
အများအားဖြင့် နိုင်ငံခြားသားများမှလွဲ၍ ဂျပန်လိုပြောသည့်အတွက် နားလည်သည်များ ရှိသလို နားမလည်မှုများလည်း ရှိပါသည်။ အများစုတင်ပြသော ပြဿနာမှာ နှစ်ရှည် စုဆောင်းထားရှိသော ဇလဗေဒဆိုင်ရာ အချက်အလက်များ ဖြစ်ပါသည်။ စာရေးသူ မြန်မာပြည်တွင် ဂျပန်များဖြင့်တွဲ၍ အလုပ်လုပ်ခဲ့စဉ်က ဒီဇိုင်းတွက်ရန်အတွက် အချက်အလက်မစုံသော နိုင်ငံဟု အပြောခံရလေ့ရှိတိုင်း ပြန်ဖြေစရာ စကားလုံးများ ပျောက်ခဲ့ရဘူးပါသည်။ ထို့ကြောင့် စာရေးသူမှ ဂျပန်တယောက်အား နင်တို့နိုင်ငံ မှာ ရော ဒီလိုပြဿနာတွေ ရှိတယ်လား ဟု အံ့သြတကြီး မေးခဲ့ဘူးပါသည်။
ထိုကျောင်းသားမှ သူတို့နိုင်ငံမှာလည်း အချက်အလက် ပျောက်ဆုံးသည့် ပြဿနာရှိပါသည်။ အကြောင်းမှာ နှစ်စဉ် သဘာဝ ဘေးအန္တရာယ် အများဆုံး ခံရသောနိုင်ငံ ဖြစ်သည့် အားလျော်စွာ တိုင်းတာရေး ပစ္စည်းကိရိယာများ ပျက်ဆီးခြင်းကြောင့် ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့ကြောင့် ဤစာစုကို ဖတ်ရှုသူ အသင် အင်ဂျင်နီယာများ စိတ်အားမငယ်ပါနှင့် တိုးတက်နေပါသော ဂျပန်လိုနိုင်ငံမှာပင် အချက်အလက် ပျောက်ဆုံး နေပါသေးလျှင် တိုးတက်ရန် အားယူနေသော ကျနော်တို့ နိုင်ငံတော်ကြီး အဖို့ လက်လှမ်းရန် မှီပါသေးသည်။
ထိုညီလာခံကို နှစ်စဉ် ကျင်းပလေ့ရှိပြီး အများအားဖြင့် လာရောက် ဖတ်ကြားသော ဆရာများ၊ ကျောင်းသားများမှာ ကျိုတိုတက္ကသိုလ်၊ တိုကျိုတက္ကသိုလ်၊ တိုကျိုချူးရှင် တက္ကသိုလ် တို့မှ အများဆုံးဖြစ်ပါသည်။ တနှစ်ကို မြို့တစ်မြို့ပြောင်း၍ ကျင်းပလေ့ရှိပါသည်။ ကျောင်းအလိုက်လည်း ဘောလုံးပွဲများ ယှဉ်ပြိုင် ကစားကြပါသည်။ ဤနေရာတွင် ဗဟုသုတအဖြစ် ဖြည့်စွက် ပြောပြလိုပါသေးသည်။ တိုကျို တက္ကသိုလ် တွင် ရှိသော Civil Department သည် အင်္ဂလိပ်လိုသာ သင်ခြင်းဖြစ်ပါသည်။ ထိုကျောင်းရှိ ဂျပန်ကျောင်းသားနှင့် ဘောလုံးပွဲ အားပေးရင်း စကားစပ်မိ၍ ဖြစ်ပါသည်။ နှစ်စဉ် ကျင်းပသော ထိုညီလာခံတွင် ကံအားလျော်စွာ အပြည်ပြည်ဆိုင်ရာ သဘာ၀၀န်းကျင် ထိန်းသိမ်းရေး၊ မြစ်ကြောင်းဆိုင်ရာ ထိန်းသိမ်းပြုပြင်ရေး နှင့် ရေအရင်းမြစ် တူးဖော် ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲကိုလဲ တချိန်တည်းတွင် အပြိုင်ပြုလုပ်ပေးပါသည်။
