၊ ဥမင်မျက်နှာပြင်မှ ကျရောက်လာမည့် မြေဖိအားဒဏ်ကို ပြန်လည် တွန်းခံသည့် နည်းပညာများ၊ စက်ကို ထိန်းချုပ်မည့် အခန်း (Chamber) နှင့် ၊ တူးဖော်ပြီး မြေစာများကို သယ်ထုတ်သော စနစ်များသည်လည်း ပုံစံ အမျိုးမျိုး ကွဲပြား ခြားနားပါသည်။ ထို့ကြောင့် TBM များသည်လည်း အသုံးပြုမည့် မြေအမျိုးအစားအလိုက် အမျိုးမျိုးရှိပြီး ယခုဆောင်းပါးတွင် Liquid-supported mixshield နှင့် EPB (Earth Pressure Balanced) shield များကို အဓိကထား တင်ပြသွားပါမည်။

Liquid-supported mixshield

Liquid-supported mixshield ကို အဓိကအားဖြင့် မြေပျော့များ၊ မြေပွများနှင့် သဲဆန်သော၊ ရွှံ့ဆန်သော မြေများတွင် အသုံးပြုပါသည်။ ထို TBM တည်ဆောက်ထားပုံမှာ စက်ဦးခေါင်းပိုင်းတွင် Cutting wheel ခေါ် မြေကြီးများကို တူးထုတ် မည့်စက် ပါရှိပါသည်။ ၎င်းစက်နောက်ပိုင်းတွင် Excavation chamber နှင့် Stone crasher များပါရှိသည်။ Excavation chamber ဆိုသည်မှာ Cutting wheel နှင့် Diaphragm wall ကြားရှိ အခန်းငယ် ဖြစ်သည်။ ၎င်းအခန်းထဲ Bentonite ဖျော်ရည်ကို ထည့်သွင်းထားပြီး ဥမင်မျက်နှာပြင်မှ ကျရောက်လာမည့် မြေဖိအားကို ၎င်း Bentonite ဖျော်ရည်ဖြင့် ပြန်လည်တွန်းကန်ထားကာ ဥမင်မျက်နှာပြင်၏ stability ကို ထိန်းထားခြင်း ဖြစ်ပါသည်။


Stone crasher ဆိုသည်မှာ ဥမင် တူးဖော်ရာ၌ ပါရှိလာမည့် ကျောက်တုံး၊ ကျောက်ခဲကြီးများကို သယ်ဆောင်ရာ၌ လွယ်ကူမှုရှိစေရန် ခွဲချေပေးသော စက်ပစ္စည်း ဖြစ်သည်။


၎င်းတို့၏ နောက်တွင် Bentonite ဖျော်ရည်များကို ပို့ဆောင်ပေးမည့် ပိုက်လိုင်းများနှင့် တူးဖော်ရရှိသော မြေစာဖျော်ရည်များကို ပြန်လည် သယ်ဆောင်မည့် ပိုက်လိုင်းများ တပ်ဆင်ထားပါသည်။ ထို့အပြင် Excavation chamber အတွင်း လေဖိအားပို့ဆောင်ရန် ပိုက်လိုင်းများနှင့် Compressor များ တပ်ဆင်ထားပါသည်။ ထို့နောက် TBM ရွှေ့လျားရာတွင် အသုံပြုသည့် hydraulic jack များနှင့် Concrete lining, Steel lining များ တပ်ဆင်ရာတွင် အသုံးပြုမည့် Erector ပါရှိပါသည်။ Working chamber အတွင်း၌ လေ၀င်လေထွက် Ventilation အတွက် ပိုက်လိုင်းများ တပ်ဆင်ထားပါသည်။


Liquid-supported mixshield ၏ လုပ်ဆောင်ပုံ အဆင့်ဆင့်မှာ ရှေးဦးစွာ မြေသားများကို Cutting wheel ဖြင့်စတင် တူးထုတ်ပါသည်။ Cutting wheel မှ တူးထုတ်ရရှိသော မြေစာများသည် Excavation chamber အတွင်းသို့ ကျရောက်လာပါမည်။ အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း Excavation chamber အတွင်း၌ Bentonite ဖျော်ရည်များ ရှိပြီး ဥမင် မျက်နှာပြင်ကို မြေဖိအား ဒဏ်မှ ထိန်းသိမ်း ထားပါသည်။ မြေဖိအားနှင့် Bentonite ဖျော်ရည် ဖိအားများ ညီမျှမှုစေရန် လေဖိအားဖြင့် ထပ်မံ ထိန်းထားပါသည်။ Excavation chamber အတွင်းသို့ ကျရောက်လာသော မြေစာများကို Bentonite ဖျော်ရည်များဖြင့် ဖျော်၍ ရရှိသော မြေစာ ဖျော်ရည်များကို သယ်ဆောင်သော ပိုက်လိုင်းများဖြင့် ဥမင်အတွင်းမှ မြေမျက်နှာပြင်ပေါ်သို့ သယ်ဆောင်မည် ဖြစ်ပါသည်။ ထို့နောက် ဥမင် အတွင်းနံရံများ (Concrete or Steel lining) များကို Erector ဖြင့် တပ်ဆင်ပါမည်။ Lining များတပ်ဆင်ပြီးသောအခါ ရေစိမ့်ဝင်ခြင်း ဒဏ်မှ ခံနိုင်အောင် မြေသားနှင့် ဥမင် နံရံကြားတွင် concrete ဖျော်ရည် သို့မဟုတ် water proving chemical ဖျော်ရည်များကို မှုတ်သွင်းရပါမည်။ Working chamber အတွင်းရှိ လေ၀င်လေထွက် စနစ်ကိုမူ Ventilation ပိုက်လိုင်းများဖြင့် ပေးဆောင်ပါမည်။


