* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Modeling Of Metro Station (by using of Reinforce Concrete segments)

စာရေးသူ © မိုးစဲနေ |



မြေအောက်ရထား သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ အောင်မြင်စွာ လှုပ်ရှား လည်ပတ် နိုင်ရန် အတွက် “Construction of Metro Station” များသည်လည်း အဓိက အရေးပါသော အခန်း ကဏ္ဍ တစ်ခု တွင် ပါဝင်နေ ပေသည်။ ထိုသို့ အရေးပါသော “Metro Station” ဆောက်လုပ်ခြင်း အခန်း ကဏ္ဍများကိုလည်း ယခင်ပို့စ်များတွင် အတန်အသင့် ဆွေးနွေး တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ယနေ့ တိုးတက် ဖွံ့ဖြိုးလာသော ခေတ်ကာလ၌ ကမ္ဘာ့ နယ်ပယ် အရပ်ရပ်တွင် “Metro Station” ဆောက်လုပ် ခြင်းများအား နည်းလမ်း အဖုံဖုံ အလှဆင်ယင်မူ အသွယ်သွယ်ဖြင့် ဆောက်လုပ်လျက် ရှိနေပေသည်။ ထိုသို့သော ဆောက်လုပ်ပုံ နည်းလမ်းများ အနက်မှ “Concrete Lining Block” တုံးများအား အသုံးပြ၍ ဆောက်လုပ်ခြင်းအား တင်ပြ ဆွေးနွေး သွားမည် ဖြစ်ပါသည်။

သာမန်အားဖြင့် “Metro Station” တစ်ခု ဆောက်လုပ်ရန်အတွက် မြေအောက်ရထား ဆိုက်ကပ် ရပ်နားရန် ဘေးဘက် “Tunnel” နှစ်ခုနှင့် အလယ်တွင် (Station Hall) အတွက် “Tunnel” ဟူ၍ “Tunnel”(သုံးခု) ဆောက်လုပ်ရန် လိုအပ်မည် ဖြစ်ပါမည်။ ထိုကြောင့် ကျွန်တော်အနေဖြင့် ဤပို့စ်တွင် "Modeling Of Metro Station" တစ်ခုအား Tunnel သုံးခုဖြင့် ဖွဲ့စည်းကာ “Concrete Lining Block” တုံးများအား ချိတ်ဆက် အသုံးပြု ဆောက်လုပ် သွားပါမည်။ ပုံ(၁)

ပုံ(၁)

မြေအောက်ရထား ဆိုက်ကပ် ရပ်နားနိုင်ရန်အတွက် လိုအပ်သော ‘Lateral Tunnel’ ၏ အတိုင်းအတာကို အပြင်ဘက် အချင်း (မီတာ)၊ သို့မဟုတ် အပြင်ဘက် အချင်းဝက် (မီတာ) များဖြင့် တိုင်းတာသတ်မှတ်ပါသည်။ ၎င်း “Lateral Tunnel” ၏ အရွယ်အစားမှာ ဆောက်လုပ်မည့် “Metro Station” ၏ အရွယ်အစားပေါ်တွင် တိကျစွာ မူတည်နေပေမည်။ သာမန်အားဖြင့် "Lateral Tunnel" တစ်ခု၏ အပြင်ဘက် အချင်းများသည် (၅.၅) / (၆.၀) / (၇.၅) / (၈.၅) / (၉.၅) / (၁၀.၅) မီတာ စသည်ဖြင့် ရှိပြီး အသုံးအများဆုံး "Lateral Tunnel" ၏ အပြင်ဘက် အချင်းမှာ (၈.၅ မီတာ) ဖြစ်ပါသည်။

Lateral Tunnel ၏ အပေါ်ဘက်တွင် သံဖြင့် ပြုလုပ်ထားသော (Single-Frequency Network Upper Beam) နှင့် အောက်ဘက်တွင် သံကူကွန်ကရစ်ဖြင့် ပြုလုပ်ထားသော Supporting Beam တို့က Construction တစ်ခုလုံးအား အဓိကထား ထောက်ပံ့ ပေးထားမည် ဖြစ်ပါသည်။ တနည်းအားဖြင့် “Method of Internal bearing Structure” အား အသုံးပြု တည်ဆောက် သွားမည် ဖြစ်ပါသည်။