ထို့အပြင် ထိုဘာသာရပ်များနှင့် ဆက်စပ်လျက်ရှိသော ပစ္စည်းကရိယာ အရောင်းပြခန်းများ၊ ကျောင်းသားများ၏ လေ့လာတွေ့ရှိချက် ပိုစတာများအား ခင်းကျင်းပြသထားသလို ကိုယ်ကြိုက်နှစ်သက်သူကို လွတ်လပ်စွာ မဲပေးခြင်းဖြင့် ဆုပေးစနစ်ကို သုံးပါသော်လည်း အများစုမှာ လူများသော ကျောင်းမှ ရရှိသည်မှာ အထူးပြောစရာ မလိုလှပါ။
အပြည်ပြည်ဆိုင်ရာ ညီလာခံကို ကံအားလျော်စွာ ကျနော်တွေ့ရှိ၍ ယခုတင်ပြမည့် စိတ်ဝင်စားဖွယ်ရာ၊ အားကျ အတုယူဖွယ်ရာ၊ အသိပညာကို ဖြန့်ဝေပေးလိုသော ဆန္ဒဖြင့် ဤစာစုကို တင်ပြခြင်းဖြစ်ပါသည်။ ထိုစာစုကို ဖတ်ကြားပေးသော ပုဂ္ဂိုလ်မှာ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ Kunkuk University မှ လက်ထောက် ပရော်ဖက်ဆာ ဂျွန်ဟိုရှင်း ဖြစ်၍ ဆောက်လုပ်ပေးသည့် ဌာနမှာ ဆိုးလ်မြို့ Infrastructure Planning, Seoul Metropolitan Government မှဖြစ်၍ အထွေထွေ ညွှန်ကြားမှု ဒါရိုက်တာ မှ ထပ်လောင်း၍ ဖြည့်စွက် ရှင်းပြပါသည်။ Infrastructure ဆိုသည်မှာမြို့တစ်မြို့ တည်ဆောက်ရန် အတွက် အခြေခံ လိုအပ်သည့် အဆောက်အဦများကို သာမက တည်ရှိနေပြီးသော အဆောက်အဦများကို မည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်ရင်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပျက်ဆီး ယိုယွင်းမှုများကို မည်သို့မည်ပုံ ထိန်းသိမ်း စောင့်ရှောက်ရသော ပညာရပ် ဖြစ်ကြောင်းကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၏ ချောင်ဂျီချန် မြစ်ဖြင့် နမူနာယူ၍ နားလည်နိုင်စေရန် တင်ပြသွားခြင်း ဖြစ်ပါသည်။
ရှေးဦးစွာ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့နှင့် မိတ်ဆက်ပေးပါရစေ။
ကိုရီးယား နိုင်ငံ၏ မြို့တော်ဖြစ်သော ဆိုလ်းမြို့ကို Cheong Gye Cheon မြစ်သည် မြို့လယ်ခေါင်ကို့် ဖြတ်၍ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ခန့်မှ တောင်ပေါ်မှ မြစ်ဖျားခံကာ စီးဆင်းလျက် ရှိပါသည်။ မြို့တော်ဖြစ်သည့် အားလျော်စွာ လူဦးရေ ထူထပ်မှု များပြားလာခြင်း၊ စက်ရုံ အလုပ်ရုံများ ပေါများလာခြင်းကြောင့် ရေထုညစ်ညမ်း လာပါသည်။ ၁၉၆၇ ခုနှစ်တွင် လူဦးရေ ထူထပ်လာသည်နှင့် အမျှ သွားလာရေး လွယ်ကူချောမွေ့စေရန် အတွက် ၆ ကီလိုမီတာ အရှည် ၁၀လမ်းသွား ကွန်ကရစ် တံတားကို တည်ဆောက်ခဲ့ သော်လည်း မလုံလောက်သဖြင့် မိုးပျံ ၄ လမ်းသွား တံတားကို ထပ်ပိုး၍ တည်ဆောက်ခဲ့ရာ ခေတ်မှီလှပသော မြို့တော်ဖြစ်ခဲ့သည် မှန်သော်လည်း အဆိုပါဒေသသည် ရေထုညစ်ညမ်းမှုနှင့် လေထုညစ်ညမ်းမှု ဒဏ်များကိုပါ ဆက်လက်ခံခဲ့ရပါသည်။


