* THINK POSITIVE. TOGETHER WE ARE BUILDING THE FUTURE *

Gotthard Base tunnel

စာရေးသူ © မိုးပေါက် |

G

otthard Base Tunnel ဟာ ရထားဥမင် တစ်ခုဖြစ်ပြီး တည်ဆောက်ဆဲ ဥမင်တစ်ခု ဖြစ်ပါတယ်။ ၎င်းဥမင်ဟာ Switzerland နိုင်ငံ အတွင်းမှာ တည်ရှိုပါတယ်။ ဒီဥမင်ဟာ အရှည် ၅၇ ကီလိုမီတာ ရှိမှာ ဖြစ်ပြီးတော့ ဥမင် ပြီးစီးသွားရင် လက်ရှိ ဂျပန်မှာရှိတဲ့ အရှည်ဆုံး ဥမင် Seikan (၅၃.၈၅ ကီလိုမီတာ) ထက် ပိုရှည်ပြီး ကမ္ဘာ့အရှည်ဆုံး ဥမင်တစ်ခု အဖြစ် မှတ်ကျောက် တင်ခံရမှာ ဖြစ်ပါတယ်။ ဒီဥမင်ကို အသွား အပြန် သီးခြား ဥမင်လမ်းများ (Tunnel system with two single- track) အနေနဲ့ ခွဲပြီး ဖောက်လုပ်နေတာ ဖြစ်ပါတယ်။ ဒီဥမင်ဟာ Alp Transit project ရဲ့အပိုင်း တစ်ပိုင်း ဖြစ်ပါတယ်။


ဒီ Gotthard Base Tunnel Project ဟာ New Railway Link through the Alps (NPLA) အဖြစ် လူသိများပြီးတော့ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီ နိုင်ငံများရှိ ရထားလမ်း ကွန်ယက်များနဲ့ ချိတ်ဆက်မိစေရန် ဆွစ်ဇာလန် နိုင်ငံ အတွင်းရှိ Alps တောင်တန်းကို ဖြတ်ပြီး ရထားဥမင် ဆောက်လုပ်ဖို့ ဆွစ်အစိုးရကနေ အကောင်အထည်ဖော် ဆောက်ရွက်နေတဲ့ Project တစ်ခုဖြစ်ပါတယ်။ ဒီ project ထဲမှာ Berne နဲ့ Valais မြို့များကို ဆက်သွယ် ဖောက်လုပ်ထားတဲ့ Lötschberg Base Tunnel (LBT) လည်း ပါဝင်ပါတယ်။ ဒီဥမင်ဟာလည်း (၃၄.၅၅ ကီလိုမီတာ) ရှည်လျားပြီး ကုန်းတွင်းပိုင်းမှာ အရှည်ဆုံး ဥမင်တစ်ခု ဖြစ်ပါတယ်။ ၂၀၀၇ ခုနစ်၊ ဇွန်လ (၁၅) ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။


အခု Gotthard Base tunnel ဟာလည်း Lötschberg Base Tunnel ကဲ့သို့ တောင်တန်းအောက်မှ ဖြတ်ကျော်ကာ အမြန်ရထားများနဲ့ ကုန်တင်ရထားများ သွားလာရန်အတွက် ဖောက်လုပ်မှာ ဖြစ်ပါတယ်။ ဒီဥမင် ပြီးသွားရင် ဆွစ်ဇလန်နိုင်ငံ ဇူးလစ်မြို့မှ အီတလီနိုင်ငံ မီလန်မြို့ကို သွားတဲ့အချိန်ကို တစ်နာရီလောက် လျော့ချပေးနိုင်မှာ ဖြစ်ပြီးတော့ သုံးနာရီ အတွင်းမှာ ရောက်ရှိနိုင်မယ်လို့ ရည်မှန်းထားပါတယ်။

Gotthard Base Tunnel Project ကို ၂၀၁၅ မှာပြီးစီးမယ်လို့ မျှော်လင့်ထားပြီးတော့ Construction Delay Time များကြောင့် ၂၀၁၇ မှာ အပြီးသတ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။