‘Steel Cantilever Beam’ နှစ်ခု၊ ထို ‘Beam’ အား ထောက်ပံ့ပေးထားသော ‘Column’၊ ၎င်း ‘Column’ တိုင်အား ထောက်ပံ့ ပေးထားသော ‘Steel Plate’ ပြား ၊ ‘Continuous Reinforce Supporting Beam’ နှင့် အောက်ဘက်တွင် ‘Supporting Block’ တို့ဖြင့် ဖွဲ့စည်းထားပါသည်။ ‘Lateral Tunnel နှင့် Station Hall (middle Tunnel)’ တို့၏ အမိုးခုံးများအား ချိတ်ဆက် ပေးရန်အတွက် ‘Cast-iron’ ဖြင့် ပြုလုပ်ထားသော ‘Joint Segments’ များ တပ်ဆင်ရပါမည်။

အတွင်းဘက် ‘Tunnel’ မှကျရောက်မည့် ‘Lining-Ring-Load’ များသည် အပေါ်ဘက်ရှိ ‘Steel-Cantilever Beam’ ပေါ်သို့ ကျရောက်ပြီး ထိုမှ Column၊ Column မှတဆင့် အောက်ခြေရှိ “Cylindrical Hinge ” မှတဆင့် ‘Supporting-Block’ ပေါ်သို့ အဆင့်အဆင့် ကျရောက်စေပြီး ‘Construction’ ၏ အတွင်းပိုင်းတွင် ဖြစ်ပေါ် လာစေမည့် ‘Moment’ များအား လျှော့ချရန်အတွက် ရည်ရွယ်ပါသည်။ ပုံ(၂)

ပုံ(၂)

"Steel Cantilever Beam" နှင့် 'Column' တိုင် များအား စက်ရုံမှ အသင့် သုံးစွဲနိုင်ရန်အတွက် အချိုးကျ အတိုင်းအတာဖြင့် ပြုလုပ်ထားပေးမည် ဖြစ်ပြီး သာမန်အားဖြင့် (75mm Thickness) ရှိသော High-Strength 'Steel Plates' များအား အသုံးပြု၍ ဂဟေဆက်ကာ “Box-Type” ပြုလုပ် ထားခြင်းဖြစ်ပါသည်။ သာမန်အားဖြင့် အသုံးများသော Column တစ်ခု၏ အတိုင်းအတာမှာ (600 x 6၀၀)mm နှင့် ၎င်း Column တိုင်၏ အမြင့်မှာ 3m ခန့်ရှိပါမည်။ (ပုံ) ၃ တွင် ကြည့်ရှူ့ရန်။

(ပုံ) ၃

'Middle Tunnel' ရဲ့ အပေါ်ဘက် အမိုးခုံး၏ အချင်းသည် 'Station Hall' ၏ အကျယ်ပေါ်တွင် မူတည်နေပြီး သာမန်အားဖြင့် 'Lateral Tunnel' (၈.၅ မီတာ) ရှိသော 'Station' အတွက် (၉.၈ မီတာ) ဖြစ်ပါသည်။ 'Station Hall' ၏ အပေါ်ဘက် အမိုးခုံးအား “Concrete Lining Block” ၆ခု ဖြင့် ဖွဲ့စည်းကာ အလယ်တွင် Key Block တစ်ခု တပ်ဆင်ရန် လိုအပ်ပါသည်။

မှတ်ချက်။ ။ Key Block နှင့် ဘေးတဖက် တစ်ချက်တွင် တပ်ဆင်ထားသော 'Lining Blocks' တုံးများ အား (Metal Plates) ပြားများဖြင့် သပ်ထိုး၍ ထိန်းချုပ် ထားနိုင်ရန် ဖြစ်ပါသည်။ 'Lining Blocks' များ အပေါ်မှ ကျရောက်လာမည့် 'Soil Loading' အား ခုခံထားနိုင်မူ မြင့်မားစေရန်နှင့် 'blocks segments' အချင်းချင်းပိုမို မြဲမြံစေရန် ရည်ရွယ်ပါသည်။ ပုံ(၄) တွင် ကြည့်ရှူ့ပါရန်။