ထို့ကြောင့် ၁၉၈၀နှောင်းပိုင်းမှ စ၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပြဿနာများစွာကို ရင်ဆိုင်လာရပါသည်။ လူအများစုမှာလည်း အလုပ်လုပ်ရုံမှတပါး အခြားသော ဒေသများသို့ သွားရောက် နေထိုင်ကြသလို နှစ်ကြာလှ သည်နှင့်အမျှ တံတားမှာလည်း ယိုယွင်းပျက်စီး လာပါသည်။ အဆိုပါ ပြဿနာများကို ဖြေရှင်းရန်အတွက် ၂၀၀၁ခုနှစ်မှ စတင်၍ လေ့လာမှုများကို အဖွဲ့အစည်း အသီးသီးအလိုက် လုပ်ဆောင်ခဲ့ကြပါသည်။


ထို့နောက် ၂၀၀၂ ခုနှစ်တွင် အဆိုပါ Cheong Gye Cheon Restoration Project ကို အကောင်အထည် ဖော်နိုင်ရန် ကြိုးပမ်းလာကြပါသည်။ ဇူလိုင်လ ၂၀၀၂ ခုနှစ်တွင် အထက်ဖော်ပြပါ အဖွဲ့မှ ကော်မတီဖွဲ့စည်း၍ စီမံကိန်းများ ရေးဆွဲနိုင်ရန် လေ့လာမှု အသီးသီး ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် အောက်ပါ ဆုံးဖြတ်ချက်များကို ချမှတ် အကောင်အထည် ဖော်ပါတော့သည်။

မြစ်ကြောင်း တဖက် တချက်စီတွင် ၂လမ်းသွား လမ်းများ ဖောက်ရန်နှင့် ၁၄ လမ်းသွား လမ်းမအစား ၄ လမ်းသွားသာ ဆောက်လုပ်ရန် ဖြစ်ပြီး အောက်ပါ အဓိက အချက်များ ပါဝင်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်ကြရန် အတည်ပြုကြပါသည်။
ထိုကျောင်းသားမှ သူတို့နိုင်ငံမှာလည်း အချက်အလက် ပျောက်ဆုံးသည့် ပြဿနာရှိပါသည်။ အကြောင်းမှာ နှစ်စဉ် သဘာဝ ဘေးအန္တရာယ် အများဆုံး ခံရသောနိုင်ငံ ဖြစ်သည့် အားလျော်စွာ တိုင်းတာရေး ပစ္စည်းကိရိယာများ ပျက်ဆီးခြင်းကြောင့် ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့ကြောင့် ဤစာစုကို ဖတ်ရှုသူ အသင် အင်ဂျင်နီယာများ စိတ်အားမငယ်ပါနှင့် တိုးတက်နေပါသော ဂျပန်လိုနိုင်ငံမှာပင် အချက်အလက် ပျောက်ဆုံး နေပါသေးလျှင် တိုးတက်ရန် အားယူနေသော ကျနော်တို့ နိုင်ငံတော်ကြီး အဖို့ လက်လှမ်းရန် မှီပါသေးသည်။