ဒါ့အပြင် ဒီဥမင်ဟာ Alps တောင်တန်းကို ဖြတ်ပြီး ဖောက်လုပ်ထားတဲ့အတွက် ဥရောပ မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ပေးရာမှာ အရေးပါတဲ့ ဥမင်တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီဥမင်ဖောက်လုပ် ပြီးစီးသွားတဲ့အခါမှာ ဆွစ်ဇာလန် နိုင်ငံဟာ စီးပွားရေးအရ ပိုပြီး အချက်အခြာ ကျလာမှာ ဖြစ်ပြီး ဥရောပ နိုင်ငံအားလုံးနဲ့ High-Speed Network ကို ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။



ဒီဥမင်ကို AlpTransit Gotthard AG အဖွဲ့က တာဝန်ယူ ဖောက်လုပ်နေပါတယ်။ ဥမင် တည်ဆောက်တဲ့ အခါမှာ Construction Time ကို လျှော့ချနိုင်ဖို့အတွက် အပိုင်းလိုက်ခွဲပြီး ဆောက်လုပ်နေပါတယ်။ တည်ဆောက်မယ့် အပိုင်းကို Sites ၅ခု ခွဲထားပြီး အပိုင်းလိုက်ကို တပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက်နေကြပါတယ်။ ခွဲထားတဲ့ အပိုင်းများကတော့ (Erstfeld, Amsteg, Sedrun, Faido and Bodio) စတဲ့နေရာများမှာ ဖြစ်ပါတယ်။



ဥမင်အတွင်းမှာ မြန်နှုန်းမြင့် ရထားများကို အသုံးပြုမှာဖြစ်တဲ့အတွက် အသွားအပြန် သီးခြား ဥမင်လမ်း (Tunnel system with two single-track tunnels) အဖြစ် တည်ဆောက်ကြပါတယ်။ ဒီဥမင်နှစ်ခု၏ အကွာအဝေးမှာ ၄၀ မီတာဖြစ်ပါတယ်။ ဒါ့အပြင် ဥမင် လမ်းကြောင်း တလျှောက်ကို အတက်အဆင်းများ မရှိစေဘဲ Flat way များအဖြစ် တူးဖော်ဆောက်လုပ်မှာ ဖြစ်ပါတယ်။ အသွားအပြန် ဥမင်နှစ်ခုကို လမ်းကြောင်း တလျှောက် ၃၂၅ မီတာ အကွာအဝေးတိုင်းမှာ Galleries များနဲ့ ဆက်သွယ် ပေးထားပါတယ်။ ဥမင်ဟာ ရှည်လျားတဲ့ အတွက် ကြားမှာ (Sedrun and Faido) Multifunction Stations ၂ ခု ပြုလုပ်ထားပါတယ်။ ဒီ Stations ၂ ခုဟာ ဥမင်အတွင်း လေဝင်လေထွက် ပြုလုပ်ရန်နှင့် တခြားသော Technical Infrastructure များ ဆောက်လုပ် ထားရှိဖို့ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရထား အရေးပေါ် ရပ်တန့်ခြင်းများနှင့် အရေးပေါ် ကိစ္စများအတွက် ရထား လမ်းကြောင်းလွှဲခြင်းများမှာ အထောက်အကူ ပြုနိုင်ဖို့ ဖြစ်ပါတယ်။



ဆက်လက်ပြီးတော့ ဖောက်လုပ်နေဆဲ အပိုင်းများနှင့် ပြီးစီးမှုများကို ပုံများနဲ့တကွ ဖော်ပြသွားပါ့မယ်။

Erstfeld (section from Erstfeld to Amsteg) အပိုင်းမှာ ၇.၄ ကီလိုမီတာ ရှိပါတယ်။ ဒီအပိုင်းကို TBM စက်ကြီး နှစ်လုံးနှင့် တူးဖော်မှာဖြစ်ပါတယ်။ ဒီအပိုင်းကိုတော့ Amsteg (section from Amsteg to north of Sedrun) အပိုင်းတူးဖော်ပြီးမှ TBM စက်ကြီးများကို ပြန်လည်အသုံးပြုပြီး ဖောက်လုပ်မှာ ဖြစ်ပါတယ်။



Amsteg (section from Amsteg to north of Sedrun) အပိုင်းဟာ ၁၁.၄ ကီလိုမီတာ ရှိပါတယ်။ ဒီအပိုင်းကို တူးဖော်ရာတွင် TBM စက်ကြီး နှစ်လုံးကို အသုံးပြုပြီး ဖောက်လုပ်နေတာ ဖြစ်ပါတယ်။