ပုံ(၄)

'Middle Tunnel' ၏ ကြမ်းပြင်အောက်ခံအခုံး (Foundation Arch) ၏အတိုင်းအတာသည် 'Station Hall' ၏ အကျယ်၊ Tunnel ၏ အောက်ခြေဘက်တွင် ထားရှိမည့် ရေစုတ်ကန်များ၊ 'Pumps' များ၊ 'Station' အတွက် အခြား လိုအပ်သော ပစ္စည်းများထားရှိရန် ဂိုဒေါင် (Store) နှင့် အခြား ဖြည့်စွက်လုပ်ငန်းများ ထားရှိရန်နေရာ ပေါ်တွင် မူတည်၍ သတ်မှတ်ပါသည်။ သာမန်အားဖြင့် အပြင်ဘက် အချင်း (၉.၈မီတာ)ရှိသော အပေါ်ဘက် အမိုးခုံးအား “Upper Arch Station Hall” အတွက် 'Foundation Arch' ၏ အတိုင်းအတာအား (၁၂.၄မီတာ) ထားပြီး ဆောက်လုပ်နိုင်ပါသည်။

'Foundation Arch' အား 'Abutment blocks' တုံးများနှင့် ဖွဲ့စည်းထားကာ အပေါ်ဘက် အမိုးတပ်ဆင် သကဲ့သို့ ပင် ချိတ်ဆက် တပ်ဆင်မည် ဖြစ်ပါသည်။ ထိုကြမ်းပြင်၏ အလယ်ပိုင်း (Flat Section) သည် Tunnel ၏ Compression ဒဏ်ခံနိုင်မူအတွက် ဖြစ်ပြီး Tunnel အတွင်း ၀င်ရောက်လာနိုင်သော ရေများအား သွယ်ထုတ် စွန့်ပစ်နိုင်ရန် အတွက် ရေမြောင်း တခုပါရှိပါသည်။ 'Block' တုံး တစ်ခုနှင့် တစ်ခုကြားတွင် ဖြစ်ပေါ်နေသည့် ‘Normal Force’ များအား ခံနိုင်ရန်အတွက် 'Block' တုံးများကြားတွင် 'Elastic Plastic Liner' များကိုလည်း ထည့်သွင်း တပ်ဆင် ရပါမည်။

'Middle Tunnel' ၏အပေါ်ဘက် အမိုးပိုင်းနှင့်အောက်ဘက်ပိုင်း 'Abutment Blocks' တုံးများ၏လုပ်ငန်းတာ ၀န် မှာ 'Lateral Tunnel' တွင် သို့ကျရောက်သော 'Loading' များကြောင့် ဖြစ်ပေါ်နေသော 'Compression' များသည် 'Column' တိုင်များ 'Middle Tunnel' ၏အတွင်းဘက်သို့ ယိုင်နဲ့ မသွားစေရန်အတွက် ခံထားပေးမည် ဖြစ်ပါသည်။