ထိုညီလာခံကို နှစ်စဉ် ကျင်းပလေ့ရှိပြီး အများအားဖြင့် လာရောက် ဖတ်ကြားသော ဆရာများ၊ ကျောင်းသားများမှာ ကျိုတိုတက္ကသိုလ်၊ တိုကျိုတက္ကသိုလ်၊ တိုကျိုချူးရှင် တက္ကသိုလ် တို့မှ အများဆုံးဖြစ်ပါသည်။ တနှစ်ကို မြို့တစ်မြို့ပြောင်း၍ ကျင်းပလေ့ရှိပါသည်။ ကျောင်းအလိုက်လည်း ဘောလုံးပွဲများ ယှဉ်ပြိုင် ကစားကြပါသည်။ ဤနေရာတွင် ဗဟုသုတအဖြစ် ဖြည့်စွက် ပြောပြလိုပါသေးသည်။ တိုကျို တက္ကသိုလ် တွင် ရှိသော Civil Department သည် အင်္ဂလိပ်လိုသာ သင်ခြင်းဖြစ်ပါသည်။ ထိုကျောင်းရှိ ဂျပန်ကျောင်းသားနှင့် ဘောလုံးပွဲ အားပေးရင်း စကားစပ်မိ၍ ဖြစ်ပါသည်။ နှစ်စဉ် ကျင်းပသော ထိုညီလာခံတွင် ကံအားလျော်စွာ အပြည်ပြည်ဆိုင်ရာ သဘာ၀၀န်းကျင် ထိန်းသိမ်းရေး၊ မြစ်ကြောင်းဆိုင်ရာ ထိန်းသိမ်းပြုပြင်ရေး နှင့် ရေအရင်းမြစ် တူးဖော် ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲကိုလဲ တချိန်တည်းတွင် အပြိုင်ပြုလုပ်ပေးပါသည်။
ထို့အပြင် ထိုဘာသာရပ်များနှင့် ဆက်စပ်လျက်ရှိသော ပစ္စည်းကရိယာ အရောင်းပြခန်းများ၊ ကျောင်းသားများ၏ လေ့လာတွေ့ရှိချက် ပိုစတာများအား ခင်းကျင်းပြသထားသလို ကိုယ်ကြိုက်နှစ်သက်သူကို လွတ်လပ်စွာ မဲပေးခြင်းဖြင့် ဆုပေးစနစ်ကို သုံးပါသော်လည်း အများစုမှာ လူများသော ကျောင်းမှ ရရှိသည်မှာ အထူးပြောစရာ မလိုလှပါ။
အပြည်ပြည်ဆိုင်ရာ ညီလာခံကို ကံအားလျော်စွာ ကျနော်တွေ့ရှိ၍ ယခုတင်ပြမည့် စိတ်ဝင်စားဖွယ်ရာ၊ အားကျ အတုယူဖွယ်ရာ၊ အသိပညာကို ဖြန့်ဝေပေးလိုသော ဆန္ဒဖြင့် ဤစာစုကို တင်ပြခြင်းဖြစ်ပါသည်။ ထိုစာစုကို ဖတ်ကြားပေးသော ပုဂ္ဂိုလ်မှာ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ Kunkuk University မှ လက်ထောက် ပရော်ဖက်ဆာ ဂျွန်ဟိုရှင်း ဖြစ်၍ ဆောက်လုပ်ပေးသည့် ဌာနမှာ ဆိုးလ်မြို့ Infrastructure Planning, Seoul Metropolitan Government မှဖြစ်၍ အထွေထွေ ညွှန်ကြားမှု ဒါရိုက်တာ မှ ထပ်လောင်း၍ ဖြည့်စွက် ရှင်းပြပါသည်။ Infrastructure ဆိုသည်မှာမြို့တစ်မြို့ တည်ဆောက်ရန် အတွက် အခြေခံ လိုအပ်သည့် အဆောက်အဦများကို သာမက တည်ရှိနေပြီးသော အဆောက်အဦများကို မည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်ရင်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပျက်ဆီး ယိုယွင်းမှုများကို မည်သို့မည်ပုံ ထိန်းသိမ်း စောင့်ရှောက်ရသော ပညာရပ် ဖြစ်ကြောင်းကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၏ ချောင်ဂျီချန် မြစ်ဖြင့် နမူနာယူ၍ နားလည်နိုင်စေရန် တင်ပြသွားခြင်း ဖြစ်ပါသည်။