Sedrun (section immediately north and south of Sedrun) အပိုင်းဟာ ၆.၈ ကီလိုမီတာ ရှိပါတယ်။ ဒီအပိုင်းကို တူးဖော်ရာမှာ Blasting method ကို အသုံးပြုပြီး ဖောက်လုပ်နေပါတယ်။ Sedrun station ဆောက်လုပ်ဖို့ စဉ်းစားတဲ့အခါ မြေတူးလုပ်ငန်း လုပ်ဆောင်ရာမှာ အခက်အခဲများကို ကြုံတွေ့ခဲ့ကြပါတယ်။ Station Level ကို ရောက်အောင်တူးဖို့အတွက် Sedrun အနီးရှိ တောင်ခြေမှ Access tunnel တူးလျှင် တစ်ကီလိုမီတာ ကွာဝေးမှာဖြစ်ပြီး၊ Vertical Shaft များနဲ့ တူးရာမှာ ဒေါင်လိုက်တူးတဲ့အခါ မီတာ ၈၀၀ အထိတူးရမှာ ဖြစ်တဲ့အတွက် ဖြစ်ပါတယ်။





Faido (section from south of Sedrun to Faido) အပိုင်းမှာ ၁၄.၆ ကီလိုမီတာရှိပြီး ဖောက်လုပ်မယ့် Method ကတော့ Blasting method နဲ့ ဖောက်လုပ်မှာဖြစ်ပါတယ်။





Faido ရှိ Multifunction Station Site

Bodio (section from Faido to Bodio)အပိုင်းမှာ ၁၆.၆ ကီလိုမီတာ အရှည်ရှိပြီး ဖောက်လုပ်တာကတော့ မိုင်းခွဲနည်းလမ်းနဲ့ တူးဖော်တာဖြစ်ပါတယ်။




Assembly of TBM at Bodio

Bodio အနီးရှိ Construction site တစ်နေရာ

ဒီ Gotthard Base Tunnel ဟာ အရှည်ဆုံးဥမင် ဖြစ်တဲ့အတွက် အပိုင်းလိုက်ကို စနစ်တကျ အဖွဲ့များခွဲပြီး လုပ်ဆောင်လျက် ရှိပါတယ်။ ဒီ Project ကို စဉ်းစားခဲ့တာ နှစ်ပေါင်း၅၀ ကြာပြီးမှ အကောင်အထည် ဖော်နိုင်ခဲ့တာ ဖြစ်ကြောင်း သိရှိရပါတယ်။ ၁၉၆၂ ခုနစ်မှာ Swiss Federal Department of Home Affairs တောင်ဖြတ်ဥမင် ဖောက်လုပ်ဖို့ စတင် စဉ်းစားခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ မြေတိုင်းလုပ်ငန်းများ၊ လမ်းကြောင်းဖော်ခြင်း လုပ်ငန်းများကို စတင်ခဲ့ပြီး ၁၉၉၆ ခုနစ်မှာ စတင်တူးဖော်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။


Scale model of the TBM S-210



TBM စက်ကြီးများနဲ့ တူးဖော်ခြင်းလုပ်ငန်းများကို တော့ ၂၀၀၃ ခုနစ်မှ စတင်ခဲ့တာဖြစ်ပါတယ်။ ဤဥမင်တူးဖော်ရေး လုပ်ငန်းမှာ Blasting method ၊ TBM အသုံးပြုသော Mechanical Excavation Method များဖြင့် အသုံးပြု ဆောင်ရွက်လျက်ရှိ ပါတယ်။ TBM စက်ကြီး ၄ ခုကို ဒီ Project မှာ အသုံးပြု နေတာကို တွေ့ရှိရပါတယ်။ ဒီ စက်ကြီးများဟာ အချင်း ပေ ၃၀ ရှိပြီး ကမ္ဘာ့ အကြီးဆုံး TBM အမျိုးအစားမှာ ပါဝင်ပါတယ်။