ဆောက်လုပ်ပုံ အဆင့်ဆင့်
အဆင့်(၁)။ ။ Lateral Tunnel များ တူးဖော်ခြင်း၊ Lining Blocks များတပ်ဆင်ခြင်းနှင့် Lateral နှင့် Station Hall တို့အား ချိတ်ဆက်ပေးထားသော ၀င်ပေါက် များဆောက်လုပ်ခြင်း။
  1. “Lateral Tunnel” အတွက် မြေတူးခြင်း လုပ်ငန်းသည် မြေသား မာကျောမူပေါ်တွင် မူတည်၍ သတ်မှတ် ပါသည်။ သာမန်အားဖြင့် မီတာ (၃၀-၅၀) တိုင်အောင် တူးထုတ်နိုင်မည်ဖြစ်ပြီး (၀.၇၅) မီတာ မြေလွှာထုကို တူးထုတ်ပြီးတိုင်း “Concrete Lining Block” တုံးများအား တပ်ဆင်မည် ဖြစ်ပါသည်။
  2. ဖြည့်စွက်လုပ်ငန်းအဖြစ် “Side Tunnel” နှင့် “Station Hall” တို့အား ဆက်သွယ်ပေးမည့် “Side Tunnel” ၏ အတွင်းဘက် အောက်ခြေနေရာ နေရာတွင် “Supporting Blocks” တုံးနှင့် ၄င်း၏ မျက်နှာပြင်ပေါ်တွင် “Hinge Supporting Beam” များ ထပ်မံ တပ်ဆင်ရမည် ဖြစ်ပါသည်။
  3. ထို့နောက် Steel Plate ပြားများပေါ်တွင် Column ထောက်တိုင်များ ကိုတပ်ဆင်ပါမည်။
  4. “Side Tunnel” ၏ အပေါ်ဘက် အမိုးခုံးတွင်တော့ “Steel Cantilever Beam” အား တပ်ဆင်ပါမည်။
မှတ်ချက်။ ။ “Base Foundation” အဖြစ် “Supporting Beam” များအား “RC” လောင်းနိုင်ရန်အတွက် “Formwork” များ တပ်ဆင်ရန် လိုအပ်မည် ဖြစ်ပါသည်။ လုံလောက်သော “Concrete strength” ရလျှင် ၄င်း “Supporting beam” များပေါ်တွင် “Column” တိုင်များ နှင့် အပေါ်ဘက်တွင် “Steel Cantilever Beam” များအား တပ်ဆင်မည် ဖြစ်ပါသည်။ ပုံ(၅) / ပုံ (၅-က)တွင် ကြည့်ရှူ့ပါရန်။

ပုံ(၅)


ပုံ (၅-က)

အဆင့်(၂)။ ။ အတွင်းဘက် Station Hall အတွက် မြေသားထု တူးထုတ်ခြင်း၊ Lining Block တုံးများ တပ်ဆင်ခြင်း လုပ်ငန်းအဆင့် ဖြစ်ပါသည်။
  1. အတွင်းဘက် Station Hall ၏ အပေါ်ဘက် မျက်နှာပြင် အမိုးပိုင်းရှိ သက်မှတ်ထားသော Boundary Line အတိုင်း မြေသားထုအား တူးထုတ်ရပါမည်။
  2. အပေါ်ဘက် အမိုးအတွက် Lining Blocks တုံးများ တပ်ဆင်ခြင်းဖြစ်ပါမည်။ ထိုသို့တပ်ဆင်ရာတွင် Lining Block တုံးများ မြေသားနံရံအား ခုခံထားနိုင်ရန်နှင့် တပ်ဆင်နေချိန်အတွင်း ဆောက်လုပ် တပ်ဆင်သူများ အတွက် လုံခြုံမူ ရရှိစေရန် “Hydraulic Jack” ၏ အကူအညီဖြင့် “Lining Block” တုံးများအား အလှည့် ကျ ( ဘယ်ညာ အောက်ခြေ မှ အလယ်ဘက် အမိုးပေါ်သို့ ) တပ်ဆင်သွားမည်ဖြစ်ပြီး အလယ်တွင် “Key-Block” အား တပ်ဆင်ရပါမည်။
  3. အလယ်ပိုင်း “Station Hall” နေရာအတွက် မြေသားတူးထုတ်ခြင်း လုပ်ငန်း ဖြစ်ပါသည်။ ၄င်း မြေသားထု များအား ဘေးဘက် “Side Tunnel” များမှ တဆင့် ထုတ်ယူစွန့်ပစ်နိုင်မည် ဖြစ်ပါသည်။ မှတ်ချက်။ ။ Lining Blocks များတပ်ဆင်နေချိန်တွင် Key block တပ်ဆင်ရန်အတွက် အမှန်တကယ် နေရာကျန်လပ် မူမရှိပါ။ ထို့ကြောင့် 'Hydraulic Jack' ၏ အကူအညီဖြင့် Lining Blocks အား တွန်းထုတ်၍ ဘေးဘယ်ညာသို့ တိုးသွားစေပြီး Key-blocks ကို Horizontal Direction အတိုင်း Hydraulic Jack အကူအညီဖြင့်ပင် တပ်ဆင်ပါမည်။ ပုံ(၆)
  4. ထို့နောက် Temporary တပ်ဆင်ထားသော Lining Blocks တုံးများအား ပြန်လည် ဖြုတ်နိုင်ပါမည်။