ရှေးဦးစွာ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့နှင့် မိတ်ဆက်ပေးပါရစေ။



ထို့ကြောင့် ၁၉၈၀နှောင်းပိုင်းမှ စ၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပြဿနာများစွာကို ရင်ဆိုင်လာရပါသည်။ လူအများစုမှာလည်း အလုပ်လုပ်ရုံမှတပါး အခြားသော ဒေသများသို့ သွားရောက် နေထိုင်ကြသလို နှစ်ကြာလှ သည်နှင့်အမျှ တံတားမှာလည်း ယိုယွင်းပျက်စီး လာပါသည်။ အဆိုပါ ပြဿနာများကို ဖြေရှင်းရန်အတွက် ၂၀၀၁ခုနှစ်မှ စတင်၍ လေ့လာမှုများကို အဖွဲ့အစည်း အသီးသီးအလိုက် လုပ်ဆောင်ခဲ့ကြပါသည်။


ထို့နောက် ၂၀၀၂ ခုနှစ်တွင် အဆိုပါ Cheong Gye Cheon Restoration Project ကို အကောင်အထည် ဖော်နိုင်ရန် ကြိုးပမ်းလာကြပါသည်။ ဇူလိုင်လ ၂၀၀၂ ခုနှစ်တွင် အထက်ဖော်ပြပါ အဖွဲ့မှ ကော်မတီဖွဲ့စည်း၍ စီမံကိန်းများ ရေးဆွဲနိုင်ရန် လေ့လာမှု အသီးသီး ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် အောက်ပါ ဆုံးဖြတ်ချက်များကို ချမှတ် အကောင်အထည် ဖော်ပါတော့သည်။

မြစ်ကြောင်း တဖက် တချက်စီတွင် ၂လမ်းသွား လမ်းများ ဖောက်ရန်နှင့် ၁၄ လမ်းသွား လမ်းမအစား ၄ လမ်းသွားသာ ဆောက်လုပ်ရန် ဖြစ်ပြီး အောက်ပါ အဓိက အချက်များ ပါဝင်သော လုပ်ဆောင်ချက်များကို ဆောင်ရွက်ကြရန် အတည်ပြုကြပါသည်။
- ၅.၄ ကီလိုမီတာ အကျယ်အ၀န်းရှိသော အဆောက်အဦးများကို ဖယ်ရှားရန်၊
- ၅.၇ ကီလိုမီတာ အရှည်ရှိသော မြစ်ကြောင်းများ ဖော်ရန်နှင့် မြစ်ကြမ်းပြင် ရှင်းလင်းရန်၊
- ၁၂၂,၀၀၀ ton/day ဖြန့်ဝေနိုင်ရန် အတွက် ၁၀.၉ ကီလိုမီတာ အရှည်ရှိသော ရေပေးဝေရေး ပိုက် တပ်ဆင်ရန်၊
- မြစ်ကိုဖြတ်၍ တံတား ၂၂ စင်း တပ်ဆင်ရန်၊
- ၅.၈ ကီလိုမီတာ အကျယ် landscaping ပြုလုပ်ရန်တို့ ဖြစ်ပါသည်။


ချောင်ဂျီချမ်း (Cheong Gye Cheon) မြစ်နှင့် ပက်သက်၍ မြစ်ကြောင်း တလျှောက် မြို့ပြဧရိယာ (urbanization) နှင့် ကွန်ကရစ် ပလက်ဖောင်းများ ဆောက်လုပ်ခြင်းအား လျှော့ချခြင်းဖြင့် မြစ်ရေကြီးလာခြင်းနှင့် မိုးများလာမှုများအပေါ် မြေကြီးထဲသို့ စိမ့်ဝင်မှု ပမာဏများအောင် ဒီဇိုင်းဆွဲရန် လျာထားပါသည်။ ထို့ပြင် Hydrological analysis