Gotthard Base Tunnel ဥမင်တစ်ခုလုံးကို တူးဖော်ရာတွင် ထွက်ရှိလာမယ့် မြေထုနဲ့ ကျောက်သားများ ပမာဏကတော့ ၂၄ မီလီယံ တန် ဖြစ်ပါတယ်။ စုစုပေါင်း ကုန်ကျငွေ ပမာဏဟာ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၆.၄၂၈ ဘီလီယံ ရှိမှာဖြစ်ပါတယ်။



Gotthard Base Tunnel ဟာ ရှည်လျားတဲ့အတွက် ဥမင်အတွင်း မမျှော်လင့်သော ရုတ်တရက် ဖြစ်လာနိုင်သော အန္တရာယ်များမှ ကင်းဝေးစေရန် Safety concept ကို အောက်ပါပုံ အတိုင်း စဉ်းစား လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဥမင် အလျား၏ သုံးပုံတစ်ပုံမှာ Multifunction Station များကို ထားရှိပါတယ်။ ဥမင်နှစ်ခုအကြားကို ဆက်သွယ်ရေး ဥမင်ငယ်များနဲ့ ၃၂၅ မီတာကြား ဆက်သွယ်ပေးထားပါတယ်။



ဥမင်လမ်းကြောင်းများကို တိုင်းတာတဲ့အခါမှာ GPS စနစ်ကို သုံးပြုပြီး မြေတိုင်းလုပ်ငန်းများကို လုပ်ဆောင် ကြပါတယ်။ ဥမင်တူးစဉ်အတွင်း လမ်းကြောင်းထိန်း လုပ်ငန်းများကိုလည်း Stallite System ကို အသုံးပြုပြီး လုပ်ဆောင်ကြပါတယ်။



၎င်းအပြင် ဥမင်များတူးဖော်စဉ် ကာလအတွင်းမှာလည်း သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေရန်အတွက် လိုအပ်သော လုပ်ဆောင်မှုများကို construction sites များအလိုက် ပြုလုပ်ထားရှိတာကိုလည်း တွေ့ရှိရပါတယ်။ ဥမင်တူးဖော်ရာမှ ထွက်ရှိလာမယ့် ကျောက်သားများကို Conveyer များ၊ train များ၊ မြေသယ်ကားများဖြင့် စနစ်တကျ သယ်ဆောင်ပြီး Temporary Storage များအဖြစ် Embedment များ ပြုလုပ်၍ ထားရှိပါတယ်။ Concrete များကို Plant များတွင် စနစ်တကျ ဖျော်ခြင်း၊ Workshops ၊ Warehouses များတွင် စနစ်တကျထားရှိခြင်းများကို ပြုလုပ်ပါတယ်။ concrete ဖျော်ရည်များ၊ ကျောက်သားများကို convey0r
belt များဖြင့် သယ်ဆောင်ရာမှာလည်း အဖုံးများကို ထားရှိကာ သယ်ဆောင်ကြပါတယ်။



Construction လုပ်ငန်း ပြုလုပ်နေစဉ်အတွင်း Air Pollution အနည်းဆုံး ဖြစ်စေရန်အတွက် Transport ယာဉ်များအားလုံးမှာ Filters များကို တပ်ဆင် အသုံးပြုတာကိုလည်း တွေ့ရှိရပါတယ်။ ဒါ့အပြင် တောင်များမှ စီးဆင်းလာမယ့် ရေများ၊ တူးဖော်စဉ် ဥမင်အတွင်းသို့ စိမ့်ဝင်စီးဆင်းလာသော ရေများသည် construction sites များတွင် အသုံးပြုနေသော စက်ပစ္စည်းများကြောင့် ညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုရေများကို လည်း သန့်စင်ပြီးမှာသာ မြစ်များအတွင်းသို့ စီးဆင်းစေပါတယ်။ Swiss Federal Government က ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များကို စောင့်ကြည့်လေ့လာစေပြီး လိုအပ်သော လုပ်ဆောင်မှုများကို ပြုလုပ်စေပါတယ်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် ဥမင်ကြီး တည်ဆောက်ပြီးစီးပါက ပတ်ဝန်းကျင်တွင်လည်း ၎င်းတို့၏မူလ သဘာဝအတိုင်း ထိန်းသိမ်း ထားရှိနိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ၊ သဘာဝ ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