မြေမျက်နှာပြင်ပေါ်တွင် သယ်ဆောင်လာသော မြေစာဖျော်ရည်များကို မြေစာများကို စစ်ထုတ်ပြီး Bentonite ဖျော်ရည်များကို ခွဲခြားထုတ်ပေးသည့် စစ်ကန် တည်ရှိမည်။ ထိုစစ်ကန်မှ ထွတ်လာသော Bentonite ဖျော်ရည်များကို Excavation chamber အတွင်းသို့ ပြန်လည် ပို့ဆောင်ပါသည်။


EPB (Earth Pressure Balanced) shield

EPB (Earth Pressure Balanced) shield ကို အဓိကအားဖြင့် စိုထိုင်းဆများသော ရွံ့မြေများ၊ ယှေလှကျောက်များနှင့် သဲပါဝင်မှု နည်းသော မြေများတွင် အသုံးပြုပါသည်။ ၎င်း TBM တွင် Cutting wheel, Excavation chamber, Srew conveyor, Belt conveyor, Diaphragm wall, Compress air lock, Concrete lining, Steel lining များ တပ်ဆင်ရာတွင် အသုံးပြုမည့် Erector ၊ မြေစာများကို သယ်ဆောင်သော ရထားတွဲငယ်များနှင့် Ventilation ပိုက်လိုင်းများဖြင့် တည်ဆောက်ထားပါသည်။

EPB (Earth Pressure Balanced) shield ၏ လုပ်ဆောင်ပုံ အဆင့်ဆင့်မှာ ရှေးဦးစွာ Cutting wheel ဖြင့် မြေများကို စတင် တူးထုတ်ပါမည်။ ကနဦး အစ တူးဖေါ်၍ ရရှိလာသော မြေစာများသည် Excavation chamber အတွင်းသို့ ကျရောက်ပါမည်။ Excavation chamber အတွင်း မြေစာများ ပြည့်လာသောအခါ screw conveyor ဖြင့် မြေစာများကို သယ်ဆောင်၍ Belt conveyor ပေါ်သို့ ပို့ဆောင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤ TBM၏ ထူးခြားချက်မှာ ဥမင်မျက်နှာပြင်မှာ ကျရောက်မည့် ဖိအားများကို ထိုမြေစာများ၏ ဖိအားဖြင့် ပြန်လည် တွန်းကန်သော နည်းပညာကို အသုံးပြုထားသောကြောင့် ဖြစ်ပါသည်။ ၎င်းမြေစာများနှင့် ထိန်းညှိရာတွင် မြေသားသက်သက်နဲ့ ထိန်းညှိတဲ့ နည်း၊ မြေသားထဲကို Clay paste ရောနှောထည့်သွင်းပြီး ဥမင်မျက်နှာပြင်ရဲ့ stability ကိုထိန်းတဲ့နည်းနဲ့ scum paste တစ်ခုခုရောနှောထည့်သွင်းရတဲ့ နည်းဆိုပြီး ၃ မျိုးထပ်ခွဲခြားနိုင်ပါတယ်။ ထို့နောက် Belt conveyor များတစ်ဆင့် မြေစာသယ်ဆောင်သော ရထားတွဲငယ်များသို့ ပို့ဆောင်ပြီး မြေစာများကို သယ်ဆောင်သွားမည် ဖြစ်ပါသည်။ ၎င်းနောက် ဥမင် အတွင်းနံရံများ (Concrete or Steel lining) များကို Erector ဖြင့် တပ်ဆင်ပါမည်။ Lining များတပ်ဆင်ပြီးသောအခါ ရေစိမ့်ဝင်ခြင်း ဒဏ်မှ ခံနိုင်အောင် မြေသားနှင့် ဥမင် နံရံကြားတွင် concrete ဖျော်ရည် သို့မဟုတ် water proving chemical ဖျော်ရည်များကို မှုတ်သွင်းရပါမည်။ Working chamber အတွင်းရှိ လေ၀င်လေထွက် စနစ်ကိုမူ Ventilation ပိုက်လိုင်းများဖြင့် ပေးဆောင်ပါမည်။