နှင့် မော်ဒယ်ပုံစံငယ် ပြုလုပ်၍ လက်ရှိ စီးဆင်းနေသော မြစ်တွင် မြစ်ရေကြီးမှု ခံနိုင်ရည်အား ဒီဇီုင်း flood ဖြင့် စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါသည်။ ထို့ကြောင့် မြစ်ကြောင်း၏ မူလအကျယ်ကို မပြုပြင်ပဲ မြစ်ကြမ်းပြင် ကိုသာ ပိုစောက်နက်အောင် ပြုလုပ်ခြင်းဖြင့် မြစ်ရေကြီးခြင်းကို ကာကွယ်နိုင်သလို ဆောက်လုပ်ပြီးစီးသွားပါက ထိန်းသိမ်းမှုများကို လည်း အဆင်ပြေ ချော့မွေ့စေပါသည်။

ထိုသို့ မြစ်ကြောင်း ပြုပြင်ရာတွင် လက်ရှိ အနေအထား အတိုင်း ရှိနေသော အောက်ခံ Foundation များနှင့် Reinforcement structure များကို ယိုယွင်း ပျက်ဆီး မှုမရှိစေရန်နှင့် မြစ်ကြောင်းနံရံများကို စနစ်တကျ (slope wall) ပြုလုပ်သွားရန် အလေးထား ဆောင်ရွက်နိုင်ရန်အတွက် construction work တွင် စီမံကိန်းချ၍ ဆောင်ရွက်ပါသည်။ မြစ်ကြောင်းတလျှောက် Diameter 200mm micro piles များ ရိုက်ခြင်းဖြင့် လက်ရှိ မြေသား အောက်ခြေများ bearing capacity ပိုမိုကောင်းမွန်အောင် လုပ်ပါသည်။ မြစ်ကြောင်း တလျှောက်၏ အောက်ခြေတွင် ကာဗွန်ချောင်းများ ထည့်၍၄င်း၊ အပေါ်ယံ မျက်နှာပြင်တွင် ခိုင်ခံမှု ပိုမိုရရှိစေရန် ကာဗွန် fiber strip များထည့်၍ မြစ်ကြောင်း အောက်ခြေကို ပြုပြင်ပါသည်။ မြစ်၏ အထက်ဖက် တွင် အကျယ် ၂၀ မီတာ ရှိသော်လည်း မြစ်၏ အောက်ဖက်တွင်မူ အကျယ်မီတာ ၁၀၀ ရှိပါသည်။ ထို့ကြောင့် မြစ်ရေကြီးခြင်းအား မျက်စိပဒသာ ဖြစ်စွာ ထိန်းသိမ်းနိုင်ပါသည်။

ထို့ပြင် ရေဆိုးမြောင်းများအား combined system (မိုးရေနှင့် ရေဆိုးရေညစ် များကို ပေါင်းထားသောစနစ်) သုံးခြင်းဖြင့် မြစ်ရေလျှံခြင်းကို ကာကွယ်ထားပါသည်။ မြစ်ကြောင်းထဲသို့ ထိုသို့ ရေဆိုးရေညစ်များ တိုက်ရိုက် စီးဆင်းလျှင် သဘာဝဇီဝ ဘေးအန္တရာယ် (Ecosystem) ကျရောက် လာနိုင်သောကြောင့် ရေဆိုးရေညစ် သန့်စစ်သည့် စက်ရုံ (waste water treatment plant) ကိုထည့်သွင်း တည်ဆောက်ပါသည်။


ထို့ပြင် မြစ်ရေသုံးစွဲမှုအား နေ့စဉ် ၁၂၀၀၀၀ တန် ပေးဝေနိုင်ရန်အတွက် မြစ်၏ ရေမျက်နှာပြင် ကို ၄၀ cm ပျှမ်းမျှရေစီးနှုန်း ၀.၂၅ m/sec ထားရှိရန် သတ်မှတ်ပါသည်။ နေ့စဉ် ချောင်ဂျီချမ်း မြစ် အောက်ခြေမှ ၁၅ km ဝေးသော Han River မှ ၁၀၀၀၀၀ တန် နှင့် မြအောက်ရေ ၂၀၀၀၀ တန် ကို မြေအောက် လှိုဏ်ခေါင်း များမှ နေ့စဉ် ဖြန့်ဝေပေးနိုင်ရန် လျာထားပါသည်။ ထိုသို့ ရေပေးဝေခြင်းဖြင့် မြစ်ရေကြီးမှု အန္တရာယ်မှ ကာကွယ် တားဆီးနိုင်ပါသည်။