water purification plant at Amsteg



၎င်းအပြင် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးသည် ပထမ (Safety first) ဆိုတဲ့အတိုင်း လုပ်သားများ အန္တရာယ် ကင်းရှင်းစေဖို့အတွက် လည်း စနစ်တကျ စဉ်းစားပြီး လုပ်ဆောင်တာကို လေ့လာတွေ့ရှိရပါတယ်။ ၁၉ ရာစုအကုန်ထိ ဥမင်များကို တည်ဆောက်ကြရာမှာ လုပ်သားပေါင်းများစွာ သေဆုံးမှုများရှိခဲ့ပါတယ်။ မြေအောက်အတွင်း ကျောက်များပြိုကျခြင်း၊ ရုတ်တရက် မြေအောင်း ရေများစိမ့်ဝင်စီးဆင်းခြင်း၊ မှားယွင်းသော ဖောက်ခွဲမှုများပြုလုပ်မိခြင်း စသည့်အကြောင်းများကြောင့် အသက်များဆုံးရှုံးခဲ့ရပါတယ်။

Driving with a tunnel boring machine (TBM) (above) and blasting (below)

ဒါ့အပြင် ဥမင်အတွင်းရှိ မြေမှုန့်များ၊ ဖုန်မှုန့်များ၊ မသန့်ရှင်းသော လေများကို ရှူရှိုက်ရခြင်းများကြောင့် အဆုတ်ရောဂါများ ဖြစ်ပွား၍ နာတာရှည် ရောဂါများကို ခံစားကြရပါတယ်။ ယနေ့မှာတော့ ဒီလိုအန္တရာယ် ပြဿနာများ မဖြစ်ပွားရအောင် အထူးဂရုပြု လုပ်ဆောင်နေတာကို တွေ့ရှိရပါတယ်။ ဒီဥမင်လုပ်ငန်းမှာလည်း Construction site များမှာ Safety measurement များကို တပ်ဆင်ထားရှိပြီး Ventilation System၊ Cooling System များကို စနစ်တကျ လုပ်ဆောင်ပေးတာကို လေ့လာတွေ့ရှိရပါတယ်။

Fadio material processing plant

ဥမင်အတွင်း construction ပြုလုပ်စဉ်အတွင်း Gas အန္တရာယ်ကိုလည်း ကြုံတွေ့ကြရပါတယ်။ မီသိန်း ဓာတ်ငွေ့နှင့် အောင်ဆီဂျင်များ ရောနှောပြီး Firedamp ဟုခေါ်သော Explosive gas များ ဖြစ်ပေါ်လာ နိုင်ပါတယ်။ မီသိန်း ဓာတ်ငွေ့များသည် လေထုတွင် ၄% အထိရှိတတ်ပြီး အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ မီသိန်း ဓာတ်ငွေ့ Concentration ကို Ventilation လုပ်ခြင်းဖြင့် ၁% ထိရောက်အောင် လျော့ချပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် မီသိန်း ဓာတ်ငွေ့များနှင့် တခြားသော အန္တရာယ်ပေးနိုင်သည့် ဓာတ်ငွေ့များပါဝင်မှုကို သိရှိနိုင်ရန် အတွက် ဥမင် မျက်နှာပြင်များတွင် Gas Sensors များကို ထားရှိ ပေးထားပါတယ်။



ကျောက်များ၏ အပူချိန်ဟာလည်း မြေနက်လာသည်နှင့်အမျှ မြင့်တက် လာတတ်ပါတယ်။ ဒီ Gotthard Base Tunnel ဟာ တောင်အောက် မီတာ ၂၀၀၀ အထက် အနက်မှာ ရှိသောကြောင့် အပူချိန် ၄၅ဒီဂရီ စင်တီဂရိတ် ရှိနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် ဥမင် တူးစက်ကြီးများနဲ့ အခြားသော စက်ယန္တရားကြီးများကို သုံးစွဲမှုကြောင့် ကျောက်သားများ၏ အပူချိန်ကို ပိုပြီးမြင့်တက် စေပါတယ်။ ထိုသို့ ဥမင်အတွင်း အပူချိန် မြင့်တက်ခြင်းသည် ဥမင်တူး လုပ်သားများအတွက် အလုပ်လုပ်ရာတွင် မသက်မသာ ဖြစ်စေပါတယ်။