ပုံ(၆)

အဆင့်(၃)။ ။ Station Hall ၏ အောက်ဘက် မြေသားထုအား တူးထုတ်ခြင်းနှင့် အခြား ဖြည့်စွက်လုပ်ငန်းများ ဖြစ်ပါသည်။
  1. Station Hall ၏ အောက်ဘက် မြေသားထုအား တူးထုတ်ခြင်း လုပ်ငန်းအား ယေဘုယျအားဖြင့် မီတာ ၂၀-၃၀ တစ်ဆိုင်း တူးထုတ်နိုင်ပါသည်။
  2. မြေသားတူးထုတ်ခြင်း ပြီးစီးပါက အောက်ခြေရှိ ဥမင်အောက်ခြေရှိ (Foundation Arch) အား ဆောက်လုပ်ပါမည်။
  3. Lining Blocks နှင့် Key-Block တပ်ဆင်ပါမည်။ (အထက်ပါ နည်းအတိုင်း)
  4. ထို့နောက် အတွင်းဘက် ဆောက်လုပ်ခြင်း လုပ်ငန်းများအား အဆုံးသတ်စေပါမည်။ ပုံ(၆-က)

ပုံ(၆-က)

အဆင့်(၄)။ ။ နောက်ဆက်တွဲလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြစ်ပါသည်။
  1. Box-Type ပြုလုပ်ထားသော Column နှင့် Beam များ၏ အတွင်းဘက် လွတ်နေသော နေရာများ၌ သဲနှင့်ဘိလပ်မြေ (Cement Motor) ဖျော်ရည်များ ထည့်လောင်းခြင်း။
  2. Platform Slab လောင်းခြင်း ၊ မြေအောက်ရထားအတွက် သံလမ်းခင်းခြင်းလုပ်ငန်းများ နှင့် Metro Station အား အလှဆင်ယင်မူ တို့ ပါရှိပါမည်။ ပုံ(၇)

ပုံ(၇)

အသုံးပြုနိုင်သောနေရာ နှင့် ဖြစ်ပေါ်နိုင်သော အကျိုးသက်ရောက်မူများ
Metro Station အား Reinforce Concrete Segments များအား အသုံးပြု ဆောက်လုပ်ခြင်းအား မာသော မြေနေရာနှင့် ရေစိမ့်ဝင်မူမရှိသော(နည်းသော) ၊ Hydrostatic Pressure မရှိသော မြေနေရာမျိုးတွင် ဆောက်လုပ်ရန် သင့်တော်ပါသည်။
  1. အချိုးကျ Lining Block တုံး သုံးစွဲမူ့ မမာဏမြင့်မားခြင်း ။
  2. Lining Block တုံးများအား ထည့်သွင်းတပ်ဆင်မည့် နေရာအလိုက် အချိုးကျ ပုံသွင်းပြုလုပ်ရန် လိုအပ်ခြင်း (Key-Block) အပါအ၀င်။
  3. Lining Block များအား တပ်ဆင်ရန် နည်းလမ်းများ။ (Block Erector များ အသုံးပြုတပ်ဆင်ခြင်း အပါအ၀င်)
  4. ‘Station Hall’ ၏ အလျားအား ‘Traffic flow’ ပေါ်မူတည်၍ ‘Side Tunnel’ ၏ အလျားထက် လျှော့နည်း ထားနိုင်ပါသည်။
  5. ဆောက်လုပ်ပြီးသော Lining Concrete Segments များ ပိုမို ခိုင်မြဲစေရန် (Strengthening) ၊ Tunnel အတွင်းသို့ ရေစိမ့်ဝင်မူ မရှိစေရန် (Water Proof) အတွက် အတွင်းဘက် နံရံများတွင် (Metal Plate) ပြားများ ချိတ်ဆက် တပ်ဆင် ရမည် ဖြစ်ပြီး Monolithic Concrete ဖျော်ရည်များ ထည့်သွင်းပေးရန် လိုအပ်ပေမည်။