Liquid-supported mixshield နှင့် EPB (Earth Pressure Balanced) shield များ၏ လုပ်ဆောင်ပုံများကို အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ၎င်းအပြင် အခြားသော TBM များသည်လဲ လုပ်ဆောင်ပုံများစွာ တူညီမှုရှိပြီး အဓိက ကွာခြားချက်မှာ ဥမင်မျက်နှာပြင်မှ ကျရောက်လာမည့် မြေဖိအားကို ပြန်လည်တွန်းကန်ပုံသာ ကွဲပြားပါသည်။ ဥမင်မျက်နှာပြင်သို့ လေဖိအားဖြင့် တွန်းကန်သောစနစ်များနှင့် Combine machine များဖြင့် ဥမင်မျက်နှာပြင်ကို ထိန်းသိမ်းသော စနစ်များလည်း ရှိပါသည်။ ထို TBM များကို နောက်ဆောင်းပါးများတွင် ဆက်လက်ဖော်ပြ သွားပါမည်။

အောက်ပါ ဗီဒီယိုဖိုင်ကို ကြည့်ရှုပြီး Liquid-supported mixshield နှင့် EPB (Earth Pressure Balanced) shield များ၏ လုပ်ဆောင်ပုံများကို လေ့လာနိုင်ပါသည်။





Related Posts
EPB Tunneling Machine

Print ပရင့်ထုတ်ရန်
9 ထင်မြင်ချက်၊
  1. Anonymous February 14, 2008 at 7:40 AM  

    wow.. so many.. နားမလည်ဘူး.. ရှင်းပြပါ..

  2. မိုးပေါက် February 14, 2008 at 10:02 AM  

    ဘယ်အပိုင်းကို နားမလည်တာပါလဲ။ စက်တွေရဲ့ ဖွဲ့စည်းထားပုံ အကြောင်းလား။ တူးတဲ့ နေရာမှာ အလုပ် လုပ်ပုံကိုလား။ အစအဆုံး ကို ပြောတာလား။ ဗီဒီယို ကြည့်လို့ရရင် ကြည့်ပြီးတော့ စာနဲ့ တွဲဖတ်ပေးပါ။ နားမလည်တဲ့ အပိုင်းကို သေချာမေးပေးပါ။ စိတ်ဝင်တစား လာရောက် ဖတ်ရှုတဲ့အတွက် ကျေးဇူးပါ။

  3. Anonymous February 14, 2008 at 12:46 PM  

    စာဖတ်တာက နားလည်ပါတယ်.. မျက်စိထဲ့မြင်ယောင်လာအောင် ပါးစပ်ကနေ ပြောပြဖို့လိုတယ်..
    post author ကို ပဲမေးလိုက်ပါ့မယ်.. =)

    ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်..

  4. စိုးထက် - Soe Htet ! February 14, 2008 at 5:24 PM  

    ဗွီဒီယိုနဲ့ ကြည့်တာတောင်မှ ရေးတေးတေး ... ကောင်းပါတယ် ခင်ဗျာ တော်တော် လေးတော့ လေ့လာ မိသွား တာပေါ့ ... ကိုယ်အခြေခံ ရှိသလောက်ပဲ ယူနိုင်မှာလေ ... ကျေးဇူး ကိုသူရိန်ရေ ... :P

  5. kim February 14, 2008 at 7:30 PM  

    ဘယ်စက်က ဈေးအသက်သာဆုံးဖြစ်မလဲ မသိဘူး။
    အိမ်က ကလေးက ၀ယ်ပေးဖို့ပူဆာနေလို့။:)

  6. kthuyein February 15, 2008 at 4:30 PM  

    ပိုလာဘဲရေ ... မျက်စိထဲမြင်အောင် သေချာ ရှင်းပြပါ့မယ်။ ဘယ်အပိုင်းတွေ မရှင်းဘူးဆိုတာသာ ပြောပါ။

  7. kthuyein February 15, 2008 at 4:32 PM  

    ကိုစိုးထက်ရေ .. အခုလို စိတ်ဝင်တစား လာရောက် ဖတ်ရှု့တဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်။ နားမလည်တဲ့ အပိုင်းများကိုလဲ မေးမြန်း နိုင်ပါတယ် .. ခင်ဗျာ။

    ကိုရီးယားသားလေ Kim ရေ ဘယ်တုံးက ကလေးတွေ ရသွားတာလဲ .. သိတောင် မသိလိုက်ရပါလား .. :P

  8. kim February 16, 2008 at 6:55 AM  

    im not korean ,buddy.. its my adopted child .. :) သူများတွေက ကလေးအဖေဆိုပြီး မကြိုက်ဘဲနေဦးမယ် .. :)

  9. Ottersenator February 19, 2008 at 6:00 AM  

    Hey..Buddy!
    Well done! I come to read ur post. I wonder why u didn't use those TBM for ur thesis.? I admire ur translation skill for technical terms. They r perfect. I think we can reference ur post as study aid for TBM. I'll tell other buddy who didn't know about TBM very well. I m looking forward ur next posts.

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.