Ventilation ပြုလုပ်ခြင်းဖြင့် အပူချိန် ပမာဏကို အတိုင်းအတာ တစ်ခုအထိလျှော့ချနိုင်ပါတယ်။ သို့သော်လည်း ဒီဥမင် တည်ဆောက်ရေးလုပ်ငန်းမှာတော့ Swiss Accident Insurance Fund(SUVA) အဖွဲ့က ဥမင် မျက်နှာပြင်များမှာ Extra Cooling System များကို တပ်ဆင်ထားရှိပေးပါတယ်။ ပိုက်များအတွင်း Circulate လုပ်နေတဲ့ ရေများကြောင့် စက်များနဲ့ ကျောက်သားများ အတွင်းရှိအပူကို လျော့ချပေးပါတယ်။ ဒီနည်းလမ်းကို အသုံးပြုခြင်းဖြင့် ဥမင်အတွင်း လေထုအပူချိန်ကို ၂၈ ဒီဂရီ စင်တီဂရိတ် အထိ ထားရှိနိုင်ပါတယ်။



ဒါ့အပြင် ဥမင်တည်ဆောက်ပြီးစီးပါက ဥမင်အတွင်း Temperature နဲ့ Humidity ကို ထိန်းထားနိုင်ဖို့အတွက် လိုအပ်တဲ့ constructional measures များကိုလည်း ပြုလုပ်ထားရှိပါတယ်။ ဥမင်ဟာမြေကြီး အနက်တွင် ရှိသောကြောင့်သာမက ဥမင်အတွင်း သွားလာမှုပြုလုပ်မယ့် ရထားများကြောင့် အပူချိန်ဟာ အလွန်ကို မြင့်တက် လာနိုင်ပါတယ်။ ဥမင်အတွင်း လေကို အဝင်အထွက် မပြုလုပ်နိုင်ပါက အပူချိန်ဟာ များစွာ မြင့်တက် လာနိုင်ပြီး အန္တရာယ် ပေးနိုင်ပါတယ်။



ဒါ့ကြောင့် အပူချိန်ကို ထိန်းသိမ်းထားနိုင်ဖို့ အတွက် ventilation ကို ပြုလုပ် ပေးရုံသာမက ဥမင်ရဲ့ Lining ကို ပြုလုပ်တဲ့ အခါမှာ Continuous Inner Linner ပြုလုပ် ထားပါတယ်။ ဒီ Lining ဟာ Cast-in-place Concrete Lining အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒီ Lining ဟာ ဥမင်အတွင်း Natural Air Circulation ကိုပြုလုပ်ရာမှာ ကောင်းမွန် စေပါတယ်။ ဒါ့အပြင် Humidity ကိုလည်း လျော့ချပေး နိုင်ပါတယ်။ Groundwater Seepage ကိုလည်း ကန့်သတ် ပေးနိုင်ပါတယ်။


Gotthard Base Tunnel လုပ်ငန်းဟာ ကမ္ဘာ့အကြီးဆုံး တည်ဆောက်ရေး လုပ်ငန်းကြီး တစ်ခု ဖြစ်တာကြောင့် တည်ဆောက်ရေး လုပ်ငန်းမှာ များစွာသော ပညာရှင်လုပ်သားများ၊ ကျွမ်းကျင် လုပ်သားများကို ပါဝင် လုပ်ဆောင်နေတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် ဒီလုပ်ငန်း တည်ဆောက်မှုကို စိတ်ပါဝင်စားသူများ လာရောက် လေ့လာ ကြည့်ရှုနိုင်ဖို့ စီစဉ် ပေးထားတာကိုလည်း လေ့လာတွေ့ရှိ ရပါတယ်။ Amsteg နဲ့ Bodio construction sites များမှာ Construction Site များနှင့် ပတ်သတ်သော Information Data များကို ရယူနိုင်ပါတယ်။ လာရောက် လေ့လာနိုင်တဲ့ Sites နေရာများနှင့် အချိန်ကို Internet website များမှာ ကြေညာ ပေးတာကိုလည်း တွေ့ရှိရပါတယ်။


ဒါ့အပြင် Gotthard Base Tunnel နှင့် ပတ်သတ်သော အချက်အလက်များကိုလည်း Internet website မှတဆင့် တောင်းယူနိုင်ပြီး construction ပြီးစီးမှုများ အားလုံးကိုလည်း website မှာ တင်ပေးထားတာကို တွေ့ရှိရပါတယ်။


