လက်ရှိ လုပ်သား အင်အား ၉၀၀၀ ကျော်ဖြင့် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်နေသော ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ မီထရို စီမံကိန်းကို လာမယ့် ၂၀၀၉ ခုနှစ်၊ ဇွန်လနှင့် သြဂုတ်လအတွင်း အပြီးသတ်ဖွယ်ရာရှိပြီး၊ ထိုနှစ် စက်တင်ဘာလထဲမှာ ဖွင့်လှစ်နိုင်ဖွယ်ရာ ရှိကြောင်း သိရသည်။ ယခု လောလောဆယ် အဆိုပါ မီထရိုလိုင်းများတွင် ပြေးဆွဲမည့် ရထားတွဲများ ဒူဘိုင်း ဆိပ်ကမ်းကို ပထမအသုတ်အဖြစ် ရောက်ရှိလာပြီ ဖြစ်သည်။
ဒူဘိုင်း မီထရို ကွန်ယက်တွင် အနီရောင်လိုင်းနှင့် အစိမ်းရောင်းလိုင်း နှစ်လိုင်းပါဝင်မှာ ဖြစ်ပြီး စုစုပေါင်း လမ်းကြောင်းအရှည် ၇၄.၆ ကီလိုမီတာ ရှိကာ မောင်းသူမဲ့ ရထားများကို အသုံးပြု ပြေးဆွဲမည့် ကမ္ဘာ့အကြီးဆုံး အော်တိုမက်တစ် ကွန်ယက်စနစ် ဖြစ်လာမည်ဖြစ်သည်။
Click here to view Dubai Metro project map (pdf)
“ မြို့တော်ရဲ့ဧရိယာ တစ်ခုလုံးကို ချိတ်ဆက်ပေးနိုင်မယ့် သယ်ယူပို့ဆောင်ရေး ကွန်ယက်တစ်ခု ဖြစ်အောင် မီထရို ကွန်ယက်ကို ဆက်လက်တိုးချဲ့ ဖောက်လုပ်သွားမှာပါ ” ဟု အဆိုပါ စီမံကိန်း၏ အဆင့်မြင့် အရာရှိကြီး တစ်ဦးမှ Gulf News ကိုပြောကြားခဲ့သည်။
နေ့စဉ် ခရီးသည် ၁.၈ သန်းခန့်ကို ပို့ဆောင်ပေးနိုင်မည့် အဆိုပါ မီထရိုစနစ်၏ ရည်ရွယ်ချက်မှာ လက်ရှိ ယာဉ်ကြော ပိတ်ဆို့မှုကို လျော့ကျစေမည့် အခြား ရွေးချယ်နိုင်စရာ သယ်ယူ ပို့ဆောင်ရေး စနစ်တစ်ခုကို ဖန်တီးရန်၊ ခရီးသည်များ၏ လမ်းခရီး၌ ကြာချိန်ကို လျှော့ချနိုင်ရန်နှင့် မြို့တော်အတွင်း လှုပ်ရှား သွားလာနိုင်မှု (mobility) ကိုမြှင့်တင်နိုင်ရန် တို့ဖြစ်ကြောင်းလည်း သိရသည်။
ရည်ညွှန်း GulfnewsClick here to view Dubai Metro project map (pdf)
“ မြို့တော်ရဲ့ဧရိယာ တစ်ခုလုံးကို ချိတ်ဆက်ပေးနိုင်မယ့် သယ်ယူပို့ဆောင်ရေး ကွန်ယက်တစ်ခု ဖြစ်အောင် မီထရို ကွန်ယက်ကို ဆက်လက်တိုးချဲ့ ဖောက်လုပ်သွားမှာပါ ” ဟု အဆိုပါ စီမံကိန်း၏ အဆင့်မြင့် အရာရှိကြီး တစ်ဦးမှ Gulf News ကိုပြောကြားခဲ့သည်။
နေ့စဉ် ခရီးသည် ၁.၈ သန်းခန့်ကို ပို့ဆောင်ပေးနိုင်မည့် အဆိုပါ မီထရိုစနစ်၏ ရည်ရွယ်ချက်မှာ လက်ရှိ ယာဉ်ကြော ပိတ်ဆို့မှုကို လျော့ကျစေမည့် အခြား ရွေးချယ်နိုင်စရာ သယ်ယူ ပို့ဆောင်ရေး စနစ်တစ်ခုကို ဖန်တီးရန်၊ ခရီးသည်များ၏ လမ်းခရီး၌ ကြာချိန်ကို လျှော့ချနိုင်ရန်နှင့် မြို့တော်အတွင်း လှုပ်ရှား သွားလာနိုင်မှု (mobility) ကိုမြှင့်တင်နိုင်ရန် တို့ဖြစ်ကြောင်းလည်း သိရသည်။
Photos from Dubai metro construction site
ပရင့်ထုတ်ရန်
Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the TV Digital, I hope you enjoy. The address is http://tv-digital-brasil.blogspot.com. A hug.