မြစ်ကြောင်း တဖက်တချက်စီတွင် မြစ်ကြောင်းနှင့်အပြိုင် ကားလမ်းများ ဖောက်သလို မြစ်ကိုဖြတ်၍ တံတား ၂၂ စင်းကို ဆောက်ခြင်းကြောင့် လမ်းပန်း ဆက်သွယ်ရေးပါ လွယ်ကူ ချောမွေ့လာပါသည်။
မြစ်အောက်ခြေတွင်လည်း သဘာဝအတိုင်း ဖန်တီးထားသော landscaping များကို အကျယ်အ၀န်း ၂၇၆ ၆၅၀ m2 ရှိ၍ ၅.၈ km အရှည် ပြုပြင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် Ecology ကို တိုးတက်လာစေရန် ရည်ရွယ်သလို မိုးရေများ မြေကြီးထဲ စိမ့်ဝင်ခြင်းကြောင့် ရေလွှမ်းမိုးမှုအား ကာကွယ်နိုင်ပါသည်။ အဆိုပါ project မှာ ၂၇ လသာ ကြာမြင့်ခဲ့ပါသည်။ ဖျက်သိမ်းခြင်းကာလမှာ ခန့်မှန်းထားသည့် ၃လထက် ပို၍စောစွာ ပြီးစီးခဲ့ပါသည်။ ခန့်မှန်း ကုန်ကျစရိတ်မှာ ၃၅၇ မီလီယံ U$ ဖြစ်သော်လည်း အပြီးအစီး ကုန်ကျစရိတ်မှာ ၃၈၆ မီလီယံ U$ ဖြစ်သွားပါသည်။

နိဂုံးချုပ်ရသော်… အဆိုပါ ၂၀၀၅ခုနှစ် အောက်တိုဘာ၁ ရက်နေ့တွင် project ပြီးစီးပြီးနောက် အကျိုးဆက် အောင်မြင်မှုများစွာ ရရှိလာပါသည်။ သဘာဝ ပတ်ဝန်းကျင် ပြန်လည် စိမ်းလန်းစိုပြေ၍ ရှားပါးမျိုးစိတ်များအပြင် ယခင်က မရှိခဲ့သော မျိုးစိတ်များပါ ပြန့်ပွားလာခဲ့ကြောင်း စိတ်ဝင်စားဖွယ် သိရှိရပါသည်။ လမ်းပန်း ဆက်သွယ်ရေးအပြင် မျက်စိပသာဒဖြစ်ဖွယ် အပန်းဖြေစရာ နေရာများကြောင့် ပြည်သူလူထု အများ စိတ်ချမ်းသာမှုများ ခံစားရရှိသည့်အပြင် သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ် ပေးလာနိုင်သည့် အကျိုးကျေးဇူးများ ခံစားရရှိပါသည်။
အခုမှ အင်ဖရာ စထရပ်ချာနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းတာ အရေးပါပုံ ပိုသိလာတယ် ... ကျေးဇူးဗျာ မျှဝေပေးထားတာ :D
Hey...sister.!
It's a nice post. I read it carefully. Actually our country has only a few uncompleted data base in all fields. Well..hope we can fix it one day. Got a lot of knowledges about urbanisation form ur post. Hope to read ur new knowledgeable post here. Thnx for ur post.
with regards!