Gotthard Base Tunnel လုပ်ငန်း တစ်ခုလုံး ပြီးစီးသွားပါက ဆွစ်ဇာလန်နိုင်ငံ အတွင်းမှာ သာမက ဥရောပ နိုင်ငံအားလုံးကို အချိန်တိုတို အတွင်းမှာ သွားရောက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီဥမင်ဟာ အသွားအပြန် Separate way ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် ရထားများ မောင်းနှင် သွားလာရာမှာ အန္တရာယ် ကင်းရှင်းစေပါတယ်။ အခြားသော မမျှော်လင့်နိုင်သော အန္တရာယ်များ ဖြစ်ပေါ်လာပါက ခရီးသည်များဟာ ဥမင်အတွင်း ပိတ်မိမနေတော့ပဲ Emergency Stop Stations များ၊ ဥမင် အချင်းချင်း ဆက်သွယ်ထားသော Galleries များ မှတဆင့် လျင်မြန်စွာနှင့် လုံခြုံစွာ ထွက်ပေါက် လမ်းကြောင်းများသို့ သွားနိုင်တဲ့အတွက် ခရီးသည်များ အတွက် ၁၀၀ % လုံခြုံမှု ပေးနိုင်မယ်လို့ ကြွေးကြော်ထားပါတယ်။

Gotthard Base Tunnel ဥမင် တည်ဆောက်ရေးနှင့် ပတ်သတ်သမျှကို အောက်ဖော်ပြပါ Video မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။ အနာဂတ် ဥမင်အင်ဂျင်နီယာများနဲ့ စိတ်ပါဝင်စားသူများ လေ့လာနိုင်ဖို့အတွက် လက်လှမ်းမှီသလောက် စုစည်းပြီး တင်ပြ ပေးလိုက်ပါတယ်။

Print ပရင့်ထုတ်ရန်
0 ထင်မြင်ချက်၊

CITY DIRECTORY FROM METRO BITS

Adana Amsterdam Ankara Antwerp Athens Atlanta Baku Baltimore Bangkok Barcelona Beijing Belo Horizonte Berlin Bielefeld Bilbao Bochum Bonn Boston Brasilia Brussels Bucharest Budapest Buenos Aires Buffalo Bursa Busan Cairo Caracas Catania Changchun Charleroi Chennai Chiba Chicago Chongqing Cleveland Cologne Copenhagen Daegu Daejeon Dalian Delhi Detroit Dnepropetrovsk Dortmund Dubai Duesseldorf Duisburg Edmonton Essen Frankfurt Fukuoka Gelsenkirchen Genoa Glasgow Guadalajara Guangzhou Gwangju Haifa Hamburg Hanover Helsinki Hiroshima Hong Kong Incheon Istanbul Izmir Jacksonville Kamakura Kaohsiung Kazan Kharkov Kiev Kitakyushu Kobe Kolkata Kryvyi Rih Kuala Lumpur Kyoto Las Vegas Lausanne Lille Lima Lisbon London Los Angeles Ludwigshafen Lyon Madrid Manila Maracaibo Marseille Medellin Mexico City Miami Milan Minsk Monterrey Montreal Moscow Mulheim Mumbai Munich Nagoya Naha Nanjing Naples New York Newark Newcastle Nizhny Novgorod Novosibirsk Nuremberg Oporto Osaka Oslo Palma de Mallorca Paris Perugia Philadelphia Pittsburgh Porto Alegre Poznan Prague Pyongyang Recife Rennes Rio de Janeiro Rome Rotterdam Rouen Saint Louis Saint Petersburg Samara San Francisco San Juan Santiago Santo Domingo Sao Paulo Sapporo Seattle Sendai Seoul Seville Shanghai Shenzhen Singapore Sofia Stockholm Stuttgart Sydney Taipei Tama Tashkent Tbilisi Tehran The Hague Tianjin Tokyo Toronto Toulouse Turin Valencia Valencia Valparaiso Vancouver Vienna Volgograd Warsaw Washington Wuhan Wuppertal Yekaterinburg Yerevan Yokohama
Currently, there are 175 metros all over the world.