ဆောက်လုပ် ပြီးစီးသွားသော မီထရိုဘူတာရုံ တစ်ခု ဖြစ်ပါသည်။


Metro Station တစ်ခု အား ‘Reinforce Concrete Segments’ များ အသုံးပြု၍ ဆောက်လုပ်ထားပုံ များကို စုစည်း၍ ကြိုးစား တင်ပြလိုက်ပါသည်။
ကျေးဇူးတင်ပါသည်။

Print ပရင့်ထုတ်ရန်
8 ထင်မြင်ချက်၊
  1. စိုးထက် - Soe Htet ! February 14, 2008 at 5:28 PM  

    သေချာတော့ နားလည်သွားတယ် ... နဲနဲ မေးမလို့ ... သြစတြေးလျ၊ မဲလ်ဘုန်း မီထရို လည်း ဒီနည်းနဲ့ ပဲလား ... နည်းနည်းတော့ ဆင်တယ် :D

  2. pisihero February 15, 2008 at 3:02 AM  

    ပင်ပန်းသွားပြီနော်.. ကိုမိုးစဲနေရေ..
    ဒီလို..ပို့စ်လေးကို ပြည့်ပြည့်စုံစုံ ပုံလေးတွေနဲ့တကွ သေသေချာချာ ရှင်းပြထားတာ.. တကယ်ပဲ ချီးကျူးပါတယ်နော်.. Civil ပညာကို လေ့လာလိုက်စား၊ သင်ယူနေတဲ့ သူတွေအတွက် တကယ့်အဖိုးတန်နည်းပညာတွေပဲ.. နောက်လည်း.. ဆက်ပြီးကြိုးစားသွားပါလို့ အားလုံးရဲ့ကိုယ်စား အားပေးပါတယ်နော်..

  3. မိုးစဲနေ February 16, 2008 at 2:19 AM  

    ဟုတ်ကဲ့.... ကိုစိုးထက်..!
    Column type ဖြစ်ပြီး.. RC Segments တုံးတွေကိုလည်း...သုံးထားတယ်ဆိုရင်တော့ အားလုံးနီးပါးတူပါမယ်....
    comment အတွက်ကျေးဇူးပါ...

  4. မိုးစဲနေ February 16, 2008 at 2:24 AM  

    ဟုတ်ကဲ့.. pisihero..ကျေးဇူးပါဗျာ... !
    ကြိုးစားပြီး..နောက်ထပ် ပို့စ်လေးတွေ တင်ပေး ပါအုံးမယ်.. :)

  5. kim February 16, 2008 at 6:52 AM  

    station ထဲက lighting ကိုပိုပြီး သဘောတွေ့တယ်။ မြန်မာပြည်က အိမ်ဧည့်ခန်းထဲမှာ ချိတ်ချင်လို့။ :)

  6. Anonymous February 17, 2008 at 10:53 PM  

    လူကြီးရေ.. ပိစိလာဖတ်သွားတယ်..
    အားပေးပါတယ်..ဆက်ကြိုးစားပါ..

  7. မိုးစဲနေ February 18, 2008 at 8:45 PM  

    ဟုတ်ကဲ့အမ... အားပေးမူကို ကျေးဇူးတင်ပါသည်....။ အပြင်မှာတွေ့မှပဲ မုန့်ဝယ်ကျွေးခိုင်းပါမည်။ :P

  8. Anonymous February 19, 2008 at 2:58 PM  

    ကိုကိုမိုးစဲနေရေ.. AutoCAD ဆွဲထားတာ တော်တော့် ကောင်းကောင်း.. အချိန်ရရင်.. ချစ်... ကိုလည်း သင်ပေးဦးနော်.. နောက်တင်မယ့် Post တွေကိုလည်း စောင့်မျှော်လျက်နော်..

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.